အဲယားကြန္း အသံုးျပဳေသာအခါ လိုက္နာသင့္သည့္ (အေျခခံ) အခ်က္လက္ထဲမွ အခ်ိဳဳ႕ျဖစ္ေသာ (၁၉ခ်က္) ကုိ မ်ွေ၀ေပးလိုက္ပါတယ္

အဲယားကြန္း အသံုးျပဳေသာအခါ လိုက္နာသင့္သည့္ အေျခခံ အခ်က္ ၁၉ ခ်က္

၁။ Air con အပိတ္အဖြင့္လုပ္သည့္အခါ ပလပ္ကိုဆဲြျဖဳတ္ျခင္း၊ ထိုးသြင္းျခင္းျဖင့္ အပိတ္အဖြင့္လုပ္ျခင္း (လံုး၀) မလုပ္ပါႏွင့္။ Shock ျဖစ္ၿပီး စက္ပ်က္တတ္ပါသည္။

၂။ Remote Control ကို အသံုးျပဳျပီး မိမိႏွင္ ့သင့္ေတာ္မည့္ အပူခ်ိန္မွာ ခ်ိန္ထားသင့္ပါသည္။ (အရမ္း)မေအးပါေစနွင့္။လူကို (တိုက္ရိုက္ )ေလမထိုးထားပါနွင့္။အထူးသျဖင့္ အိပ္သည့္အခါတြင္ျဖစ္ေစ ၊ ညဘက္လူအိပ္ေနခ်ိန္ျဖစ္ေစ လူဆီကို အေအးတည့္ တည့္မက်ေရာက္ ေအာင္သတိထားသင့္ပါသည္။

၃။ ညအိပ္ခ်ိန္မ်ားတြင္ အေအးဓာတ္ကို ထိန္းရန္အခ်ိန္ထိန္းခလုတ္ (Timer) ကို အသံုးျပဳနိုင္ပါသည္။

၄။ အခန္းတြင္းကို အေအးဓာတ္မေပးပဲ ေလခ်ည္းသက္သက္ေပးခ်င္ပါက Fan mode ပန္ကာကို အသံုးျပဳနိုင္ပါသည္။ ပန္ကာခ်ည္းသံုးျခင္းျဖင့္ လ်ွပ္စစ္ဓါတ္ေျခြတာရာေရာက္ပါသည္။

၅။အခန္းတြင္း အပူခ်ိန္အား သင့္သေလာက္သာခ်ိန္ထားသင့္ ပါသည္။ အပူခ်ိန္ ပူလြန္း / ေအးလြန္းလ်ွင္ လ်ွပ္စစ္ဓါတ္အားကုိ ပိုကုန္ေစနိုင္သည္။

၆။ Remote Control အေဝးထိန္းခလုတ္ကို Air con ေအာက္ တစ္ေပခန့္အကြာရွိ နံရံတြင္ အထိုင္ခြက္ျဖင့္ တပ္ဆင္ထားပါ။ လြတ္မက်ပါေစနွင့္ ။ ေရ ႏွင့္ အခ်ိဳရည္ ကဲ့သို့ေသာ အရည္မ်ားမထိပါေစနွင့္ ။ လြတ္က်လ်ွင္ ေရစင္လ်ွင္ Remote ပ်က္စီးျပီး အလုပ္ေကာင္းေကာင္း လုပ္နိုင္မည္မဟုတ္ပါ။

၇။ Remote Control အေဝးထိန္းခလုပ္အား Air con နွင့္ ၁၅ေပခန့္ အကြာအေဝးအတြင္း၌သာ သံုးပါ။သိပ္ေဝးလြန္းလ်ွင္ အလုပ္မလုပ္ပါ။

၈။ Air con နွင့္ Remote controlတို ့ၾကားတြင္ ခန္းစည္း / ကန္ ့လန့္ကာ တို့နွင္ ့ခံေနလ်ွင္ Remote ေကာင္းေကာင္းအလုပ္မလုပ္နိုင္ပါ။

