အြန္လိုင္းေပၚမွာ နာမည္ၾကီးေနတဲ့ ပံုပါ။ ဖတ္ၾကည့္ပါ။ အရမ္းေကာင္းပါတယ္

ဒီပံုက ညေနက ရွယ္လုပ္ထားတဲ့ news ထဲကပံုပါ။ သူ႔နာမည္က Abdul လို႔ေခၚပါတယ္။ အသက္က ၃၅ ႏွစ္ပါ။ ဆီးရီးယား ျပည္တြင္းစစ္ ေၾကာင့္ လက္ဘႏြန္ ႏိုင္ငံကို ထြက္ေျပးလာတဲ့ စစ္ေျပးဒုကၡသည္ တစ္ဦးပါ။ သူ႔မွ ၉ ႏွစ္အရြယ္သား ရယ္၊ ၄ ႏွစ္အရြယ္ သမီးတစ္ေယာက္ ရယ္ရွိပါတယ္။

မိန္းမကေတာ့ စစ္အတြင္းမွာ ဆံုးသြားၿပီလို႔ ယူဆရပါတယ္။ ေဘရြတ္ၿမိဳ႕ ဆင္းရဲသား ရပ္ကြက္ ရဲ႕ က်ိဳးပဲ့ေနတဲ့ ေလွခါးပဲ ရွိတဲ့ တိုက္တစ္ခုရဲ႕ ေခါင္မိုးေပၚမွာ ရွိတဲ့ အခန္းက်ဥ္း က်ဥ္းေလး မွာ သူတို႔ သားအဖ သံုးေယာက္ေနပါတယ္။ သူဟာ သူေတာင္းစား တစ္ေယာက္ မဟုတ္ပါဘူး။ Abdul ဟာ ေဘရြတ္ ၿမိဳ႕ လည္က ကားလမ္းမ ေပၚမွာ သူ ့သမီးငယ္ေလး ကိုခ်ီၿပီးေတာ့ ေနဝင္ မိုးခ်ဳပ္ ေဘာပန္ ေလးေတြ ေရာင္းၿပီး အလုပ္လုပ္ပါတယ္။

တစ္ရက္မွာ ပင္ပန္းၿပီး အိပ္ေပ်ာ္ ေနတဲ့ သမီးငယ္ကို ခ်ီၿပီး ကားႀကိဳ ကားၾကားမွာ ေဘာပန္ ေလးေတြ လိုက္ေရာင္း ေနတဲ့ သူ႔ကို ေနာ္ေဝက ပရဟိတ သမား တစ္ေယာက္က အမွတ္မထင္ပဲ ဓာတ္ပံု ႐ိုက္မိသြားတယ္။

ၿပီးေတာ့ Twitter ေပၚမွာ တင္လိုက္ေတာ့ ဖခင္တစ္ေယာက္ရဲ႕ အႏိုင္မခံ အရႈံး မေပး သားသမီးေပၚ ဘယ္ေလာက္ခ်စ္ေၾကာင္း ျပထားတဲ့ အဲဒီပံုဟာ viral ျဖစ္ၿပီး အရမ္း နာမည္ႀကီးသြားပါတယ္။ buypens ဆိုတဲ့ hashtag ေလးသံုးၿပီး ဓာတ္ပံုေတြ႕တဲ့ လူတိုင္းက ဂ႐ုဏာသက္ သြားၾကပါတယ္။

Social networks ေတြရဲ႕ ေက်းဇူးေၾကာင့္ သူကို ဘယ္သူမွန္း မသိေပမယ့္ လူေတြက ဝိုင္းၿပီး ရွာေပးတဲ့ အတြက္ ရက္ပိုင္း အတြင္းမွာ သူဘယ္သူဆိုတာ သိသြားက်ပါတယ္။

