ကာေမသုမိစၧာစာရကံရဲ႕ ဆုိးက်ိဳးမ်ား

ေရွးတုန္းက “ဧရကစၦျမိဳ႕” မွာ ေရႊပန္းတိမ္သည္ သူေဌးသား လူငယ္တစ္ေယာက္ ရွိခဲ့တယ္။ ဥစၥာေပါ ရုပ္ေခ်ာဆုိတာ လူတကာ ေငးရတာေပါ့။ ေငြရွိေတာ့ ထင္တုိင္းၾကဲ ပ်ိဳပိ်ဳအုိအုိ သူနဲ႔ ကင္းလြတ္သူ မရွိသေလာက္ပါပဲ။ ဒီလုိေပ်ာ္ပါးရင္းနဲ႔ပဲ ဘ၀ကုန္ဆုံးေတာ့ “ငရဲ” က်ေရာက္ပါတယ္။

“ငရဲ” က လြတ္ျပန္ေတာ့ ေမ်ာက္ဘ၀၊ ဆိတ္ဘ၀၊ ႏြားဘ၀ေတြမွာ ျဖစ္တယ္။ ျဖစ္တုိင္းပဲ သင္းကြပ္ျခင္းကုိ ခံရပါတယ္။ ႏြားဘ၀မွာ မ်က္စိကန္းလုိ႔ မက်န္းမမာ ျဖစ္ေနတာေတာင္ ထြန္ဆဲြရ၊ လွည္းရုန္းရနဲ႔ မျပတ္ လုပ္ေနရတယ္။

ေနာက္ဘ၀က်ေတာ့ “ကြ်န္အမ်ိဳးသမီး” တစ္ဦးရဲ႕ သားျဖစ္တယ္။ သားဆိုေပမယ့္ ေယာက်္ားမဟုတ္၊ မိန္းမဟုတ္တဲ့ “နပုံးပ႑ဳပ္”ပါ။ အသက္သုံးဆယ္မွာ ေသဆုံးလုိ႕ ဆင္းရဲသား လွည္းကူလီရဲ႕ သမီး ထပ္ျဖစ္ျပန္ေရာ။ အေၾကြးမေပးႏုိင္လို႕ ၊လွည္းကုန္သည္က လွည္းကူလီရဲ႕ သမီးကုိ အေၾကြးနဲ႔ သိမ္းလုိက္ပါတယ္။

၁၆ ႏွစ္ အရြယ္မွာ မယားရွိတဲ့ “လွည္းကုန္သည္သား” က ခ်စ္လွပါတယ္ဆုိၿပီး “မယားငယ္” အျဖစ္နဲ႔ သိမ္းပုိက္ခံရတယ္။ ေက်နပ္ေအာင္ ျပဳစုေသာ္လည္းပဲ “ေမတၱာစစ္” ကုိ မရခဲ့ပါဘူး။ အဲဘ၀ကေန ေသဆုံးေတာ့ ေဂါတမ ဘုရားရွင္ လက္ထက္မွာ “ဥေဇၨနီျပည္ သူေဌး” တစ္ဦးရဲ႕ “သမီး” ျဖစ္ပါတယ္။

အရြယ္ေရာက္ေတာ့ သာေကတ သူေဌးသား တစ္ေယာက္နဲ႔ လက္ထပ္ခဲ့တယ္။ လိမ္လိမ္မာမာေနကာ မယား၀တ္ ေက်ေအာင္ ျပဳစုပါေသာ္လည္း ေနာက္ေတာ့ လင္ရဲ႕ စြန္႔ပစ္ျခင္း ကုိ ခံရျပန္ပါတယ္။ ေနာက္တစ္ေယာက္နဲ႔ ထပ္ျပဳ၊ ျပန္ကဲြ။ ဒီလုိနဲ႔ “အိမ္ေထာင္ သုံးဆက္” ရွိတာ သုံးဆက္လုံး “လင္စြန္႔ပစ္တာ” ကုိ ခံရတယ္။ အျပစ္ မ်ားလွပါေပတယ္။

ေရႊပန္းထိမ္သည္ ဘ၀နဲ႔ ေငြကုိ ေရလုိသုံးခဲ့သမွ် ခံရတာ မသက္သာပါလား။ ေနာက္ဆုံးမွာေတာ့ “ဇိနဒတၱာေထရီမ” နဲ႔ ေတြ႕လုိ႕ တရားနာရတယ္။ ဘိကၡဳနီမ ၀တ္တရား အားထုတ္လုိက္တာ “ရဟႏၱာမ” ျဖစ္သြား ပါေတာ့တယ္။ ဒီေတာ့မွ “ကာေမသုမိစၦာစာရကံရဲ႕ ၀ဋ္ေႂကြး”မွ လြတ္ေျမာက္ သြားပါေတာ့တယ္။

