ခ်မ္းခ်မ္းနဲ႔ဘုဏ္းသိုက္တို႔ ဇနီးေမာင္ႏွံကြာရွင္းသတင္းနဲ႔ပတ္သက္ျပီး ဆရာၾကီး ဦးထြန္းလြင္ ( မိုးေလ၀သ ) ေျပာျပတဲ႔ အျဖစ္အပ်က္

အဆိုေတာ္ခ်မ္းခ်မ္းနဲ႔ သရုပ္ေဆာင္ ဘုဏ္းသိုက္တို႔ ဇနီးေမာင္ႏွံကြာရွင္းခြင့္ေတာင္တဲ့သတင္းနဲ႔ပတ္သက္ျပီး ဆရာၾကီး ဦးထြန္းလြင္ ( မိုးေလ၀သ ) က သူ႕ဘ၀ရဲ႕ အေတြ႕အၾကံဳတစ္ခုကုိ ေအာက္ပါအတိုင္းေျပာျပခဲ႔ပါတယ္ ။

ျပန္လည္ေဖၚျပျခင္းစာစု။

ဒီကေန႕မွ ျပန္ႀကည္႕ျဖစ္တဲ့ facebook ေပၚမွာ ႏိုင္ငံေက်ာ္အဆိုေတာ္မေလးနဲ႕ ေမာ္ဒယ္လ္သူ႕ေယာက်္ားေလးတို႕ဇနီးေမာင္ႏွံကြာရွင္းခြင့္ေတာင္တဲ့သတင္းကိုဖတ္မိတယ္။ အဆိုေတာ္မေလးနာမည္ႀကီးတုန္းကေပါက္သြားခဲ့တဲ့႕ သူ႕ရဲ႕ Title song က ဘာတဲ့ “တကယ္ဆို အခ်စ္ပဲ လိုတယ္” တဲ့။

လြန္ခဲ့တဲ့ႏွစ္ထဲကလည္း ကြ်န္ေတာ္ကိုယ္တိုင္ မဂၤလာအခမ္းအနားမွဴးလုပ္ေပးခဲ့တဲ့တပည္႕လင္မယားႏွစ္ေယာက္ ႏိုင္ငံျခားေရး၀န္ႀကီးဌာနမွာ ေအာက္ေျခ၀န္ထမ္းဘ၀ကစျပီး ျပည္ပသြားတာ၀န္ထမ္းေဆာင္ခြင့္ရလာတဲ့အထိ ဒိုးတူေဘာင္ဖက္ ခက္ခက္ခဲခဲ ႀကိဳးစားလာခဲ့ျပီး၊ ႏွစ္ေယာက္သားလည္းကိုယ္စီကိုယ္စီျပည္ပႏိုင္ငံရံုးေတြမွာတာ၀န္ထမ္းေဆာင္ခြင့္လည္းရေရာ လင္မယားကြဲႀကျပန္တယ္။

အေမမတူအေဖမတူလူသား(၂)ဦးအတူ ယွဥ္တြဲေနထိုင္ဖို႕ဆိုတာ အကယ္ေတာ့မလြယ္လွပါဘူး။ ဒီေနရာမွာ ကြ်န္ေတာ္လည္း ကြ်န္ေတာ့အိမ္ေထာင္ေရးကိုဘယ္လိုအေတြးမ်ိဳးေတြနဲကထိန္သိမ္းခဲံတယ္ဆိုတာ လူငယ္ေတြကို ျပန္ေျပာခ်င္လာပါတယ္။

ဖတ္ႀကည္႕ႀကပါဗ်ာ။

ေမာင္ထြန္းလြင္(မိုးေလ၀သ)

—————————————–

အဲဒါ အခ်စ္လို႕ေခၚတယ္

ေမာင္ထြန္းလြင္ (မိုးေလ၀သ)

ေမာင္ထြန္းလြင္ (မိုးေလ၀သ)ရဲ႕ “ငယ္ခ်စ္….ႏွင့္” စာအုပ္မွ။

ကၽြန္ေတာ့္ဇနီးကို ကၽြန္ေတာ္ ျပည္ပႏိုင္ငံႀကီးတစ္ခုမွာ ၁၉၇၃ ခုႏွစ္ေလာက္မွာ စတင္ေတြ႕ခဲ့တာ ျဖစ္ပါတယ္။ ကၽြန္ေတာ္က အစိုးရရဲ႕ ခြင့္ျပဳခ်က္နဲ႕ အဲဒီႏိုင္ငံႀကီးကို ပထမဆံုးအႀကိမ္အျဖစ္နဲ႕ ပညာေတာ္သင္သြားရတဲ့အႀကိမ္ေပါ့။ အဲဒီအခ်ိန္မွာ အဲဒီႏိုင္ငံရဲ႕ သတင္းဌာနႀကီးတစ္ခုမွာ တာ၀န္ထမ္းေဆာင္ရင္းနဲ႕ သူတို႕ မိသားစုက ကၽြန္ေတာ့္ထက္ အရင္ ႏွစ္ႏွစ္ေလာက္ကတည္းက ေရာက္ႏွင့္ေနခဲ့ၾကတာပါ။

