





Source : 5 PLUS NEWS

(Unicode Version)

တောဆင်ရိုင်းတွေ ၀င်ရောက် သောင်းကျန်းမှုကြောင့် စေတီတော်နဲ့ ထိုင်တော်မူစေတီတွေ ပျက်စီး

စစ် ကိုင်း တိုင်း ဒေ သ ကြီး ဟု မ္မ လင်း မြို့ နယ် အင် ကြင်း မော် ရွာ ရွှေ မင်း ၀ံ တောင် ပေါ် ဘုန်း ကြီး ကျောင်း ကို တော ဆင် ရိုင်း (၄) ကောင် နို ၀င် ဘာ လ (၂၆) ရက် က ၀င် ရောက် ဖျက် ဆီး ခဲ့တယ် လို့ သိ ရ ပါ တယ်။

တော ဆင် ရိုင်း တွေ ရဲ့ ၀င် ရောက် ဖျက် ဆီး မှု ကြောင့် ကျောင်း ပ ရ ၀ုဏ် အ တွင်း တည် ထား တဲ့ အ ရံ စေ တီ (၃) ဆူ နဲ့ ထိုင် တော် မူ ရုပ် ပွား တော် တစ် ဆူ ပျက် စီး သွား တယ် လို့ ဟု မ္မ လင်း မြို့ မ ရဲ စ ခန်း က သိ ရ ပါ တယ်။

တော ဆင်ရိုင်း တွေက နိုဝင်ဘာလ (၂၅) ရက်ကတည်းက အင်ကြင်းမော်ကျေးရွာနဲ့ (၅) မိုင်ခန့်ဝေးတဲ့ ထိုးကျ တောင်တန်း တောအတွင်းကို ရောက်ရှိ လာခဲ့တာဖြစ်ပြီး ၀င်ရောက် ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ရွာသားတွေက မီးတုတ်တွေ၊ ဗြောက်အိုးတွေ ဖောက်ပြီး ခြောက်လှန့်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

သတင်း – မျိုးဝင်းထွန်း(မုံရွာ) (5 Plus News)

Source : 5 PLUS NEWS

ကမ္ဘာပေါ်က အကြီးဆုံး ကြာပင်