တကၠသိုလ္နယ္ေျမေတြက အနာဂတ္ရဲ႕ပန္းမ်ား လန္းႏိုင္ၾကပါေစလို႔သာ

ဘယ္ေလာက္ေတာင္ေသာက္လာခဲ့မွန္းမသိ၊ လူမွန္းသူမွန္းမသိေအာင္ျဖစ္ေနပုံက သူ႔ေရွ႕က ဆိုင္ကယ္ေမာင္းသူရဲ႕ခါးကိုေတာင္ ဆြဲကိုင္ထားဖို႔မေျပာနဲ႔ သူ႔ကိုယ္သူေတာင္အႏိုင္ႏိုင္။

ဘယ္ျပန္ၾကမွာလဲဆိုေတာ့ ပဲခူးတကၠသိုလ္ေရွ႕ကအေဆာင္တဲ့။ေရွ႕ကလူငယ္က ႀကိဳးစားၿပီးေျဖေနသေလာက္ ေနာက္ကလူငယ္ကေတာ့ ေအးေဆး၊ဘာမွကိုေမးလို႔မရသလို သူ႔မွာေျဖဖို႔ပင္ပါးစပ္မဟႏိုင္ေတာ့။

အမွတ္(၂)နယ္ေျမရဲစခန္းမႈး ရဲအုပ္ခ်စ္ၾကည္က တစ္ခုခုကိုညႊန္ၾကားလိုက္တယ္။နယ္ထိန္းအဖြဲ႕ေခါင္းေဆာင္ ဒုရဲအုပ္ေအာင္ေက်ာ္စိုးနဲ႔ရဲတပ္သားတစ္ခ်ိဳ႕က ဆိုင္ကယ္ေနာက္ကလူငယ္ကိုေပြ႕ၿပီး ယာဥ္သြားယာဥ္လာလြတ္တဲ့ လမ္းေဘးပလက္ေဖာင္းတစ္ခုဆီေရႊ႕ေပးလိုက္တယ္။

ရာသီဥတုက ည (၁၂) နာရီထိုးကာနီးမွာ အေအးဓာတ္ကတစ္ေျဖးေျဖးက်လာၿပီ။ ပလက္ေဖာင္းေပၚကလူငယ္ ေလးကေတာ့ အိပ္မက္ မက္လို႔ေကာင္းေနတုန္း။စခန္းမႉးနဲ႔နယ္ထိန္းအဖြဲ႕ကေရွ႕မွာ ယာဥ္စစ္ေနရေပမယ့္ ပလက္ေဖာင္းေပၚက ကိုယ္ေတာ္ေလးအတြက္ စိတ္မခ်ႏိုင္။

ဘီယာ ေသာက္လာတာပါလို႔ ေရွ႕က လူငယ္ေလးက ေျပာေပမယ့္ ျမင္ရတဲ့အေျခအေနက ႏွစ္ပင္လိမ္ေနမွန္းရဲေတြကသိၿပီးသား။ ဘာပဲေျပာေျပာ ဒီလူငယ္ကို ဒီေနရာမွ ဒီအတိုင္းႀကီး အခ်ိန္ၾကာၾကာဆက္ထားလို႔မျဖစ္။ဒါနဲ႔ စခန္းမႈးက လူငယ္ကို ေနရာေရႊဖို႔ဆုံးျဖတ္လိုက္တယ္။

အေဝးသင္ ျမန္မာစာ ပထမႏွစ္ေက်ာင္းသားေလးေတြတဲ့။ဒါေပမဲ့ဒီအရပ္ေဒသအနီးအနားကေတာ့ဟုတ္ဟန္ မတူ။ပိုၿပီ,ဆိုးတာကသူတို႔ အေဆာင္ျပန္အိပ္လို႔ မျဖစ္ ေတာ့။ ဘာ့ေၾကာင့္လဲဆိုေတာ့ သူတို႔ က်ား/မ ေဆာင္က ည(၉)နာရီထိုးတာနဲ႔ ျပန္လာဖို႔စိတ္မကူးနဲ႔ေတာ့၊ အျပင္မွာအိပ္ေတာ့။ ဒါက အေဆာင္စည္းကမ္း။ ဒါဆို ျပႆနာက ဒီလူငယ္ေလး ဒီည ဘယ္မွာအိပ္မလဲဆိုတဲ့ ျပႆနာ။စခန္းမႈးက ကိုဧရာပါလိုက္ခဲ့ ဆိုတာနဲ႔ ကၽြန္ေတာ္သေဘာေပါက္လိုက္ၿပီ။အဲဒါကေတာ့ ပိတ္သြားၿပီျဖစ္တဲ့ အေဆာင္တံခါးကိုျပန္ဖြင့္ေပးဖို႔ စခန္းမႈကိုယ္တိုင္လိုက္ၿပီး ေမတၱာရပ္ခံေပးမယ့္အစီအစဥ္။

