ကိုယ္လုံးတီးအိပ္သင့္တဲ့ အေၾကာင္းရင္း (၈)ခု

လူေတာ္ေတာ္မ်ားမ်ားဟာ ကိုယ့္ကို သက္ေသာင့္သက္သာအျဖစ္ေစဆုံး၊ အလြတ္လပ္ဆုံး အိပ္ရာထဲမွာေတာင္ ကိုယ္လုံးတီး ခၽြတ္အိပ္ဖို႔ ၀န္ေလးၾကပါတယ္။ အရွက္တရားနဲ႔ တားျမစ္ထားတဲ့ အရာဟာ တစ္သက္လုံး အရိုးစြဲေနတဲ့ သေဘာပါပဲ။ ယခုအခါ ညဘက္အိပ္တဲ့အခ်ိန္ ကိုယ္လုံးတီးခၽြတ္ၿပီးအိပ္ရင္ ရရိွလာမယ့္ အက်ိဳးေက်းဇူးမ်ားစြာကို ေတြ႕ရိွထားၾကၿပီ ျဖစ္ပါတယ္။ ဘယ္လိုအကိ်ဳးေက်းဇူးေတြ ရရိွႏိုင္မလည္းဆိုတာကို သိရိွဖို႔ ေအာက္မွာ ဆက္လက္ဖတ္ၾကည့္လိုိက္ပါေနာ္။

၁။ ပိုမိုႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေစျခင္း။
ကိုယ္လုံးတီး ခၽြတ္အိပ္ျခင္းအားျဖင့္ အေရျပားရဲ႕ အပူခ်ိန္ကို ေလ်ာ႔က်ေစလို႔ ပိုမိုႏွစ္ၿခိဳက္စြာ အိပ္ေမာက်ေစႏိုင္ပါတယ္။

၂။ လြတ္လပ္ေပါ့ပါးမႈရေစျခင္း။
ဒီလိုမ်ိဳး အ၀တ္မပါဘဲ ညဘက္အိပ္ေနက် မဟုတ္တဲ့သူေတြေတာင္မွ ေပါ့ေပါ့ပါးပါး၊ လြတ္လြတ္လပ္လပ္နဲ႔ လႈပ္ရွားႏိုင္တဲ့ ခံစားခ်က္ကို အႀကိဳက္ေတြ႕မိပါလိမ့္မယ္။

၃။ အသားအေရနဲ႔ ဆံပင္အလွအတြက္ ေကာင္းက်ိဳးရေစျခင္း။
ေကာင္းမြန္ႏွစ္ၿခိဳက္စြာ အိပ္စက္ႏိုင္ျခင္းဟာ မီလာတိုနင္ (melatonin)ဆိုတဲ့ဓာတ္နဲ႔ ေဟာ္မုန္းေတြကို ပိုမိုထုတ္လႊတ္ ေပးႏိုင္ပါတယ္။ အသားအေရကို အပူခ်ိန္ျမင့္တက္လာေစျခင္းက ကာကြယ္ေပးတဲ့အတြက္ အေရျပားဆဲလ္မ်ားအတြက္ ေလ၀င္ေလထြက္ေကာင္းေစၿပီး အဆီဂလင္းေတြကို အကိ်ဳးျပဳေစပါတယ္။

၄။ ၀ိတ္က်ေစၿပီး ၾကြက္သားမ်ား ႀကီးထြားလာေစျခင္း။
ကိုယ္လုံးတီး အိပ္စက္ျခင္းဟာ HGH လို႔ေခၚတဲ့ ေဟာ္မုန္းထြက္ေစျခင္းေၾကာင့္ ၾကြက္သားမ်ားကို သန္မာထြားက်ိဳင္း ေစကာ အဆီမ်ားကို ေလာင္ကၽြမ္းေစတဲ့ျဖစ္စဥ္မွာလည္း ပါ၀င္ေဆာင္ရြက္ပါတယ္။

