ေယာက်္ားအလိုကိုလိုက္ရင္း တစ္ႏွစ္အတြင္း ခေလး ၄ ႀကိမ္ဖ်က္ခ်ရၿပီး အမ်ိဳးသမီးေသဆုံး

တ႐ုတ္နိုင္ငံက အမ်ိဳးသမီးတစ္ဦးဟာ ခင္ပြန္းသည္အလိုက် သားေယာက်္ားေလး ေမြးဖြားနိုင္ရန္ ႀကိဳးစားရင္း တစ္ႏွစ္အ တြင္း ကိုယ္ဝန္ဖ်က္ခ်မွု ၄ ႀကိမ္ျပဳလုပ္ခဲ့ရာမွ ေနာက္ဆုံးတြင္ ခင္ပြန္းသည္က ပစ္ပယ္ခဲ့ၿပီး ေသဆုံးခဲ့သည္။

အဆိုပါအမ်ိဳးသမီးသည္ လြန္ခဲ့ေသာ ေလးႏွစ္ခန႔္က သမီးေလးတစ္ဦးဖြားျမင္ခဲ့သည္။ ေနာက္ပိုင္းတြင္ တ႐ုတ္ျပည္၌ သား သမီး တစ္ဦးတည္းရွိျခင္းက ေခတ္မစားေတာ့သည့္အတြက္ ခင္ပြန္းျဖစ္သူက ကေလးထပ္ယူရန္ ဖိအားေပးခဲ့သည္။ ထိုမၽွ သာမက ဒီတစ္ခါ ေယက်္ားေလးပဲ ေမြးရမည္ဟု ရာဇသံထုတ္ခဲ့သည္။

သို႔ေသာ္ ကိုယ္ဝန္ရလာတိုင္း စစ္ေဆးခဲ့ရာ မိန္းမေလးခ်ည္း ျဖစ္ေနသည့္အတြက္ ေယာက်္ားျဖစ္သူက ကိုယ္ဝန္ဖ်က္ခ်ခို င္းခဲ့ရာ တစ္ႏွစ္ထဲမွာတင္ ကိုယ္ဝန္ ၄ ႀကိမ္ ဖ်က္ခ်ခဲ့ရသည္။ ကိုယ္ဝန္ဖ်က္ခ်မွုမ်ားေၾကာင့္ အမ်ိဳးသမီး၏ က်န္းမာေရး အေျခအေနမွာ ယိုယြင္းလာခဲ့သည္။ အေတာ္ႀကီး ေနထိုင္မေကာင္း ျဖစ္လာသည့္အခါက ေယာက်္ားက ကြားရွင္းျပတ္စဲ လိုက္ေလသည္။

ကြာရွင္းခံရတဲ့အတြက္ ရလာတဲ့ ယြမ္ေငြ ၁၇၀,၀၀၀ နဲ႔ ရွန္ဟိုင္းေဆး႐ုံေပၚတြင္ ေဆးကုသခံေနရာမွ ေသဆုံးသြားခဲ့သည္။ ေသဆုံးရသည့္ အေၾကာင္းရင္း အတိအက်ကို ေဆး႐ုံမွ ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္း မရွိပါ။

လေပါင္းအခ်ိဳ႕ အမ်ိဳးသမီး ေဆး႐ုံတက္ေနခ်ိန္တြင္ ခင္ပြန္းေဟာင္းမွ လာမၾကည့္ခဲ့သည့္အျပင္ ကားအသစ္ဝယ္ယူကာ ေနာက္အိမ္ေထာင္ျပဳရန္ စီစဥ္ေနေၾကာင္း အမ်ိဳးသမီး၏ ေဆြမ်ိဳးမ်ားက ေျပာၾကားသည္။ ေဆြမ်ိဳးမ်ားက အမ်ိဳးသမီး၏ အရိုးအိုးကို ခင္ပြန္းေဟာင္းထံသို႔ သြားေပးရာတြင္ လုံးဝ အေတြ႕မခံပဲ ေရွာင္ေနခဲ့သည္။

တ႐ုတ္နိုင္ငံတြင္ အမ်ိဳးသမီးမ်ား ကိုယ္ဝန္ေဆာင္ေနစဥ္အတြင္း ဘာေလးေမြးမွာလဲဟု သိလိုေသာ အေၾကာင္းျပခ်က္ျဖင့္ အာထရာေဆာင္း တရားဝင္ ရိုက္ခြင့္မရွိေပ။ သို႔ေသာ္ ေဆး႐ုံမ်ားကလည္း စီးပြားေရးအရ မသိဟန္ျပဳကာ လုပ္ေပးေနၾက သည္မွာ မထူးဆန္းသလိုျဖစ္ေနသည္။

