သူတစ္ပါး မိသားစုကုိ ဖ်က္ဆီးရင္ ကာေမသုမိစာၦစာရကံ ျပန္ခံရမယ္လို႔ ခ်မ္းခ်မ္း ရင္ဖြင့္

အႏုပညာရွင္လမ္းေၾကာင္းေပၚကို အခက္အခဲေတြနဲ႔ေလွ်ာက္လွမ္းခဲ့ရၿပီး ေအာင္ျမင္မႈေတြရယူႏုိင္ခဲ့ေပမယ့္ သူမ ခ်စ္ျမတ္ႏုိးစြာ တည္ေဆာက္ခဲ့တဲ့အိမ္ေထာင္ေရးက ေလးႏွစ္သက္တမ္းအေရာက္မွာ ျပႆနာေတြနဲ႔ ရင္ဆုိင္ခဲ့ရပါတယ္။ ဒီျပႆနာေတြေၾကာင့္ သူမကိုခ်စ္တဲ့ပရိသတ္ေတြမွာ စိုးရိမ္ပူပန္မႈေတြ ျဖစ္ေပၚခဲ့ေပမယ့္ သူမရဲ႕ စတုတၳေျမာက္ ေတးစီးရီးျဖစ္တဲ့ ‘သုိ႔ … ခ်စ္ေနတုန္းပဲ’ အမည္ရွိ တကိုယ္ေတာ္ေတးစီးရီးမိတ္ဆက္ပြဲကုိ ဒီဇင္ဘာ ၁ ရက္မွာ ျပဳလုပ္ခဲ့ပါတယ္။ ခ်မ္းခ်မ္းက ဒီပြဲမွာ သူမရဲ႕အိမ္ေထာင္ေရးျပႆနာတခ်ဳိ႕ကို ဖြင့္ဟလာပါတယ္။

“ဘယ္သူ႔ကိုမွ Personal မထိခုိက္ခ်င္ဘူး။ ဘယ္သူဘယ္၀ါဆုိတာကိုလည္း ဖြင့္မေျပာခ်င္ဘူး။ ခံရတဲ့သူက ခ်မ္းခ်မ္းကုိယ္တုိင္ျဖစ္လို႔ ကုိယ္နာက်င္ရတာ ကုိယ္အသိဆံုးပါ။ ကုိယ့္ေၾကာင့္ သူမ်ားထမင္းအိုးကြဲမွာမ်ဳိးကုိ မလိုလားေပမယ့္ အမွန္တရားဆိုတာကိုသိဖုိ႔ေတာ့ လုိအပ္တယ္လို႔ ခ်မ္းခ်မ္းထင္တယ္။ ၿပီးေတာ့ ခ်မ္းခ်မ္းလို အျဖစ္မ်ဳိး တျခားမိသားစုေတြကုိ မခံစားေစခ်င္ဘူး။ သူမ်ား မိသားစုကုိ ဖ်က္ဆီးတာ ကာေမသုမိစာၦစာရကံခံရ မွာပါ။ အခုေခတ္မွာ ၀ဋ္ဆိုတာ ဘ၀မကူးဘူးဆိုတာ သိေစခ်င္တယ္။ ညီမ ဗုဒၶဘာသာမဟုတ္ေပမယ့္ သူတပါး အိမ္ရာကုိ က်ဴးေက်ာ္တာ မေကာင္းဘူးေလ။ မေကာင္းတာလုပ္ရင္ မေကာင္းတာခံရမယ္ဆိုတာ ဘာသာတုိင္း မွာရွိတာပဲ။ ဘာသာေရးအရေရာ၊ လူ႔က်င့္၀တ္အရပါ မလုပ္သင့္တာေတြရွိပါတယ္။ ဒီလုိျပစ္မႈမ်ဳိးကုိ ခ်မ္းခ်မ္း ခြင့္မလႊတ္ဘူး။ အဲဒီအတြက္ အခ်ိန္ယူဖို႔ေတာ့ အမ်ားႀကီးလိုအပ္ပါတယ္။ သူတုိ႔အေပၚမွာ ဘာစိတ္မွမရွိဘူး။ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနႏုိင္ၾကပါေစလို႔ပဲ ဆုေတာင္းေပးတယ္”လို႔ ခ်မ္းခ်မ္းက ေျပာပါတယ္။

 

ၿပီးခဲ့တဲ့ ႏုိ၀င္ဘာ ၂၄ ရက္ထုတ္ ေၾကးမံု သတင္းစာမွာပါရွိခဲ့တဲ့ ကြာရွင္းျပတ္စဲျခင္းေၾကညာခ်က္ေၾကာင့္ သူမရဲ႕အိမ္ေထာင္ေရး အဆင္မေျပမႈအေပၚ ပရိသတ္ေတြက က႐ုဏာသက္ၾကပါတယ္။ သမီးေလးတေယာက္လည္း ပုိင္ဆုိင္ထားၿပီျဖစ္လို႔ ခင္ပြန္းျဖစ္သူ ဘုဏ္းသုိက္အေပၚ ျပန္လည္ေပါင္းသင္းရန္ ဆႏၵရွိ၊ မရွိကိုေတာ့ ေတးသံရွင္ခ်မ္းခ်မ္းက အခုလို႔ ဆက္ေျပာပါတယ္။

