မိန္းကေလးမ်ား သတိထားၾကပါ တရုတ္ႏုိင္ငံထုတ္ လွ်ိဳ ့၀ွက္ ကင္မရာအေၾကာင္း

တရုတ္ႏုိင္ငံမွာတစ္ဆင့္ ေရႊလီ-မူဆယ္လမ္းေၾကာင္းမွ ျမန္မာႏုိင္ငံအတြင္းသို ့၀င္ေရာက္လာသည့္ ကုန္ပစၥည္းမ်ားတြင္ ျမန္မာျပည္သူမ်ားအား ဆိုးက်ိဳး ျဖစ္ေစမည့္ ဓါတုေဗဒ ေဆး၀ါးမ်ားပါ၀င္ေသာ Fast Food မ်ားႏွင့္ အျခားေသာ စားေသာက္ကုန္မ်ားပါ၀င္လွ်က္ရွိေနေၾကာင္းကို သတင္းအမ်ားအျပားတြင္ ဖတ္ရႈမွတ္သားျပီးျဖစ္ပါသည္။

ယခုလည္း တရုတ္ျပည္တြင္ ညစ္ညမ္းဗီဒီယိုကားမ်ား၌ Category ကြဲျပားစြာ ထုတ္လုပ္ေရာင္းခ်ရန္ အတြက္ Hidden Camera ဆိုသည့္ ညစ္ညမ္းကားမ်ိဳး ေခတ္စားလွ်က္ရွိရာ ျမန္မာႏုိင္ငံအတြင္းမွ အမ်ိဳးေကာင္းသမီးမ်ားအား ကုန္ၾကမ္းအျဖစ္အသံုးခ်ရန္အတြက္ ေနရာစံုတြင္ တပ္ဆင္ႏုိင္ေသာ လွ်ိဳ ့၀ွက္ကင္မရာမ်ား တင္သြင္းေရာက္ရွိလွ်က္ရွိေၾကာင္း နယ္စပ္မွ ကုန္သြယ္ေရး လုပ္ေဆာင္သည့္ စီးပြားေရးသမားတစ္ဦး၏ ေျပာျပခ်က္အရ သိရသည္။

“ကင္မရာေတြကေတာ့ အစံုပဲ၊ တခါးလက္ကိုင္ဘုမွာ တပ္တာမ်ိဳး၊ ေရခ်ိဳးခန္းမွာရွိတဲ့ အသံုးအေဆာင္ေတြ မွာ တပ္တာမ်ိဳးေတြေပါ့၊ ဒီက တရုတ္ပိုင္ဟိုတယ္ေတြ က အဲဒီဗီဒီယိုေတြကို ဟိုက ညစ္ညမ္းဒါရိုက္တာေတြ ဆီ ျပန္ေရာင္းတယ္၊ သူတုိ ့က Burmese Hidden Camera Girl ဆိုျပီး ဟိုမွာ ျပန္ေရာင္းတာ၊ အြန္လုိင္း ကေန ပိုက္ဆံေပးျပီးမွ ၾကည့္လုိ ့ရတဲ့ Website ေတြ ထိေအာင္တင္တာ၊ စိတ္လြတ္ကိုယ္လြတ္ ခ်စ္သူ နဲ ့ေပ်ာ္ျမဴးတာေတာ့ ေပ်ာ္ျမဴးတာေပါ့ေလ၊ ဒါေပမယ့္ သိတဲ့အတုိင္းပဲ၊ ကြ်န္ေတာ္ ေရႊလီမွာရွိတုန္းက ဆိုရင္ ေရႊစံုတြဲ ေရခ်ိဳးခန္းထဲမွာ ပလူးေနတဲ့ ဗီဒီယို ဆိုျပီးေရာင္းလုိ ့၀ယ္ၾကည့္တာ၊ ကိုယ့္မ်က္ႏွာ ဘယ္ထား ရမွန္းမသိ ျဖစ္ခဲ့ရတယ္” ဟု စီးပြားေရးလုပ္ငန္းရွင္ ကိုခင္ရီေမာင္ က အေတြ ့အၾကံဳကိုေျပာျပသည္။

ထို့ေၾကာင့္ မိန္းကေလးမ်ား အေနျဖင့္ အမ်ားသံုးအိမ္သာ၊ သန့္စင္ခန္းသို့ မလြဲသာမေရွာင္သာလို့ ၀င္ရသည္ရွိေသာ္ အရွက္ကြဲမခံရေအာင္ ပံုတြင္ျပထားေသာ ေနရာမ်ားကို ကင္မရာတပ္ဆင္ထားျခင္း ရွိ၊ မရွိကို စစ္ေဆးျပီး မသကၤာလွ်င္ အသံုးမျပဳၾကဖို့ မွ်ေေ၀အသိေပးလုိက္ပါသည္။

