အမ်ိဳးသမီးတိုင္း သိထားသင့္တဲ့ အေရးၾကီးဆံုး ရင္သားကင္ဆာ လကၡဏာ ၆ ရပ္

ရင္သားကင္ဆာဆိုတာ အမ်ိဳးသမီးေတြကို အႏၱရာယ္အေပးဆံုး ေရာဂါ တစ္ခုပါ ။ ကိုယ့္မွာ ကင္ဆာ ျဖစ္ေန ၊ မေနဆိုတာကို စစ္ေဆးေနဖို႔ လိုပါတယ္ ။ ရင္သားကင္ဆာ ျဖစ္လာျပီဆိုလွ်င္ ေအာက္ပါ လကၡဏာ ၆ ရပ္ကို ျပသေလ့ ရွိပါတယ္ ။

၁။ Nipple (နုိ႔သီးေခါင္း)တြင္ တစ္စံုတစ္ရာ ေျပာင္းလဲလာျခင္း

ကိုယ္ဝန္ေဆာင္ နွင့္ နို႔တိုက္မိခင္ မ်ားမွလြဲလွ်င္ အျခား အမ်ိဳးသမီးေတြ၏ က်န္းမာတဲ့ ရင္သားတစ္စံုတြင္  nipple မွာ ဘာလကၡဏာမွ ေျပာင္းလဲျခင္း မရွိပါဘူး ။ nipple မွ ေသြးထြက္ျခင္း (သို႔ )  အျဖဴေရာင္အရည္မ်ား ထြက္ျခင္း တို႔ျဖစ္လာလွ်င္ ဆရာဝန္ျဖင့္ အျမန္ဆံုး ေဆြးေႏြးကုသသင့္ပါျပီ ။

၂။ နာၾကင္ျခင္း (သို႔) နူးညံ့မႈနည္းလာျခင္း

Nipple အနီးတဝိုက္ရွိ ရင္သားအေရျပားဟာ ပံုမွန္ဟာျဖင့္ နူးညံ့ျပီး ေပ်ာ့ေျပာင္းမႈရွိပါတယ္ ။ ဒီလိုမဟုတ္ဘဲ ကိုင္တဲ့အခါ ထူထဲထဲ နွင့္ အနည္းငယ္ၾကမ္းတမ္းလာတယ္ဆိုရင္ေတာ့ ရင္သားကင္ဆာ ျဖစ္ေနနိုင္ပါတယ္ ။ ဒါ့အျပင္ ရင္သားတစ္ခုလံုး (သို႔) တစ္စိတ္တစ္ပိုင္းမွ ေယာင္ရမ္းမ်ား ခံစားရတာဟာလည္း ရင္သားကင္ဆာရဲ႕ လကၡဏာတစ္ခုပဲ ျဖစ္ပါတယ္ ။ မည္သို႔ပင္ျဖစ္ေစ ဒီလိုအေျခအေနေတြ ေတြ႔ၾကံဳခံစားေနရလွ်င္ အခ်ိန္မေႏွာင္းခင္ ဆရာဝန္နဲ႔ ျပသဖို႔ လိုအပ္ပါတယ္ ။

၃။ ရင္သားတြင္းမွနာၾကင္ျခင္း

ရင္သားတြင္းမွ နာၾကင္မႈ တစံုတရာကို မၾကာခဏ ခံစားေနျခင္းဟာ ရင္သားကင္ဆာရဲ႕ လကၡဏာရပ္ ျဖစ္နိုင္တာေၾကာင့္ ေနွာင့္ေနွးမႈမရွိဘဲ ဆရာဝန္နွင္ ့အျမန္ဆံုး ျပသပါ ။

၄။ ယားယံျခင္း

ပံုမွန္အားျဖင့္ က်န္းမာေသာ ရင္သားျဖစ္ပါက nipples တဝိုက္တြင္ ယားယံမႈမ်ား ခံစားရေလ့ မရွိပါ ။ ယားယံျပီး nipples မွ ပံုမွန္မဟုတ္တဲ့ ခံစားမႈမ်ားျဖစ္လာပါက သတိထားဖို႔ လိုအပ္ပါတယ္ ။

၅။ ရင္သားတြင္း အခဲ ၊ အက်ိတ္ရွိျခင္း

ကိုယ့္ရဲ႕ ရင္သားတြင္းမွာ အခဲ ၊ အက်ိတ္ ရွိ ၊ မရွိ သိနိုင္ဖို႔က သိပ္ေတာ့ မလြယ္ကူပါဘူး ။ သို႔ေသာ္ ရွိတယ္ဆိုလွ်င္ေတာ့ နာၾကင္မႈကို ေသခ်ာေပါက္ ခံစားရမွာ ျဖစ္ပါတယ္ ။

၆။ ခ်ိဳင္းေအာက္တြင္ အက်ိတ္ခဲရွိေနျခင္း

ခ်ိဳင္းေအာက္ ရင္သားနွင့္ နီးစပ္ေသာေနရာတြင္ အက်ိတ္အခဲမ်ား ရွိေနတာဟာလည္း ရင္သားကင္ဆာ ျဖစ္နိုင္တဲ့ လကၡဏာရပ္တစ္ခုပါပဲ ။ သို႔ေသာ္ အရမ္းၾကီး မစိုးရိမ္ပါနွင့္ ။ အကယ္၍ ထိုကဲ့သို႔ အက်ိတ္ခဲဖု စမ္းသပ္ေတြ႕ရွိခဲ့လွ်င္ ဆရာဝန္နွင့္ တိုင္ပင္ေဆြးေႏြးျပီး ေသခ်ာတဲ့ ကုသမႈတစ္ခုကို ခံယူလုိက္ပါ ။

