ေရယုန္ေပါက္လွ်င္ သတိထားပါ။ ေရယုန္ အမ်ိဳးမ်ိဳးအေၾကာင့္နဲ႔ ျဖစ္လာရင္ ေပ်ာက္ကင္းေအာင္ကုသနည္းမ်ား

စာေရးသူငယ္စဥ္ ရန္ကုန္တကၠသိုလ္ ေက်ာင္းသားဘဝက ေရယုန္ေပါက္ဖူးသည္။ မွတ္မွတ္ရရ ႏွစ္ပါတ္ခန္႔ ၾကာသည္ဟု ထင္သည္။ ေက်ာင္းကင္န္တီးရွိ လက္ဘက္ရည္ဆိုင္တြင္ လက္ဘက္ရည္ ေသာက္၊ စမူဆာေၾကာ္ စားၿပီး ႏႈတ္ခမ္းေထာင့္တြင္ ဆီေပေနသျဖင့္ စားပြဲေပၚတြင္ ခ်ထားေသာ လက္သုတ္ ပုဝါေခါက္ကို ယူၿပီး ႏႈတ္ခမ္းေထာင့္ကို ခပ္ၾကမ္းၾကမ္း သုတ္လိုက္မိသည္။ ေနာက္တစ္ေန႔တြင္ စပ္သလုိ ျဖစ္ေနၿပီး ေနာက္တစ္ရက္တြင္ အဖုေလးမ်ား ထြက္လာၿပီး နာလာသည္။ ထို႔ေနာက္ အဖုေလးမ်ား ပြားလာ ေတာ့မွ ေရယုန္မွန္းသိသည္။

ေက်ာင္းစာေမးပြဲ နီးခ်ိန္တြင္ ပါးစပ္ေထာင့္တြင္ ေရယုန္ေပါက္သျဖင့္ ပါးစပ္ဟၿပီး စာကိုအသံထြက္ ၿပီး မက်က္ႏိုင္ ျဖစ္ရသည္။ တိုးတိုးရြတ္ၿပီး စိတ္မွပင္ က်က္ရသည္။ အစားအေသာက္ စားလွ်င္လည္း ပါးစပ္ ေကာင္းေကာင္း မဟႏိုင္၊ အစပ္ပါေသာအရာ စားမရသျဖင့္ အေတာ္ပင္ ဒုကၡေရာက္ခဲ့သည္။

ထိုစဥ္က မွတ္မွတ္ရရ ေရယုန္ေပ်ာက္ေစရန္ ကင္းမံုရြက္ အရည္ညွစ္ လိမ္းရမည္ဆိုသျဖင့္ လိုက္ ရွာရသည္။ ေတာနယ္တြင္ေနစဥ္က ၿခံစည္းရိုးမ်ားတြင္ အလြန္ေပါေသာ ကင္းမံုရြက္မွာ ရန္ကုန္တြင္ အလြန္ ရွားသည္။ ေနာက္ဆံုး ေထာက္ႀကံ႕ဖက္ရွိ ၿခံတစ္ၿခံမွ ရရွိသည္။ ထိုသို႔ မရရွိမည္ ၾကားကာလတြင္ သြားတိုက္ ေဆးသိပ္လွ်င္ ေပ်ာက္သည္ဟု ေျပာသျဖင့္ သိပ္လုိက္ရာ ေယာင္သြားသျဖင့္ ပို၍ခံရခက္သည္။ မီးေသြးကို ေထာင္းၿပီး သိပ္ရသည္ဆိုသျဖင့္လည္း အေဆာင္ရွိ မီးဖိုမွ မီးေသြးေတာင္းၿပီးလည္း ေထာင္း၍ သိပ္ဖူးသည္။

ေရယုန္၏ ဒဏ္ခ်က္မွာ အလြန္ဆိုးသည္။ အနာက်က္လုိက္၊ အနာေဖး ခြာလိုက္၊ ျပန္နာလိုက္ျဖင့္ အေတာ္ပင္ ၾကာသည္။ ေနာက္ဆံုး အနာရြတ္ က်န္ခဲ့သည္။ ၁၉၇၄ ခုႏွစ္က ေပါက္ခဲ့ေသာ ေရယုန္၏ အနာ ရြတ္မွာ ယခု အႏွစ္ေလးဆယ္ေက်ာ္အထိ ႏႈတ္ခမ္းေထာင့္တြင္ အမဲစက္ကဲ့သုိ႔ က်န္ေနေသးသည္။

ယေန႔ တစ္ေန႔တည္းမွာပင္ စာေရးသူ၏ ေဆးခန္းသို႔ ေရယုန္ေပါက္သူ ႏွစ္ဦး လာျပသည္။ ေရယုန္ ျပရန္လာျခင္းမဟုတ္။ ေရယုန္က အဂၤလိပ္ေဆးလိမ္း၍ ေပ်ာက္ၿပီျဖစ္သည္။ ေနာက္ဆက္တြဲအျဖစ္အေၾကာ မ်ား နာေနသျဖင့္ လာျပျခင္း ျဖစ္သည္။

ပထမတစ္ဦးမွာ အသက္(၅၀)ေက်ာ္ ေယာက်္ားႀကီး တစ္ဦးျဖစ္သည္။ လြန္ခဲ့ေသာ လက ေရယုန္ ေပါက္သည္။ အဂၤလိပ္ေဆးခန္း ျပသည္။ ဆရာဝန္က ေဆးထိုးေပးသည္။ ေရယုန္လိမ္းေဆး (ညွစ္ေဆး ေတာင့္) ေပးသည္။ (၂)ပါတ္ၾကာေတာ့ လံုးဝေပ်ာက္ကင္း သြားသည္။ သို႔ေသာ္ သူေရယုန္ေပါက္သည့္ ညာ ဖက္ ခ်ိဳင္းေအာက္မွ ေရွ႕ရင္ဘတ္ တေလ်ာက္မွာ အမာရြတ္မ်ားျဖင့္ မဲေနၿပီး ပူေနသလို ခံစားေနရသည္။ ညတြင္ ပို၍ပူသည္။ အိပ္မေပ်ာ္ဟု ဆိုသည္။ ညာဖက္ လက္မွာလည္း ခ်ိဳင္းေအာက္မွာ အနာေပါက္ခဲ့ေသာ ဒဏ္ျဖင့္ ေကာင္းစြာ ေျမွာက္မရဟု ဆိုသည္။