၅။ စိတ္ဖိစီးမႈ ေလ်ာ႔နည္းေစျခင္း။
သင့္တင့္တဲ့ အခန္းအပူအခ်ိန္မွာ ကုိယ္လုံးတီး အိပ္စက္ျခင္းအားျဖင့္ စိတ္ဖိစီးမႈကို ျဖစ္ေပၚေစတဲ့ ေကာ္တစ္ေဆာ (cortisol) ေဟာ္မုန္းေတြကို ေလ်ာ႔က်ေစႏိုင္ပါတယ္။

၆။ မိမိကိုယ္ကို ယုံၾကည္မႈပိုရွိေစျခင္း။
မိမိဘာသာ တစ္ေ္ယာက္တည္း ကိုယ္လုံးတီး ခၽြတ္အိပ္ခ်ိန္မွာ မိမိကိုယ္ကိုယုံၾကည္မႈကို ခံစားရတဲ့အခါ အ၀တ္ေတြ ၀တ္ဆင္ၿပီး အျပင္သြားတဲ့အခါမွာလည္း ယုံၾကည္မႈရိွေနမွာ ျဖစ္ပါတယ္။

၇။ ေသြးလည္ပတ္မႈ ေကာင္းမြန္ေစျခင္း။
သက္ေသာင့္သက္သာ အျဖစ္ဆုံးပါဆိုတဲ့ အတြင္းခံမ်ားမွာေတာင္ ေသြးေၾကာမွ်င္ေလးေတြကို ပိတ္ဆို႔ထားေစႏိုင္လို႔ ေသြးလည္ပတ္မႈကို ေႏွာင့္ယွက္ဟန္႔တားေစပါတယ္။

၈။ ညဘက္အိပ္မေပ်ာ္ျခင္းကို ကုစားႏိုင္ျခင္း။
ညဘက္အိပ္မေပ်ာ္တဲ့ ေ၀ဒနာခံစားေနရသူမ်ားကို ကိုယ္လုံးတီး အိပ္စက္ၾကည့္ဖို႔ ဆရာ၀န္မ်ားက အႀကံေပးေလ့ရိွတဲ့ အတြက္ ညဘက္မ်က္လုံးေၾကာင္ေနမွာ ပူစရာမလိုေတာ့ပါဘူး။

ကဲ ဒါဆိုရင္ေတာ့ ကိုယ္လုံးတီး ခၽြတ္အိပ္ျခင္းရဲ႕ ေကာင္းက်ိဳးေတြကို သိၿပီးၿပီျဖစ္လို႔ သူငယ္ခ်င္းတို႔ေရာ စမ္းအိပ္ၾကည့္ဖို႔ အဆင္သင့္ျဖစ္ၿပီလား။

Source : Shwemom

Unicode Version
ကိုယ်လုံးတီးအိပ်သင့်တဲ့ အကြောင်းရင်း (၈)ခု

လူတော်တော်များများဟာ ကိုယ့်ကို သက်သောင့်သက်သာအဖြစ်စေဆုံး၊ အလွတ်လပ်ဆုံး အိပ်ရာထဲမှာတောင် ကိုယ်လုံးတီး ချွတ်အိပ်ဖို့ ၀န်လေးကြပါတယ်။ အရှက်တရားနဲ့ တားမြစ်ထားတဲ့ အရာဟာ တစ်သက်လုံး အရိုးစွဲနေတဲ့ သဘောပါပဲ။ ယခုအခါ ညဘက်အိပ်တဲ့အချိန် ကိုယ်လုံးတီးချွတ်ပြီးအိပ်ရင် ရရှိလာမယ့် အကျိုးကျေးဇူးများစွာကို တွေ့ရှိထားကြပြီ ဖြစ်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလည်းဆိုတာကို သိရှိဖို့ အောက်မှာ ဆက်လက်ဖတ်ကြည့်လိိုက်ပါနော်။

၁။ ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း။
ကိုယ်လုံးတီး ချွတ်အိပ်ခြင်းအားဖြင့် အရေပြားရဲ့ အပူချိန်ကို လျော့ကျစေလို့ ပိုမိုနှစ်ခြိုက်စွာ အိပ်မောကျစေနိုင်ပါတယ်။

