







(Unicode Version)

ပရိသတ်တွေ ဇဝေဇဝါ ဖြစ်သွားစေတဲ့ Post လေးတစ်ခုအကြောင်းကို သရုပ်ဆောင် ခွန်းဆင့်နေခြည် ရှင်လင်း

ဟုတ်ကဲ့ပါရှင့် လွန်ခဲ့တဲ့ သုံးလေးရက်လောက်က ပရိသတ်တွေ ဇဝေဇဝါဖြစ်သွားစေတဲ့ Post လေးတစ်ခုရဲ့ အဖြေလေးကို ဖြေပေးပါ့မယ်နော်

သူထူးစံနဲ့ ခွန်းဆင့်နေခြည် ချီထားတဲ့ ကလေးရဲ့နာမည်က အိန္ဒြာမိုးမြင့် ဖြစ်ပါတယ် သူ့မိဘများ နာမည်က (ဦးရဲထွန်းမြတ်+ဒေါ်မြတ်စုခိုင်) ဖြစ်ပါတယ် ဒီကလေးက သရုပ်ဆောင် တစ်ယောက်ပါ

ဒီပုံလေးတွေက မိုင်တိုင် ၂၆ သရဲ ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်း ပုံလေးတွေပါ အဲ့ဒီပုံထဲက ကလေး လေးဟာလည်း အခုဆို အတော်ကြီးနေပါပြီ အခုလက်ရှိ အဲ့ဒီ့ကလေးရဲ့ ဓါတ်ပုံလေးကိုလည်း အောက်မှာ ထည့်ပေးထားပါတယ်

ဟုတ်ကဲ့ ဒီလောက်ဆို ပရိသတ်တွေ သိချင်နေကြတဲ့ သူထူးစံနဲ့ ခွန်းဆင့်နေခြည်တို့ ချီထားတဲ့ ကလေး လေးရဲ့မိဘတွေကိုလည်း သိခွင့်ရသွားပြီးဖြစ်သလို နောက်ထပ်တစ်ခု သိချင်နေသေးတဲ့ အဖြေကိုလည်း အလိုလို သိသွားလောက်ပါပြီနော်

ဒီပုံနဲ့ဒီစာ တွဲတင်ရတဲ့ အကြောင်းရင်းကတော့ Page ရဲ့ အက်မင်( Admin ) က ရေးတဲ့စာရဲ့ အကြောင်းအရာနဲ့ လိုက်ဖက်မယ်ထင်လို့ အပြုသဘောဆောင်၍ တင်လိုက်ခြင်းသာ ဖြစ်ပါတယ်ရှင့်

Source : Khunn Sint Nay Chi