ဂ်ပန္ဦးေႏွာက္ေရာင္ ကာကြယ္ေဆးႏွင့္ ေဘးထြက္ဆိုးက်ိဳး ၊ ေရာဂါအခံ မ်ားနဲ႔ ပတ္သက္ေသာ ေမးခြန္းမ်ား

ဂ်ပန္ဦးေႏွာက္ေရာင္ ကာကြယ္ေဆးႏွင့္ ေဘးထြက္ဆိုးက်ိဳး ၊ ေရာဂါအခံ မ်ားနဲ႔ ပတ္သက္ေသာ ေမးခြန္းမ်ား

ေမး။ ။ ေဆးထိုးၿပီးရင္ ဘာေတြျဖစ္တတ္သလဲ။

ေဘးထြက္ဆိုးက်ိဳးဘာေတြရွိသလဲ။ ေဆးထိုးၿပီးရင္ ကေလးဖ်ားတာ၊ နာတာျဖစ္တတ္သလား။

ေျဖ။ ။ ေဆးထိုးထားတဲ့ ေနရာ နီရဲတာ၊ နာတာ၊ ေရာင္တာ၊ ကေလး အီတာ၊ နည္းနည္းဖ်ားတာ၊ ပ်ိဳ႕အန္မူးေဝတာ စတဲ့ မျပင္းထန္တဲ့ တုန္႔ျပန္မႈေတြ ေလာက္ပဲျဖစ္ႏိုင္ပါတယ္။ (၁) ရက္ (၂) ရက္ေလာက္အတြင္းမွာ အလိုအေလ်ာက္ ေပ်ာက္ကင္းသြားေလ့ရွိပါတယ္။ မေပ်ာက္ကင္းဘူးဆိုရင္ ကေလးမွာ တျခားေရာဂါတစ္ခုခုျဖစ္ေနတာ ျဖစ္ႏိုင္လို႔ နီးစပ္ရာ က်န္းမာေရးဌာနကို သြားျပပါ။

ေမး။ ။ ဂ်ပန္ဦးေႏွာက္ေရာင္ ကာကြယ္ေဆးထိုးေပးလို႔ မရႏိုင္တဲ့ ကေလးေတြရွိပါသလား။ ဘာေရာဂါေတြရွိရင္ မထိုးေပးသင့္ဘူးလဲ။

ေျဖ။ ။ ယခုအသံုးျပဳမယ့္ ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါကာကြယ္ေဆး (SA 14-14-2, Live JEV) ကို ယခင္အႀကိမ္ထိုးႏွံခဲ့စဥ္က ျပင္းထန္တဲ့ ေနာက္ဆက္တြဲျပႆနာ (ဒါမွမဟုတ္) ျပင္းထန္တဲ့ ဓာတ္မတည့္ျခင္းေတြျဖစ္ပြားခဲ့ပါက မထိုးႏွံေပးရပါ။ ကာကြယ္ေဆးမွာ ပါဝင္ေသာ ပစၥည္းတစ္မ်ိဳးမ်ိဳး (ဥပမာ-Gelatin, Gentamycin, Sucrose, Human Serum Albumin and Carbamide) ႏွင့္ ျပင္းထန္ေသာဓာတ္မတည့္ျခင္း ျဖစ္ဖူးသူမ်ားကို မထိုးေပးရပါ။ ကိုယ္ဝန္ေဆာင္မ်ားကိုလည္း ဂ်ပန္ဦးေႏွာက္ေရာင္ ကာကြယ္ေဆး ထိုးႏွံမေပးရပါ။

ေမး။ ။ ဘယ္လိုကေလးမ်ိဳးေတြကို ေလာေလာဆယ္မွာ ဂ်ပန္ဦးေႏွာက္ေရာင္ ကာကြယ္ေဆး မထိုးႏွံေပးဘဲ ေနာက္ပိုင္းရက္အတန္ၾကာမွ ထိုးႏွံေပးသင့္သလဲ။