အျခားတစ္ဦးမွာ အသက္ (၆၁)ႏွစ္ အရြယ္ရွိ အၿငိမ္းစား ဆရာမႀကီး တစ္ဦးျဖစ္သည္။ သူျဖစ္ေန သည္မွာ ခႏၶာကိုယ္ တစ္ျခမ္းပူ၊ တစ္ျခမ္းေအး ျဖစ္ေနသည္။ ေသခ်ာစြာ ေျပာရလွ်င္ ခႏၶာကိုယ္ အပူအေအး မညီ။ ညာဖက္အျခမ္းမွာ ေအးေနၿပီး ဘယ္ဖက္အျခမ္းမွာ ပူေနသည္။ ညာဖက္ျခမ္းမွာ ေခၽြးထြက္သည္။ ဘယ္ဖက္ျခမ္းမွာ ေခၽြးမထြက္ ျဖစ္ေနသည္။ ထိုေခၽြးမထြက္ေသာ အျခမ္းမွာ သူမ၏ အထင္အရ လြန္ခဲ့ေသာ (၂)ႏွစ္က ေရယုန္ေပါက္ၿပီး ေနာက္မွ ျဖစ္လာသည္ဟု ယူဆေၾကာင္း ေျပာျပသည္။ လြန္ခဲ့ေသာ (၂)ႏွစ္က ေရယုန္ ဘယ္ဖက္အျခမ္း ခါးပတ္ၿပီး ေပါက္သျဖင့္ အဂၤလိပ္ေဆးျဖင့္ (၁)လခန္႔ ကုခဲ့ရဘူးသည္ဟုေျပာ သည္။

ေရယုန္ေပါက္ျခင္းသည္ အေနာက္တုိင္း ေဆးပညာအရ ပိုးေၾကာင့္ ျဖစ္သည္။ ဟားပီး (Herpes) ေခၚ ဗိုင္းရပ္(ခ) ပိုးေၾကာင့္ ျဖစ္သည္။ သာမန္ေရယုန္ (Herpes Simplex) ႏွင့္ ေရယုန္ႀကီး (Herpeies Zoster) ဟူ၍ ႏွစ္မ်ိဳးရွိသည္။ ေရယုန္ႀကီးကို ျမန္မာအေခၚ ဆင္ေရယုန္ဟုလည္း ေခၚသည္။ အေရျပား ေအာက္မွ ျပန္ရည္ေၾကာတေလ်ာက္ အမွီျပဳ၍ ပြားမ်ားၿပီး အာရံုေၾကာကိုပါ ထိခိုက္ေစႏိုင္ေသာ ဗိုင္းရပ္ (ခ) ပိုးမ်ိဳးျဖစ္သည္။

ေရယုန္သည္ ေလႏွင့္ ေနေရာင္ျခည္ အထိအေတြ႕ နည္းေသာ ခ်ိဳင္းေအာက္၊ ရင္ဘတ္စသည္ ေန ရာမ်ားတြင္ ပို၍ ပြားလြယ္သည္ကို ေတြ႕ရသည္။ အထူးသျဖင့္ ခါးတြင္ ေရယုန္ပတ္ၿပီး ေပါက္လွ်င္ ေသ တတ္သည္ဟု ေရွးလူႀကီးမ်ားက ေျပာၾကသည္။ ေရယုန္ျဖစ္လွ်င္ ေပါ့ေပါ့ မေနရန္ ေျပာျခင္းျဖစ္မည္ ထင္ သည္။ ခါးပတ္၍ ေရယုန္ေပါက္လွ်င္ အမွန္ပင္ ေပ်ာက္ခဲသည္။ ေပ်ာက္ရန္ ရက္ၾကာသည္။

ယခုေခတ္တြင္ ခႏၶာကိုယ္ ခုခံအား က်သည့္ေရာဂါ (AIDS) ေဝဒနာသည္မ်ားတြင္ ေရယုန္ႀကီးမ်ား ေပါက္သည္ကို ေတြ႕ရွိလာရသျဖင့္ ေရယုန္ႀကီး ျဖစ္သူမ်ားကို ဆရာဝန္ႀကီးမ်ားက (HIV)ပိုး ရွိ၊ မရွိ စစ္ေဆး မႈ ျပဳလုပ္သည္ကို ေတြ႕ရသည္။

အာယုေဗဒ ေဆးပညာမွ ေရယုန္ေရာဂါ

အိႏၵိယႏိုင္ငံတြင္ ေရွးႏွစ္ေပါင္း တစ္ေထာင္ေက်ာ္က ေပၚေပါက္ခဲ့ေသာ အာယုေဗဒ ေဆးပညာ က်မ္းမ်ားကို ေလ့လာၾကည့္ေသာအခါ ေရွးကပင္ ေရယုန္ေရာဂါႏွင့္ ကုထံုးမ်ား ေရးသားမွတ္တမ္း တင္ထား သည္ကို ေတြ႕ရသည္။

