သမီးေလးနဲ႔ ခ်မ္းခ်မ္းကိုပဲ စိတ္ထဲ႐ွိတယ္ ျပန္တည္ေဆာက္မွာပါဆိုတဲ႔ ဘုဏ္းသိုက္

လက္႐ွိအေျခအေနကို အတည္ျငိမ္ဆံုး နဲ႔ အေကာင္းဆံုးျဖစ္ေအာင္ ျပန္တည္ေဆာက္သြားမွာျဖစ္ၿပီး စိတ္ထဲမွာေတာ႕ သမီးေလး ျမမိုးဂဂၤါ နဲ႔ ခ်မ္းခ်မ္းပဲ႐ွိပါတယ္ လို႔ သ႐ုပ္ေဆာင္ ဘုဏ္းသိုက္ က MC သို႔ေျပာခဲ႔ပါတယ္။

“ကၽြန္ေတာ္႔စိတ္ထဲမွာ ႐ွိတာက သမီးေလးမ်က္ႏွာ နဲ႔ သူ႔မ်က္ႏွာပဲ႐ွိတယ္။ ဘာသာေရးေတြ ဘာေတြေျပာတယ္ ။ ဒါေတြ လံုး၀အေရးမၾကီးဘူး။ ေကာင္းေကာင္း တည္ေဆာက္လို႔ ရႏိုင္တယ္လို႔ ကၽြန္ေတာ္ ယုံၾကည္တယ္။ ကၽြန္ေတာ္လည္း ၾကိဳးစားမွာပါ။ ကၽြန္ေတာ္ တစ္ကယ္ကို မသိဘူးဆိုတာကို သူလည္းသိတယ္။

ကၽြန္ေတာ္ ဘယ္ေလာက္ေတာင္ မသိဘူးလဲဆိုရင္ သတင္းစာထဲမွာပါတာ တစ္ေန႕ကေပါ႔ ။ သတင္းစာထဲမပါခင္ ႏွစ္ရက္ ၊ သံုးရက္ေလာက္ကပဲ သမီးေလးအိမ္မွာကေနတဲ႔ ကၽြန္ေတာ္တို႔ ႐ိုက္တဲ႔ဗီဒီယိုေလးေတာင္ တတ္သြားေသးတယ္။ ေဘးမွာေတာင္ ကၽြန္ေတာ္ ေအာ္ဟစ္ၿပီးေတာ ႔ေပ်ာ္ေနတာ ေပါ႔ ။

ဒါမျဖစ္ခင္ ႏွစ္ရက္ေလာက္က ။ သူျပန္မျပင္လို႔ ငါလည္း ေယာက်ားၤမာနနဲ႔ ငါလည္း ျပန္မျပင္ဘူးဆိုတာကြ ဆိုတာမ်ိဴးက သမီးေလးတစ္ေယာက္ မ႐ွိဘူးဆိုရင္ ကၽြန္ေတ္ာလည္း ေျပာမွာေပါ႔ ။ ဒါေပမယ္႔ ကၽြန္ေတာ္တို႔ ၾကည္႔ရမွာ အရြယ္ေရာက္ေနတဲ႔ လူႏွစ္ေယာက္ ရဲ႔ စိတ္ခံစားခ်က္ကို ၾကည္႔ရမွာ မဟုတ္ဘူးေလ။

အဓိကက သမီးကိုၾကည္႔ရမွာ ။ သူက တစ္ခုခုဆိုရင္ စိတ္ခံစားခ်က္ အရမ္း႐ွိတယ္။ သတင္းစာထဲ မထည္႔ခင္ (၃) ရက္ေလာက္ကပဲ သမီးကို EDM သီခ်င္းေတြ ဖြင္႔ၿပီး စေနတာေလး သူပဲတင္တာ ။ ကၽြန္ေတာ္ရယ္ သမီးရယ္ သူရယ္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတာေလး သူတင္တာ။