Credit : CHAN (ေရႊအင္းေလး)

(Unicode Version)

အမျိုးသမီးတိုင်း သိထားသင့်တဲ့ အရေးကြီးဆုံး ရင်သားကင်ဆာ လက္ခဏာ ၆ ရပ်

ရင်သားကင်ဆာဆိုတာ အမျိုးသမီးတွေကို အန္တရာယ်အပေးဆုံး ရောဂါ တစ်ခုပါ ။ ကိုယ့်မှာ ကင်ဆာ ဖြစ်နေ ၊ မနေဆိုတာကို စစ်ဆေးနေဖို့ လိုပါတယ် ။ ရင်သားကင်ဆာ ဖြစ်လာပြီဆိုလျှင် အောက်ပါ လက္ခဏာ ၆ ရပ်ကို ပြသလေ့ ရှိပါတယ် ။

၁။ Nipple (နို့သီးခေါင်း)တွင် တစ်စုံတစ်ရာ ပြောင်းလဲလာခြင်း

ကိုယ်ဝန်ဆောင် နှင့် နို့တိုက်မိခင် များမှလွဲလျှင် အခြား အမျိုးသမီးတွေ၏ ကျန်းမာတဲ့ ရင်သားတစ်စုံတွင်  nipple မှာ ဘာလက္ခဏာမှ ပြောင်းလဲခြင်း မရှိပါဘူး ။ nipple မှ သွေးထွက်ခြင်း (သို့ )  အဖြူရောင်အရည်များ ထွက်ခြင်း တို့ဖြစ်လာလျှင် ဆရာဝန်ဖြင့် အမြန်ဆုံး ဆွေးနွေးကုသသင့်ပါပြီ ။

၂။ နာကြင်ခြင်း (သို့) နူးညံ့မှုနည်းလာခြင်း

Nipple အနီးတဝိုက်ရှိ ရင်သားအရေပြားဟာ ပုံမှန်ဟာဖြင့် နူးညံ့ပြီး ပျော့ပြောင်းမှုရှိပါတယ် ။ ဒီလိုမဟုတ်ဘဲ ကိုင်တဲ့အခါ ထူထဲထဲ နှင့် အနည်းငယ်ကြမ်းတမ်းလာတယ်ဆိုရင်တော့ ရင်သားကင်ဆာ ဖြစ်နေနိုင်ပါတယ် ။ ဒါ့အပြင် ရင်သားတစ်ခုလုံး (သို့) တစ်စိတ်တစ်ပိုင်းမှ ယောင်ရမ်းများ ခံစားရတာဟာလည်း ရင်သားကင်ဆာရဲ့ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ် ။ မည်သို့ပင်ဖြစ်စေ ဒီလိုအခြေအနေတွေ တွေ့ကြုံခံစားနေရလျှင် အချိန်မနှောင်းခင် ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ် ။

၃။ ရင်သားတွင်းမှနာကြင်ခြင်း

ရင်သားတွင်းမှ နာကြင်မှု တစုံတရာကို မကြာခဏ ခံစားနေခြင်းဟာ ရင်သားကင်ဆာရဲ့ လက္ခဏာရပ် ဖြစ်နိုင်တာကြောင့် နှောင့်နှေးမှုမရှိဘဲ ဆရာဝန်နှင် ့အမြန်ဆုံး ပြသပါ ။

၄။ ယားယံခြင်း

ပုံမှန်အားဖြင့် ကျန်းမာသော ရင်သားဖြစ်ပါက nipples တဝိုက်တွင် ယားယံမှုများ ခံစားရလေ့ မရှိပါ ။ ယားယံပြီး nipples မှ ပုံမှန်မဟုတ်တဲ့ ခံစားမှုများဖြစ်လာပါက သတိထားဖို့ လိုအပ်ပါတယ် ။

၅။ ရင်သားတွင်း အခဲ ၊ အကျိတ်ရှိခြင်း

ကိုယ့်ရဲ့ ရင်သားတွင်းမှာ အခဲ ၊ အကျိတ် ရှိ ၊ မရှိ သိနိုင်ဖို့က သိပ်တော့ မလွယ်ကူပါဘူး ။ သို့သော် ရှိတယ်ဆိုလျှင်တော့ နာကြင်မှုကို သေချာပေါက် ခံစားရမှာ ဖြစ်ပါတယ် ။

၆။ ချိုင်းအောက်တွင် အကျိတ်ခဲရှိနေခြင်း

ချိုင်းအောက် ရင်သားနှင့် နီးစပ်သောနေရာတွင် အကျိတ်အခဲများ ရှိနေတာဟာလည်း ရင်သားကင်ဆာ ဖြစ်နိုင်တဲ့ လက္ခဏာရပ်တစ်ခုပါပဲ ။ သို့သော် အရမ်းကြီး မစိုးရိမ်ပါနှင့် ။ အကယ်၍ ထိုကဲ့သို့ အကျိတ်ခဲဖု စမ်းသပ်တွေ့ရှိခဲ့လျှင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး သေချာတဲ့ ကုသမှုတစ်ခုကို ခံယူလိုက်ပါ ။

Credit : CHAN (ရွှေအင်းလေး)