၉။ Air con Indoor Filter ( ေလစစ္ဆန္ကာ) ကို ျဖစ္နိင္လွ်င္ တစ္လလွ်င္ တစ္ႀကိမ္ခန္႕ သန္႔ရွင္းေရးလုပ္ေပးပါ ။ ခရီးရက္ရွည္ထြက္စရာရွိ လ်ွင္ Air con ကို ေသေသခ်ာခ်ာ ပိတ္ခဲ့ပါ ။

၁၀။ Air conရဲ့ Indoor unit အတြင္း( သို့မဟုတ္) အျပင္ဘက္ရွိ အစိတ္အပိုင္းမ်ားကို ေရျဖင့္ ေဆးျပီး သန္ ့ရွင္းေရးမလုပ္သင့္ပါ ။ Shock ျဖစ္ျပီး ဓာတ္လိုက္တတ္ေသာေၾကာင့္ ကြ်မ္းက်င္သူမ်ားကို သာ ေခၚလုပ္သင့္ပါသည္။

၁၁။ Air con ေရွ့တည့္တည့္တြင္ မည္သည့္ပစၥည္းမွ ခံမေနပါေစနွင့္ ေလလမ္းေၾကာင္းေရွ ့တြင္ အရာ၀တၳဳ ပစၥည္းမ်ား ပိတ္ဆို့ေနလ်ွင္ လိုအပ္တဲ့ အေအးဓာတ္ မ႐ွိနိုင္ပါ။

၁၂။ Air con တြင္ ခရမ္းလြန္ေရာင္ျခည္ အခ်က္ေပး ကိရိယာပါရွိပါသည္။ Aircon ေပၚသို ့ေနေရာင္ျခည္တိုက္ရိုက္က်ေရာက္ေနပါကေကာင္းေကာင္းအလုပ္မလုပ္နိုင္ပါ။ထို့ေၾကာင့္ ေနေရာင္ျခည္တိုက္ရိုက္ က်ေရာက္မေနေစရန္ ခန္းစီး ကန္ ့လန့္ကာတို ့ျဖင့္ ျပတင္းေပါက္မ်ားအား ကာထားသင့္ပါသည္။

၁၃။ အခန္းထဲ၌အန့ံအသက္မေကာင္းေတာ့ဘူးဆိုလ်ွင္ ျပတင္းေပါက္မ်ားအားဖြင့္ထားျပီး ေလေကာင္းေလသန့္ရေအာင္ လုပ္ပါ။

၁၄။ မီးေလာင္ေစတတ္ေသာမွဳတ္ေဆး ႏွင့္သုတ္ေဆးမ်ားအား Air con နားမွာ အသံုးမျပဳသင့္ပါ ။ တင္နာ ပိုးသတ္ေဆး ေရနံဆီ ဓာတ္ဆီကဲ့သို့ေသာ အရည္မ်ားဟာ Air con ကို ထိခိုက္ပ်က္စီးနိုင္ပါသည္။

၁၅။ မီးပူ မီးဖိုတို ့လို အပူထုတ္သည့္ပစၥည္းမ်ားအား Air con နွင့္ေဝးေဝးမွာထားပါ ။ အပူခ်ိန္ျမင့္လ်ွင္ Air con ပ်က္တတ္ပါသည္။

၁၆။ Air con မွ ေညွာ္နံ႔ရလွ်င္ ခလုတ္ကို ခ်က္ျခင္းပိတ္ကာ ျပင္ဆိုင္သို႔အေၾကာင္းၾကားပါ

၁၇။ Outdoor unit Condenser ထဲသို ့တုတ္ (သို့မဟုတ္) လက္ျဖင့္ မထည့္ပါနွင့္ ။ အထဲမွာ အရွိန္ျပင္းျပင္း လည္ေနတဲ့ ပန္ကာ ရွိေသာေၾကာင့္ လူကို အႏၲာရာယ္ ျဖစ္ေစတတ္ပါသည္။

၁၈။ Outdoor unit Condenser ေပၚတြင္ အ၀တ္မ်ားလွန္းျခင္း၊ ပစၥည္းမ်ားတင္ျခင္း မျပဳလုပ္ပါႏွင့္။စက္အပူလြန္ျပီး ပ်က္စီးတတ္ပါသည္။