ဒီခရီးဟာ ကၽြန္ေတာ့္ရဲ႕ ပထမဆံုးျပည္ပခရီးလည္း ျဖစ္ေနတာေၾကာင့္ ကၽြန္ေတာ္ဟာ တကယ့္ကို ေတာသားၿမိဳ႕ေရာက္ ပါပဲ။ အရာရာဟာ အထူးထူး အဆန္းဆန္းခ်ည္းပါပဲ။ အေတြ႕အႀကံဳကလည္း မရွိ၊ အသိအကၽြမ္းကလည္း မရွိ၊ ဘာဆိုဘာမွ မသိ နတၳိ။ မ်က္စိသူငယ္ နားသူငယ္ဆိုတာ ဒါကိုေခၚတာ ျဖစ္ပါလိမ့္မယ္။

အဲဒီအခ်ိန္မွာ ကၽြန္ေတာ္တက္ရမယ့္ေက်ာင္းက နယ္ဘက္မွာဆိုေတာ့ ပထမဆံုးရပ္နားရတဲ့ အဲဒီႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္မွာ ႏွစ္ရက္ေလာက္ နားရပါတယ္။ ကၽြန္ေတာ္ တည္းခိုရာ ဟိုတယ္ ကေန ျမန္မာသံရံုးကရယ္၊ ပညာေရးကိုင္တဲ့ စစ္သံမွဴးရံုးကရယ္ လာေတြ႕ၾကပါတယ္။ အဲဒီမွာ တာ၀န္မရွိေပမယ့္ တာ၀န္သိေနတဲ့ ပုဂၢိဳလ္တစ္ေယာက္ ပါလာပါတယ္။ သူကေတာ့ ေနာင္တစ္ခ်ိန္ မွာ ကၽြန္ေတာ့္မိဘသဖြယ္ျဖစ္လာတဲ့ ကၽြန္ေတာ့္ ေယာကၡမေလာင္းႀကီးပါပဲ။

သေဘာေကာင္းလြန္း ၿပီး အလြန္ေဖာ္ေရြလြန္းတဲ့ ကၽြန္ေတာ့္ရဲ႕ ေယာကၡမေလာင္းႀကီးေၾကာင့္ ကၽြန္ေတာ္ဟာ ကၽြန္ေတာ့ ဇနီးေလာင္းမိသားစုမ်ားနဲ႕ ေနာက္ပိုင္းမွာ ေတြ႕ဆံု၊ ခင္မင္၊ ရင္းႏွီးခဲ့ရပါတယ္။ ဒီလိုနဲ႕ ကၽြန္ေတာ့ ဇနီးေလာင္းနဲ႕ ကၽြန္ေတာ္ဟာ စတင္သိကၽြမ္းလာရပါတယ္။ ကၽြန္ေတာ္ ၂၅၊ သူက ၁၄ ဆိုပါေတာ့။

ဒီလိုနဲ႕ ပညာသင္ၿပီးတဲ့ေနာက္ ၁၉၇၆ မွာ ျမန္မာျပည္ကို ျပန္ေရာက္ခဲ့ပါတယ္။ ဆရာေတြက ရန္ကုန္ကို ေျပာင္းဖို႕ တဖြဖြေခၚေနတဲ့ၾကားက ဇာတိ မႏ ၱေလးမွာ ႏွစ္ႏွစ္ေလာက္ ေပကပ္ေနၿပီး ၀ါသနာပါရာကို အလုပ္တစ္ဖက္နဲ႕ ေခါင္းမာၿပီး လုပ္ေနခဲ့ပါေသးတယ္။ မႏ ၱေလးက ကၽြန္ေတာ့္ ကို ေမာင္းထုတ္လိုက္ေတာ့မွ ကၽြန္ေတာ္ ရန္ကုန္ကို ေျပာင္းျဖစ္ေတာ့တာပါပဲ။ ၁၉၇၇… ။

အဲဒီအခ်ိန္မွာ ကၽြန္ေတာ့္ဇနီးေလာင္း မိသားစုေတြကလည္း တာ၀န္ေတြ ၿပီးလို႕ ရန္ကုန္ျပန္ အေရာက္၊ ရန္ကုန္မွာ ကၽြန္ေတာ္နဲ႕ သူတို႕ေနတဲ့ရပ္ကြက္ကလည္း ကပ္ေနေတာ့ သူတို႕နဲ႕ ကၽြန္ေတာ္ ျပန္ၿပီးဆက္သြယ္မိၾကျပန္ပါတယ္။ ဒါကို ေရစက္လို႕ ေခၚေလမလား၊ ဖူးစာလို႕ ေခၚေလမလား။ ၁၉၇၈… ။

အဲဒီအခ်ိန္မွာေတာ့ သူမက အလွဆံုးအခ်ိန္၊ တကၠသိုလ္ပထမႏွစ္ စတက္တဲ့အခ်ိန္၊ ၁၈ ႏွစ္အရြယ္၊ တိုတိုပဲ ေျပာၾကပါစို႕ဗ်ာ ၁၉၇၉ မွာ ကၽြန္ေတာ္တို႕ အိမ္ေထာင္က်ပါတယ္။ ကၽြန္ေတာ္ ၃၀၊ သူ၁၉။ ေဒြးခ်ိဳး ေလးတိုးေပါ့ဗ်ာ။