ေျဖ။ ။ ဖ်ားေနတဲ့ကေလးမ်ား၊ လတ္တေလာ ကူးစက္ေရာဂါျဖစ္ပြားေနတဲ့ ကေလးမ်ား၊ တီဘီေရာဂါအတြက္ ေဆးေသာက္ေနဆဲ (၂) လမေက်ာ္သူမ်ား၊ နားအလယ္ခန္းေရာင္ရမ္းျခင္း ေဝဒနာခံစားေနရတဲ့ ကေလးမ်ား၊ Prednisolone (သို႔) Hydrocortisone Steriods ေဆးေတြကို ေသာက္သံုး၊ ထိုးႏွံေနရေသာ ကေလးမ်ား၊ ေမြးရာပါ၊ (ဒါမွမဟုတ္) ေရာဂါေၾကာင့္၊ (ဒါမွမဟုတ္) ေဆးဝါးေၾကာင့္ ခုခံအားစနစ္က်ဆင္းေနသူမ်ား၊ AIDS ေရာဂါလကၡဏာမ်ား ေပၚေပါက္တဲ့အထိ ခံစားေနရသူမ်ား၊ ကုသမႈခံယူၿပီး ေဆးေသာက္ေနေသာ္လည္း အတက္ေရာဂါ မၾကာခဏျဖစ္ေနသူမ်ားႏွင့္ နာတာရွည္ေရာဂါ ခံစားေနရသူေတြကို ရက္ေရႊ႕ ဆိုင္းၿပီးမွ ဆရာဝန္ရဲ႕ အႀကံျပဳခ်က္နဲ႔ ထိုးႏွံေပးသင့္ပါတယ္။

ေမး။ ။ HIV ပိုးရွိေနတဲ့ ကေလးေတြကို ဂ်ပန္ဦးေႏွာက္ေရာင္ ကာကြယ္ေဆး ထိုးေပးလို႔ရပါသလား။

ေျဖ။ ။ HIV ရွိတဲ့ ကေလးကို ကာကြယ္ေဆး ထိုးေပးပါတယ္။ AIDS ေရာဂါလကၡဏာေတြေပၚေအာင္ ခုခံစြမ္းအားေတြ က်ဆင္းေနတယ္ဆိုရင္ ဂ်ပန္ဦးေႏွာက္ေရာင္ ကာကြယ္ေဆး ထိုးႏွံဖို႔ကို ေခတၱေရႊ႕ဆိုင္းရပါမယ္။ ဒါေၾကာင့္ လက္ရွိ ျပသေနတဲ့ ဆရာဝန္နဲ႔ ေသေသခ်ာခ်ာ တိုင္ပင္ေဆြးေႏြးၿပီးမွသာ ထိုးသင့္ မထိုးသင့္ ဆံုးျဖတ္ခ်က္ခ်ပါ။ ဒါေပမယ့္ ကေလးကို HIV ရွိတဲ့အတြက္ ခြဲျခားဆက္ဆံခံရႏိုင္တဲ့ မွတ္ခ်က္၊ အသိေပးျခင္းမ်ိဳးကို မျဖစ္ေအာင္လုပ္ရပါမယ္။

ေမး။ ။ မိခင္က HIV အတြက္ ေဆးစားေနတယ္။ ကေလးကို ကာကြယ္ေဆးထိုးလို႔ရလား။

ေျဖ။ ။ ကေလးရဲ႕ အသက္က (၉)လအထက္ (၁၅) ႏွစ္ေအာက္ျဖစ္ၿပီး HIV ပိုး မရွိဘူး (ဒါမွမဟုတ္) AIDS ေရာဂါ လကၡဏာေတြ ျဖစ္ပြားေနတာ မရွိဘူးဆိုရင္ေတာ့ ဂ်ပန္ဦးေႏွာက္ေရာင္ ကာကြယ္ေဆး ထိုးႏွံေပးႏိုင္ပါတယ္။

ေမး။ ။ Sulphur allergy ရွိတဲ့ကေလးကို ထိုးေပးလို႔ရပါသလား။

ေျဖ။ ။ ထိုးလုိ႔ရပါတယ္။ ဒါေပမယ့္ ကေလး မတည့္တာ Sulphur ဟုတ္ရဲ့လား၊ Sulphur တစ္ခုတည္းကိုလားဆိုတာ ေသခ်ာသိႏိုင္ဖို႔ ဆရာဝန္နဲ႔ ႀကိဳတိုင္ပင္သင့္ပါတယ္။