၁၉။ အိမ္အျပင္ရိွ Outdoor unit Condenser တြင္ အမိႈက္သရိုက္မ်ား ကပ္ေနမေန ပံုမွန္ စစ္ေဆးပါ။ အမိႈက္မ်ားကပ္ေနလွ်င္ ရွင္းေပးပါ။

Credit : TCMpartner

(Unicode Version)

အဲယားကွန်း အသုံးပြုသောအခါ လိုက်နာသင့်သည့် (အခြေခံ) အချက်လက်ထဲမှ အချိုု့ဖြစ်သော (၁၉ချက်) ကို မျှဝေပေးလိုက်ပါတယ်

၁။ Air con အပိတ်အဖွင့်လုပ်သည့်အခါ ပလပ်ကိုဆွဲဖြုတ်ခြင်း၊ ထိုးသွင်းခြင်းဖြင့် အပိတ်အဖွင့်လုပ်ခြင်း (လုံးဝ) မလုပ်ပါနှင့်။ Shock ဖြစ်ပြီး စက်ပျက်တတ်ပါသည်။

၂။ Remote Control ကို အသုံးပြုပြီး မိမိနှင် ့သင့်တော်မည့် အပူချိန်မှာ ချိန်ထားသင့်ပါသည်။ (အရမ်း)မအေးပါစေနှင့်။လူကို (တိုက်ရိုက် )လေမထိုးထားပါနှင့်။အထူးသဖြင့် အိပ်သည့်အခါတွင်ဖြစ်စေ ၊ ညဘက်လူအိပ်နေချိန်ဖြစ်စေ လူဆီကို အအေးတည့် တည့်မကျရောက် အောင်သတိထားသင့်ပါသည်။

၃။ ညအိပ်ချိန်များတွင် အအေးဓာတ်ကို ထိန်းရန်အချိန်ထိန်းခလုတ် (Timer) ကို အသုံးပြုနိုင်ပါသည်။

၄။ အခန်းတွင်းကို အအေးဓာတ်မပေးပဲ လေချည်းသက်သက်ပေးချင်ပါက Fan mode ပန်ကာကို အသုံးပြုနိုင်ပါသည်။ ပန်ကာချည်းသုံးခြင်းဖြင့် လျှပ်စစ်ဓါတ်ခြွေတာရာရောက်ပါသည်။

၅။အခန်းတွင်း အပူချိန်အား သင့်သလောက်သာချိန်ထားသင့် ပါသည်။ အပူချိန် ပူလွန်း / အေးလွန်းလျှင် လျှပ်စစ်ဓါတ်အားကို ပိုကုန်စေနိုင်သည်။

၆။ Remote Control အဝေးထိန်းခလုတ်ကို Air con အောက် တစ်ပေခန့်အကွာရှိ နံရံတွင် အထိုင်ခွက်ဖြင့် တပ်ဆင်ထားပါ။ လွတ်မကျပါစေနှင့် ။ ရေ နှင့် အချိုရည် ကဲ့သို့သော အရည်များမထိပါစေနှင့် ။ လွတ်ကျလျှင် ရေစင်လျှင် Remote ပျက်စီးပြီး အလုပ်ကောင်းကောင်း လုပ်နိုင်မည်မဟုတ်ပါ။

၇။ Remote Control အဝေးထိန်းခလုပ်အား Air con နှင့် ၁၅ပေခန့် အကွာအဝေးအတွင်း၌သာ သုံးပါ။သိပ်ဝေးလွန်းလျှင် အလုပ်မလုပ်ပါ။

၈။ Air con နှင့် Remote controlတို ့ကြားတွင် ခန်းစည်း / ကန် ့လန့်ကာ တို့နှင် ့ခံနေလျှင် Remote ကောင်းကောင်းအလုပ်မလုပ်နိုင်ပါ။