Source : Popolay

Unicode Version
ယောကျ်ားအလိုကိုလိုက်ရင်း တစ်နှစ်အတွင်း ခလေး ၄ ကြိမ်ဖျက်ချရပြီး အမျိုးသမီးသေဆုံး

တရုတ်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းသည်အလိုကျ သားယောကျ်ားလေး မွေးဖွားနိုင်ရန် ကြိုးစားရင်း တစ်နှစ်အ တွင်း ကိုယ်ဝန်ဖျက်ချမှု ၄ ကြိမ်ပြုလုပ်ခဲ့ရာမှ နောက်ဆုံးတွင် ခင်ပွန်းသည်က ပစ်ပယ်ခဲ့ပြီး သေဆုံးခဲ့သည်။

အဆိုပါအမျိုးသမီးသည် လွန်ခဲ့သော လေးနှစ်ခန့်က သမီးလေးတစ်ဦးဖွားမြင်ခဲ့သည်။ နောက်ပိုင်းတွင် တရုတ်ပြည်၌ သား သမီး တစ်ဦးတည်းရှိခြင်းက ခေတ်မစားတော့သည့်အတွက် ခင်ပွန်းဖြစ်သူက ကလေးထပ်ယူရန် ဖိအားပေးခဲ့သည်။ ထိုမျှ သာမက ဒီတစ်ခါ ယေကျ်ားလေးပဲ မွေးရမည်ဟု ရာဇသံထုတ်ခဲ့သည်။

သို့သော် ကိုယ်ဝန်ရလာတိုင်း စစ်ဆေးခဲ့ရာ မိန်းမလေးချည်း ဖြစ်နေသည့်အတွက် ယောကျ်ားဖြစ်သူက ကိုယ်ဝန်ဖျက်ချခို င်းခဲ့ရာ တစ်နှစ်ထဲမှာတင် ကိုယ်ဝန် ၄ ကြိမ် ဖျက်ချခဲ့ရသည်။ ကိုယ်ဝန်ဖျက်ချမှုများကြောင့် အမျိုးသမီး၏ ကျန်းမာရေး အခြေအနေမှာ ယိုယွင်းလာခဲ့သည်။ အတော်ကြီး နေထိုင်မကောင်း ဖြစ်လာသည့်အခါက ယောကျ်ားက ကွားရှင်းပြတ်စဲ လိုက်လေသည်။

ကွာရှင်းခံရတဲ့အတွက် ရလာတဲ့ ယွမ်ငွေ ၁၇၀,၀၀၀ နဲ့ ရှန်ဟိုင်းဆေးရုံပေါ်တွင် ဆေးကုသခံနေရာမှ သေဆုံးသွားခဲ့သည်။ သေဆုံးရသည့် အကြောင်းရင်း အတိအကျကို ဆေးရုံမှ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါ။

လပေါင်းအချို့ အမျိုးသမီး ဆေးရုံတက်နေချိန်တွင် ခင်ပွန်းဟောင်းမှ လာမကြည့်ခဲ့သည့်အပြင် ကားအသစ်ဝယ်ယူကာ နောက်အိမ်ထောင်ပြုရန် စီစဉ်နေကြောင်း အမျိုးသမီး၏ ဆွေမျိုးများက ပြောကြားသည်။ ဆွေမျိုးများက အမျိုးသမီး၏ အရိုးအိုးကို ခင်ပွန်းဟောင်းထံသို့ သွားပေးရာတွင် လုံးဝ အတွေ့မခံပဲ ရှောင်နေခဲ့သည်။

တရုတ်နိုင်ငံတွင် အမျိုးသမီးများ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ဘာလေးမွေးမှာလဲဟု သိလိုသော အကြောင်းပြချက်ဖြင့် အာထရာဆောင်း တရားဝင် ရိုက်ခွင့်မရှိပေ။ သို့သော် ဆေးရုံများကလည်း စီးပွားရေးအရ မသိဟန်ပြုကာ လုပ်ပေးနေကြ သည်မှာ မထူးဆန်းသလိုဖြစ်နေသည်။

Source : Popolay

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္