ျမန္မာပညာရွင္မ်ားသည္ အာယုေဗဒ ေဆးပညာက်မ္းမ်ားကို ဘိုးေတာ္ဘုရား လက္ထက္ႏွင့္ မင္းတုန္းမင္းႀကီး လက္ထက္တို႔တြင္ သကၠဋစာေပမွ ျမန္မာစာေပသို႔ ျပန္ဆိုခဲ့ၾကသည္။ အခ်ိဳ႕တဝက္ကို ဘာသာ ျပန္ႏုိင္ခဲ့ေသာ္လည္း အမ်ားအသံုးျပဳ ႏိုင္ေလာက္ေအာင္ မျပည့္စံုခဲ့ေပ။ ၁၉၆၀ ခုႏွစ္ ဝန္းက်င္တြင္ ရန္ကုန္ၿမိဳ႕တြင္ အာယုေဗဒ ေဆးသိပၸံဆရာေတာ္ ေခၚ သိမ္ျဖဴဆရာေတာ္ႏွင့္ ဆရာႀကီး ဦးတင္ဦး (သီရိပ တု ဓမၼာစရိယ)တို႔က ဆက္၍ ဘာသာျပန္ဆိုခဲ့သည္။

အာယုေဗဒ ေဆးပညာ၏ မူလအေျခခံ က်မ္းျဖစ္ေသာ “အၿမိတၠသာဂရ” ေဆးက်မ္း (၁၉၆၂ ဆရာ ႀကီး ဦးတင္ဦး သကၠဋမွ ဘာသာျပန္)တြင္ ေရာဂါႏွင့္ ကုထံုးဆိုင္ရာ က႑(၇၁)ခု ေဖာ္ျပထားရာ… ေရာဂါကု ထံုး (၆၇)တြင္ “ေရယုန္နာ” အေၾကာင္း ေရးသား ေဖာ္ျပထားသည္။

ထိုအာယုေဗဒ က်မ္းတြင္ ပိုးေရာဂါ အေၾကာင္းကို ေဖာ္ျပထားၿပီး… ပိုးမ်ိဳး (၂၀) ရွိသည္ကို ျပထား သည္။

၁။ အညစ္အေၾကးမွ ျဖစ္ေသာ ပိုး(၂)မ်ိဳး

၂။ သလိပ္မွျဖစ္ေသာ ပိုး(၇)မ်ိဳး

၃။ ေသြးမွျဖစ္ေသာ ပိုး(၆)မ်ိဳး

၄။ က်င္ႀကီးမွ ျဖစ္ေသာ ပိုး(၅)မ်ိဳး

ထိုအထဲတြင္ ေသြးမွျဖစ္ေသာ ပိုး(၆)မ်ိဳး

၁။ ေသာရမည္ေသာပိုး (အေရျပားပိုး)

၂။ မာတု မည္ေသာပိုး (ပိုးမႀကီး)

၃။ ေကသာဒ မည္ေသာပိုး (ဆံစားပိုး)

၄။ ေရာမဒၵိပ မည္ေသာပိုး (ေမြးကြက္ပိုး)

၅။ ဥ ဗၻရ မည္ေသာပိုး (ပိုးသဖန္း)

၆။ ေရာမဝိဒၶံသ မည္ေသာပိုး (ေမြးကၽြတ္ပိုး)

အထက္ပါ ပိုးမ်ိဳးမ်ိဳးတို႔တြင္ ေရယုန္သည္ (အေရျပားပိုး)တြင္ ပါဝင္မည္ဟု ယူဆရသည္။ ထိုပိုး ေၾကာင့္ ခႏၶာကုိယ္၌ အဖ်ားေရာဂါ ျဖစ္တက္၏။ ခႏၶာကိုယ္ အေရာင္အေသြးသည္ အမ်ိဳးမ်ိဳး ျဖစ္၏။ ဝမ္းဗိုက္ ၌ ထိုးက်င္၏။ ႏွလံုး၌ နာက်င္၏။ ပ်ိဳ႕အန္၏။ မူးေဝ၏။ အစားအစာ မစားခ်င္ေသာ ဝမ္းသက္ေရာဂါ ျဖစ္၏။ စသည္ျဖင့္ ေနာက္ဆက္တြဲ ေရာဂါမ်ားကိုပါ ေဖာ္ျပထားသည္ကို ေတြ႕ရသည္။ (ေရွးက ေဆးဆရာမ်ား သည္ ပိုးအေၾကာင္းကို မသိဆိုသည္မွာ မမွန္ကန္ေပ)

က်မ္းတြင္ ေဖာ္ျပထားသည္မွာ…

ဝိသပၸ- ေရယုန္နာ။ ။ ဆားကိုအစားမ်ားျခင္းေၾကာင့္၄င္း၊ အခ်ဥ္ကို အစားမ်ားျခင္းေၾကာင့္၄င္း၊ ပူေသာ အစာအာဟာရကို အစားမ်ားျခင္းေၾကာင့္၄င္း၊ ဝိသပၸေရာဂါေခၚ ေရယုန္နာ​ ျဖစ္ပြား၏။

မသင့္တင့္ေသာ အစာတို႔ကို စားျခင္းေၾကာင့္ ေလသည္ ေဖာက္ျပန္၍ ခႏၶာကုိယ္၏ မ်ားစြာေသာ ေနရာတို႔၌ အလံုးမ်ား ေပါက္၏။ ထို႔ေနာက္ အနာလံုးတို႔သည္ ပြားမ်ားပ်ံ႕ႏွံ႔လာ၏။