၉။ Air con Indoor Filter ( လေစစ်ဆန်ကာ) ကို ဖြစ်နိင်လျှင် တစ်လလျှင် တစ်ကြိမ်ခန့် သန့်ရှင်းရေးလုပ်ပေးပါ ။ ခရီးရက်ရှည်ထွက်စရာရှိ လျှင် Air con ကို သေသေချာချာ ပိတ်ခဲ့ပါ ။

၁၀။ Air conရဲ့ Indoor unit အတွင်း( သို့မဟုတ်) အပြင်ဘက်ရှိ အစိတ်အပိုင်းများကို ရေဖြင့် ဆေးပြီး သန် ့ရှင်းရေးမလုပ်သင့်ပါ ။ Shock ဖြစ်ပြီး ဓာတ်လိုက်တတ်သောကြောင့် ကျွမ်းကျင်သူများကို သာ ခေါ်လုပ်သင့်ပါသည်။

၁၁။ Air con ရှေ့တည့်တည့်တွင် မည်သည့်ပစ္စည်းမှ ခံမနေပါစေနှင့် လေလမ်းကြောင်းရှေ ့တွင် အရာဝတ္ထု ပစ္စည်းများ ပိတ်ဆို့နေလျှင် လိုအပ်တဲ့ အအေးဓာတ် မရှိနိုင်ပါ။

၁၂။ Air con တွင် ခရမ်းလွန်ရောင်ခြည် အချက်ပေး ကိရိယာပါရှိပါသည်။ Aircon ပေါ်သို ့နေရောင်ခြည်တိုက်ရိုက်ကျရောက်နေပါကကောင်းကောင်းအလုပ်မလုပ်နိုင်ပါ။ထို့ကြောင့် နေရောင်ခြည်တိုက်ရိုက် ကျရောက်မနေစေရန် ခန်းစီး ကန် ့လန့်ကာတို ့ဖြင့် ပြတင်းပေါက်များအား ကာထားသင့်ပါသည်။

၁၃။ အခန်းထဲ၌အန့ံအသက်မကောင်းတော့ဘူးဆိုလျှင် ပြတင်းပေါက်များအားဖွင့်ထားပြီး လေကောင်းလေသန့်ရအောင် လုပ်ပါ။

၁၄။ မီးလောင်စေတတ်သောမှုတ်ဆေး နှင့်သုတ်ဆေးများအား Air con နားမှာ အသုံးမပြုသင့်ပါ ။ တင်နာ ပိုးသတ်ဆေး ရေနံဆီ ဓာတ်ဆီကဲ့သို့သော အရည်များဟာ Air con ကို ထိခိုက်ပျက်စီးနိုင်ပါသည်။

၁၅။ မီးပူ မီးဖိုတို ့လို အပူထုတ်သည့်ပစ္စည်းများအား Air con နှင့်ဝေးဝေးမှာထားပါ ။ အပူချိန်မြင့်လျှင် Air con ပျက်တတ်ပါသည်။

၁၆။ Air con မှ ညှော်နံ့ရလျှင် ခလုတ်ကို ချက်ခြင်းပိတ်ကာ ပြင်ဆိုင်သို့အကြောင်းကြားပါ

၁၇။ Outdoor unit Condenser ထဲသို ့တုတ် (သို့မဟုတ်) လက်ဖြင့် မထည့်ပါနှင့် ။ အထဲမှာ အရှိန်ပြင်းပြင်း လည်နေတဲ့ ပန်ကာ ရှိသောကြောင့် လူကို အန္တာရာယ် ဖြစ်စေတတ်ပါသည်။

၁၈။ Outdoor unit Condenser ပေါ်တွင် အဝတ်များလှန်းခြင်း၊ ပစ္စည်းများတင်ခြင်း မပြုလုပ်ပါနှင့်။စက်အပူလွန်ပြီး ပျက်စီးတတ်ပါသည်။

၁၉။ အိမ်အပြင်ရှိ Outdoor unit Condenser တွင် အမှိုက်သရိုက်များ ကပ်နေမနေ ပုံမှန် စစ်ဆေးပါ။ အမှိုက်များကပ်နေလျှင် ရှင်းပေးပါ။

Credit : TCMpartner