သူမ်ား သားမယား ေဖာက္ျပားတဲ့ကံဟာ ဆုိးက်ိဳးမ်ားျပား လွပါတယ္။ ဒါေၾကာင့္ပဲ ေရွးဆရာေတာ္မ်ားက လူအမ်ားတုိ႔ ကာေမသု မိစၦာစာရ အျပစ္မ်ားကုိ အလြယ္တကူ သိရွိၾကၿပီး ေရွာင္ၾကဥ္ ႏိုင္ၾကရန္အတြက္ ခုလုိ ကဗ်ာ စပ္ခဲ့ပါတယ္။

“သူ႕လင္သူမယား၊ မေရွာင္ရွားဘဲ၊ ျပစ္မွားေလမႈ၊ ထုိသည့္သူအား၊ ရန္သူေပါမ်ား၊ ခ်စ္သူရွား၏။

ေယာက်ားမပီ၊ မ,မပီပဲ၊ မၾကည္အိေျႏၵ၊ က်က္သေရမရွိ၊ ဟိရိမကပ္၊ ၾသတၱပ္ကင္းကြာ၊ အဂၤါခ်ိဳတဲ့၊ ရွိန္ေဇာ္မဲ့၍၊ ခ်ိဳ႕တဲ့ဥစၥာ၊ ဆင္းရဲရွာ၏။

ကဲြကြာခ်စ္သူ၊ ေသာကဆူလ်က္၊ စိတ္ပူျပင္းျပ၊ စုိးေၾကာင့္ၾကႏွင့္၊ လားရဒုဂၢတိ၊ ဆင္းရဲဖိသည္။

ရ၏ဆုိးက်ိဳးမ်ားစြာတည္း။”

အရမ္း ေၾကာက္စရာ ေကာင္းလွပါတယ္။ စာခ်စ္ ပရိသတ္မ်ားလည္း ဒီလုိ “၀ဋ္” မ်ိဳးမခံရေအာင္ “ကာေမသုမိစၦာစာရကံ” ကုိ ေရွာင္ၾကဥ္ၿပီး အခ်စ္စစ္ကုိရွာ ဘ၀ လက္တဲြေဖာ္နဲ႔သာ လွပတဲ့ ဘ၀ တစ္ခု တည္ေဆာက္ဖုိ႔ တုိက္တြန္းပါတယ္။

ေရႊစမ္းေျမ အရွင္က၀ိဓဇသာရ

Photo Credit : Ko Aung Kyaw Khin

Source : Dhamma Dãna

(Unicode Version)

ကာမေသုမိစ္ဆာစာရကံရဲ့ ဆိုးကျိုးများ

ရှေးတုန်းက “ဧရကစ္ဆမြို့” မှာ ရွှေပန်းတိမ်သည် သူဌေးသား လူငယ်တစ်ယောက် ရှိခဲ့တယ်။ ဥစ္စာပေါ ရုပ်ချောဆိုတာ လူတကာ ငေးရတာပေါ့။ ငွေရှိတော့ ထင်တိုင်းကြဲ ပျိုပျိုအိုအို သူနဲ့ ကင်းလွတ်သူ မရှိသလောက်ပါပဲ။ ဒီလိုပျော်ပါးရင်းနဲ့ပဲ ဘဝကုန်ဆုံးတော့ “ငရဲ” ကျရောက်ပါတယ်။

“ငရဲ”က လွတ်ပြန်တော့ မျောက်ဘဝ၊ ဆိတ်ဘဝ၊ နွားဘဝတွေမှာ ဖြစ်တယ်။ ဖြစ်တိုင်းပဲ သင်းကွပ်ခြင်းကို ခံရပါတယ်။ နွားဘဝမှာ မျက်စိကန်းလို့ မကျန်းမမာ ဖြစ်နေတာတောင် ထွန်ဆွဲရ၊ လှည်းရုန်းရနဲ့ မပြတ် လုပ်နေရတယ်။

နောက်ဘဝကျတော့ “ကျွန်အမျိုးသမီး” တစ်ဦးရဲ့ သားဖြစ်တယ်။ သားဆိုပေမယ့် ယောကျ်ားမဟုတ်၊ မိန်းမဟုတ်တဲ့ “နပုံးပဏ္ဍုပ်”ပါ။ အသက်သုံးဆယ်မှာ သေဆုံးလို့ ဆင်းရဲသား လှည်းကူလီရဲ့ သမီး ထပ်ဖြစ်ပြန်ရော။ အကြွေးမပေးနိုင်လို့ ၊လှည်းကုန်သည်က လှည်းကူလီရဲ့ သမီးကို အကြွေးနဲ့ သိမ်းလိုက်ပါတယ်။