ကၽြန္ေတာ္တို႕အိမ္ေထာင္ေရးဟာ ေပ်ာ္စရာေလးျဖစ္ခဲ့ပါတယ္။ အေတြးအေခၚခ်င္းလည္း ညီ၊ ကမၻာ့အျမင္ခ်င္းလည္း ညီဆိုေတာ့ အဲဒီအခ်ိန္တုန္းက ရုန္းကန္ရတဲ့ ဘ၀အေမာေတြ ျဖစ္ခဲ့ေပ မယ့္ ေမာေတာ့ ေမာတာေပါ့၊ ဒါေပမဲ့ မေမာခဲ့ဘူးေပါ့။ေပ်ာ္မဆံုး ေမာ္မဆံုး ကာလေလးေတြဟာ ကၽြန္ေတာ္တို႕ အိမ္ေထာင္ေရးမွာ အမွန္တကယ္ ရွိခဲ့ပါတယ္။ ဒါေပမဲ့ အိမ္ေထာင္ေရးတို႕ရဲ႕ ထံုးစံအတိုင္း အိမ္ေထာင္သက္ေလး ရလာတဲ့အခါ “ညွိယူရတဲ့ ကာရန္ေတြ” က မ်ားမ်ားလာ ပါတယ္။

တစ္ခါတစ္ရံ အိမ္ေထာင္ေရးေတးသံဟာ သာယာသံေပ်ာက္ၿပီး ဘီလူးဆိုင္းျဖစ္ရတဲ့ အႀကိမ္ေတြလည္း မ်ားမ်ားလာပါတယ္။ သူျပတ္မယ္ ငါျပတ္မယ္ ဆိုရတဲ့ အဆင့္အထိ ျပင္းထန္သြားတဲ့ အခါေတြလည္း ရွိခဲ့ပါတယ္။

ခက္တာက ကၽြန္ေတာ္ကလည္း ေခါင္းမာတယ္၊ သူကလည္း အႏိုင္မခံဘူး။ ကၽြန္ေတာ္ကလည္း ဆရာလုပ္ခ်င္တယ္ (ေက်ာင္းဆရာတစ္ပိုင္းေလဗ်ာ)။ သူကလည္း အမိန္႕ေပးတာ ၀ါသနာပါတယ္။ ကၽြန္ေတာ္က အျပစ္ေျပာတာ မႀကိဳက္ဘူး၊ အျပစ္ေျပာမခံရေအာင္လည္း ေနတယ္။ သူက ေ၀ဖန္ တတ္တယ္၊ ကၽြန္ေတာ္က လူေတြကို အားနာတတ္တယ္၊ သနားတတ္တယ္။ သူက တိက်တယ္၊ ျပတ္သားတယ္၊ အပိုအလုပ္ မလုပ္ဘူး၊ လက္ေတြ႕ပိုက်တယ္ေပါ့ဗ်ာ။

ဒီလုိနဲ႕ပဲ ကၽြန္ေတာ္တို႕အိမ္ေထာင္ေရးမွာ သားသမီးက သံုးေယာက္၊ အိမ္ေထာင္သက္က ႏွစ္ ၃၀ ရွိလာခဲ့ပါတယ္။

ဒီေနရာမွာ ကၽြန္ေတာ္ မၾကာမၾကာ စဥ္းစားလာမိပါတယ္။ အိမ္ေထာင္တစ္ခုမွာ ေျပာေလ့ရွိပါတယ္၊ စိတ္တူ သေဘာတူတဲ့။ တစ္ဦးနဲ႕တစ္ဦး စိတ္တူ သေဘာတူ၊ အႀကိဳက္တူ၊ အလုိက္သိ၊ ဘာတဲ့ … ငါးေျခာက္ဆို ဖုတ္ၿပီးသား ဆိုတာေတြေလ။ ဒီလို စိတ္သေဘာထား အစစ တိုက္ဆိုင္ၿပီး တစ္ဦးအႀကိဳက္ တစ္ဦး လိုက္ေနၾကတဲ့ မိမတူ ဖမတူ ႏွစ္ဦး အတူသြား၊ အတူစား၊ အတူလက္တြဲေနၾကတာ ဘာမ်ား ဆန္းသလဲ။

ကၽြန္ေတာ္တို႕လို အစစ အယူအဆအတူၾကတဲ့ သူႏွစ္ဦး ႏွစ္ေပါင္းမ်ားစြာ အတူလက္တြဲေနထိုင္ႏိုင္ခဲ့ၾကတာ ဘာေၾကာင့္မ်ားပါလဲ။ နားလည္ မႈေၾကာင့္ ဆိုမလား၊ သည္းခံစိတ္ေၾကာင့္ ဆိုမလား။

အခုေတာ့ အသကေ္တြလည္း ႀကီးလာၾကပါၿပီ၊ အႀကီးဆံုးသမီးပဲ ဆရာ၀န္ျဖစ္၊ အိမ္ေထာင္က်၊ အခု ေျမးေတာင္ ရေနပါၿပီ။

