အျမတ္ေငြရရွိမည္ဟုဆိုကာ ေငြက်ပ္သိန္းေပါင္းေသာင္းခ်ီ လိမ္လည္မႈျဖင့္ ကုမၸဏီပုိင္ရွင္အား ဖမ္းဝရမ္းထုတ္ထား

ရွယ္ယာဝင္မ်ားအား အျမတ္ေငြရရွိမည္ဟု ဆိုကာ ေငြက်ပ္သိန္းေပါင္းေသာင္းခ်ီလိမ္လည္ မႈျဖင့္ Jude Jude Family ၊Thint Myat Public Holding ကုမၸဏီပုိင္ရွင္ ေဒၚသက္သက္ၿမိဳင္(ခ) ဂ်ဴးဂ်ဴးအား ဖမ္းဝရမ္း ထုတ္ထားေၾကာင္း ရန္ကုန္ ၿမိဳ႕ ရန္ကင္းၿမိဳ႕နယ္ တရား႐ံုးမွ သိရသည္။

အဆိုပါ အမႈတြင္ ကုမၸဏီ၏ ဒါ႐ုိက္တာ အဖဲြ႕ဝင္ တစ္ဦးျဖစ္ေသာ ဦးေရႊမုိးစက္ကုိ ပုဒ္မ ၄၂ဝ ျဖင့္ အမႈဖြင့္ ဖမ္းဆီးထားၿပီး ယမန္ေန႔က ရန္ကင္းၿမိဳ႕နယ္ တရား႐ံုး၌ ႐ံုးထုတ္ စစ္ေဆးခဲ့သည္။ ျဖစ္စဥ္မွာ Jude Jude Family ၊Thint Myat Public Holding ကုမၸဏီ ႐ုံးတည္ရွိရာ ဆီဒုိးနား ဟုိတယ္သုိ႔ ရွယ္ယာ ဝင္မ်ားက ႏုိဝင္ဘာ ၃ဝ ရက္တြင္ သြားေရာက္ ေတြ႕ဆံုရာ တိက်သည့္ ေျဖရွင္းမႈ မရရွိခဲ့ ေသာေၾကာင့္ ကုမၸဏီ ဒါ႐ုိက္တာအဖဲြ႕ဝင္ ဦးေရႊမုိး စက္ကုိ တာဝန္ရွိသူမ်ားက ဖမ္းဆီးတရားစြဲဆိုခဲ့ ျခင္းျဖစ္သည္။ အဆုိပါ ဒါ႐ိုက္တာအဖြဲ႕ဝင္ ဦးေရႊမိုးစက္ကို ရန္ကင္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ ဒုရဲမွဴး စိုးႏိုင္မွ တရားလို ျပဳလုပ္၍ ေျခခ်ဳပ္ႏွင့္ ခံဝန္ဥပေဒ၊ ၃ (ဂ)၊ လိမ္လည္မႈတြင္ ပါဝင္သည္ဟု သံသယျဖင့္ တရားစြဲဆိုျခင္း ျဖစ္ၿပီး လာမည့္ ႐ံုးခ်ိန္းကို ယခုလ ၁၅ ရက္သို႔ ျပန္လည္ ခ်ိန္းဆိုထားသည္။

အဆိုပါ ကုမၸဏီ၏ ပုိင္ရွင္ ေဒၚသက္သက္ၿမိဳင္ (ခ) ဂ်ဴးဂ်ဴးသည္ အစုအစပ္ လုပ္ငန္း လုပ္ကိုင္မည္ ဟုဆုိကာ ရွယ္ယာမ်ား ဖိတ္ေခၚခဲ့ေၾကာင္း၊ ကုမၸဏီ တြင္ ရွယ္ယာ ထည့္ဝင္သူ ျပည္တြင္း၊ ျပည္ပမွ လူဦးေရ ၁၅ဝဝ ေက်ာ္ခန္႔ ရွိေၾကာင္း၊ ရွယ္ယာ ထည့္ဝင္ေငြ အနည္းဆုံး က်ပ္ငါးသိန္း မွစၿပီး အမ်ား ဆုံးက်ပ္သိန္း ၂ဝဝဝ အထိ ရွိေၾကာင္းႏွင့္ လက္ရွိ တြင္ ကုမၸဏီ ပိုင္ရွင္က ရွယ္ယာရွင္မ်ားအား ရွင္း လင္း ေပးျခင္းမရွိဘဲ တိမ္းေရွာင္ ေနေၾကာင္း ရွယ္ ယာရွင္မ်ားထံမွ သိရသည္။