ထိုအနာတို႔သည္ နာက်င္ကိုက္ခဲ၏။ အလြန္ ယား၏။

ဒသဂၤလိမ္းေဆး။ ။ သနပ္ခါး၊ ကုကၠိဳျမစ္၊ ႏြယ္ခ်ိဳ၊ နံ႔သာနီ၊ ဖာလာေစ့၊ လင္းေနႀကီး၊ နႏြင္း ၂-မ်ိဳး (နႏြင္းဝါ၊ နႏြင္းနက္)၊ ရွဥ့္ မတက္၊ ဤအလံုးစံုတို႔ကို ေရႏွင့္ေသြး၍ ေထာပတ္ႏွင့္ လိမ္းက်ံခဲ့ေပးခဲ့ေသာ္ အလံုးစံုေသာ ဝိသပၸအနာတို႔ ေပ်ာက္ကင္း၏။

တစ္နည္း။ ။ ရွမ္းေဆးခါး၊ မုရားႀကီးရြက္၊ ကုလားေဆာင္းေမးခါး၊ သေဘၤာဗံုလံုရြက္၊ ႀတိဖိုလ္၊ နံ႔သာနီ၊ တမာေခါက္ ဤအလံုးစံုေသာ ေဆးတို႔ကို ျပဳပ္၍ ေသာက္ခဲ့ေသာ္ ဝိသပၸအနာ၊ ပူေလာင္ေသာေရာဂါ၊ ဖ်ား ေသာေရာဂါ၊ ေဖါေရာင္ေသာအနာ၊ ယားေသာအနာ၊ ပ်ိဳ႕အန္ျခင္းတို႔သည္ ေပ်ာက္ကင္း၏။ ထိုမွတစ္ပါး ကုကၠိဳေခါက္ကို ေထာပတ္ႏွင့္ ေရာ၍ လိမ္းက်ံခဲ့ေသာ္ ဝသပၸအနာ ေပ်ာက္ကင္း၏။

(ဤသည္မွာ ေရွးေဟာင္း အာယုေဗဒ ေဆးက်မ္းပါ ေရယုန္ကုထံုး အေၾကာင္းပင္ျဖစ္သည္။)

ေရယုန္သည္ အပူနာပင္ျဖစ္သည္။ ကိုယ္အပူခ်ိန္ေငြ႕ေငြ႕ႏွင့္ ဖ်ားလာတက္သည္။ သို႔ေသာ္ ေရယုန္ ပိုးသည္ အဖ်ားပိုးေတာ့ မဟုတ္ေပ။ အေရျပားႏွင့္ အာရံုေၾကာမ်ားကို ေရာင္ေစေသာ ပိုးသာျဖစ္သည္။

ေရယုန္ျဖစ္လွ်င္ ေရမခ်ိဳးရ၊ ေရထိလွ်င္ ပြားတက္သည္ဟု ဆိုၾကသည္။ အမွန္က ေရမခ်ိဳးလွ်င္ ကိုယ္အပူခ်ိန္ ပိုတက္လာၿပီး ဖ်ားႏိုင္သည္။ ေရခ်ိဳးေပးၿပီး အနာေပၚတြင္ ေရမတင္ေအာင္ ဝါဂြမ္းျဖင့္ သုတ္ ေပးျခင္းသာ အေကာင္းဆံုး ျဖစ္သည္။ အနာသန္႔စင္သည့္ ေဆးရည္မ်ား ေရေျခာက္ၿပီးေနာက္ သုတ္လိမ္း ေပးပါ။

ေရယုန္အတြက္ ျမန္မာ့ရိုးရာ ေဆးနည္းတိုမ်ား..

– ကင္းမံုရြက္ကို သန္႔စင္ေအာင္ ေရေဆးၿပီး သတၱဳရည္ညွစ္ယူ အနာေပၚတြင္ မၾကာခန သုတ္လိမ္း ေပးပါ။ အရည္ဆြတ္ေပးပါက ေရယုန္နာ ေျခာက္ၿပီး မျပန္႔ပြားႏိုင္။

– ကၽြန္းသားမီးေသြးကို အမႈန္႔ေထာင္းေျခ၊ အုန္းဆီျဖင့္ ေဖ်ာ္ၿပီး ေရယုန္အနာတြင္ သုတ္လိမ္းေပးပါ။

– ေလးညွင္းပြင့္ကို အမႈန္႔ေထာင္းၿပီး အနာေပၚတြင္ ျဖဴးေပးပါ၊ သို႔မဟုတ္ ေသြးလိမ္းပါ။

– ပိစပ္ရြက္၊ ကုကၠိဳရြက္မ်ား ျပဳတ္၍ ေရယုန္အနာကို ဖန္ေဆးေပးႏိုင္သည္။

– ႏႈတ္ခမ္းေထာင့္တြင္ ေပါက္ေသာ ေရယုန္နာကုိ ထမင္းအိုးတည္ၿပီး ပြက္ေသာအခါ ရသည့္အျမဳပ္ ျဖင့္ ခံႏိုင္သမွ် အပူခံၿပီး တို႔ေပးလွ်င္ ေပ်ာက္ကင္းႏိုင္သည္။

– ေၾကာင္ပန္းရြက္ အရည္ညွစ္ လိမ္းပါ။ ေသာက္လည္းေသာက္ပါ။

– ကြမ္းရြက္ကုိ ေခ်ၿပီး အဖတ္ေလးမ်ားျဖစ္ေအာင္ ျပဳလုပ္၍ ကပ္ေပးပါ။

– ကုကၠိဳေခါက္ အမႈန္႔ကို ေထာပတ္ႏွင့္ ေဖ်ာ္၍လိမ္းပါ။

– ငုပင္မွရေသာ ငုရြက္သတၱဳရည္ကို လိမ္းက်ံေပးပါ။

– ပူစီနံရြက္ (ပူဒီနာ)ကို အရည္ညွစ္ၿပီး သုတ္လိမ္းေပးပါ။ ပူဒီနာရြက္ကို စားေပးလွ်င္ ေရယုန္နာ ကိုက္ခဲျခင္း သက္သာၿပီး အေရာင္က်ေစသည္။