ဇနီးသည္နဲ႕ ေအးေအး ေဆးေဆး စကားစျမည္ေျပာျဖစ္တဲ့ တစ္ေန႕ေပါ့။ အမ်ားအားျဖင့္လည္း သားေရး သမီးေရး (အလတ္ေကာင္က အခုမွ ၁၄ ႏွစ္နဲ႕ အငယ္မက ၁၀ ႏွစ္ပဲ ရွိပါေသးတယ္၊ ကၽြန္ေတာ္ အိုခ်ိန္မရေသးပါ)၊ စားေရး ေသာက္ေရး အလုပ္ကိစၥေတြနဲ႕ ေအးေအး လူလူ စကား မေျပာျဖစ္ၾကတာ မ်ားပါတယ္။ အဲဒီ ေအးေအးလူလူ စကားေျပာျဖစ္တဲ့ တစ္ေန႕မွာေတာ့ . . . ။

ကၽြန္ေတာ္။ ။ “ဒီမွာ.. ငါတို႕ အိမ္ေထာင္ေရးကို ငါ စဥ္းစားေနမိတယ္၊ မင္းနဲ႕ ငါနဲ႕က ငါက စေန၊ မင္းက ၾကာသပေတး၊ အိမ္ေထာင္ေရးနကၡတ္ခ်င္း မကိုက္ဘူးလို႕ ေျပာၾကတယ္”(ကၽြန္ေတာ့္နိဒါန္းကလည္း ထရိုက္ခ်င္စရာပါပဲ။)

သူ ။ ။ “အဲဒါ.. ဘာျဖစ္လဲ”

ကၽြန္ေတာ္။ ။ “မင္းစဥ္းစားၾကည့္ေလကြာ ငါက ဒါဆို မင္းက ဟိုဟာ၊ ငါက အားနာတတ္တယ္ မင္းက အားမနာတတ္ဘူး၊ ငါက ေအာင္လင္းႀကိဳက္တယ္ မင္းက ဂ်ဴးမွဂ်ဴး၊ ငါက စႏၵရားခ်စ္ေဆြႀကိဳက္တယ္ မင္းက ေဇာ္၀င္းထြဋ္ႀကိဳက္တယ္၊ ဘယ္တုန္းကမ်ား အႀကိဳက္ခ်င္း တူခဲ့လို႕တုံး”

သူ ။ ။ “ အဲဒါ ဘာျဖစ္လဲ “ (အသံကခပ္မာမာနဲ႕ ခပ္က်ယ္က်ယ္ျဖစ္လာပါတယ္။)

ကၽြန္ေတာ္။ ။ “ အဲဒီလို မင္းနဲ႕ငါနဲ႕ဟာ အစစ အႀကိဳက္ေတြ အျမင္ေတြက တျခားစီပဲ၊ ဘာမွ ကိုက္ညီတာ မရွိဘူး ”

သူ (အေတာ္ေလးစိတ္ရႈပ္လာပံုေပါက္လာၿပီး မ်က္ႏွာေတြလည္း နီလာပါတယ္။)။ ။ “ရွင္ ဘာေတြ လာေျပာေနျပန္တာလဲ၊ ဘာလဲ ရန္ျဖစ္ခ်င္ျပန္ၿပီလား၊ အဲဒီေတာ့ ဘာျဖစ္လဲ၊ ရွင္က ဘာေျပာခ်င္တာလဲ”

ကၽြန္ေတာ္။ ။ “အဲဒါကိုပဲ ငါစဥ္းစားေနမိတာ၊ တစ္ေယာက္နဲ႕ တစ္ေယာက္ အစစ အရာရာ သေဘာထားခ်င္းလဲ မတိုက္ဆိုင္၊ အေပးအယူလဲ မတည့္တဲ့ တစ္ဖေအ တစ္မေအစီက ေပါက္ဖြား လာၾကတဲ့ မင္းနဲ႕ငါနဲ႕ဟာ အတူေပါင္းလာခဲ့ၾကတာ အခုဆို အႏွစ္ ၃၀ ရွိေတာ့မယ္၊ အဲဒါ.. ဘာေၾကာင့္လို႕ မင္းထင္လဲ”

သူ (အေတာ္စိတ္ရႈပ္လာပံုနဲ႕ အသံခပ္က်ယ္က်ယ္နဲ႕)။ ။ “ ဘယ္သိမလဲ ”

အဲဒီလိုလည္းေျပာလိုက္ေရာ ကြ်န္ေတာ္က သူ႕အနားကို ကိုယ္ေလးကိုင္းကာ အသာေလး ကပ္လိုက္ျပီး တိုးတိုးေလး ႏွစ္ကိုယ္ႀကား ေျပာလိုက္ပါတယ္။

ကၽြန္ေတာ္။ ။ “ အဲဒါ အခ်စ္လို႕ ေခၚတယ္ ”

အဲဒီလိုလည္း ကြ်န္ေတာ္က ေျပာလိုက္ေရာ သူ႕မ်က္ႏွာဟာ လမင္းႀကီးလို ၀င္းလက္ သြားပါတယ္။ ေနာက္ေတာ့

သူ (မ်က္ႏွာ ၿပံဳးၿပံဳးႀကီးနဲ႔)။ ။ “ ေအာင္မယ္… သြား” ဆိုၿပီး ကၽြန္ေတာ့္ရင္ဘတ္ကို တံေတာင္နဲ႕ လွမ္းတြက္လိုက္ပါတယ္။