ဒီလိုနဲ႔ ကာလနဂါးေလးကို စခန္းမႈးကားေပၚတင္ၾကစို႔ ဆိုေတာ့ အေဖာ္ျဖစ္သူလူငယ္ေလးကသူ႔သူငယ္ခ်င္းကို သူမႏိုင္တယ္လို႔ဆိုၿပီး စခန္းမႈးကားေပၚ သူဟာသူေပြ႕ တင္လိုက္တယ္။ ဒီလိုနဲ႔ စခန္းမႈးက ကားေရွ႕ခန္း၊ကၽြန္ေတာ္နဲ႔ေက်ာင္းသားလူငယ္ေလးႏွစ္ေယာက္နဲ႔က ေနာက္ခန္းမွာထိုင္ၿပီး ရဲဒုတပ္ၾကပ္တစ္ဦးက ယာဥ္ေမာင္းအျဖစ္လိုက္ပါၾကတယ္။သက္ေသ ရာအိမ္မႉးတစ္ေယာက္က ေနာက္ကဆိုင္ကယ္နဲ႔လိုက္ပါလာရင္း သူတို႔အေဆာင္ကိုလိုက္ပို႔ခဲ့ၾကပါတယ္။

လမ္းမွာ စခန္းမႈးက ကိုဧရာမွတ္တမ္းတင္ေပးထားပါဆိုတာနဲ႔ ဒီလူႏွစ္ငယ္ႏွစ္ေယာက္ရဲ႕ေက်ာင္းသားကဒ္ေတြကို ဓာတ္ပုံရိုက္ၿပီး မွတ္တမ္းတင္ခဲ့တယ္။ ရည္ရြယ္ခ်က္က လမ္းမွာျဖစ္ေစ၊သူတို႔အေဆာင္ေရာက္လို႔ျဖစ္ေစ တစ္စုံတစ္ရာျဖစ္ခဲ့သည္ရွိေသာ္ ဘယ္သူ ဘယ္ဝါေလးေတြ မွန္းသိထားဖို႔ ႀကိဳတင္စီစဥ္ထားတဲ့သေဘာ။

ဒီလိုနဲ႔ ပဲခူးတကၠသိုလ္ေရွ႕၊ ၿမိဳ႕ေရွာင္လမ္းမဘက္ထြက္တဲ့လမ္းရဲ႕လမ္းခ်ိဳးနစ္ခုထဲက သူတို႔အေဆာင္ေရွ႕ေရာက္ခဲ့ၾကတယ္ဆိုပါေတာ့။ အေဆာင္ေရွ႕ေရာက္ေတာ့ ကိုယ္ေတာ္မူးေလးက က်ား/မေဆာင္က။ သူ႔အေဖာ္က က်ားေဆာင္ကဆိုေတာ့ အေဆာင္ခ်င္းကမတူ။ သူငယ္းခ်င္းပီသတဲ့ သူ႔အေဖာ္က သူ႔သူငယ္ခ်င္းအေဆာင္ပိတ္ရင္ သူ႔အေဆာင္မွာပဲေခၚသိပ္မယ္တဲ့။ ဒါေပမဲ့အေဆာင္စည္းကမ္းက အဲဒီေလာက္မလြယ္ႏိုင္။ဒီေတာ့ မျဖစ္ျဖစ္ေအာင္လုပ္ရမွာက ကိုယ္ေတာ္မူးေလးကို သူ႔ အေဆာင္မႈးက တံခါးဖြင့္ေပးဖို႔မျဖစ္ျဖစ္တဲ့နည္းနဲ႔ေတာင္းပန္ဖို႔ စခန္းမႈးဆုံးျဖတ္ထားပုံရတယ္။

