မူရင်း
အဲ့ဒါတွေကတော့ …..
ပြုလုပ်နည်း
Credit : ဦးမိုး မင်း
Credit : ယမင်းဖြူ
(Unicode Version)
ကညွတ်ရဲ. တန်ဖိုး (အပန်းမကြီးရင် မျှဝေပေးပါ)
ကိုဝမ်းရဲ့ Post လေးထဲက စိတ်မကောင်းဖွယ်ရာ သွေးကင်ဆာ ခံစားနေရသော ဝေဒနာရှင်လေးကို တွေ့လိုက်ရပြီး ဒီနေ့ဖတ်မိခဲ့တဲ့ ကင်ဆာနဲ့ ကညွှတ် ပတ်သက်နေပုံလေးကို စိတ်ဝင်စား မိခဲ့ပါတယ်။
အပန်းမကြီးဘူးဆိုရင် လုပ်ကြည့်စေချင်ပါတယ်။ ငွေအကုန် အကျလည်း သိပ်မများတာမို့ ဒီဆေးနည်းလေးကို မူရင်းအတိုင်း မျှဝေ တင်ပေး လိုက်ပါတယ်။
မူရင်း
Asparagus whether U believe it or not ဆိုတဲ့ ခေါင်းစဉ်နဲ့ မေလ်းတစ်ခုကို ကျွန်တော့် အကို တစ်ယောက်က ပို့လိုက်ပါတယ်။ သူလည်းသူများဆီက ရလို့ ကျွန်တော့်ဆီကို forward လုပ်လိုက်တာဖြစ်ပါတယ်။ သူခေါင်းစဉ်လိုဘဲ ကညွှတ်များတဲ့ ယုံခြင်ယုံမယုံခြင်နေ ဟုတ်မဟုတ်တော့ မသိဘူး ကိုယ်တိုင်လည်း မစမ်းဖူးလို့ပါ။
ဟိုးဖက်အစွန်ဆုံးကတော့ white asparagus (မြန်မာလိုမသိ) သူ့အတိုင်း ဘာသာပြန်တော့ ကညွှတ်ဖြူပေါ့၊ အလယ်က green asparagus မြန်မာလို ကညွှတ် သူ့အတိုင်း ဆို ကညွှတ်စိမ်း ဒီဖက် အစွန်ဆုံးကတော့ wild asparagus သူ့တိုင်းဆို ကညွှတ်ရိုင်း ဖြစ်ပါတယ်။
နှစ်ပေါင်းကတော့ နည်းနည်းကြာသွားပြီ လူတစ်ယောက်က ကင်ဆာဖြစ်နေတဲ့ သူ့သူငယ်ချင်းတစ်ယောက် အတွက် ကညွှတ်ပင် လိုက်ရှာနေတာ ကျွန်တော် တွေ့ခဲ့ဘူးတယ်။ ပြီးတော့ ၁၉၇၉ ခုနှစ် ဒီဇင်လဘာထုတ် ကင်ဆာဂျာနယ်ကနေ မိတ္တူကူးထားတဲ့ စာရွက်တစ်ရွက် ကျွန်တော့်ကို ပေးခဲ့တယ်။
စာရွက်က အကြောင်းအရာကတော့ Asparagus for cancer (ကင်ဆာအတွက် ကညွှတ်များ) ဆိုတဲ့ အကြောင်းဘဲ ဖြစ်ပါတယ်။ ဝေမျှခြင်း သက်သက်သာ ဖြစ်ပါတယ်။
ကျွန်တော်ဟာ ဇီဝဓါတု ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်ဟာ Richard R.Vensal, D.D.S ရဲ့ ရှာဖွေချက်တွေကနေ ကညွှတ်ကနေ ကင်ဆာရောဂါ ကုသနည်းကို သင်ယူခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ သူရဲ့ပရောဂျက် လုပ်ငန်းတွေထဲမှာလဲ သူနှင့်အတူတကွ လုပ်ကိုင်ခဲ့သလို ကျွန်တော့မှာ စုဆောင်းထားတဲ့ ကညွှတ်ကနေ ကင်ဆာရောဂါ ကုသပျောက်ကင်းသွားတဲ့ အထောက်အထား အချက်အလက်တွေ တော်တော်များများ ရှိခဲ့ပါတယ်။
အဲ့ဒါတွေကတော့ …..