(ဒီပို့စ္ကိုလည္း သင့္မိတ္ေဆြမ်ား သတိထားႏိုင္ေစရန္ Share ေပးႏိုင္ၾကပါသည္)

သစၥာေျမ blog မွ ကူးယူေဖၚျပပါသည္။

(Unicode Version)

မိန်းကလေးများ သတိထားကြပါ တရုတ်နိုင်ငံထုတ် လျှို ့ဝှက် ကင်မရာအကြောင်း

တရုတ်နိုင်ငံမှာတစ်ဆင့် ရွှေလီ-မူဆယ်လမ်းကြောင်းမှ မြန်မာနိုင်ငံအတွင်းသို ့ဝင်ရောက်လာသည့် ကုန်ပစ္စည်းများတွင် မြန်မာပြည်သူများအား ဆိုးကျိုး ဖြစ်စေမည့် ဓါတုဗေဒ ဆေးဝါးများပါ၀င်သော Fast Food များနှင့် အခြားသော စားသောက်ကုန်များပါ၀င်လျှက်ရှိနေကြောင်းကို သတင်းအများအပြားတွင် ဖတ်ရှုမှတ်သားပြီးဖြစ်ပါသည်။

ယခုလည်း တရုတ်ပြည်တွင် ညစ်ညမ်းဗီဒီယိုကားများ၌ Category ကွဲပြားစွာ ထုတ်လုပ်ရောင်းချရန် အတွက် Hidden Camera ဆိုသည့် ညစ်ညမ်းကားမျိုး ခေတ်စားလျှက်ရှိရာ မြန်မာနိုင်ငံအတွင်းမှ အမျိုးကောင်းသမီးများအား ကုန်ကြမ်းအဖြစ်အသုံးချရန်အတွက် နေရာစုံတွင် တပ်ဆင်နိုင်သော လျှို ့ဝှက်ကင်မရာများ တင်သွင်းရောက်ရှိလျှက်ရှိကြောင်း နယ်စပ်မှ ကုန်သွယ်ရေး လုပ်ဆောင်သည့် စီးပွားရေးသမားတစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ကင်မရာတွေကတော့ အစုံပဲ၊ တခါးလက်ကိုင်ဘုမှာ တပ်တာမျိုး၊ ရေချိုးခန်းမှာရှိတဲ့ အသုံးအဆောင်တွေ မှာ တပ်တာမျိုးတွေပေါ့၊ ဒီက တရုတ်ပိုင်ဟိုတယ်တွေ က အဲဒီဗီဒီယိုတွေကို ဟိုက ညစ်ညမ်းဒါရိုက်တာတွေ ဆီ ပြန်ရောင်းတယ်၊ သူတို ့က Burmese Hidden Camera Girl ဆိုပြီး ဟိုမှာ ပြန်ရောင်းတာ၊ အွန်လိုင်း ကနေ ပိုက်ဆံပေးပြီးမှ ကြည့်လို ့ရတဲ့ Website တွေ ထိအောင်တင်တာ၊ စိတ်လွတ်ကိုယ်လွတ် ချစ်သူ နဲ ့ပျော်မြူးတာတော့ ပျော်မြူးတာပေါ့လေ၊ ဒါပေမယ့် သိတဲ့အတိုင်းပဲ၊ ကျွန်တော် ရွှေလီမှာရှိတုန်းက ဆိုရင် ရွှေစုံတွဲ ရေချိုးခန်းထဲမှာ ပလူးနေတဲ့ ဗီဒီယို ဆိုပြီးရောင်းလို ့ဝယ်ကြည့်တာ၊ ကိုယ့်မျက်နှာ ဘယ်ထား ရမှန်းမသိ ဖြစ်ခဲ့ရတယ်” ဟု စီးပွားရေးလုပ်ငန်းရှင် ကိုခင်ရီမောင် က အတွေ ့အကြုံကိုပြောပြသည်။

ထို့ကြောင့် မိန်းကလေးများ အနေဖြင့် အများသုံးအိမ်သာ၊ သန့်စင်ခန်းသို့ မလွဲသာမရှောင်သာလို့ ၀င်ရသည်ရှိသော် အရှက်ကွဲမခံရအောင် ပုံတွင်ပြထားသော နေရာများကို ကင်မရာတပ်ဆင်ထားခြင်း ရှိ၊ မရှိကို စစ်ဆေးပြီး မသင်္ကာလျှင် အသုံးမပြုကြဖို့ မျှေဝေအသိပေးလိုက်ပါသည်။

(ဒီပို့စ်ကိုလည်း သင့်မိတ်ဆွေများ သတိထားနိုင်စေရန် Share ပေးနိုင်ကြပါသည်)

သစ္စာမြေ blog မှ ကူးယူဖေါ်ပြပါသည်။

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္