အခ်ိန္ မိနစ္(၂၀)ေက်ာ္ခန္႔ၾကာႀကိဳးစားၾကည့္ေတာ့ေနာက္ဆုံးအဆင္ေျပသြားတယ္။ အျပန္ခရီးမွာ စခန္းမႈးဆီက သက္ပ်င္းခ်သံတစ္ခ်က္ၾကားလိုက္ရတယ္။ၿပီးေတာ့ သူ႔မ်က္ႏွာမွာမေကာင္း။ က်ား/မေဆာင္ေရွ႕က စိတ္မခ်မ္းေျမ့စရာ ျမင္ကြင္းတစ္ခုကို စခန္းမႈးျမင္ေတြ႕ခဲ့လို႔ျဖစ္မွာပါ။ဟုတ္ပါတယ္၊ တစ္ကယ္လည္း စိတ္မခ်မ္းေျမ့စရာျမင္ကြင္းတစ္ခုရယ္ပါ။

အဲဒါကေတာ့ ည(၉)နာရီထိုးလို႔အေဆာင္တံခါးပိတ္ခ်ိန္ ေရာက္မွ ေနာက္က်ၿပီးေရာက္လာဟန္တူတဲ့ ေက်ာင္းသားတစ္ေယာက္နဲ႔ ေက်ာင္းသူေလး တစ္ေယာက္တို႔ရဲ႕ ျမင္ကြင္းပါ။ ဒီထက္ရွင္းေအာင္ေျပာရရင္ ေက်ာင္းသူေလးလည္း မူးယစ္ေစတဲ့အရာ တစ္ခုခုသုံးစြဲထားပုံရၿပီး ေက်ာင္းသားတစ္ေယာက္ရဲ႕ေပါင္ေပၚမွာ လဲေလၽွာင္းေနတာေတြ႕ခဲ့ရလို႔ပါပဲ။

အျပန္ခရီးမွာ ကၽြန္ေတာ္တို႔သုံးေယာက္ ဘာမွမေျပာႏိုင္ ၾကေတာ့ဘဲ တိတ္ဆိတ္စြာနဲ႔ တပ္ဖြဲ႕ဝင္မ်ား ယာဥ္စစ္လုပ္ရာမဇင္း(၁)လမ္းထိပ္ကို ျပန္လာထဲ့ၾကပါေတာ့တယ္။ စခန္းမႈးကားရဲ႕ဒက္ခ်္ဘုတ္နားကနာရီကိုၾကည့္လိုက္ေတာ့ညဥ့္(၁၂)နာရီတိတိအခ်ိႏ္ကိုေတြ႕လိုက္ရပါေတာ့တယ္။

(အမ်ိဳးေကာင္းသားသမီးမ်ား ေဘးအႏၲရာယ္ကင္းရွင္းစြာနဲ႔ အနာဂတ္ရဲ႕ၾကယ္ပြင့္ကေလးမ်ား ျဖစ္ႏိုင္ၾကပါေစလို႔ဆႏၵျပဳရင္း)

ဧရာ(ပဲခူး)

ႏိုဝင္ဘာ ၂၇၊ နံနက္ ၃ နာရီ ၅၅ မိနစ္

(Unicode Version)

တက္ကသိုလ်နယ်မြေတွေက အနာဂတ်ရဲ့ပန်းများ လန်းနိုင်ကြပါစေလို့သာ

ဘယ်လောက်တောင်သောက်လာခဲ့မှန်းမသိ၊ လူမှန်းသူမှန်းမသိအောင်ဖြစ်နေပုံက သူ့ရှေ့က ဆိုင်ကယ်မောင်းသူရဲ့ခါးကိုတောင် ဆွဲကိုင်ထားဖို့မပြောနဲ့ သူ့ကိုယ်သူတောင်အနိုင်နိုင်။

ဘယ်ပြန်ကြမှာလဲဆိုတော့ ပဲခူးတက္ကသိုလ်ရှေ့ကအဆောင်တဲ့။ရှေ့ကလူငယ်က ကြိုးစားပြီးဖြေနေသလောက် နောက်ကလူငယ်ကတော့ အေးဆေး၊ဘာမှကိုမေးလို့မရသလို သူ့မှာဖြေဖို့ပင်ပါးစပ်မဟနိုင်တော့။

အမှတ်(၂)နယ်မြေရဲစခန်းမှုး ရဲအုပ်ချစ်ကြည်က တစ်ခုခုကိုညွှန်ကြားလိုက်တယ်။နယ်ထိန်းအဖွဲ့ခေါင်းဆောင် ဒုရဲအုပ်အောင်ကျော်စိုးနဲ့ရဲတပ်သားတစ်ချို့က ဆိုင်ကယ်နောက်ကလူငယ်ကိုပွေ့ပြီး ယာဉ်သွားယာဉ်လာလွတ်တဲ့ လမ်းဘေးပလက်ဖောင်းတစ်ခုဆီရွှေ့ပေးလိုက်တယ်။