– လူတစ်ယောက်ဟာ သွေးကင်ဆာဖြစ်တာ မျှော်လင့်ချက် မဲ့လုနီးပါးဖြစ်နေပြီး ဗုံးဗုံးလဲ နေပြီဖြစ်ပါတယ်။ ကညွှတ်ကုထုံးနဲ့ တစ်နှစ် ကုသအပြီးမှာတော့ ဆရာဝန် စစ်ဆေးကြည့်တာ ကင်ဆာရှိကြောင်း မပေါ်လာတော့ပါဘူး။ နောက်ဆုံး သူဟာ ပြန်ကောင်းသွားပါတယ်။
– အောင်မြင်နေတဲ့ အသက် ၆၈ နှစ်အရွယ် စီးပွားရေးသမား တစ်ယောက်ဟာ ဆီးကြိတ်တည်တဲ့ ကင်ဆာကို ခံစားနေရတာ ၁၆ နှစ်ရှိပြီ ဖြစ်ပါတယ်။ နှစ်တော်တော်ကြာကြာ ဆေးကုသခြင်း ဓါတ်ကင်ခြင်းတို့ ဖြင့်ကုသခြင်း ပြုခဲ့သော်လည်း တိုးတက်လာခြင်း မရှိပါဘူး။ နောက်ဆုံး ၃ လအတွင်း ကညွှတ်ကုထုံးနဲ့ ကုပြီးနောက် စစ်ဆေးကြည့်တဲ့အခါမှာတော့ ဆီးကြိတ်များဟာ ပျောက်သွားပြီး ကျောက်ကပ် နှစ်ခုဟာ ပုံမှန် ပြန်ဖြစ်နေတာ ဆေးစစ်တဲ့အဖြေမှာ တွေ့ခဲ့ရပါတယ်။
– လူတစ်ယောက်ဟာ အဆုတ်ကင်ဆာ ခံစားနေရပါတယ်။ ၁၉၇၁ မတ်လ ၅ ရက်နေ့မှာ ကုသဖို့ ခွဲစိတ်ခဲ့ရာမှာတော့ ရောဂါဟာ အလွန်ရင့်ပြီး အမြစ်များဟာ တော်တော်ပြန့်နေတဲ့အတွက် ခွဲစိတ်လို့ မရ ခဲ့ပါဘူး။ ခွဲစိတ်ဆရာဝန်ဟာ ပြန်ပြီးချူပ်ပေးခဲ့ကာ မျှော်လင့်ချက် မရှိတော့ဘူးလို့ ပြောခဲ့ပါတယ်။ ဧပြီလ ၅ ရက်နေ့မှာတော့ ထိုလူနာဟာ ကညွှတ်ကုထုံးကို ကြားပြီး ချက်ချင်း ကုသမှု့ခံယူခဲ့ပါတယ်။ သြဂုတ်လမှာတော့ ဓါတ်မှန် သွားရိုက်ကြည့်တဲ့အခါမှာ ကင်ဆာလက္ခဏာ ပြနေတာတွေဟာ ပျောက်ကွယ်သွားပြီး အရင်အတိုင်း အလုပ်ပြန်လည် လုပ်နိုင်ခဲ့ပါတယ်။
ပြုလုပ်နည်း
ကညွှတ်ကို သစ်သီးဖျော်စက်ထဲ ထည့်ပြီး အရည်ဖြစ်ကြောင် ကြိတ်ပါ။ ထိုကညွှတ်ရည်ကို ရေခဲ့သေတ္တာထဲ ထည့်ပြီး လူနာအား တစ်ခါတိုက်လျှင် စတီးဇွန်းဖြင့် ၄ ဇွန်းကို မနက်တစ်ကြိမ် ညတစ်ကြိမ်တိုက်ပါ။
Credit : ဦးမိုး မင်း
———————————————————-
အသည်းကို အသစ်ပြန်ဖြစ်စေနိုင်တဲ့ ကညွတ်