– သံပရာရည္ႏွင့္ ပ်ားရည္ေရာစပ္၍ သုတ္လိမ္းေပးလွ်င္ ေရယုန္နာ ျပန္႔ပြားျခင္းကို တားဆီးႏိုင္ သည္။

– ေရသဖန္းပင္ကို ဓားျဖင့္ထစ္ပါက အေစးအျဖဴမ်ား ထြက္လာမည္။ ထိုအေစးျဖင့္ သုတ္လိမ္းေပးပါ။

– ေခြးေတာက္ရြက္ကို မီးကင္ၿပီး အရည္ညွစ္၍ သုတ္လိမ္းေပးပါ။

– ေရသဖန္းရြက္ကို ျပာခ် အုန္းဆီျဖင့္ လိမ္းပါ။

– ေညာင္ေဗာဓိ အျမစ္ေခါက္ကို ေရျဖင့္ ထက္ဝက္ခမ္းေအာင္ က်ိဳ၍ေသာက္လွ်င္ ေရယုန္ႀကီးနာ ေပ်ာက္၏။

မွီျငမ္း (ေရွးေဟာင္းေပစာႏွင့္ ေဆးက်မ္းမ်ားမွ)

ၾကည္လြင္ျမင့္ (မုျဒာ)

မႏၱေလးၿမိဳ့

(Unicode Version)

ရေယုန်ပေါက်လျှင် သတိထားပါ။ ရေယုန် အမျိုးမျိုးအကြောင့်နဲ့ ဖြစ်လာရင် ပျောက်ကင်းအောင်ကုသနည်းများ

စာရေးသူငယ်စဉ် ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝက ရေယုန်ပေါက်ဖူးသည်။ မှတ်မှတ်ရရ နှစ်ပါတ်ခန့် ကြာသည်ဟု ထင်သည်။ ကျောင်းကင်န်တီးရှိ လက်ဘက်ရည်ဆိုင်တွင် လက်ဘက်ရည် သောက်၊ စမူဆာကြော် စားပြီး နှုတ်ခမ်းထောင့်တွင် ဆီပေနေသဖြင့် စားပွဲပေါ်တွင် ချထားသော လက်သုတ် ပုဝါခေါက်ကို ယူပြီး နှုတ်ခမ်းထောင့်ကို ခပ်ကြမ်းကြမ်း သုတ်လိုက်မိသည်။ နောက်တစ်နေ့တွင် စပ်သလို ဖြစ်နေပြီး နောက်တစ်ရက်တွင် အဖုလေးများ ထွက်လာပြီး နာလာသည်။ ထို့နောက် အဖုလေးများ ပွားလာ တော့မှ ရေယုန်မှန်းသိသည်။

ကျောင်းစာမေးပွဲ နီးချိန်တွင် ပါးစပ်ထောင့်တွင် ရေယုန်ပေါက်သဖြင့် ပါးစပ်ဟပြီး စာကိုအသံထွက် ပြီး မကျက်နိုင် ဖြစ်ရသည်။ တိုးတိုးရွတ်ပြီး စိတ်မှပင် ကျက်ရသည်။ အစားအသောက် စားလျှင်လည်း ပါးစပ် ကောင်းကောင်း မဟနိုင်၊ အစပ်ပါသောအရာ စားမရသဖြင့် အတော်ပင် ဒုက္ခရောက်ခဲ့သည်။

ထိုစဉ်က မှတ်မှတ်ရရ ရေယုန်ပျောက်စေရန် ကင်းမုံရွက် အရည်ညှစ် လိမ်းရမည်ဆိုသဖြင့် လိုက် ရှာရသည်။ တောနယ်တွင်နေစဉ်က ခြံစည်းရိုးများတွင် အလွန်ပေါသော ကင်းမုံရွက်မှာ ရန်ကုန်တွင် အလွန် ရှားသည်။ နောက်ဆုံး ထောက်ကြံ့ဖက်ရှိ ခြံတစ်ခြံမှ ရရှိသည်။ ထိုသို့ မရရှိမည် ကြားကာလတွင် သွားတိုက် ဆေးသိပ်လျှင် ပျောက်သည်ဟု ပြောသဖြင့် သိပ်လိုက်ရာ ယောင်သွားသဖြင့် ပို၍ခံရခက်သည်။ မီးသွေးကို ထောင်းပြီး သိပ်ရသည်ဆိုသဖြင့်လည်း အဆောင်ရှိ မီးဖိုမှ မီးသွေးတောင်းပြီးလည်း ထောင်း၍ သိပ်ဖူးသည်။

ရေယုန်၏ ဒဏ်ချက်မှာ အလွန်ဆိုးသည်။ အနာကျက်လိုက်၊ အနာဖေး ခွာလိုက်၊ ပြန်နာလိုက်ဖြင့် အတော်ပင် ကြာသည်။ နောက်ဆုံး အနာရွတ် ကျန်ခဲ့သည်။ ၁၉၇၄ ခုနှစ်က ပေါက်ခဲ့သော ရေယုန်၏ အနာ ရွတ်မှာ ယခု အနှစ်လေးဆယ်ကျော်အထိ နှုတ်ခမ်းထောင့်တွင် အမဲစက်ကဲ့သို့ ကျန်နေသေးသည်။

ယနေ့ တစ်နေ့တည်းမှာပင် စာရေးသူ၏ ဆေးခန်းသို့ ရေယုန်ပေါက်သူ နှစ်ဦး လာပြသည်။ ရေယုန် ပြရန်လာခြင်းမဟုတ်။ ရေယုန်က အင်္ဂလိပ်ဆေးလိမ်း၍ ပျောက်ပြီဖြစ်သည်။ နောက်ဆက်တွဲအဖြစ်အကြော များ နာနေသဖြင့် လာပြခြင်း ဖြစ်သည်။