Abdul က အရမ္းအံ့ၾသေနတယ္။ သာမန္ ေန႔တစ္ေန႔လို သူေဘာပန္ေရာင္းေနတဲ့ အခ်ိန္မွာ သူကိုလူေတြက လာနႈတ္ဆက္ စကားေတြေျပာ ဆိုေတာ့ သူပထမ ေၾကာက္ၿပီး ေျပးဖို႔ေတာင္ စဥ္းစားမိေသးတယ္။

သူထင္တာ ကေလးေတြနဲ႔ သူ႔ကိုယ္ အတူမေနရ ေအာင္ခြဲလိုက္က် မယ္ထင္လို႔တဲ့။ သူအေၾကာင္း သတင္းဌာန အေတာ္မ်ားမ်ားက ေၾကျငာေပးၿပီး ပရဟိတ သမားေတြ crowdfunding page ေလးလုပ္ေပး လိုက္တာ။ တစ္ကမၻာလံုးက လူအေတာ္မ်ားမ်ားက ဂ႐ုဏာသက္ၿပီး ဝိုင္းဝန္းလႈဴ ၾကတာ ခုဆိုရင္ $17K ရသြားပါတယ္။

Adbul ကေတာ့ သူ႔ကေလး ေတြကိုေက်ာင္းထားႏိုင္ ေတာ့မွာျဖစ္လို႔ အရမ္းဝမ္းသာေန ရွာပါတယ္။ ရတဲ့ပိုက္ဆံေတြထဲက တစ္ခ်ိဳ ့ကိုသူလို ဆင္းရဲ ဒုကၡေရာက္ ေနတဲ့ စစ္ေျပးေတြကို တတ္ႏိုင္သေလာက္ ကူညီမယ္လို႔လဲ ေျပာပါတယ္။

သူဟာ တစ္ကယ္ကို ကေလးေတြ အေပၚတာဝန္ေက်တဲ့ ဖခင္ေကာင္းပီသ တဲ့လူတစ္ေယာက္ပါ။ မိဘေမတၱာမွာ အသားအေရာင္ ခြဲျခားတာ ကိုးကြယ္ယံုၾကည္မႈ ့ဘာသာျခား ျဖစ္တာေတြ မရွိပါဘူး။ ငါသာ ထမင္းမစားရ ေနမယ္ ငါသားသမီး ဘယ္ေတာ့ မွ ထမင္းမငတ္ ေစရဘူးဆိုတဲ့ စိတ္ပဲရွိတယ္။

Credit : Ko Pho June

အေဖ

သားသမီးေတြကုိ ၀မ္းႏွင့္လြယ္မေမြးခဲ့ေပမယ့္သားသမီးဘ၀ လွပဖုိ႔ကုိ ပခံုးနဲ႕ သယ္ေပးခဲ့တဲ့ အေဖ……….

သားသမီးေတြအေပၚ အသက္နဲ႕ရင္း ခ်စ္ျခင္းေတြရွိခဲ့ေသာ္လဲသူ႔ရဲ႕ အခ်စ္ ဖြင့္လွစ္ကာမျပ ဆံုးမ တတ္တဲ့ အေဖ…………

သားသမီးေတြနဲ႕ တူကာယွဥ္ျပံဳး ေပ်ာ္ကာမဆံုးေနခ်င္ေသာ္လဲနံနက္မုိးေသာက္အာရုဏ္ေရာက္ခ်ိန္မွစေန၀င္မိုးခ်ဳပ္ထိ တကုပ္ကုပ္ အလုပ္ေတြလုပ္ခဲ့ရတဲ့ အေဖ…………..

သားသမီးမ်ားဆိုးသြမ္းေသာခါ စိတ္ေစတနာအရင္းခံနွင့္မုန္းလိုကမုန္း ရိုက္ႏွက္ကာသာ ဆံုးမ ခဲ့တဲ့ အေဖ……………

အေဖ့အေၾကာင္းေတြး စာေတြေရးခ် ကဗ်ာေတြသီရလွ်င္

အေဖ့ ေက်းဇူး

အေဖ့ ေမတၱာ

အေဖ့ ေစတနာ ……….