ေမး။ ။ ပန္းနာရင္က်ပ္ရွိတဲ့ ကေလးေတြကို ကာကြယ္ေဆး ထိုးေပးလို႔ရပါသလား။

ေျဖ။ ။ ပံုမွန္ဆိုရင္ ထိုးေပးလို႔ ရႏိုင္ေပမယ့္ အေကာင္းဆံုးကေတာ့ ကေလးကို ျပေနက် ဆရာ၀န္နဲ႔ ႀကိဳတင္ တိုင္ပင္ေဆြးေႏြးထားသင့္ပါတယ္။ ပန္းနာအတြက္ Steroids ပါဝင္တဲ့ေဆးေတြ ေသာက္ေနရမွာ စိုးလို႔ပါ။

ေမး။ ။ သားသားက (၁၀) ႏွစ္ပါ။ ႏွာေစးၿပီးရင္ပါးစပ္ထဲေရယံုခဏခဏေပါက္တယ္။ စျဖစ္တာ၁၂လပိုင္းကတည္း ကေဆးခန္းခဏခဏသြားရတယ္။ ပိုးသတ္ေဆးခဏခဏေသာက္ရတယ္။ ဂ်ပန္ဦးေႏွာက္ေရာင္ေဆးထိုးလို႔ရလား။

ေျဖ။ ။ ေရာဂါျဖစ္ေနတုန္းနဲ႔ ပိုးသတ္ေဆးေသာက္ေနတုန္းကို မထိုးသင့္ပါဘူး။ ေပ်ာက္ကင္းၿပီး/ေဆးေသာက္ၿပီး အနည္းဆံုး (၂) ရက္ေလာက္ေစာင့္ၿပီးမွ ထိုးသင့္ပါတယ္။

ေမး။ ။ G6PD ရွိတဲ့ ကေလးေတြကို ထိုးေပးလို႔ရသလား။

ေျဖ။ ။ ထိုးလို႔ရပါတယ္။

ေမး။ ။ ေရေက်ာက္ေပါက္ေနတဲ့ကေလး ထိုးလို႔ရသလား။

ေျဖ။ ။ လတ္တေလာ ေပါက္ေနရင္ေတာ့ မထိုးသင့္ပါဘူး။

ေမး။ ။ တီဘီေဆးေသာက္ေနတဲ့ကေလး ထိုးလို႔ရသလား။

ေျဖ။ ။ တီဘီေဆးေသာက္ၿပီး (၂) လေက်ာ္ရင္ ထိုးလို႔ရပါတ
ယ္။

ေမး။ ။ သာလာဆီးမီးယား (Thalassemia) ျဖစ္ေနတဲ့ကေလး ထိုးလို႔ရသလား။

ေျဖ။ ။ ထိုးလို႔ရပါတယ္။

ေမး။ ။ ေနမေကာင္းလို႔ ပိုးသတ္ေဆးေသာက္ေနတဲ့ကေလးက်ေတာ့ ေနေကာင္းၿပီး ဘယ္ႏွစ္ရက္ဆို ကာကြယ္ေဆးထိုးလို႔ရလဲ။

ေျဖ။ ။ ကေလးေနေကာင္းၿပီး/ ေရာဂါလကၡဏာ ေပ်ာက္ကင္းၿပီး (သို႔မဟုတ္) ပိုးသတ္ေဆး ေသာက္ၿပီး အနည္းဆံုး (၂) ရက္ေလာက္ ေစာင့္ၿပီးမွ ထိုးသင့္ပါတယ္။

ေမး။ ။ အရင္ကတက္ဖူးတဲ့/အတက္ေရာဂါရွိတဲ့ ကေလး ထိုးလို႔ရပါသလား။

ေျဖ။ ။ ေဆးေသာက္ေနတယ္၊ ထိန္းလို႔ရတယ္ဆိုရင္ ထိုးလို႔ရပါတယ္။

ေမး။ ။ သားသားက ၄ႏွစ္ပါ။ PENTAXIM ကိုအခု ႏိုဝင္ဘာ ၁၁ရက္ေန႔မွာ ထိုးဖို႔ ေဆးခန္းနဲ႔ ခ်ိတ္ထားပါတယ္။ ႏိုဝင္ဘာမွာပဲ ဂ်ပန္ဦးေႏွာက္ေရာင္ ကို တစ္လထဲမွာ ထပ္ထိုးလို႔ရပါလား သိခ်င္ပါတယ္။ ထပ္ထိုးရင္ side effect ရွိမရွိ သိခ်င္ပါတယ္။