ဒါေပမဲ့ ဒီတံေတာင္မွာ အားမပါဘူးဆိုတာ ကၽြန္ေတာ္သာ အသိဆံုး ျဖစ္ပါတယ္။

( နာဂစ္ရဲ႕ ေကာလဟာလေတြေၾကာင့္ “ တံုးေက်ာ္ထီးႀကီး ” ျဖစ္လာရတဲ့ အေဖႀကီး အတြက္ စိုးရိမ္ပူပန္စိတ္ေတြေၾကာင့္ ရင္ထဲက အခ်စ္ေတြ ပြင့္အန္က်လာၾကတဲ့ ခ်စ္ဇနီးနဲ႕ သားသမီးသံုးဦးသို႕ အမွတ္တရ )။

ဆရာၾကီး ဦးထြန္းလြင္ ( Tun Lwin မိုးေလ၀သ ) ၏ ေဆာင္းပါးကုိ သတင္းအတင္း မီဒီယာ မွ ကူးယူေဖာ္ျပပါသည္။

Credit : Thadinatin Media D Khit

(Unicode Version)

ချမ်းချမ်းနဲ့ဘုဏ်းသိုက်တို့ ဇနီးမောင်နှံကွာရှင်းသတင်းနဲ့ပတ်သက်ပြီး ဆရာကြီး ဦးထွန်းလွင် ( မိုးလေဝသ ) ပြောပြတဲ့ အဖြစ်အပျက်

အဆိုတော်ချမ်းချမ်းနဲ့ သရုပ်ဆောင် ဘုဏ်းသိုက်တို့ ဇနီးမောင်နှံကွာရှင်းခွင့်တောင်တဲ့သတင်းနဲ့ပတ်သက်ပြီး ဆရာကြီး ဦးထွန်းလွင် ( မိုးလေဝသ ) က သူ့ဘဝရဲ့ အတွေ့အကြုံတစ်ခုကို အောက်ပါအတိုင်းပြောပြခဲ့ပါတယ် ။

ပြန်လည်ဖေါ်ပြခြင်းစာစု။

ဒီကနေ့မှ ပြန်ကြည့်ဖြစ်တဲ့ facebook ပေါ်မှာ နိုင်ငံကျော်အဆိုတော်မလေးနဲ့ မော်ဒယ်လ်သူ့ယောကျ်ားလေးတို့ဇနီးမောင်နှံကွာရှင်းခွင့်တောင်တဲ့သတင်းကိုဖတ်မိတယ်။ အဆိုတော်မလေးနာမည်ကြီးတုန်းကပေါက်သွားခဲ့တဲ့့ သူ့ရဲ့ Title song က ဘာတဲ့ “တကယ်ဆို အချစ်ပဲ လိုတယ်” တဲ့။

လွန်ခဲ့တဲ့နှစ်ထဲကလည်း ကျွန်တော်ကိုယ်တိုင် မင်္ဂလာအခမ်းအနားမှူးလုပ်ပေးခဲ့တဲ့တပည့်လင်မယားနှစ်ယောက် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အောက်ခြေဝန်ထမ်းဘဝကစပြီး ပြည်ပသွားတာဝန်ထမ်းဆောင်ခွင့်ရလာတဲ့အထိ ဒိုးတူဘောင်ဖက် ခက်ခက်ခဲခဲ ကြိုးစားလာခဲ့ပြီး၊ နှစ်ယောက်သားလည်းကိုယ်စီကိုယ်စီပြည်ပနိုင်ငံရုံးတွေမှာတာဝန်ထမ်းဆောင်ခွင့်လည်းရရော လင်မယားကွဲကြပြန်တယ်။

အမေမတူအဖေမတူလူသား(၂)ဦးအတူ ယှဉ်တွဲနေထိုင်ဖို့ဆိုတာ အကယ်တော့မလွယ်လှပါဘူး။ ဒီနေရာမှာ ကျွန်တော်လည်း ကျွန်တော့အိမ်ထောင်ရေးကိုဘယ်လိုအတွေးမျိုးတွေနဲကထိန်သိမ်းခဲံတယ်ဆိုတာ လူငယ်တွေကို ပြန်ပြောချင်လာပါတယ်။

ဖတ်ကြည့်ကြပါဗျာ။

မောင်ထွန်းလွင်(မိုးလေဝသ)

—————————————–

အဲဒါ အချစ်လို့ခေါ်တယ်

မောင်ထွန်းလွင် (မိုးလေဝသ)

မောင်ထွန်းလွင် (မိုးလေဝသ)ရဲ့ “ငယ်ချစ်….နှင့်” စာအုပ်မှ။

ကျွန်တော့်ဇနီးကို ကျွန်တော် ပြည်ပနိုင်ငံကြီးတစ်ခုမှာ ၁၉၇၃ ခုနှစ်လောက်မှာ စတင်တွေ့ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်က အစိုးရရဲ့ ခွင့်ပြုချက်နဲ့ အဲဒီနိုင်ငံကြီးကို ပထမဆုံးအကြိမ်အဖြစ်နဲ့ ပညာတော်သင်သွားရတဲ့အကြိမ်ပေါ့။ အဲဒီအချိန်မှာ အဲဒီနိုင်ငံရဲ့ သတင်းဌာနကြီးတစ်ခုမှာ တာဝန်ထမ်းဆောင်ရင်းနဲ့ သူတို့ မိသားစုက ကျွန်တော့်ထက် အရင် နှစ်နှစ်လောက်ကတည်းက ရောက်နှင့်နေခဲ့ကြတာပါ။