မင္းဟိန္း

Source : The Union Daily

(Unicode Version)

အမြတ်ငွေရရှိမည်ဟုဆိုကာ ငွေကျပ်သိန်းပေါင်းသောင်းချီ လိမ်လည်မှုဖြင့် ကုမ္ပဏီပိုင်ရှင်အား ဖမ်းဝရမ်းထုတ်ထား

ရှယ်ယာဝင်များအား အမြတ်ငွေရရှိမည်ဟု ဆိုကာ ငွေကျပ်သိန်းပေါင်းသောင်းချီလိမ်လည် မှုဖြင့် Jude Jude Family ၊Thint Myat Public Holding ကုမ္ပဏီပိုင်ရှင် ဒေါ်သက်သက်မြိုင်(ခ) ဂျူးဂျူးအား ဖမ်းဝရမ်း ထုတ်ထားကြောင်း ရန်ကုန် မြို့ ရန်ကင်းမြို့နယ် တရားရုံးမှ သိရသည်။

အဆိုပါ အမှုတွင် ကုမ္ပဏီ၏ ဒါရိုက်တာ အဖွဲ့ဝင် တစ်ဦးဖြစ်သော ဦးရွှေမိုးစက်ကို ပုဒ်မ ၄၂ဝ ဖြင့် အမှုဖွင့် ဖမ်းဆီးထားပြီး ယမန်နေ့က ရန်ကင်းမြို့နယ် တရားရုံး၌ ရုံးထုတ် စစ်ဆေးခဲ့သည်။ ဖြစ်စဉ်မှာ Jude Jude Family ၊Thint Myat Public Holding ကုမ္ပဏီ ရုံးတည်ရှိရာ ဆီဒိုးနား ဟိုတယ်သို့ ရှယ်ယာ ဝင်များက နိုဝင်ဘာ ၃ဝ ရက်တွင် သွားရောက် တွေ့ဆုံရာ တိကျသည့် ဖြေရှင်းမှု မရရှိခဲ့ သောကြောင့် ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် ဦးရွှေမိုး စက်ကို တာဝန်ရှိသူများက ဖမ်းဆီးတရားစွဲဆိုခဲ့ ခြင်းဖြစ်သည်။ အဆိုပါ ဒါရိုက်တာအဖွဲ့ဝင် ဦးရွှေမိုးစက်ကို ရန်ကင်းမြို့နယ် ရဲတပ်ဖွဲ့ ဒုရဲမှူး စိုးနိုင်မှ တရားလို ပြုလုပ်၍ ခြေချုပ်နှင့် ခံဝန်ဥပဒေ၊ ၃ (ဂ)၊ လိမ်လည်မှုတွင် ပါဝင်သည်ဟု သံသယဖြင့် တရားစွဲဆိုခြင်း ဖြစ်ပြီး လာမည့် ရုံးချိန်းကို ယခုလ ၁၅ ရက်သို့ ပြန်လည် ချိန်းဆိုထားသည်။

အဆိုပါ ကုမ္ပဏီ၏ ပိုင်ရှင် ဒေါ်သက်သက်မြိုင် (ခ) ဂျူးဂျူးသည် အစုအစပ် လုပ်ငန်း လုပ်ကိုင်မည် ဟုဆိုကာ ရှယ်ယာများ ဖိတ်ခေါ်ခဲ့ကြောင်း၊ ကုမ္ပဏီ တွင် ရှယ်ယာ ထည့်ဝင်သူ ပြည်တွင်း၊ ပြည်ပမှ လူဦးရေ ၁၅ဝဝ ကျော်ခန့် ရှိကြောင်း၊ ရှယ်ယာ ထည့်ဝင်ငွေ အနည်းဆုံး ကျပ်ငါးသိန်း မှစပြီး အများ ဆုံးကျပ်သိန်း ၂ဝဝဝ အထိ ရှိကြောင်းနှင့် လက်ရှိ တွင် ကုမ္ပဏီ ပိုင်ရှင်က ရှယ်ယာရှင်များအား ရှင်း လင်း ပေးခြင်းမရှိဘဲ တိမ်းရှောင် နေကြောင်း ရှယ် ယာရှင်များထံမှ သိရသည်။

မင်းဟိန်း

Source : The Union Daily