အရာရာတုိင္း တုႏွဳိင္းလို႔ပင္မွီမည္မဟုတ္

သုိ႔ပါေသာေၾကာင့္

အေဖသည္သာ ဘ၀ပါဟု

အစဥ္အျမဲ ရင္ထဲမွာ

အစဥ္ရိုက်ိဳး ရွိခိုးဆဲပါ……….

Posted By: ayuu

✏✏.. မူႀကိဳ

(Unicode Version)

အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ပုံပါ။ ဖတ်ကြည့်ပါ။ အရမ်းကောင်းပါတယ်

ဒီပုံက ညနေက ရှယ်လုပ်ထားတဲ့ news ထဲကပုံပါ။ သူ့နာမည်က Abdul လို့ခေါ်ပါတယ်။ အသက်က ၃၅ နှစ်ပါ။ ဆီးရီးယား ပြည်တွင်းစစ် ကြောင့် လက်ဘနွန် နိုင်ငံကို ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည် တစ်ဦးပါ။ သူ့မှ ၉ နှစ်အရွယ်သား ရယ်၊ ၄ နှစ်အရွယ် သမီးတစ်ယောက် ရယ်ရှိပါတယ်။

မိန်းမကတော့ စစ်အတွင်းမှာ ဆုံးသွားပြီလို့ ယူဆရပါတယ်။ ဘေရွတ်မြို့ ဆင်းရဲသား ရပ်ကွက် ရဲ့ ကျိုးပဲ့နေတဲ့ လှေခါးပဲ ရှိတဲ့ တိုက်တစ်ခုရဲ့ ခေါင်မိုးပေါ်မှာ ရှိတဲ့ အခန်းကျဉ်း ကျဉ်းလေး မှာ သူတို့ သားအဖ သုံးယောက်နေပါတယ်။ သူဟာ သူတောင်းစား တစ်ယောက် မဟုတ်ပါဘူး။ Abdul ဟာ ဘေရွတ် မြို့ လည်က ကားလမ်းမ ပေါ်မှာ သူ ့သမီးငယ်လေး ကိုချီပြီးတော့ နေဝင် မိုးချုပ် ဘောပန် လေးတွေ ရောင်းပြီး အလုပ်လုပ်ပါတယ်။

တစ်ရက်မှာ ပင်ပန်းပြီး အိပ်ပျော် နေတဲ့ သမီးငယ်ကို ချီပြီး ကားကြို ကားကြားမှာ ဘောပန် လေးတွေ လိုက်ရောင်း နေတဲ့ သူ့ကို နော်ဝေက ပရဟိတ သမား တစ်ယောက်က အမှတ်မထင်ပဲ ဓာတ်ပုံ ရိုက်မိသွားတယ်။

ပြီးတော့ Twitter ပေါ်မှာ တင်လိုက်တော့ ဖခင်တစ်ယောက်ရဲ့ အနိုင်မခံ အရှုံး မပေး သားသမီးပေါ် ဘယ်လောက်ချစ်ကြောင်း ပြထားတဲ့ အဲဒီပုံဟာ viral ဖြစ်ပြီး အရမ်း နာမည်ကြီးသွားပါတယ်။ buypens ဆိုတဲ့ hashtag လေးသုံးပြီး ဓာတ်ပုံတွေ့တဲ့ လူတိုင်းက ဂရုဏာသက် သွားကြပါတယ်။

Social networks တွေရဲ့ ကျေးဇူးကြောင့် သူကို ဘယ်သူမှန်း မသိပေမယ့် လူတွေက ဝိုင်းပြီး ရှာပေးတဲ့ အတွက် ရက်ပိုင်း အတွင်းမှာ သူဘယ်သူဆိုတာ သိသွားကျပါတယ်။