၂။ လွတ်လပ်ပေါ့ပါးမှုရစေခြင်း။
ဒီလိုမျိုး အဝတ်မပါဘဲ ညဘက်အိပ်နေကျ မဟုတ်တဲ့သူတွေတောင်မှ ပေါ့ပေါ့ပါးပါး၊ လွတ်လွတ်လပ်လပ်နဲ့ လှုပ်ရှားနိုင်တဲ့ ခံစားချက်ကို အကြိုက်တွေ့မိပါလိမ့်မယ်။

၃။ အသားအရေနဲ့ ဆံပင်အလှအတွက် ကောင်းကျိုးရစေခြင်း။
ကောင်းမွန်နှစ်ခြိုက်စွာ အိပ်စက်နိုင်ခြင်းဟာ မီလာတိုနင် (melatonin)ဆိုတဲ့ဓာတ်နဲ့ ဟော်မုန်းတွေကို ပိုမိုထုတ်လွှတ် ပေးနိုင်ပါတယ်။ အသားအရေကို အပူချိန်မြင့်တက်လာစေခြင်းက ကာကွယ်ပေးတဲ့အတွက် အရေပြားဆဲလ်များအတွက် လေဝင်လေထွက်ကောင်းစေပြီး အဆီဂလင်းတွေကို အကျိုးပြုစေပါတယ်။

၄။ ၀ိတ်ကျစေပြီး ကြွက်သားများ ကြီးထွားလာစေခြင်း။
ကိုယ်လုံးတီး အိပ်စက်ခြင်းဟာ HGH လို့ခေါ်တဲ့ ဟော်မုန်းထွက်စေခြင်းကြောင့် ကြွက်သားများကို သန်မာထွားကျိုင်း စေကာ အဆီများကို လောင်ကျွမ်းစေတဲ့ဖြစ်စဉ်မှာလည်း ပါ၀င်ဆောင်ရွက်ပါတယ်။

၅။ စိတ်ဖိစီးမှု လျော့နည်းစေခြင်း။
သင့်တင့်တဲ့ အခန်းအပူအချိန်မှာ ကိုယ်လုံးတီး အိပ်စက်ခြင်းအားဖြင့် စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတဲ့ ကော်တစ်ဆော (cortisol) ဟော်မုန်းတွေကို လျော့ကျစေနိုင်ပါတယ်။

၆။ မိမိကိုယ်ကို ယုံကြည်မှုပိုရှိစေခြင်း။
မိမိဘာသာ တစ်ေ်ယာက်တည်း ကိုယ်လုံးတီး ချွတ်အိပ်ချိန်မှာ မိမိကိုယ်ကိုယုံကြည်မှုကို ခံစားရတဲ့အခါ အဝတ်တွေ ၀တ်ဆင်ပြီး အပြင်သွားတဲ့အခါမှာလည်း ယုံကြည်မှုရှိနေမှာ ဖြစ်ပါတယ်။

၇။ သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း။
သက်သောင့်သက်သာ အဖြစ်ဆုံးပါဆိုတဲ့ အတွင်းခံများမှာတောင် သွေးကြောမျှင်လေးတွေကို ပိတ်ဆို့ထားစေနိုင်လို့ သွေးလည်ပတ်မှုကို နှောင့်ယှက်ဟန့်တားစေပါတယ်။

၈။ ညဘက်အိပ်မပျော်ခြင်းကို ကုစားနိုင်ခြင်း။
ညဘက်အိပ်မပျော်တဲ့ ဝေဒနာခံစားနေရသူများကို ကိုယ်လုံးတီး အိပ်စက်ကြည့်ဖို့ ဆရာဝန်များက အကြံပေးလေ့ရှိတဲ့ အတွက် ညဘက်မျက်လုံးကြောင်နေမှာ ပူစရာမလိုတော့ပါဘူး။

ကဲ ဒါဆိုရင်တော့ ကိုယ်လုံးတီး ချွတ်အိပ်ခြင်းရဲ့ ကောင်းကျိုးတွေကို သိပြီးပြီဖြစ်လို့ သူငယ်ချင်းတို့ရော စမ်းအိပ်ကြည့်ဖို့ အဆင်သင့်ဖြစ်ပြီလား။

Source : Shwemom