ရာသီဥတုက ည (၁၂) နာရီထိုးကာနီးမှာ အအေးဓာတ်ကတစ်ဖြေးဖြေးကျလာပြီ။ ပလက်ဖောင်းပေါ်ကလူငယ် လေးကတော့ အိပ်မက် မက်လို့ကောင်းနေတုန်း။စခန်းမှူးနဲ့နယ်ထိန်းအဖွဲ့ကရှေ့မှာ ယာဉ်စစ်နေရပေမယ့် ပလက်ဖောင်းပေါ်က ကိုယ်တော်လေးအတွက် စိတ်မချနိုင်။

ဘီယာ သောက်လာတာပါလို့ ရှေ့က လူငယ်လေးက ပြောပေမယ့် မြင်ရတဲ့အခြေအနေက နှစ်ပင်လိမ်နေမှန်းရဲတွေကသိပြီးသား။ ဘာပဲပြောပြော ဒီလူငယ်ကို ဒီနေရာမှ ဒီအတိုင်းကြီး အချိန်ကြာကြာဆက်ထားလို့မဖြစ်။ဒါနဲ့ စခန်းမှုးက လူငယ်ကို နေရာရွှေဖို့ဆုံးဖြတ်လိုက်တယ်။

အဝေးသင် မြန်မာစာ ပထမနှစ်ကျောင်းသားလေးတွေတဲ့။ဒါပေမဲ့ဒီအရပ်ဒေသအနီးအနားကတော့ဟုတ်ဟန် မတူ။ပိုပြီ,ဆိုးတာကသူတို့ အဆောင်ပြန်အိပ်လို့ မဖြစ် တော့။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ ကျား/မ ဆောင်က ည(၉)နာရီထိုးတာနဲ့ ပြန်လာဖို့စိတ်မကူးနဲ့တော့၊ အပြင်မှာအိပ်တော့။ ဒါက အဆောင်စည်းကမ်း။ ဒါဆို ပြဿနာက ဒီလူငယ်လေး ဒီည ဘယ်မှာအိပ်မလဲဆိုတဲ့ ပြဿနာ။စခန်းမှုးက ကိုဧရာပါလိုက်ခဲ့ ဆိုတာနဲ့ ကျွန်တော်သဘောပေါက်လိုက်ပြီ။အဲဒါကတော့ ပိတ်သွားပြီဖြစ်တဲ့ အဆောင်တံခါးကိုပြန်ဖွင့်ပေးဖို့ စခန်းမှုကိုယ်တိုင်လိုက်ပြီး မေတ္တာရပ်ခံပေးမယ့်အစီအစဉ်။

ဒီလိုနဲ့ ကာလနဂါးလေးကို စခန်းမှုးကားပေါ်တင်ကြစို့ ဆိုတော့ အဖော်ဖြစ်သူလူငယ်လေးကသူ့သူငယ်ချင်းကို သူမနိုင်တယ်လို့ဆိုပြီး စခန်းမှုးကားပေါ် သူဟာသူပွေ့ တင်လိုက်တယ်။ ဒီလိုနဲ့ စခန်းမှုးက ကားရှေ့ခန်း၊ကျွန်တော်နဲ့ကျောင်းသားလူငယ်လေးနှစ်ယောက်နဲ့က နောက်ခန်းမှာထိုင်ပြီး ရဲဒုတပ်ကြပ်တစ်ဦးက ယာဉ်မောင်းအဖြစ်လိုက်ပါကြတယ်။သက်သေ ရာအိမ်မှူးတစ်ယောက်က နောက်ကဆိုင်ကယ်နဲ့လိုက်ပါလာရင်း သူတို့အဆောင်ကိုလိုက်ပို့ခဲ့ကြပါတယ်။

လမ်းမှာ စခန်းမှုးက ကိုဧရာမှတ်တမ်းတင်ပေးထားပါဆိုတာနဲ့ ဒီလူနှစ်ငယ်နှစ်ယောက်ရဲ့ကျောင်းသားကဒ်တွေကို ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ခဲ့တယ်။ ရည်ရွယ်ချက်က လမ်းမှာဖြစ်စေ၊သူတို့အဆောင်ရောက်လို့ဖြစ်စေ တစ်စုံတစ်ရာဖြစ်ခဲ့သည်ရှိသော် ဘယ်သူ ဘယ်ဝါလေးတွေ မှန်းသိထားဖို့ ကြိုတင်စီစဉ်ထားတဲ့သဘော။