လူတို့ရဲ့ အသက်ကို စောင့်ရှောက်တဲ့ သက်စောင့်ဓါတ်တွေဟာ အသီးအရွက်တွေမှာ ပါတယ်ဆိုတာ သိကြပြီး ဖြစ်ပါလိမ့်မယ်။ အခုပြောပြမယ့် ကညွတ်ထဲမှာလည်း လူတွေရဲ့ အသက်ကို စောင့်ရှောက်တဲ့ ဓါတ်တွေအများကြီး ပါနေပါတယ်။ အထူးသဖြင့် အသည်းနဲ့ ပတ်သက်တဲ့ အင်ဇိုင်းတွေဟာ ကညွတ်ထဲမှာ များစွာ ပါဝင်နေပါတယ်။
ယနေ့ခေတ်မှာ လူတို့ကြုံတွေ့နေရတဲ့ အစားအသောက်မှာ ပါနေတဲ့ အဆိပ်တွေကြောင့် ၄င်းပတ်ဝန်းကျင်က မှိုတွေအဆိပ်ငွေ့တွေနဲ့ ဗက်တီးရီးယား ဗိုင်းရပ်စ်တွေကြောင့် ၄င်းလူတိုင်းလိုလိုမှာ အသည်းနဲ့ ပတ်သက်လို့ ပြသနာလေးတွေ ရှိနေကြပါတယ်။
အသည်းခြောက်ခြင်း ကျွတ်ခြင်း ဆတ်ခြင်း အသည်းရောင် ဘီပိုးစီပိုးစွဲခြင်း အသည်းအဆီဖုံးခြင်း တွေသာမက အသည်းကင်ဆာဖြစ်ပြီး ပျက်စီးခြင်းတွေကို အများကြီး တွေ့နေရပါတယ်။
ကညွတ်မှာပါတဲ့ အင်ဇိုင်းတွေက အသည်းပျက်စီးနေတဲ့ နေရာတွေကို ပြုပြင်ပေးပါတယ်။ ပျက်စီးနေတဲ့ ဆဲလ်တွေကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်တွေ အစားထိုးပေးပါတယ်။ အပင်ပြန်ပေါက်သလိုကို အစားထိုးပေးပြီး အသည်းကို အသစ်ဖြစ်စေပါတယ်။
ဒါဟာ သဘာဝကြီးက ပေးထားတဲ့ လက်ဆောင်ပဲ ဖြစ်ပါတယ်။ သက်သေ အထောက်အထားအဖြစ် အသည်းကင်ဆာဖြစ်ပြီး အသည်းပျက်စီးနေတဲ့ သူတွေ ကညွတ်ကို ထောင်းသောက်ရာမှ လပိုင်းအတွင်း အကောင်းပကတိ ဖြစ်လာတာကိုကြည့်ခြင်းအားဖြင့် ထင်ရှားပါတယ်။
ယနေ့ခေတ်မှာ လူတိုင်းလိုလို အသည်းမှာ ဒဏ်ချက်တွေရှိနေပါပြီ။ မမြင်ရလို့သာ မသိတာပါ။ အထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ ကိုယ့်ဟာကိုယ် မသိကြပါဘူး။ ဖြစ်လာပြီဆိုရင် စိတ်ညစ်ရလိမ့်မယ်။ ဒါကြောင့်ကြိုတင်ကာကွယ်ဖို့ ကညွတ်ကို စားပေးပါ။
ကညွတ်က စျေးကြီးတယ်ဆိုပြီး မစားဘဲမနေပါနဲ့။ ပုံမှန်စားစားပေးပါ စားလို့လည်းကောင်းပါတယ်။ တစ်ခုပဲရှိပါတယ် ကညွတ်က ပျူရင်းဓါတ်ကြွယ်ဝတဲ့အတွက် ဂေါက်အဆစ်ရောင်ရောဂါ ရှိသူတွေနဲ့တော့ မတည့်ပါဘူး။ ကျန်တဲ့သူတွေနဲ့တော့ တည့်ပါတယ်။ မိမိအသည်းကို မိမိကိုယ်တိုင် ပြုုပြင်ပြီး စောင့်ရှောက်နိုင်ကြပါစေ။
Credit : ယမင်းဖြူ