ေျဖ။ ။ ထပ္ထိုးရင္ side effect မရွိပါဘူး။ ျဖစ္ႏိုင္ရင္ တစ္ၿပိဳင္နက္တည္းထိုးရင္ထိုး၊ မထိုးရင္ (၁) လ ျခားသင့္ပါတယ္။

ေမး။ ။ ေဆးကို ဘယ္ႏိုင္ငံက ထုတ္တာပါလဲ။ ေဆးရဲ႔ အရည္အေသြးက စိတ္ခ်ရရဲ႕လား။ ဘယ္ႏိုင္ငံေတြမွာ အသံုးျပဳေနပါသလဲ။

ေျဖ။ ။ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံရွိ Chendu Institute of Biological Products Co., ltd မွ ထုတ္လုပ္ၿပီး ကမာၻ႔က်န္းမာေရးအဖဲြ႕ရဲ႕ အရည္အေသြး အသိအမွတ္ျပဳ ကာကြယ္ေဆး (WHO prequalified vaccine) ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း အႏွစ္ (၂၀) ေက်ာ္ ကတည္းကစၿပီးအသံုးျပဳထိုးႏွံခဲ့ပါတယ္။ ထိုင္း၊ နီေပါ၊ သီရိလကၤာ၊ အိႏၵိယ၊ ေျမာက္ကိုရီးယား၊ ေတာင္ကိုရီးယား၊ လာအို၊ ကေမၻာဒီးယား၊ မေလးရွားနဲ႔ ဗီယက္နမ္ႏိုင္ငံေတြမွာ လက္ရွိ သံုးစြဲလ်က္ရွိပါတယ္။ လူ သန္း (၄၀၀) ေက်ာက္ကို ထိုးႏွံၿပီးပါၿပီ။ အလြန္ေဘးကင္းပါတယ္။

ေမး။ ။ ကာကြယ္ေဆးေတြကဦးေႏွာက္နဲ႔အာရံုေၾကာကိုထိခိုက္ႏိုင္တယ္ဆိုတာဟုတ္ပါသလား။

ေျဖ။ ။ လံုးဝမဟုတ္ပါ။ ကာကြယ္ေဆးကို က်န္းမာတဲ့ ကေလးေတြမွာ ထိုးရတဲ့အတြက္ ျပင္းထန္တဲ့ ဆိုးက်ိဳးထိခိုက္မႈ အလြန္တရာ မရွိသေလာက္နည္းမွ သံုးစြဲရပါတယ္။

ေမး။ ။ လူႀကီးေတြေရာ ထိုးဖို႔လိုသလား။

ေျဖ။ ။ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထိုးႏွံေပးသြားမယ့္ေဆးကေတာ့ အသက္ (၉) လ အထက္ကေန (၁၅) ႏွစ္ေအာက္ ကေလးေတြအတြက္ပဲျဖစ္ပါတယ္။ လူႀကီးမ်ား မိမိသေဘာနဲ႔ ထိုးခ်င္ရင္ ထိုးလို႔ရပါတယ္။

Credit : Cepimyanmar

(Unicode Version)

ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးနှင့် ဘေးထွက်ဆိုးကျိုး ၊ ရောဂါအခံ များနဲ့ ပတ်သက်သော မေးခွန်းများ

