သြား ကုိက္ေရာဂါမ်ား မည္သည့္နည္းနဲ႔ ကိုက္ကိုက္ ဘယ္ေလာက္ပဲ ကိုက္ကိုက္ (၅) မိနစ္အတြင္း ေပ်ာက္ကင္းသြားေစမယ့္ ေဆးနည္း

မည္သည့္နည္းနဲ႔ သြားကိုက္ကိုက္ အသံုး၀င္ထိေရာက္ေစေသာ သြားကိုက္သြားနာ ေဆးနည္းတစ္လက္မွာ

(၁) ကပ္ေစးႏွဲသီးမ်ားကို မီးျဖင့္ကြ်မ္းေအာင္ေလွာ္

(၂) အမွဳန္႔ေထာင္းျပီး ဖန္ပုလင္းထဲထည့္

(၃) ကိုက္ပါတယ္ဆိုတဲ႔ သြားကို ေဆးမွဳန္႔သိပ္ ေပးျခင္းျဖစ္ပါတယ္။

(၄) သြားဘယ္ေလာက္ပဲ ကိုက္ကိုက္ (၅) မိနစ္အတြင္း ေပ်ာက္ကင္းသြားမည္ဟု ဆရာၾကီးရန္ရွင္းကိုယ္တိုင္ မွာလိုက္ေၾကာင္းေဖၚျပထားပါတယ္။

နကၡတၱေရာင္ျခည္ မဂၢဇင္း စာအုပ္ေဟာင္းမွ ျဖစ္ပါတယ္။ သြားကိုက္ေပ်ာက္ေဆး ခ်ီးျမွင့္ေပးသူက ဆရာၾကီးရန္ရွင္း လို႔ ေဖာ္ျပ ေပးထားပါတယ္။ ဆရာၾကီးမွာ ေအာင္လံျမိဳ႕နဲ (၄) မိုင္ေ၀း တဲ႔ သံရြာကလို႔ ဆိုပါတယ္။

ေရာဂါ ေ၀ဒနာ တစ္ခုအတြက္ အရြက္ တစ္မ်ိဳးတည္း၊ ေဆးျမစ္ တစ္မ်ိဳးတည္းနဲ႔ ကုသလို႔ ရတဲ႔ ျမစ္ခ်င္းျပီး ေဆးနည္း တို ေတြျပည့္လိုပါ။ တည့္ မတည့္ ေပ်ာက္မေပ်ာက္ ဆိုတာကို ေတာ့ ကိုယ္တိုင္သံုးၾကည့္ မွ သိမွာပါလို႔ ေဖာ္ျပ ထားပါတယ္။

အစ္မ ျဖစ္သူမွာ မၾကာခဏ သြားကိုက္ပါတယ္။ ေန႔စဥ္ ေန႔တိုင္းလည္း နံနက္ ညသြားတိုက္ျခင္း၊ ဆားရည္ငံု ေထြးျခင္းလည္း လုပ္ပါတယ္။ ဒါေပမယ့္ သြားကိုက္ျခင္းက တစ္လ (၁) ခါ၊ ႏွစ္လ (၁) ခါ ျဖစ္ရကာ သြားေဆးခန္းကို သြားရ ၾကိမ္လည္း မနည္းေတာ့ပါ။ ခဏတာ သက္သာေသာ္လည္း အရွင္း ေပ်ာက္ကင္းျခင္း မရွိဘဲ ျဖစ္ေနပါေတာ့တယ္။ ေဆးနည္းလည္း စံုေနပါျပီ။

အသက္ၾကီး သူမ်ားပင္ မ်က္ရည္က်ေအာင္ ကိုက္ခဲနာ က်င္ျခင္း ခံရ ပါတယ္။

လက္ေတြ႔ အသံုးျပဳလိုစိတ္ျဖင့္ နကၡတၱေရာင္ျခည္ မဂၢဇင္းပါ ေဆးနည္းအတိုင္း လမ္းေဘး၀ဲယာ ေပါေပါသီသီ ေပါက္ေနသည့္ ႏြားျမီးကပ္(ေခၚ) ကပ္ေစးႏွဲပင္မွ အသီးမ်ားကို မီးကြ်မ္းေအာင္ ေလွာ္ျပီး ၊အမွဳန္႔ကို သိပ္ေပးၾကည့္ရာ အမွန္ပင္ သြားကိုက္ျခင္း ေပ်ာက္ကင္းျခင္း အျပင္၊ ယေန႔တိုင္သြား မကိုက္ေတာ့ပါ။