ပထမတစ်ဦးမှာ အသက်(၅၀)ကျော် ယောကျ်ားကြီး တစ်ဦးဖြစ်သည်။ လွန်ခဲ့သော လက ရေယုန် ပေါက်သည်။ အင်္ဂလိပ်ဆေးခန်း ပြသည်။ ဆရာဝန်က ဆေးထိုးပေးသည်။ ရေယုန်လိမ်းဆေး (ညှစ်ဆေး တောင့်) ပေးသည်။ (၂)ပါတ်ကြာတော့ လုံးဝပျောက်ကင်း သွားသည်။ သို့သော် သူရေယုန်ပေါက်သည့် ညာ ဖက် ချိုင်းအောက်မှ ရှေ့ရင်ဘတ် တလျောက်မှာ အမာရွတ်များဖြင့် မဲနေပြီး ပူနေသလို ခံစားနေရသည်။ ညတွင် ပို၍ပူသည်။ အိပ်မပျော်ဟု ဆိုသည်။ ညာဖက် လက်မှာလည်း ချိုင်းအောက်မှာ အနာပေါက်ခဲ့သော ဒဏ်ဖြင့် ကောင်းစွာ မြှောက်မရဟု ဆိုသည်။

အခြားတစ်ဦးမှာ အသက် (၆၁)နှစ် အရွယ်ရှိ အငြိမ်းစား ဆရာမကြီး တစ်ဦးဖြစ်သည်။ သူဖြစ်နေ သည်မှာ ခန္ဓာကိုယ် တစ်ခြမ်းပူ၊ တစ်ခြမ်းအေး ဖြစ်နေသည်။ သေချာစွာ ပြောရလျှင် ခန္ဓာကိုယ် အပူအအေး မညီ။ ညာဖက်အခြမ်းမှာ အေးနေပြီး ဘယ်ဖက်အခြမ်းမှာ ပူနေသည်။ ညာဖက်ခြမ်းမှာ ချွေးထွက်သည်။ ဘယ်ဖက်ခြမ်းမှာ ချွေးမထွက် ဖြစ်နေသည်။ ထိုချွေးမထွက်သော အခြမ်းမှာ သူမ၏ အထင်အရ လွန်ခဲ့သော (၂)နှစ်က ရေယုန်ပေါက်ပြီး နောက်မှ ဖြစ်လာသည်ဟု ယူဆကြောင်း ပြောပြသည်။ လွန်ခဲ့သော (၂)နှစ်က ရေယုန် ဘယ်ဖက်အခြမ်း ခါးပတ်ပြီး ပေါက်သဖြင့် အင်္ဂလိပ်ဆေးဖြင့် (၁)လခန့် ကုခဲ့ရဘူးသည်ဟုပြော သည်။

ရေယုန်ပေါက်ခြင်းသည် အနောက်တိုင်း ဆေးပညာအရ ပိုးကြောင့် ဖြစ်သည်။ ဟားပီး (Herpes) ခေါ် ဗိုင်းရပ်(ခ) ပိုးကြောင့် ဖြစ်သည်။ သာမန်ရေယုန် (Herpes Simplex) နှင့် ရေယုန်ကြီး (Herpeies Zoster) ဟူ၍ နှစ်မျိုးရှိသည်။ ရေယုန်ကြီးကို မြန်မာအခေါ် ဆင်ရေယုန်ဟုလည်း ခေါ်သည်။ အရေပြား အောက်မှ ပြန်ရည်ကြောတလျောက် အမှီပြု၍ ပွားများပြီး အာရုံကြောကိုပါ ထိခိုက်စေနိုင်သော ဗိုင်းရပ် (ခ) ပိုးမျိုးဖြစ်သည်။

ရေယုန်သည် လေနှင့် နေရောင်ခြည် အထိအတွေ့ နည်းသော ချိုင်းအောက်၊ ရင်ဘတ်စသည် နေ ရာများတွင် ပို၍ ပွားလွယ်သည်ကို တွေ့ရသည်။ အထူးသဖြင့် ခါးတွင် ရေယုန်ပတ်ပြီး ပေါက်လျှင် သေ တတ်သည်ဟု ရှေးလူကြီးများက ပြောကြသည်။ ရေယုန်ဖြစ်လျှင် ပေါ့ပေါ့ မနေရန် ပြောခြင်းဖြစ်မည် ထင် သည်။ ခါးပတ်၍ ရေယုန်ပေါက်လျှင် အမှန်ပင် ပျောက်ခဲသည်။ ပျောက်ရန် ရက်ကြာသည်။

ယခုခေတ်တွင် ခန္ဓာကိုယ် ခုခံအား ကျသည့်ရောဂါ (AIDS) ဝေဒနာသည်များတွင် ရေယုန်ကြီးများ ပေါက်သည်ကို တွေ့ရှိလာရသဖြင့် ရေယုန်ကြီး ဖြစ်သူများကို ဆရာဝန်ကြီးများက (HIV)ပိုး ရှိ၊ မရှိ စစ်ဆေး မှု ပြုလုပ်သည်ကို တွေ့ရသည်။

အာယုဗေဒ ဆေးပညာမှ ရေယုန်ရောဂါ

အိန္ဒိယနိုင်ငံတွင် ရှေးနှစ်ပေါင်း တစ်ထောင်ကျော်က ပေါ်ပေါက်ခဲ့သော အာယုဗေဒ ဆေးပညာ ကျမ်းများကို လေ့လာကြည့်သောအခါ ရှေးကပင် ရေယုန်ရောဂါနှင့် ကုထုံးများ ရေးသားမှတ်တမ်း တင်ထား သည်ကို တွေ့ရသည်။