ဒီခရီးဟာ ကျွန်တော့်ရဲ့ ပထမဆုံးပြည်ပခရီးလည်း ဖြစ်နေတာကြောင့် ကျွန်တော်ဟာ တကယ့်ကို တောသားမြို့ရောက် ပါပဲ။ အရာရာဟာ အထူးထူး အဆန်းဆန်းချည်းပါပဲ။ အတွေ့အကြံုကလည်း မရှိ၊ အသိအကျွမ်းကလည်း မရှိ၊ ဘာဆိုဘာမှ မသိ နတ္ထိ။ မျက်စိသူငယ် နားသူငယ်ဆိုတာ ဒါကိုခေါ်တာ ဖြစ်ပါလိမ့်မယ်။

အဲဒီအချိန်မှာ ကျွန်တော်တက်ရမယ့်ကျောင်းက နယ်ဘက်မှာဆိုတော့ ပထမဆုံးရပ်နားရတဲ့ အဲဒီနိုင်ငံရဲ့ မြို့တော်မှာ နှစ်ရက်လောက် နားရပါတယ်။ ကျွန်တော် တည်းခိုရာ ဟိုတယ် ကနေ မြန်မာသံရုံးကရယ်၊ ပညာရေးကိုင်တဲ့ စစ်သံမှူးရုံးကရယ် လာတွေ့ကြပါတယ်။ အဲဒီမှာ တာဝန်မရှိပေမယ့် တာဝန်သိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ပါလာပါတယ်။ သူကတော့ နောင်တစ်ချိန် မှာ ကျွန်တော့်မိဘသဖွယ်ဖြစ်လာတဲ့ ကျွန်တော့် ယောက္ခမလောင်းကြီးပါပဲ။

သဘောကောင်းလွန်း ပြီး အလွန်ဖော်ရွေလွန်းတဲ့ ကျွန်တော့်ရဲ့ ယောက္ခမလောင်းကြီးကြောင့် ကျွန်တော်ဟာ ကျွန်တော့ ဇနီးလောင်းမိသားစုများနဲ့ နောက်ပိုင်းမှာ တွေ့ဆုံ၊ ခင်မင်၊ ရင်းနှီးခဲ့ရပါတယ်။ ဒီလိုနဲ့ ကျွန်တော့ ဇနီးလောင်းနဲ့ ကျွန်တော်ဟာ စတင်သိကျွမ်းလာရပါတယ်။ ကျွန်တော် ၂၅၊ သူက ၁၄ ဆိုပါတော့။

ဒီလိုနဲ့ ပညာသင်ပြီးတဲ့နောက် ၁၉၇၆ မှာ မြန်မာပြည်ကို ပြန်ရောက်ခဲ့ပါတယ်။ ဆရာတွေက ရန်ကုန်ကို ပြောင်းဖို့ တဖွဖွခေါ်နေတဲ့ကြားက ဇာတိ မန ္တလေးမှာ နှစ်နှစ်လောက် ပေကပ်နေပြီး ၀ါသနာပါရာကို အလုပ်တစ်ဖက်နဲ့ ခေါင်းမာပြီး လုပ်နေခဲ့ပါသေးတယ်။ မန ္တလေးက ကျွန်တော့် ကို မောင်းထုတ်လိုက်တော့မှ ကျွန်တော် ရန်ကုန်ကို ပြောင်းဖြစ်တော့တာပါပဲ။ ၁၉၇၇… ။

အဲဒီအချိန်မှာ ကျွန်တော့်ဇနီးလောင်း မိသားစုတွေကလည်း တာဝန်တွေ ပြီးလို့ ရန်ကုန်ပြန် အရောက်၊ ရန်ကုန်မှာ ကျွန်တော်နဲ့ သူတို့နေတဲ့ရပ်ကွက်ကလည်း ကပ်နေတော့ သူတို့နဲ့ ကျွန်တော် ပြန်ပြီးဆက်သွယ်မိကြပြန်ပါတယ်။ ဒါကို ရေစက်လို့ ခေါ်လေမလား၊ ဖူးစာလို့ ခေါ်လေမလား။ ၁၉၇၈… ။

အဲဒီအချိန်မှာတော့ သူမက အလှဆုံးအချိန်၊ တက္ကသိုလ်ပထမနှစ် စတက်တဲ့အချိန်၊ ၁၈ နှစ်အရွယ်၊ တိုတိုပဲ ပြောကြပါစို့ဗျာ ၁၉၇၉ မှာ ကျွန်တော်တို့ အိမ်ထောင်ကျပါတယ်။ ကျွန်တော် ၃၀၊ သူ၁၉။ ဒွေးချိုး လေးတိုးပေါ့ဗျာ။