ႏြားျမီးကပ္(ေခၚ) ကပ္ေစးႏွဲပင္မွာ ျမန္မာျပည္အႏ႔ွံအေတာ္ မ်ားမ်ား ေပါက္ေနတတ္ပါတယ္။ သြားကိုက္ ေ၀ဒနာရွင္မ်ား အလြန္ေပါေသာ ကပ္ေစးႏွဲ (ႏြားျမီးကပ္) သီးကို ခူးျပီး ေလွာ္ရံု၊ အမွဳန္႔ျပဳရံု ေငြေၾကးမကုန္ဘဲ ေဆးတစ္ဖံု ေဖၚစပ္ထားလိုက္ပါ။

အဓိက သြားနာ၊ သြားကိုက္ ျဖစ္ေနၾကျပီး ေဆးရံု၊ ေဆးခန္း၊ သြား ဆရာ၀န္မ်ား ႏွင့္ ေ၀းကြာစြာ ရွိေနၾကေသာ ေက်းလက္ ေနျပည္သူ မ်ားအား ရည္စူးပါတယ္။

ေက်းလက္ေန သူတို႔အဖို႕ ႏြားျမီးကပ္ ( ကပ္ေစးနဲေစ႔) ကို သိၾကျပီး ျဖစ္ပါတယ္။

လိုသူတို႔သံုး လက္ေတြ႔အျပံဳးျဖင့္ ခံစားရ ခက္ေသာ သြားကိုက္၊ သြားနာေ၀ဒနာ ေပ်ာက္ကင္း နိုင္ၾကပါေစ။

စာကိုး နကၡတၱေရာင္ျခည္မဂၢဇင္း

မည္သည့္နည္းႏွင့္ပဲသြားကိုက္ကိုက္(ေလ့လာသူတစ္ဦး)

Credit : ရဲမ်ိဳးသူ(ေဗာဓိျမိဳင္)

(Unicode Version)

သွား ကိုက်ရောဂါများ မည်သည့်နည်းနဲ့ ကိုက်ကိုက် ဘယ်လောက်ပဲ ကိုက်ကိုက် (၅) မိနစ်အတွင်း ပျောက်ကင်းသွားစေမယ့် ဆေးနည်း

မည်သည့်နည်းနဲ့ သွားကိုက်ကိုက် အသုံးဝင်ထိရောက်စေသော သွားကိုက်သွားနာ ဆေးနည်းတစ်လက်မှာ

(၁) ကပ်စေးနှဲသီးများကို မီးဖြင့်ကျွမ်းအောင်လှော်

(၂) အမှုန့်ထောင်းပြီး ဖန်ပုလင်းထဲထည့်

(၃) ကိုက်ပါတယ်ဆိုတဲ့ သွားကို ဆေးမှုန့်သိပ် ပေးခြင်းဖြစ်ပါတယ်။

(၄) သွားဘယ်လောက်ပဲ ကိုက်ကိုက် (၅) မိနစ်အတွင်း ပျောက်ကင်းသွားမည်ဟု ဆရာကြီးရန်ရှင်းကိုယ်တိုင် မှာလိုက်ကြောင်းဖေါ်ပြထားပါတယ်။

နက္ခတ္တရောင်ခြည် မဂ္ဂဇင်း စာအုပ်ဟောင်းမှ ဖြစ်ပါတယ်။ သွားကိုက်ပျောက်ဆေး ချီးမြှင့်ပေးသူက ဆရာကြီးရန်ရှင်း လို့ ဖော်ပြ ပေးထားပါတယ်။ ဆရာကြီးမှာ အောင်လံမြို့နဲ (၄) မိုင်ဝေး တဲ့ သံရွာကလို့ ဆိုပါတယ်။