မြန်မာပညာရှင်များသည် အာယုဗေဒ ဆေးပညာကျမ်းများကို ဘိုးတော်ဘုရား လက်ထက်နှင့် မင်းတုန်းမင်းကြီး လက်ထက်တို့တွင် သက္ကဋစာပေမှ မြန်မာစာပေသို့ ပြန်ဆိုခဲ့ကြသည်။ အချို့တဝက်ကို ဘာသာ ပြန်နိုင်ခဲ့သော်လည်း အများအသုံးပြု နိုင်လောက်အောင် မပြည့်စုံခဲ့ပေ။ ၁၉၆၀ ခုနှစ် ဝန်းကျင်တွင် ရန်ကုန်မြို့တွင် အာယုဗေဒ ဆေးသိပ္ပံဆရာတော် ခေါ် သိမ်ဖြူဆရာတော်နှင့် ဆရာကြီး ဦးတင်ဦး (သီရိပ တု ဓမ္မာစရိယ)တို့က ဆက်၍ ဘာသာပြန်ဆိုခဲ့သည်။

အာယုဗေဒ ဆေးပညာ၏ မူလအခြေခံ ကျမ်းဖြစ်သော “အမြိတ္ကသာဂရ” ဆေးကျမ်း (၁၉၆၂ ဆရာ ကြီး ဦးတင်ဦး သက္ကဋမှ ဘာသာပြန်)တွင် ရောဂါနှင့် ကုထုံးဆိုင်ရာ ကဏ္ဍ(၇၁)ခု ဖော်ပြထားရာ… ရောဂါကု ထုံး (၆၇)တွင် “ရေယုန်နာ” အကြောင်း ရေးသား ဖော်ပြထားသည်။

ထိုအာယုဗေဒ ကျမ်းတွင် ပိုးရောဂါ အကြောင်းကို ဖော်ပြထားပြီး… ပိုးမျိုး (၂၀) ရှိသည်ကို ပြထား သည်။

၁။ အညစ်အကြေးမှ ဖြစ်သော ပိုး(၂)မျိုး

၂။ သလိပ်မှဖြစ်သော ပိုး(၇)မျိုး

၃။ သွေးမှဖြစ်သော ပိုး(၆)မျိုး

၄။ ကျင်ကြီးမှ ဖြစ်သော ပိုး(၅)မျိုး

ထိုအထဲတွင် သွေးမှဖြစ်သော ပိုး(၆)မျိုး

၁။ သောရမည်သောပိုး (အရေပြားပိုး)

၂။ မာတု မည်သောပိုး (ပိုးမကြီး)

၃။ ကေသာဒ မည်သောပိုး (ဆံစားပိုး)

၄။ ရောမဒ္ဒိပ မည်သောပိုး (မွေးကွက်ပိုး)

၅။ ဥ ဗ္ဘရ မည်သောပိုး (ပိုးသဖန်း)

၆။ ရောမဝိဒ္ဓံသ မည်သောပိုး (မွေးကျွတ်ပိုး)

အထက်ပါ ပိုးမျိုးမျိုးတို့တွင် ရေယုန်သည် (အရေပြားပိုး)တွင် ပါဝင်မည်ဟု ယူဆရသည်။ ထိုပိုး ကြောင့် ခန္ဓာကိုယ်၌ အဖျားရောဂါ ဖြစ်တက်၏။ ခန္ဓာကိုယ် အရောင်အသွေးသည် အမျိုးမျိုး ဖြစ်၏။ ဝမ်းဗိုက် ၌ ထိုးကျင်၏။ နှလုံး၌ နာကျင်၏။ ပျို့အန်၏။ မူးဝေ၏။ အစားအစာ မစားချင်သော ဝမ်းသက်ရောဂါ ဖြစ်၏။ စသည်ဖြင့် နောက်ဆက်တွဲ ရောဂါများကိုပါ ဖော်ပြထားသည်ကို တွေ့ရသည်။ (ရှေးက ဆေးဆရာများ သည် ပိုးအကြောင်းကို မသိဆိုသည်မှာ မမှန်ကန်ပေ)

ကျမ်းတွင် ဖော်ပြထားသည်မှာ…

ဝိသပ္ပ- ရေယုန်နာ။ ။ ဆားကိုအစားများခြင်းကြောင့်၄င်း၊ အချဉ်ကို အစားများခြင်းကြောင့်၄င်း၊ ပူသော အစာအာဟာရကို အစားများခြင်းကြောင့်၄င်း၊ ဝိသပ္ပရောဂါခေါ် ရေယုန်နာ​ ဖြစ်ပွား၏။

မသင့်တင့်သော အစာတို့ကို စားခြင်းကြောင့် လေသည် ဖောက်ပြန်၍ ခန္ဓာကိုယ်၏ များစွာသော နေရာတို့၌ အလုံးများ ပေါက်၏။ ထို့နောက် အနာလုံးတို့သည် ပွားများပျံ့နှံ့လာ၏။

ထိုအနာတို့သည် နာကျင်ကိုက်ခဲ၏။ အလွန် ယား၏။

ဒသင်္ဂလိမ်းဆေး။ ။ သနပ်ခါး၊ ကုက္ကိုမြစ်၊ နွယ်ချို၊ နံ့သာနီ၊ ဖာလာစေ့၊ လင်းနေကြီး၊ နနွင်း ၂-မျိုး (နနွင်းဝါ၊ နနွင်းနက်)၊ ရှဉ့် မတက်၊ ဤအလုံးစုံတို့ကို ရေနှင့်သွေး၍ ထောပတ်နှင့် လိမ်းကျံခဲ့ပေးခဲ့သော် အလုံးစုံသော ဝိသပ္ပအနာတို့ ပျောက်ကင်း၏။