မေး။ ။ ဆေးထိုးပြီးရင် ဘာတွေဖြစ်တတ်သလဲ။

ဘေးထွက်ဆိုးကျိုးဘာတွေရှိသလဲ။ ဆေးထိုးပြီးရင် ကလေးဖျားတာ၊ နာတာဖြစ်တတ်သလား။

ဖြေ။ ။ ဆေးထိုးထားတဲ့ နေရာ နီရဲတာ၊ နာတာ၊ ရောင်တာ၊ ကလေး အီတာ၊ နည်းနည်းဖျားတာ၊ ပျို့အန်မူးဝေတာ စတဲ့ မပြင်းထန်တဲ့ တုန့်ပြန်မှုတွေ လောက်ပဲဖြစ်နိုင်ပါတယ်။ (၁) ရက် (၂) ရက်လောက်အတွင်းမှာ အလိုအလျောက် ပျောက်ကင်းသွားလေ့ရှိပါတယ်။ မပျောက်ကင်းဘူးဆိုရင် ကလေးမှာ တခြားရောဂါတစ်ခုခုဖြစ်နေတာ ဖြစ်နိုင်လို့ နီးစပ်ရာ ကျန်းမာရေးဌာနကို သွားပြပါ။

မေး။ ။ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးပေးလို့ မရနိုင်တဲ့ ကလေးတွေရှိပါသလား။ ဘာရောဂါတွေရှိရင် မထိုးပေးသင့်ဘူးလဲ။

ဖြေ။ ။ ယခုအသုံးပြုမယ့် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး (SA 14-14-2, Live JEV) ကို ယခင်အကြိမ်ထိုးနှံခဲ့စဉ်က ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာ (ဒါမှမဟုတ်) ပြင်းထန်တဲ့ ဓာတ်မတည့်ခြင်းတွေဖြစ်ပွားခဲ့ပါက မထိုးနှံပေးရပါ။ ကာကွယ်ဆေးမှာ ပါဝင်သော ပစ္စည်းတစ်မျိုးမျိုး (ဥပမာ-Gelatin, Gentamycin, Sucrose, Human Serum Albumin and Carbamide) နှင့် ပြင်းထန်သောဓာတ်မတည့်ခြင်း ဖြစ်ဖူးသူများကို မထိုးပေးရပါ။ ကိုယ်ဝန်ဆောင်များကိုလည်း ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံမပေးရပါ။

မေး။ ။ ဘယ်လိုကလေးမျိုးတွေကို လောလောဆယ်မှာ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး မထိုးနှံပေးဘဲ နောက်ပိုင်းရက်အတန်ကြာမှ ထိုးနှံပေးသင့်သလဲ။

ဖြေ။ ။ ဖျားနေတဲ့ကလေးများ၊ လတ်တလော ကူးစက်ရောဂါဖြစ်ပွားနေတဲ့ ကလေးများ၊ တီဘီရောဂါအတွက် ဆေးသောက်နေဆဲ (၂) လမကျော်သူများ၊ နားအလယ်ခန်းရောင်ရမ်းခြင်း ဝေဒနာခံစားနေရတဲ့ ကလေးများ၊ Prednisolone (သို့) Hydrocortisone Steriods ဆေးတွေကို သောက်သုံး၊ ထိုးနှံနေရသော ကလေးများ၊ မွေးရာပါ၊ (ဒါမှမဟုတ်) ရောဂါကြောင့်၊ (ဒါမှမဟုတ်) ဆေးဝါးကြောင့် ခုခံအားစနစ်ကျဆင်းနေသူများ၊ AIDS ရောဂါလက္ခဏာများ ပေါ်ပေါက်တဲ့အထိ ခံစားနေရသူများ၊ ကုသမှုခံယူပြီး ဆေးသောက်နေသော်လည်း အတက်ရောဂါ မကြာခဏဖြစ်နေသူများနှင့် နာတာရှည်ရောဂါ ခံစားနေရသူတွေကို ရက်ရွှေ့ ဆိုင်းပြီးမှ ဆရာဝန်ရဲ့ အကြံပြုချက်နဲ့ ထိုးနှံပေးသင့်ပါတယ်။

မေး။ ။ HIV ပိုးရှိနေတဲ့ ကလေးတွေကို ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးပေးလို့ရပါသလား။