ရောဂါ ဝေဒနာ တစ်ခုအတွက် အရွက် တစ်မျိုးတည်း၊ ဆေးမြစ် တစ်မျိုးတည်းနဲ့ ကုသလို့ ရတဲ့ မြစ်ချင်းပြီး ဆေးနည်း တို တွေပြည့်လိုပါ။ တည့် မတည့် ပျောက်မပျောက် ဆိုတာကို တော့ ကိုယ်တိုင်သုံးကြည့် မှ သိမှာပါလို့ ဖော်ပြ ထားပါတယ်။

အစ်မ ဖြစ်သူမှာ မကြာခဏ သွားကိုက်ပါတယ်။ နေ့စဉ် နေ့တိုင်းလည်း နံနက် ညသွားတိုက်ခြင်း၊ ဆားရည်ငုံ ထွေးခြင်းလည်း လုပ်ပါတယ်။ ဒါပေမယ့် သွားကိုက်ခြင်းက တစ်လ (၁) ခါ၊ နှစ်လ (၁) ခါ ဖြစ်ရကာ သွားဆေးခန်းကို သွားရ ကြိမ်လည်း မနည်းတော့ပါ။ ခဏတာ သက်သာသော်လည်း အရှင်း ပျောက်ကင်းခြင်း မရှိဘဲ ဖြစ်နေပါတော့တယ်။ ဆေးနည်းလည်း စုံနေပါပြီ။

အသက်ကြီး သူများပင် မျက်ရည်ကျအောင် ကိုက်ခဲနာ ကျင်ခြင်း ခံရ ပါတယ်။

လက်တွေ့ အသုံးပြုလိုစိတ်ဖြင့် နက္ခတ္တရောင်ခြည် မဂ္ဂဇင်းပါ ဆေးနည်းအတိုင်း လမ်းဘေးဝဲယာ ပေါပေါသီသီ ပေါက်နေသည့် နွားမြီးကပ်(ခေါ်) ကပ်စေးနှဲပင်မှ အသီးများကို မီးကျွမ်းအောင် လှော်ပြီး ၊အမှုန့်ကို သိပ်ပေးကြည့်ရာ အမှန်ပင် သွားကိုက်ခြင်း ပျောက်ကင်းခြင်း အပြင်၊ ယနေ့တိုင်သွား မကိုက်တော့ပါ။

နွားမြီးကပ်(ခေါ်) ကပ်စေးနှဲပင်မှာ မြန်မာပြည်အနှ့ံအတော် များများ ပေါက်နေတတ်ပါတယ်။ သွားကိုက် ဝေဒနာရှင်များ အလွန်ပေါသော ကပ်စေးနှဲ (နွားမြီးကပ်) သီးကို ခူးပြီး လှော်ရုံ၊ အမှုန့်ပြုရုံ ငွေကြေးမကုန်ဘဲ ဆေးတစ်ဖုံ ဖေါ်စပ်ထားလိုက်ပါ။

အဓိက သွားနာ၊ သွားကိုက် ဖြစ်နေကြပြီး ဆေးရုံ၊ ဆေးခန်း၊ သွား ဆရာဝန်များ နှင့် ဝေးကွာစွာ ရှိနေကြသော ကျေးလက် နေပြည်သူ များအား ရည်စူးပါတယ်။

ကျေးလက်နေ သူတို့အဖို့ နွားမြီးကပ် ( ကပ်စေးနဲစေ့) ကို သိကြပြီး ဖြစ်ပါတယ်။

လိုသူတို့သုံး လက်တွေ့အပြုံးဖြင့် ခံစားရ ခက်သော သွားကိုက်၊ သွားနာဝေဒနာ ပျောက်ကင်း နိုင်ကြပါစေ။

စာကိုး နက္ခတ္တရောင်ခြည်မဂ္ဂဇင်း

မည်သည့်နည်းနှင့်ပဲသွားကိုက်ကိုက်(လေ့လာသူတစ်ဦး)

Credit : ရဲမျိုးသူ(ဗောဓိမြိုင်)