စြန္႔ပစ္ခံကေလးငယ္မ်ားအတြက္ အေႏြးထည္ႏွင့္ ေစာင္မ်ားလိုအပ္ေန

အဝါေရာင္မ်ိဳးဆက္သစ္ လူငယ္ပရဟိတအသင္း YGW မႏၲေလးတြင္ ေကြၽးေမြးေစာင့္ေရွာက္ ထားေသာ စြန္႔ပစ္ခံကေလးငယ္ မ်ားအတြက္ အေႏြးထည္ႏွင့္ေစာင္ မ်ား လိုအပ္ေနေၾကာင္း YGW မွ ဆရာေတာ္ဦးဓမၼနႏၵထံက သိရသည္။

”ဒီလမွာကို ေမြးကင္းစ ကေလးငယ္ ၅ဦး ထပ္ေရာက္တယ္။ ကေလးေတြ မ်ားလာတယ္။ ေဆာင္း ဝင္ၿပီဆိုေတာ့ ကေလးေတြအတြက္ အေႏြးထည္နဲ႔ ေစာင္ေတြ အဓိက လိုအပ္ေနပါတယ္”ဟု ဦးဓမၼနႏၵ က မိန္႔ၾကားသည္။

၂ဝ၁၇ခုႏွစ္ ဇန္နဝါရီလ မွ ႏိုဝင္ဘာလ ၁၈ရက္အထိ YGW ေက်ာင္းတြင္ စြန္႔ပစ္ခံကေလးငယ္ ၁ဝဝေက်ာ္ ေရာက္ရွိခဲ့ၿပီး ႏို႕စို႔အ ရြယ္ကေလးငယ္ ၆ဝခန္႔ႏွင့္ ႏို႕လြတ္ ကေလးငယ္ ၅ဝေက်ာ္ရွိေၾကာင္း သိရသည္။

အဝါေရာင္မ်ိဳးဆက္သစ္ လူငယ္ပရဟိတအသင္း(YGW) မႏၲေလးတြင္ မိဘမဲ့ ေက်ာင္းအျပင္ ဘုန္းေတာ္ႀကီးပညာသင္ အလယ္ တန္းေက်ာင္းပါ ဖြင့္လွစ္ထားၿပီး စုစုေပါင္းကေလးငယ္ ၆ဝဝေက်ာ္ ကို ေကြၽးေမြးေစာင့္ေရွာက္ ပညာ သင္ေပးေနရေၾကာင္း သိရသည္။

စြန္႔ပစ္ခံကေလးငယ္မ်ား ေတြ႕ရွိၿပီး အေၾကာင္းၾကားလို၍ ျဖစ္ ေစ စြန္႔ပစ္ခံကေလးငယ္မ်ားအတြက္ လွဴဒါန္းလို၍ျဖစ္ေစ အဝါေရာင္မ်ိဳး ဆက္သစ္ လူငယ္ပရဟိတအသင္း (YGW) မႏၲေလးဖုန္း ဝ၉-၇၇၇ ၃၃၃၃၈၈, ဝ၉-၄ဝ၂၆၉၅၉၉၉, ဝ၉-၂၅၉၉၉၈၄၉၉ သို႔ ဆက္သြယ္ ႏိုင္သည္။

ဝင္းႏိုင္ဦး

Source : Mandalay Age – မႏၱေလးေခတ္

(Unicode Version)

စွန့်ပစ်ခံကလေးငယ်များအတွက် အနွေးထည်နှင့် စောင်များလိုအပ်နေ

အဝါရောင်မျိုးဆက်သစ် လူငယ်ပရဟိတအသင်း YGW မန္တလေးတွင် ကျွေးမွေးစောင့်ရှောက် ထားသော စွန့်ပစ်ခံကလေးငယ် များအတွက် အနွေးထည်နှင့်စောင် များ လိုအပ်နေကြောင်း YGW မှ ဆရာတော်ဦးဓမ္မနန္ဒထံက သိရသည်။

”ဒီလမှာကို မွေးကင်းစ ကလေးငယ် ၅ဦး ထပ်ရောက်တယ်။ ကလေးတွေ များလာတယ်။ ဆောင်း ဝင်ပြီဆိုတော့ ကလေးတွေအတွက် အနွေးထည်နဲ့ စောင်တွေ အဓိက လိုအပ်နေပါတယ်”ဟု ဦးဓမ္မနန္ဒ က မိန့်ကြားသည်။

၂ဝ၁၇ခုနှစ် ဇန်နဝါရီလ မှ နိုဝင်ဘာလ ၁၈ရက်အထိ YGW ကျောင်းတွင် စွန့်ပစ်ခံကလေးငယ် ၁ဝဝကျော် ရောက်ရှိခဲ့ပြီး နို့စို့အ ရွယ်ကလေးငယ် ၆ဝခန့်နှင့် နို့လွတ် ကလေးငယ် ၅ဝကျော်ရှိကြောင်း သိရသည်။

အဝါရောင်မျိုးဆက်သစ် လူငယ်ပရဟိတအသင်း(YGW) မန္တလေးတွင် မိဘမဲ့ ကျောင်းအပြင် ဘုန်းတော်ကြီးပညာသင် အလယ် တန်းကျောင်းပါ ဖွင့်လှစ်ထားပြီး စုစုပေါင်းကလေးငယ် ၆ဝဝကျော် ကို ကျွေးမွေးစောင့်ရှောက် ပညာ သင်ပေးနေရကြောင်း သိရသည်။

စွန့်ပစ်ခံကလေးငယ်များ တွေ့ရှိပြီး အကြောင်းကြားလို၍ ဖြစ် စေ စွန့်ပစ်ခံကလေးငယ်များအတွက် လှူဒါန်းလို၍ဖြစ်စေ အဝါရောင်မျိုး ဆက်သစ် လူငယ်ပရဟိတအသင်း (YGW) မန္တလေးဖုန်း ဝ၉-၇၇၇ ၃၃၃၃၈၈, ဝ၉-၄ဝ၂၆၉၅၉၉၉, ဝ၉-၂၅၉၉၉၈၄၉၉ သို့ ဆက်သွယ် နိုင်သည်။

ဝင်းနိုင်ဦး

Source : Mandalay Age – မန္တလေးခေတ်

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္