ကျွန်တော်တို့အိမ်ထောင်ရေးဟာ ပျော်စရာလေးဖြစ်ခဲ့ပါတယ်။ အတွေးအခေါ်ချင်းလည်း ညီ၊ ကမ္ဘာ့အမြင်ချင်းလည်း ညီဆိုတော့ အဲဒီအချိန်တုန်းက ရုန်းကန်ရတဲ့ ဘဝအမောတွေ ဖြစ်ခဲ့ပေ မယ့် မောတော့ မောတာပေါ့၊ ဒါပေမဲ့ မမောခဲ့ဘူးပေါ့။ပျော်မဆုံး မော်မဆုံး ကာလလေးတွေဟာ ကျွန်တော်တို့ အိမ်ထောင်ရေးမှာ အမှန်တကယ် ရှိခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ထောင်ရေးတို့ရဲ့ ထုံးစံအတိုင်း အိမ်ထောင်သက်လေး ရလာတဲ့အခါ “ညှိယူရတဲ့ ကာရန်တွေ” က များများလာ ပါတယ်။

တစ်ခါတစ်ရံ အိမ်ထောင်ရေးတေးသံဟာ သာယာသံပျောက်ပြီး ဘီလူးဆိုင်းဖြစ်ရတဲ့ အကြိမ်တွေလည်း များများလာပါတယ်။ သူပြတ်မယ် ငါပြတ်မယ် ဆိုရတဲ့ အဆင့်အထိ ပြင်းထန်သွားတဲ့ အခါတွေလည်း ရှိခဲ့ပါတယ်။

ခက်တာက ကျွန်တော်ကလည်း ခေါင်းမာတယ်၊ သူကလည်း အနိုင်မခံဘူး။ ကျွန်တော်ကလည်း ဆရာလုပ်ချင်တယ် (ကျောင်းဆရာတစ်ပိုင်းလေဗျာ)။ သူကလည်း အမိန့်ပေးတာ ၀ါသနာပါတယ်။ ကျွန်တော်က အပြစ်ပြောတာ မကြိုက်ဘူး၊ အပြစ်ပြောမခံရအောင်လည်း နေတယ်။ သူက ဝေဖန် တတ်တယ်၊ ကျွန်တော်က လူတွေကို အားနာတတ်တယ်၊ သနားတတ်တယ်။ သူက တိကျတယ်၊ ပြတ်သားတယ်၊ အပိုအလုပ် မလုပ်ဘူး၊ လက်တွေ့ပိုကျတယ်ပေါ့ဗျာ။

ဒီလိုနဲ့ပဲ ကျွန်တော်တို့အိမ်ထောင်ရေးမှာ သားသမီးက သုံးယောက်၊ အိမ်ထောင်သက်က နှစ် ၃၀ ရှိလာခဲ့ပါတယ်။

ဒီနေရာမှာ ကျွန်တော် မကြာမကြာ စဉ်းစားလာမိပါတယ်။ အိမ်ထောင်တစ်ခုမှာ ပြောလေ့ရှိပါတယ်၊ စိတ်တူ သဘောတူတဲ့။ တစ်ဦးနဲ့တစ်ဦး စိတ်တူ သဘောတူ၊ အကြိုက်တူ၊ အလိုက်သိ၊ ဘာတဲ့ … ငါးခြောက်ဆို ဖုတ်ပြီးသား ဆိုတာတွေလေ။ ဒီလို စိတ်သဘောထား အစစ တိုက်ဆိုင်ပြီး တစ်ဦးအကြိုက် တစ်ဦး လိုက်နေကြတဲ့ မိမတူ ဖမတူ နှစ်ဦး အတူသွား၊ အတူစား၊ အတူလက်တွဲနေကြတာ ဘာများ ဆန်းသလဲ။

ကျွန်တော်တို့လို အစစ အယူအဆအတူကြတဲ့ သူနှစ်ဦး နှစ်ပေါင်းများစွာ အတူလက်တွဲနေထိုင်နိုင်ခဲ့ကြတာ ဘာကြောင့်များပါလဲ။ နားလည် မှုကြောင့် ဆိုမလား၊ သည်းခံစိတ်ကြောင့် ဆိုမလား။

အခုတော့ အသကေ်တွလည်း ကြီးလာကြပါပြီ၊ အကြီးဆုံးသမီးပဲ ဆရာဝန်ဖြစ်၊ အိမ်ထောင်ကျ၊ အခု မြေးတောင် ရနေပါပြီ။

ဇနီးသည်နဲ့ အေးအေး ဆေးဆေး စကားစမြည်ပြောဖြစ်တဲ့ တစ်နေ့ပေါ့။ အများအားဖြင့်လည်း သားရေး သမီးရေး (အလတ်ကောင်က အခုမှ ၁၄ နှစ်နဲ့ အငယ်မက ၁၀ နှစ်ပဲ ရှိပါသေးတယ်၊ ကျွန်တော် အိုချိန်မရသေးပါ)၊ စားရေး သောက်ရေး အလုပ်ကိစ္စတွေနဲ့ အေးအေး လူလူ စကား မပြောဖြစ်ကြတာ များပါတယ်။ အဲဒီ အေးအေးလူလူ စကားပြောဖြစ်တဲ့ တစ်နေ့မှာတော့ . . . ။