ဖြေ။ ။ HIV ရှိတဲ့ ကလေးကို ကာကွယ်ဆေး ထိုးပေးပါတယ်။ AIDS ရောဂါလက္ခဏာတွေပေါ်အောင် ခုခံစွမ်းအားတွေ ကျဆင်းနေတယ်ဆိုရင် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံဖို့ကို ခေတ္တရွှေ့ဆိုင်းရပါမယ်။ ဒါကြောင့် လက်ရှိ ပြသနေတဲ့ ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးပြီးမှသာ ထိုးသင့် မထိုးသင့် ဆုံးဖြတ်ချက်ချပါ။ ဒါပေမယ့် ကလေးကို HIV ရှိတဲ့အတွက် ခွဲခြားဆက်ဆံခံရနိုင်တဲ့ မှတ်ချက်၊ အသိပေးခြင်းမျိုးကို မဖြစ်အောင်လုပ်ရပါမယ်။

မေး။ ။ မိခင်က HIV အတွက် ဆေးစားနေတယ်။ ကလေးကို ကာကွယ်ဆေးထိုးလို့ရလား။

ဖြေ။ ။ ကလေးရဲ့ အသက်က (၉)လအထက် (၁၅) နှစ်အောက်ဖြစ်ပြီး HIV ပိုး မရှိဘူး (ဒါမှမဟုတ်) AIDS ရောဂါ လက္ခဏာတွေ ဖြစ်ပွားနေတာ မရှိဘူးဆိုရင်တော့ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံပေးနိုင်ပါတယ်။

မေး။ ။ Sulphur allergy ရှိတဲ့ကလေးကို ထိုးပေးလို့ရပါသလား။

ဖြေ။ ။ ထိုးလို့ရပါတယ်။ ဒါပေမယ့် ကလေး မတည့်တာ Sulphur ဟုတ်ရဲ့လား၊ Sulphur တစ်ခုတည်းကိုလားဆိုတာ သေချာသိနိုင်ဖို့ ဆရာဝန်နဲ့ ကြိုတိုင်ပင်သင့်ပါတယ်။

မေး။ ။ ပန်းနာရင်ကျပ်ရှိတဲ့ ကလေးတွေကို ကာကွယ်ဆေး ထိုးပေးလို့ရပါသလား။

ဖြေ။ ။ ပုံမှန်ဆိုရင် ထိုးပေးလို့ ရနိုင်ပေမယ့် အကောင်းဆုံးကတော့ ကလေးကို ပြနေကျ ဆရာဝန်နဲ့ ကြိုတင် တိုင်ပင်ဆွေးနွေးထားသင့်ပါတယ်။ ပန်းနာအတွက် Steroids ပါဝင်တဲ့ဆေးတွေ သောက်နေရမှာ စိုးလို့ပါ။

မေး။ ။ သားသားက (၁၀) နှစ်ပါ။ နှာစေးပြီးရင်ပါးစပ်ထဲရေယုံခဏခဏပေါက်တယ်။ စဖြစ်တာ၁၂လပိုင်းကတည်း ကဆေးခန်းခဏခဏသွားရတယ်။ ပိုးသတ်ဆေးခဏခဏသောက်ရတယ်။ ဂျပန်ဦးနှောက်ရောင်ဆေးထိုးလို့ရလား။

ဖြေ။ ။ ရောဂါဖြစ်နေတုန်းနဲ့ ပိုးသတ်ဆေးသောက်နေတုန်းကို မထိုးသင့်ပါဘူး။ ပျောက်ကင်းပြီး/ဆေးသောက်ပြီး အနည်းဆုံး (၂) ရက်လောက်စောင့်ပြီးမှ ထိုးသင့်ပါတယ်။

မေး။ ။ G6PD ရှိတဲ့ ကလေးတွေကို ထိုးပေးလို့ရသလား။

ဖြေ။ ။ ထိုးလို့ရပါတယ်။

မေး။ ။ ရေကျောက်ပေါက်နေတဲ့ကလေး ထိုးလို့ရသလား။

ဖြေ။ ။ လတ်တလော ပေါက်နေရင်တော့ မထိုးသင့်ပါဘူး။

မေး။ ။ တီဘီဆေးသောက်နေတဲ့ကလေး ထိုးလို့ရသလား။

ဖြေ။ ။ တီဘီဆေးသောက်ပြီး (၂) လကျော်ရင် ထိုးလို့ရပါတ
ယ်။

မေး။ ။ သာလာဆီးမီးယား (Thalassemia) ဖြစ်နေတဲ့ကလေး ထိုးလို့ရသလား။

ဖြေ။ ။ ထိုးလို့ရပါတယ်။

မေး။ ။ နေမကောင်းလို့ ပိုးသတ်ဆေးသောက်နေတဲ့ကလေးကျတော့ နေကောင်းပြီး ဘယ်နှစ်ရက်ဆို ကာကွယ်ဆေးထိုးလို့ရလဲ။