Abdul က အရမ်းအံ့သြနေတယ်။ သာမန် နေ့တစ်နေ့လို သူဘောပန်ရောင်းနေတဲ့ အချိန်မှာ သူကိုလူတွေက လာနှုတ်ဆက် စကားတွေပြော ဆိုတော့ သူပထမ ကြောက်ပြီး ပြေးဖို့တောင် စဉ်းစားမိသေးတယ်။

သူထင်တာ ကလေးတွေနဲ့ သူ့ကိုယ် အတူမနေရ အောင်ခွဲလိုက်ကျ မယ်ထင်လို့တဲ့။ သူအကြောင်း သတင်းဌာန အတော်များများက ကြေငြာပေးပြီး ပရဟိတ သမားတွေ crowdfunding page လေးလုပ်ပေး လိုက်တာ။ တစ်ကမ္ဘာလုံးက လူအတော်များများက ဂရုဏာသက်ပြီး ဝိုင်းဝန်းလှုူ ကြတာ ခုဆိုရင် $17K ရသွားပါတယ်။

Adbul ကတော့ သူ့ကလေး တွေကိုကျောင်းထားနိုင် တော့မှာဖြစ်လို့ အရမ်းဝမ်းသာနေ ရှာပါတယ်။ ရတဲ့ပိုက်ဆံတွေထဲက တစ်ချို ့ကိုသူလို ဆင်းရဲ ဒုက္ခရောက် နေတဲ့ စစ်ပြေးတွေကို တတ်နိုင်သလောက် ကူညီမယ်လို့လဲ ပြောပါတယ်။

သူဟာ တစ်ကယ်ကို ကလေးတွေ အပေါ်တာဝန်ကျေတဲ့ ဖခင်ကောင်းပီသ တဲ့လူတစ်ယောက်ပါ။ မိဘမေတ္တာမှာ အသားအရောင် ခွဲခြားတာ ကိုးကွယ်ယုံကြည်မှု ့ဘာသာခြား ဖြစ်တာတွေ မရှိပါဘူး။ ငါသာ ထမင်းမစားရ နေမယ် ငါသားသမီး ဘယ်တော့ မှ ထမင်းမငတ် စေရဘူးဆိုတဲ့ စိတ်ပဲရှိတယ်။

Credit : Ko Pho June

အဖေ

သားသမီးတွေကို ၀မ်းနှင့်လွယ်မမွေးခဲ့ပေမယ့်သားသမီးဘဝ လှပဖို့ကို ပခုံးနဲ့ သယ်ပေးခဲ့တဲ့ အဖေ……….

သားသမီးတွေအပေါ် အသက်နဲ့ရင်း ချစ်ခြင်းတွေရှိခဲ့သော်လဲသူ့ရဲ့ အချစ် ဖွင့်လှစ်ကာမပြ ဆုံးမ တတ်တဲ့ အဖေ…………

သားသမီးတွေနဲ့ တူကာယှဉ်ပြုံး ပျော်ကာမဆုံးနေချင်သော်လဲနံနက်မိုးသောက်အာရုဏ်ရောက်ချိန်မှစနေဝင်မိုးချုပ်ထိ တကုပ်ကုပ် အလုပ်တွေလုပ်ခဲ့ရတဲ့ အဖေ…………..

သားသမီးများဆိုးသွမ်းသောခါ စိတ်စေတနာအရင်းခံနှင့်မုန်းလိုကမုန်း ရိုက်နှက်ကာသာ ဆုံးမ ခဲ့တဲ့ အဖေ……………

အဖေ့အကြောင်းတွေး စာတွေရေးချ ကဗျာတွေသီရလျှင်

အဖေ့ ကျေးဇူး

အဖေ့ မေတ္တာ

အဖေ့ စေတနာ ……….

အရာရာတိုင်း တုနှိုင်းလို့ပင်မှီမည်မဟုတ်

သို့ပါသောကြောင့်

အဖေသည်သာ ဘဝပါဟု

အစဉ်အမြဲ ရင်ထဲမှာ

အစဉ်ရိုကျိုး ရှိခိုးဆဲပါ……….

Posted By: ayuu

✏✏.. မူကြို