အဲ႔အခ်ိန္ထိ သူေပ်ာ္ေနတာပဲ။ ဒါေပမယ္႔လူတစ္ေယာက္က တစ္ခုခုလုပ္ၿပိီဆိုတာက ခ်က္ခ်င္းၾကီး လုပ္တာေတာ႔ မဟုတ္ဘူးေပါ႔။ သူလည္း သူ႔ခံစားခ်က္နည္းနည္း နဲ႔ရွိသလို ကၽြန္ေတာ္လည္း ရွိတာေပါ႔ ။ ဒါေပမယ္ ႔ျပန္ေဖာ္ျပတာၾကေတာ႔ ေယာက်ားၤေလး နဲ ႔မိန္းကေလး သဘာ၀မတူတာေတြလည္း ႐ွိရင္႐ွိမယ္ ။

သူတစ္ခုခုဆိုရင္ ေစာေနလိမ္႔႐ွိတယ္ ။ျပန္ႏွဳတ္လို႕မရဘူး။ အဲ႔တာကို ကၽြန္ေတာ္ တစ္အားေၾကာက္တယ္။ ဒါေတြက စိတ္ခံစားခ်က္ေတြပါ ။ ကၽြန္ေတာ္တို႔ ဘ၀မွ ျမမိုးဂဂၤါဆိုတဲ႔ လမ္းေၾကာင္းကေပၚေနၿပီပဲ။ တစ္ခုခုလုပ္မယ္ဆိုရင္ သူသမီးမ်က္ႏွာကို ၾကည္႕ရမယ္။ ကၽြန္ေတာ္ ျပန္တည္ေဆာက္မွာပါ ။

ကၽြန္ေတာ္ဘာလို႔ မတုန္႔ျပန္လဲဆိုရင္ တစ္ခါတစ္ရံ ၾကရင္စကားဆိုတာ ႏွဳတ္လို႔မရဘူး ။ ကၽြန္ေတာ္ စိတ္ခံစားခ်က္႐ွိေနတဲ႔ အခ်ိန္မွုာေျပာလို႔ ထိခိုက္မွာလဲ မျဖစ္ခ်င္ဘူး ။ အထူးသျဖင္႔ သူ႔ကိုလည္း မထိခိုက္ေစခ်င္ဘူး။ ကၽြန္ေတာ္ရယ္သမိးေလးရယ္ သူရယ္ အတည္ျငိမ္ဆံုး ျဖစ္မယ္႔အခ်ိန္ကို ကၽြန္ေတာ္ေစာင္႔ေနတာ” လို႔ သူကေျပာပါတယ္။

Source : Myanmar Celebrity

(Unicode Version)

သမီးလေးနဲ့ ချမ်းချမ်း ကိုပဲစိတ်ထဲရှိတယ် ပြန်တည်ဆောက်မှာပါဆိုတဲ့ ဘုဏ်းသိုက်

လက်ရှိအခြေအနေကို အတည်ငြိမ်ဆုံး နဲ့ အကောင်းဆုံးဖြစ်အောင် ပြန်တည်ဆောက်သွားမှာဖြစ်ပြီး စိတ်ထဲမှာတော့ သမီးလေး မြမိုးဂင်္ဂါ နဲ့ ချမ်းချမ်းပဲရှိပါတယ် လို့ သရုပ်ဆောင် ဘုဏ်းသိုက် က MC သို့ပြောခဲ့ပါတယ်။

“ကျွန်တော့်စိတ်ထဲမှာ ရှိတာက သမီးလေးမျက်နှာ နဲ့ သူ့မျက်နှာပဲရှိတယ်။ ဘာသာရေးတွေ ဘာတွေပြောတယ် ။ ဒါတွေ လုံးဝအရေးမကြီးဘူး။ ကောင်းကောင်း တည်ဆောက်လို့ ရနိုင်တယ်လို့ ကျွန်တော် ယုံကြည်တယ်။ ကျွန်တော်လည်း ကြိုးစားမှာပါ။ ကျွန်တော် တစ်ကယ်ကို မသိဘူးဆိုတာကို သူလည်းသိတယ်။