၁၆ နှစ် အရွယ်မှာ မယားရှိတဲ့ “လှည်းကုန်သည်သား” က ချစ်လှပါတယ်ဆိုပြီး “မယားငယ်” အဖြစ်နဲ့ သိမ်းပိုက်ခံရတယ်။ ကျေနပ်အောင် ပြုစုသော်လည်းပဲ “မေတ္တာစစ်” ကို မရခဲ့ပါဘူး။ အဲဘဝကနေ သေဆုံးတော့ ဂေါတမ ဘုရားရှင် လက်ထက်မှာ “ဥဇ္ဇေနီပြည် သူဌေး” တစ်ဦးရဲ့ “သမီး” ဖြစ်ပါတယ်။

အရွယ်ရောက်တော့ သာကေတ သူဌေးသား တစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။ လိမ်လိမ်မာမာနေကာ မယားဝတ် ကျေအောင် ပြုစုပါသော်လည်း နောက်တော့ လင်ရဲ့ စွန့်ပစ်ခြင်း ကို ခံရပြန်ပါတယ်။ နောက်တစ်ယောက်နဲ့ ထပ်ပြု၊ ပြန်ကွဲ။ ဒီလိုနဲ့ “အိမ်ထောင် သုံးဆက်” ရှိတာ သုံးဆက်လုံး “လင်စွန့်ပစ်တာ” ကို ခံရတယ်။ အပြစ် များလှပါပေတယ်။

ရွှေပန်းထိမ်သည် ဘဝနဲ့ ငွေကို ရေလိုသုံးခဲ့သမျှ ခံရတာ မသက်သာပါလား။ နောက်ဆုံးမှာတော့ “ဇိနဒတ္တာထေရီမ” နဲ့ တွေ့လို့ တရားနာရတယ်။ ဘိက္ခုနီမ ၀တ်တရား အားထုတ်လိုက်တာ “ရဟန္တာမ” ဖြစ်သွား ပါတော့တယ်။ ဒီတော့မှ “ကာမေသုမိစ္ဆာစာရကံရဲ့ ၀ဋ်ကြွေး”မှ လွတ်မြောက် သွားပါတော့တယ်။

သူများ သားမယား ဖောက်ပြားတဲ့ကံဟာ ဆိုးကျိုးများပြား လှပါတယ်။ ဒါကြောင့်ပဲ ရှေးဆရာတော်များက လူအများတို့ ကာမေသု မိစ္ဆာစာရ အပြစ်များကို အလွယ်တကူ သိရှိကြပြီး ရှောင်ကြဉ် နိုင်ကြရန်အတွက် ခုလို ကဗျာ စပ်ခဲ့ပါတယ်။

“သူ့လင်သူမယား၊ မရှောင်ရှားဘဲ၊ ပြစ်မှားလေမှု၊ ထိုသည့်သူအား၊ ရန်သူပေါများ၊ ချစ်သူရှား၏။

ယောကျားမပီ၊ မ,မပီပဲ၊ မကြည်အိန္ဒြေ၊ ကျက်သရေမရှိ၊ ဟိရိမကပ်၊ သြတ္တပ်ကင်းကွာ၊ အင်္ဂါချိုတဲ့၊ ရှိန်ဇော်မဲ့၍၊ ချို့တဲ့ဥစ္စာ၊ ဆင်းရဲရှာ၏။

ကွဲကွာချစ်သူ၊ သောကဆူလျက်၊ စိတ်ပူပြင်းပြ၊ စိုးကြောင့်ကြနှင့်၊ လားရဒုဂ္ဂတိ၊ ဆင်းရဲဖိသည်။

ရ၏ဆိုးကျိုးများစွာတည်း။”

အရမ်း ကြောက်စရာ ကောင်းလှပါတယ်။ စာချစ် ပရိသတ်များလည်း ဒီလို “၀ဋ်” မျိုးမခံရအောင် “ကာမေသုမိစ္ဆာစာရကံ” ကို ရှောင်ကြဉ်ပြီး အချစ်စစ်ကိုရှာ ဘဝ လက်တွဲဖော်နဲ့သာ လှပတဲ့ ဘဝ တစ်ခု တည်ဆောက်ဖို့ တိုက်တွန်းပါတယ်။

ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ

Photo Credit : Ko Aung Kyaw Khin

Source : Dhamma Dãna