ဖြေ။ ။ ကလေးနေကောင်းပြီး/ ရောဂါလက္ခဏာ ပျောက်ကင်းပြီး (သို့မဟုတ်) ပိုးသတ်ဆေး သောက်ပြီး အနည်းဆုံး (၂) ရက်လောက် စောင့်ပြီးမှ ထိုးသင့်ပါတယ်။

မေး။ ။ အရင်ကတက်ဖူးတဲ့/အတက်ရောဂါရှိတဲ့ ကလေး ထိုးလို့ရပါသလား။

ဖြေ။ ။ ဆေးသောက်နေတယ်၊ ထိန်းလို့ရတယ်ဆိုရင် ထိုးလို့ရပါတယ်။

မေး။ ။ သားသားက ၄နှစ်ပါ။ PENTAXIM ကိုအခု နိုဝင်ဘာ ၁၁ရက်နေ့မှာ ထိုးဖို့ ဆေးခန်းနဲ့ ချိတ်ထားပါတယ်။ နိုဝင်ဘာမှာပဲ ဂျပန်ဦးနှောက်ရောင် ကို တစ်လထဲမှာ ထပ်ထိုးလို့ရပါလား သိချင်ပါတယ်။ ထပ်ထိုးရင် side effect ရှိမရှိ သိချင်ပါတယ်။

ဖြေ။ ။ ထပ်ထိုးရင် side effect မရှိပါဘူး။ ဖြစ်နိုင်ရင် တစ်ပြိုင်နက်တည်းထိုးရင်ထိုး၊ မထိုးရင် (၁) လ ခြားသင့်ပါတယ်။

မေး။ ။ ဆေးကို ဘယ်နိုင်ငံက ထုတ်တာပါလဲ။ ဆေးရဲ့ အရည်အသွေးက စိတ်ချရရဲ့လား။ ဘယ်နိုင်ငံတွေမှာ အသုံးပြုနေပါသလဲ။

ဖြေ။ ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ Chendu Institute of Biological Products Co., ltd မှ ထုတ်လုပ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အရည်အသွေး အသိအမှတ်ပြု ကာကွယ်ဆေး (WHO prequalified vaccine) ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း အနှစ် (၂၀) ကျော် ကတည်းကစပြီးအသုံးပြုထိုးနှံခဲ့ပါတယ်။ ထိုင်း၊ နီပေါ၊ သီရိလင်္ကာ၊ အိန္ဒိယ၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ လက်ရှိ သုံးစွဲလျက်ရှိပါတယ်။ လူ သန်း (၄၀၀) ကျောက်ကို ထိုးနှံပြီးပါပြီ။ အလွန်ဘေးကင်းပါတယ်။

မေး။ ။ ကာကွယ်ဆေးတွေကဦးနှောက်နဲ့အာရုံကြောကိုထိခိုက်နိုင်တယ်ဆိုတာဟုတ်ပါသလား။

ဖြေ။ ။ လုံးဝမဟုတ်ပါ။ ကာကွယ်ဆေးကို ကျန်းမာတဲ့ ကလေးတွေမှာ ထိုးရတဲ့အတွက် ပြင်းထန်တဲ့ ဆိုးကျိုးထိခိုက်မှု အလွန်တရာ မရှိသလောက်နည်းမှ သုံးစွဲရပါတယ်။

မေး။ ။ လူကြီးတွေရော ထိုးဖို့လိုသလား။

ဖြေ။ ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထိုးနှံပေးသွားမယ့်ဆေးကတော့ အသက် (၉) လ အထက်ကနေ (၁၅) နှစ်အောက် ကလေးတွေအတွက်ပဲဖြစ်ပါတယ်။ လူကြီးများ မိမိသဘောနဲ့ ထိုးချင်ရင် ထိုးလို့ရပါတယ်။

Credit : Cepimyanmar