ကျွန်တော် ဘယ်လောက်တောင် မသိဘူးလဲဆိုရင် သတင်းစာထဲမှာပါတာ တစ်နေ့ကပေါ့ ။ သတင်းစာထဲမပါခင် နှစ်ရက် ၊ သုံးရက်လောက်ကပဲ သမီးလေးအိမ်မှာကနေတဲ့ ကျွန်တော်တို့ ရိုက်တဲ့ဗီဒီယိုလေးတောင် တတ်သွားသေးတယ်။ ဘေးမှာတောင် ကျွန်တော် အော်ဟစ်ပြီးတော ့ပျော်နေတာ ပေါ့ ။

ဒါမဖြစ်ခင် နှစ်ရက်လောက်က ။ သူပြန်မပြင်လို့ ငါလည်း ယောကျားင်္မာနနဲ့ ငါလည်း ပြန်မပြင်ဘူးဆိုတာကွ ဆိုတာမျိူးက သမီးလေးတစ်ယောက် မရှိဘူးဆိုရင် ကျွန်တေ်ာလည်း ပြောမှာပေါ့ ။ ဒါပေမယ့် ကျွန်တော်တို့ ကြည့်ရမှာ အရွယ်ရောက်နေတဲ့ လူနှစ်ယောက် ရဲ့ စိတ်ခံစားချက်ကို ကြည့်ရမှာ မဟုတ်ဘူးလေ။

အဓိကက သမီးကိုကြည့်ရမှာ ။ သူက တစ်ခုခုဆိုရင် စိတ်ခံစားချက် အရမ်းရှိတယ်။ သတင်းစာထဲ မထည့်ခင် (၃) ရက်လောက်ကပဲ သမီးကို EDM သီချင်းတွေ ဖွင့်ပြီး စနေတာလေး သူပဲတင်တာ ။ ကျွန်တော်ရယ် သမီးရယ် သူရယ် ပျော်ပျော်ရွှင်ရွှင်နေတာလေး သူတင်တာ။

အဲ့အချိန်ထိ သူပျော်နေတာပဲ။ ဒါပေမယ့်လူတစ်ယောက်က တစ်ခုခုလုပ်ပြိီဆိုတာက ချက်ချင်းကြီး လုပ်တာတော့ မဟုတ်ဘူးပေါ့။ သူလည်း သူ့ခံစားချက်နည်းနည်း နဲ့ရှိသလို ကျွန်တော်လည်း ရှိတာပေါ့ ။ ဒါပေမယ် ့ပြန်ဖော်ပြတာကြတော့ ယောကျားင်္လေး နဲ ့မိန်းကလေး သဘာဝမတူတာတွေလည်း ရှိရင်ရှိမယ် ။

သူတစ်ခုခုဆိုရင် စောနေလိမ့်ရှိတယ် ။ပြန်နှုတ်လို့မရဘူး။ အဲ့တာကို ကျွန်တော် တစ်အားကြောက်တယ်။ ဒါတွေက စိတ်ခံစားချက်တွေပါ ။ ကျွန်တော်တို့ ဘဝမှ မြမိုးဂင်္ဂါဆိုတဲ့ လမ်းကြောင်းကပေါ်နေပြီပဲ။ တစ်ခုခုလုပ်မယ်ဆိုရင် သူသမီးမျက်နှာကို ကြည့်ရမယ်။ ကျွန်တော် ပြန်တည်ဆောက်မှာပါ ။

ကျွန်တော်ဘာလို့ မတုန့်ပြန်လဲဆိုရင် တစ်ခါတစ်ရံ ကြရင်စကားဆိုတာ နှုတ်လို့မရဘူး ။ ကျွန်တော် စိတ်ခံစားချက်ရှိနေတဲ့ အချိန်မှုာပြောလို့ ထိခိုက်မှာလဲ မဖြစ်ချင်ဘူး ။ အထူးသဖြင့် သူ့ကိုလည်း မထိခိုက်စေချင်ဘူး။ ကျွန်တော်ရယ်သမိးလေးရယ် သူရယ် အတည်ငြိမ်ဆုံး ဖြစ်မယ့်အချိန်ကို ကျွန်တော်စောင့်နေတာ” လို့ သူကပြောပါတယ်။

Source : Myanmar Celebrity