








မောင်ပွင့်ဥာဏ် (မောရ)

Source : My Food Myanmar

(Unicode Version)

လေဖြတ်ရောဂါ ကင်းဝေးစေဖို့ နှစ်မျိုးပဲ ပေါင်းစပ်ရမယ့် လွယ်ကူသော အိမ်တွင်းဆေးနည်း

လေဖြတ် လေဖြန်းခြင်းဟာ အသက်အရွယ် မရွေး တွေ့ကြုံနေရတဲ့ ရောဂါ တစ်ခုဆိုရင် မမှားပါဘူး။ လေဖြတ်ခြင်းကနေ ကင်းဝေးအောင် အိမ်တွင်းနည်းလေးနဲ့ ကြိုတင် ကာကွယ်လို့ ရပါတယ်။

ဆေး အမည်က မီးဖိုချောင်သုံး ချင်း (ဂျင်း) နဲ့ ရှောက်သီး နှစ်မျိုးတည်းပါ၊၊

ချင်းကို အခြောက် မဟုတ်ဘဲ အစိုယူ ရပါမယ်၊ လက်မ တစ်ဆစ်လောက် ချင်းကို အခွံခွာပြီး အရင်းဆုံး ပါးပါးလေးတွေ လွှာပါ၊၊ အဲဒီ အလွှာလေးတွေ ထပ်ပြီး အပြန်ပြန် အလှန်လှန် စိတ်ရင် အစိတ် သေးသေးလေးတွေ တွေ့ရပါတယ်၊၊

အဲဒီ ချင်း ကို လက်ဖက်ရည် ပန်းကန်ထဲ ထည့်၊ ရှောက် ရည်ကို လက်ဖက်ရည် ပန်းကန်လုံး သုံးပုံ တစ်ပုံလောက် ညှစ်ထည့်ပြီး နှပ်ထား (စိမ်ထား) ပါ၊ အဲဒီလို နှပ်ထားပြီး (2) နာရီခွဲနဲ့ သုံးနာရီ ကြားမှာ အရည် သက်သက် ကို စစ်ပြီး သောက်ပါ။

နှပ်ထားတဲ့ အချိန် (2) နာရီ ခွဲ မပြည့်ရင် ဆေး အာနိသင် အပြည့် မရသလို၊ သုံးနာရီ ကျော်သွားရင်လည်း ဆေး အာနိသင် ပြယ်သွား တယ်လို့ ဆိုပါတယ်၊၊

သုံးရက် တစ်ကြိမ်ပဲ သောက်ပေး ရပါမယ်၊၊ ကိုးရက် သုံးကြိမ် သောက်ပေးရင်ပဲ သိသိ သာသာ သက်သာ လာတာ တွေ့ရပါတယ်၊၊

နောက်ပိုင်း ကိုယ့်ဘာကိုယ် ချင့် ချိန်ပြီး သောက်လို့ ရပါတယ်၊၊ လေ ဖြတ် တယ်ဆိုတာ သွေးကြော လေကြောတွေ ပိတ်လို့ ဖြစ်တာပါ။ ဒီဆေးက သွေး ကြော လေကြောတွေကို ပြန်ဖွင့် ပေးတယ်လို့ ဆိုပါတယ်။

မောင်ပွင့်ဉာဏ် (မောရ)

Source : My Food Myanmar

ကမ္ဘာပေါ်က အကြီးဆုံး ကြာပင်