ဒီလိုနဲ့ ပဲခူးတက္ကသိုလ်ရှေ့၊ မြို့ရှောင်လမ်းမဘက်ထွက်တဲ့လမ်းရဲ့လမ်းချိုးနစ်ခုထဲက သူတို့အဆောင်ရှေ့ရောက်ခဲ့ကြတယ်ဆိုပါတော့။ အဆောင်ရှေ့ရောက်တော့ ကိုယ်တော်မူးလေးက ကျား/မဆောင်က။ သူ့အဖော်က ကျားဆောင်ကဆိုတော့ အဆောင်ချင်းကမတူ။ သူငယ်းချင်းပီသတဲ့ သူ့အဖော်က သူ့သူငယ်ချင်းအဆောင်ပိတ်ရင် သူ့အဆောင်မှာပဲခေါ်သိပ်မယ်တဲ့။ ဒါပေမဲ့အဆောင်စည်းကမ်းက အဲဒီလောက်မလွယ်နိုင်။ဒီတော့ မဖြစ်ဖြစ်အောင်လုပ်ရမှာက ကိုယ်တော်မူးလေးကို သူ့ အဆောင်မှုးက တံခါးဖွင့်ပေးဖို့မဖြစ်ဖြစ်တဲ့နည်းနဲ့တောင်းပန်ဖို့ စခန်းမှုးဆုံးဖြတ်ထားပုံရတယ်။

အချိန် မိနစ်(၂၀)ကျော်ခန့်ကြာကြိုးစားကြည့်တော့နောက်ဆုံးအဆင်ပြေသွားတယ်။ အပြန်ခရီးမှာ စခန်းမှုးဆီက သက်ပျင်းချသံတစ်ချက်ကြားလိုက်ရတယ်။ပြီးတော့ သူ့မျက်နှာမှာမကောင်း။ ကျား/မဆောင်ရှေ့က စိတ်မချမ်းမြေ့စရာ မြင်ကွင်းတစ်ခုကို စခန်းမှုးမြင်တွေ့ခဲ့လို့ဖြစ်မှာပါ။ဟုတ်ပါတယ်၊ တစ်ကယ်လည်း စိတ်မချမ်းမြေ့စရာမြင်ကွင်းတစ်ခုရယ်ပါ။

အဲဒါကတော့ ည(၉)နာရီထိုးလို့အဆောင်တံခါးပိတ်ချိန် ရောက်မှ နောက်ကျပြီးရောက်လာဟန်တူတဲ့ ကျောင်းသားတစ်ယောက်နဲ့ ကျောင်းသူလေး တစ်ယောက်တို့ရဲ့ မြင်ကွင်းပါ။ ဒီထက်ရှင်းအောင်ပြောရရင် ကျောင်းသူလေးလည်း မူးယစ်စေတဲ့အရာ တစ်ခုခုသုံးစွဲထားပုံရပြီး ကျောင်းသားတစ်ယောက်ရဲ့ပေါင်ပေါ်မှာ လဲလျှောင်းနေတာတွေ့ခဲ့ရလို့ပါပဲ။

အပြန်ခရီးမှာ ကျွန်တော်တို့သုံးယောက် ဘာမှမပြောနိုင် ကြတော့ဘဲ တိတ်ဆိတ်စွာနဲ့ တပ်ဖွဲ့ဝင်များ ယာဉ်စစ်လုပ်ရာမဇင်း(၁)လမ်းထိပ်ကို ပြန်လာထဲ့ကြပါတော့တယ်။ စခန်းမှုးကားရဲ့ဒက်ချ်ဘုတ်နားကနာရီကိုကြည့်လိုက်တော့ညဉ့်(၁၂)နာရီတိတိအချိန်ကိုတွေ့လိုက်ရပါတော့တယ်။

(အမျိုးကောင်းသားသမီးများ ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ အနာဂတ်ရဲ့ကြယ်ပွင့်ကလေးများ ဖြစ်နိုင်ကြပါစေလို့ဆန္ဒပြုရင်း)

ဧရာ(ပဲခူး)

နိုဝင်ဘာ ၂၇၊ နံနက် ၃ နာရီ ၅၅ မိနစ်

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္