“အစ္ကုိနဲ႔ ျပန္ေပါင္းဖို႔ကလည္း တေယာက္နဲ႔ တေယာက္ ညႇိရဦးမွာပါ။ ခ်မ္းခ်မ္းဘက္က အစ္ကုိလိုခ်င္တဲ့အခ်က္ေတြကို လုိက္ေလ်ာေပးႏုိင္သလို ခ်မ္းခ်မ္း လိုခ်င္တဲ့အခ်က္ေတြကိုလည္း အစ္ကုိ႔ဘက္က လိုက္ေလ်ာႏုိင္မယ္ဆုိရင္ ျပန္စဥ္းစားမွာပါ။ အိမ္ေထာင္တခုမွာ အဓိက ကတိတည္ဖို႔၊ သစၥာရွိဖုိ႔ အေရးႀကီးပါတယ္။ ခ်မ္းခ်မ္းလိုခ်င္တဲ့ သစၥာရွိရွိ ေနသြားမယ္ဆိုတဲ့ကတိ ေပးႏုိင္မယ္ဆိုရင္ ျပန္စဥ္းစားမွာပါ”လို႔ ဆိုပါတယ္။

“သုိ႔ … ခ်စ္ေနတုန္းပဲ”စီးရီးက ခ်မ္းခ်မ္းရဲ႕ စတုတၳေျမာက္ေတးစီးရီးပါ။ ပရိသတ္ေတြအတြက္ပဲျဖစ္ျဖစ္ ဘယ္သူ႕ အတြက္ျဖစ္ျဖစ္ ဘယ္သူ႔အတြက္ပဲျဖစ္ျဖစ္ေပါ့ေနာ္။ သို႔ … လုိ႔ စခ်ီၿပီး အေ၀းတေနရာကိုေရာက္ေနတဲ့ ကုိယ္ခ်စ္ရတဲ့သူဆီကုိ ပို႔ေပးလိုက္တဲ့ ခ်မ္းကေန သူတုိ႔ကုိ ခ်စ္ေနတုန္းပဲဆိုတဲ့သေဘာပါ။ ဒီသီခ်င္းေလးကို ခ်မ္းကုိယ္တုိင္ေရြးထားတာပါ။ ေတးေရး ကုိၾကည္ေလး ေရးေပးထားတယ္။ ကုိယ္အားထားရတဲ့ သီခ်င္းတပုဒ္ကုိ ထည့္လုိက္တာပါ။ ပရိသတ္အႀကိဳက္ကုိ ဦးစားေပးၿပီး လုပ္ထားတဲ့ ဒီအေခြထဲမွာ သီခ်င္း ၁၃ ပုဒ္ပါပါတယ္”လုိ႔ ေတးသံရွင္ခ်မ္းခ်မ္းက ေျပာပါတယ္။

ကလ်ာေဆြ

Photo- ေရႊဖီး

Source : News Watch

(Unicode Version)

သူတစ်ပါး မိသားစုကို ဖျက်ဆီးရင် ကာမေသုမိစ္ဆာစာရကံ ပြန်ခံရမယ်လို့ ချမ်းချမ်း ရင်ဖွင့်

အနုပညာရှင်လမ်းကြောင်းပေါ်ကို အခက်အခဲတွေနဲ့လျှောက်လှမ်းခဲ့ရပြီး အောင်မြင်မှုတွေရယူနိုင်ခဲ့ပေမယ့် သူမ ချစ်မြတ်နိုးစွာ တည်ဆောက်ခဲ့တဲ့အိမ်ထောင်ရေးက လေးနှစ်သက်တမ်းအရောက်မှာ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီပြဿနာတွေကြောင့် သူမကိုချစ်တဲ့ပရိသတ်တွေမှာ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် သူမရဲ့ စတုတ္ထမြောက် တေးစီးရီးဖြစ်တဲ့ ‘သို့ … ချစ်နေတုန်းပဲ’ အမည်ရှိ တကိုယ်တော်တေးစီးရီးမိတ်ဆက်ပွဲကို ဒီဇင်ဘာ ၁ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။ ချမ်းချမ်းက ဒီပွဲမှာ သူမရဲ့အိမ်ထောင်ရေးပြဿနာတချို့ကို ဖွင့်ဟလာပါတယ်။