တစ်နည်း။ ။ ရှမ်းဆေးခါး၊ မုရားကြီးရွက်၊ ကုလားဆောင်းမေးခါး၊ သင်္ဘောဗုံလုံရွက်၊ တြိဖိုလ်၊ နံ့သာနီ၊ တမာခေါက် ဤအလုံးစုံသော ဆေးတို့ကို ပြုပ်၍ သောက်ခဲ့သော် ဝိသပ္ပအနာ၊ ပူလောင်သောရောဂါ၊ ဖျား သောရောဂါ၊ ဖေါရောင်သောအနာ၊ ယားသောအနာ၊ ပျို့အန်ခြင်းတို့သည် ပျောက်ကင်း၏။ ထိုမှတစ်ပါး ကုက္ကိုခေါက်ကို ထောပတ်နှင့် ရော၍ လိမ်းကျံခဲ့သော် ဝသပ္ပအနာ ပျောက်ကင်း၏။

(ဤသည်မှာ ရှေးဟောင်း အာယုဗေဒ ဆေးကျမ်းပါ ရေယုန်ကုထုံး အကြောင်းပင်ဖြစ်သည်။)

ရေယုန်သည် အပူနာပင်ဖြစ်သည်။ ကိုယ်အပူချိန်ငွေ့ငွေ့နှင့် ဖျားလာတက်သည်။ သို့သော် ရေယုန် ပိုးသည် အဖျားပိုးတော့ မဟုတ်ပေ။ အရေပြားနှင့် အာရုံကြောများကို ရောင်စေသော ပိုးသာဖြစ်သည်။

ရေယုန်ဖြစ်လျှင် ရေမချိုးရ၊ ရေထိလျှင် ပွားတက်သည်ဟု ဆိုကြသည်။ အမှန်က ရေမချိုးလျှင် ကိုယ်အပူချိန် ပိုတက်လာပြီး ဖျားနိုင်သည်။ ရေချိုးပေးပြီး အနာပေါ်တွင် ရေမတင်အောင် ဝါဂွမ်းဖြင့် သုတ် ပေးခြင်းသာ အကောင်းဆုံး ဖြစ်သည်။ အနာသန့်စင်သည့် ဆေးရည်များ ရေခြောက်ပြီးနောက် သုတ်လိမ်း ပေးပါ။

ရေယုန်အတွက် မြန်မာ့ရိုးရာ ဆေးနည်းတိုများ..

– ကင်းမုံရွက်ကို သန့်စင်အောင် ရေဆေးပြီး သတ္တုရည်ညှစ်ယူ အနာပေါ်တွင် မကြာခန သုတ်လိမ်း ပေးပါ။ အရည်ဆွတ်ပေးပါက ရေယုန်နာ ခြောက်ပြီး မပြန့်ပွားနိုင်။

– ကျွန်းသားမီးသွေးကို အမှုန့်ထောင်းခြေ၊ အုန်းဆီဖြင့် ဖျော်ပြီး ရေယုန်အနာတွင် သုတ်လိမ်းပေးပါ။

– လေးညှင်းပွင့်ကို အမှုန့်ထောင်းပြီး အနာပေါ်တွင် ဖြူးပေးပါ၊ သို့မဟုတ် သွေးလိမ်းပါ။

– ပိစပ်ရွက်၊ ကုက္ကိုရွက်များ ပြုတ်၍ ရေယုန်အနာကို ဖန်ဆေးပေးနိုင်သည်။

– နှုတ်ခမ်းထောင့်တွင် ပေါက်သော ရေယုန်နာကို ထမင်းအိုးတည်ပြီး ပွက်သောအခါ ရသည့်အမြုပ် ဖြင့် ခံနိုင်သမျှ အပူခံပြီး တို့ပေးလျှင် ပျောက်ကင်းနိုင်သည်။

– ကြောင်ပန်းရွက် အရည်ညှစ် လိမ်းပါ။ သောက်လည်းသောက်ပါ။

– ကွမ်းရွက်ကို ချေပြီး အဖတ်လေးများဖြစ်အောင် ပြုလုပ်၍ ကပ်ပေးပါ။

– ကုက္ကိုခေါက် အမှုန့်ကို ထောပတ်နှင့် ဖျော်၍လိမ်းပါ။

– ငုပင်မှရသော ငုရွက်သတ္တုရည်ကို လိမ်းကျံပေးပါ။

– ပူစီနံရွက် (ပူဒီနာ)ကို အရည်ညှစ်ပြီး သုတ်လိမ်းပေးပါ။ ပူဒီနာရွက်ကို စားပေးလျှင် ရေယုန်နာ ကိုက်ခဲခြင်း သက်သာပြီး အရောင်ကျစေသည်။

– သံပရာရည်နှင့် ပျားရည်ရောစပ်၍ သုတ်လိမ်းပေးလျှင် ရေယုန်နာ ပြန့်ပွားခြင်းကို တားဆီးနိုင် သည်။

– ရေသဖန်းပင်ကို ဓားဖြင့်ထစ်ပါက အစေးအဖြူများ ထွက်လာမည်။ ထိုအစေးဖြင့် သုတ်လိမ်းပေးပါ။

– ခွေးတောက်ရွက်ကို မီးကင်ပြီး အရည်ညှစ်၍ သုတ်လိမ်းပေးပါ။

– ရေသဖန်းရွက်ကို ပြာချ အုန်းဆီဖြင့် လိမ်းပါ။

– ညောင်ဗောဓိ အမြစ်ခေါက်ကို ရေဖြင့် ထက်ဝက်ခမ်းအောင် ကျို၍သောက်လျှင် ရေယုန်ကြီးနာ ပျောက်၏။

မှီငြမ်း (ရှေးဟောင်းပေစာနှင့် ဆေးကျမ်းများမှ)

ကြည်လွင်မြင့် (မုဒြာ)

မန္တလေးမြို့