ကျွန်တော်။ ။ “ဒီမှာ.. ငါတို့ အိမ်ထောင်ရေးကို ငါ စဉ်းစားနေမိတယ်၊ မင်းနဲ့ ငါနဲ့က ငါက စနေ၊ မင်းက ကြာသပတေး၊ အိမ်ထောင်ရေးနက္ခတ်ချင်း မကိုက်ဘူးလို့ ပြောကြတယ်”(ကျွန်တော့်နိဒါန်းကလည်း ထရိုက်ချင်စရာပါပဲ။)

သူ ။ ။ “အဲဒါ.. ဘာဖြစ်လဲ”

ကျွန်တော်။ ။ “မင်းစဉ်းစားကြည့်လေကွာ ငါက ဒါဆို မင်းက ဟိုဟာ၊ ငါက အားနာတတ်တယ် မင်းက အားမနာတတ်ဘူး၊ ငါက အောင်လင်းကြိုက်တယ် မင်းက ဂျူးမှဂျူး၊ ငါက စန္ဒရားချစ်ဆွေကြိုက်တယ် မင်းက ဇော်ဝင်းထွဋ်ကြိုက်တယ်၊ ဘယ်တုန်းကများ အကြိုက်ချင်း တူခဲ့လို့တုံး”

သူ ။ ။ “ အဲဒါ ဘာဖြစ်လဲ “ (အသံကခပ်မာမာနဲ့ ခပ်ကျယ်ကျယ်ဖြစ်လာပါတယ်။)

ကျွန်တော်။ ။ “ အဲဒီလို မင်းနဲ့ငါနဲ့ဟာ အစစ အကြိုက်တွေ အမြင်တွေက တခြားစီပဲ၊ ဘာမှ ကိုက်ညီတာ မရှိဘူး ”

သူ (အတော်လေးစိတ်ရှုပ်လာပုံပေါက်လာပြီး မျက်နှာတွေလည်း နီလာပါတယ်။)။ ။ “ရှင် ဘာတွေ လာပြောနေပြန်တာလဲ၊ ဘာလဲ ရန်ဖြစ်ချင်ပြန်ပြီလား၊ အဲဒီတော့ ဘာဖြစ်လဲ၊ ရှင်က ဘာပြောချင်တာလဲ”

ကျွန်တော်။ ။ “အဲဒါကိုပဲ ငါစဉ်းစားနေမိတာ၊ တစ်ယောက်နဲ့ တစ်ယောက် အစစ အရာရာ သဘောထားချင်းလဲ မတိုက်ဆိုင်၊ အပေးအယူလဲ မတည့်တဲ့ တစ်ဖအေ တစ်မအေစီက ပေါက်ဖွား လာကြတဲ့ မင်းနဲ့ငါနဲ့ဟာ အတူပေါင်းလာခဲ့ကြတာ အခုဆို အနှစ် ၃၀ ရှိတော့မယ်၊ အဲဒါ.. ဘာကြောင့်လို့ မင်းထင်လဲ”

သူ (အတော်စိတ်ရှုပ်လာပုံနဲ့ အသံခပ်ကျယ်ကျယ်နဲ့)။ ။ “ ဘယ်သိမလဲ ”

အဲဒီလိုလည်းပြောလိုက်ရော ကျွန်တော်က သူ့အနားကို ကိုယ်လေးကိုင်းကာ အသာလေး ကပ်လိုက်ပြီး တိုးတိုးလေး နှစ်ကိုယ်ကြား ပြောလိုက်ပါတယ်။

ကျွန်တော်။ ။ “ အဲဒါ အချစ်လို့ ခေါ်တယ် ”

အဲဒီလိုလည်း ကျွန်တော်က ပြောလိုက်ရော သူ့မျက်နှာဟာ လမင်းကြီးလို ၀င်းလက် သွားပါတယ်။ နောက်တော့

သူ (မျက်နှာ ပြံုးပြံုးကြီးနဲ့)။ ။ “ အောင်မယ်… သွား” ဆိုပြီး ကျွန်တော့်ရင်ဘတ်ကို တံတောင်နဲ့ လှမ်းတွက်လိုက်ပါတယ်။

ဒါပေမဲ့ ဒီတံတောင်မှာ အားမပါဘူးဆိုတာ ကျွန်တော်သာ အသိဆုံး ဖြစ်ပါတယ်။

( နာဂစ်ရဲ့ ကောလဟာလတွေကြောင့် “ တုံးကျော်ထီးကြီး ” ဖြစ်လာရတဲ့ အဖေကြီး အတွက် စိုးရိမ်ပူပန်စိတ်တွေကြောင့် ရင်ထဲက အချစ်တွေ ပွင့်အန်ကျလာကြတဲ့ ချစ်ဇနီးနဲ့ သားသမီးသုံးဦးသို့ အမှတ်တရ )။

ဆရာကြီး ဦးထွန်းလွင် ( Tun Lwin မိုးလေဝသ ) ၏ ဆောင်းပါးကို သတင်းအတင်း မီဒီယာ မှ ကူးယူဖော်ပြပါသည်။

Credit : Thadinatin Media D Khit