“ဘယ်သူ့ကိုမှ Personal မထိခိုက်ချင်ဘူး။ ဘယ်သူဘယ်ဝါဆိုတာကိုလည်း ဖွင့်မပြောချင်ဘူး။ ခံရတဲ့သူက ချမ်းချမ်းကိုယ်တိုင်ဖြစ်လို့ ကိုယ်နာကျင်ရတာ ကိုယ်အသိဆုံးပါ။ ကိုယ့်ကြောင့် သူများထမင်းအိုးကွဲမှာမျိုးကို မလိုလားပေမယ့် အမှန်တရားဆိုတာကိုသိဖို့တော့ လိုအပ်တယ်လို့ ချမ်းချမ်းထင်တယ်။ ပြီးတော့ ချမ်းချမ်းလို အဖြစ်မျိုး တခြားမိသားစုတွေကို မခံစားစေချင်ဘူး။ သူများ မိသားစုကို ဖျက်ဆီးတာ ကာမေသုမိစ္ဆာစာရကံခံရ မှာပါ။ အခုခေတ်မှာ ၀ဋ်ဆိုတာ ဘဝမကူးဘူးဆိုတာ သိစေချင်တယ်။ ညီမ ဗုဒ္ဓဘာသာမဟုတ်ပေမယ့် သူတပါး အိမ်ရာကို ကျူးကျော်တာ မကောင်းဘူးလေ။ မကောင်းတာလုပ်ရင် မကောင်းတာခံရမယ်ဆိုတာ ဘာသာတိုင်း မှာရှိတာပဲ။ ဘာသာရေးအရရော၊ လူ့ကျင့်ဝတ်အရပါ မလုပ်သင့်တာတွေရှိပါတယ်။ ဒီလိုပြစ်မှုမျိုးကို ချမ်းချမ်း ခွင့်မလွှတ်ဘူး။ အဲဒီအတွက် အချိန်ယူဖို့တော့ အများကြီးလိုအပ်ပါတယ်။ သူတို့အပေါ်မှာ ဘာစိတ်မှမရှိဘူး။ ပျော်ပျော်ရွှင်ရွှင်နေနိုင်ကြပါစေလို့ပဲ ဆုတောင်းပေးတယ်”လို့ ချမ်းချမ်းက ပြောပါတယ်။

ပြီးခဲ့တဲ့ နို၀င်ဘာ ၂၄ ရက်ထုတ် ကြေးမုံ သတင်းစာမှာပါရှိခဲ့တဲ့ ကွာရှင်းပြတ်စဲခြင်းကြေညာချက်ကြောင့် သူမရဲ့အိမ်ထောင်ရေး အဆင်မပြေမှုအပေါ် ပရိသတ်တွေက ကရုဏာသက်ကြပါတယ်။ သမီးလေးတယောက်လည်း ပိုင်ဆိုင်ထားပြီဖြစ်လို့ ခင်ပွန်းဖြစ်သူ ဘုဏ်းသိုက်အပေါ် ပြန်လည်ပေါင်းသင်းရန် ဆန္ဒရှိ၊ မရှိကိုတော့ တေးသံရှင်ချမ်းချမ်းက အခုလို့ ဆက်ပြောပါတယ်။

“အစ်ကိုနဲ့ ပြန်ပေါင်းဖို့ကလည်း တယောက်နဲ့ တယောက် ညှိရဦးမှာပါ။ ချမ်းချမ်းဘက်က အစ်ကိုလိုချင်တဲ့အချက်တွေကို လိုက်လျောပေးနိုင်သလို ချမ်းချမ်း လိုချင်တဲ့အချက်တွေကိုလည်း အစ်ကို့ဘက်က လိုက်လျောနိုင်မယ်ဆိုရင် ပြန်စဉ်းစားမှာပါ။ အိမ်ထောင်တခုမှာ အဓိက ကတိတည်ဖို့၊ သစ္စာရှိဖို့ အရေးကြီးပါတယ်။ ချမ်းချမ်းလိုချင်တဲ့ သစ္စာရှိရှိ နေသွားမယ်ဆိုတဲ့ကတိ ပေးနိုင်မယ်ဆိုရင် ပြန်စဉ်းစားမှာပါ”လို့ ဆိုပါတယ်။

“သို့ … ချစ်နေတုန်းပဲ”စီးရီးက ချမ်းချမ်းရဲ့ စတုတ္ထမြောက်တေးစီးရီးပါ။ ပရိသတ်တွေအတွက်ပဲဖြစ်ဖြစ် ဘယ်သူ့ အတွက်ဖြစ်ဖြစ် ဘယ်သူ့အတွက်ပဲဖြစ်ဖြစ်ပေါ့နော်။ သို့ … လို့ စချီပြီး အဝေးတနေရာကိုရောက်နေတဲ့ ကိုယ်ချစ်ရတဲ့သူဆီကို ပို့ပေးလိုက်တဲ့ ချမ်းကနေ သူတို့ကို ချစ်နေတုန်းပဲဆိုတဲ့သဘောပါ။ ဒီသီချင်းလေးကို ချမ်းကိုယ်တိုင်ရွေးထားတာပါ။ တေးရေး ကိုကြည်လေး ရေးပေးထားတယ်။ ကိုယ်အားထားရတဲ့ သီချင်းတပုဒ်ကို ထည့်လိုက်တာပါ။ ပရိသတ်အကြိုက်ကို ဦးစားပေးပြီး လုပ်ထားတဲ့ ဒီအခွေထဲမှာ သီချင်း ၁၃ ပုဒ်ပါပါတယ်”လို့ တေးသံရှင်ချမ်းချမ်းက ပြောပါတယ်။

ကလျာဆွေ

Photo- ရွှေဖီး

Source : News Watch

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္