

ရန်ကုန်။ ဒီဇင်ဘာ ၂



ဗြိတိန်နိုင်ငံတွင် နက်ဖြန် ညနေ ၄ နာရီ၊ အမေရိကန်ပြည်ထောင်စုတွင် ညနေ ၅ နာရီခန့်၊ အိန္ဒိယတွင် ညနေ ၆ နာရီခွဲခန့်၊ တောင်အာဖရိကတွင် ညနေ ၆ နာရီ ၄၀ မိနစ်ခန့်၊ အာရှနိုင်ငံအတော်များများတွင် ည ၇ နာရီခန့်၊ ဘရာဇီးတွင် ည ၇ နာရီခွဲခန့် စသည့်အချိန်များတွင် Super Moon ကို ပြည့်ပြည့်၀၀မြင်နိုင်မည်ဖြစ်ကြောင်းသိရသည်။



Source : Popular News

(Unicode Version)

၂၀၁၇ ခုနှစ်အတွက် Super Moon ကို နက်ဖြန် ညနေတွင် မြင်တွေ့ကြရမည်

ရန်ကုန်။ ဒီဇင်ဘာ ၂

သာမန်မြင်နေကျထက် ၁၄ဆ ပိုမိုကြီးမားပြီး အဆ ၃၀ ပိုမိုတောက်ပမည့် Super Moon ကို နက်ဖြန်ညတွင် တွေ့မြင်ကြရမည်ဖြစ်သည်။

ညဖက်မှောင်ချိန်မရောက်မီ မွန်းလွဲပိုင်း နှောင်းပိုင်း၊ ညနေပိုင်းစောစောတွင်ပင် Super Moon ကိုကောင်းကင်တွင် မြင်တွေ့ရနိုင်သည်။

ဗြိတိန်နိုင်ငံတွင် နက်ဖြန် ညနေ ၄ နာရီ၊ အမေရိကန်ပြည်ထောင်စုတွင် ညနေ ၅ နာရီခန့်၊ အိန္ဒိယတွင် ညနေ ၆ နာရီခွဲခန့်၊ တောင်အာဖရိကတွင် ညနေ ၆ နာရီ ၄၀ မိနစ်ခန့်၊ အာရှနိုင်ငံအတော်များများတွင် ည ရ နာရီခန့်၊ ဘရာဇီးတွင် ည ရ နာရီခွဲခန့် စသည့်အချိန်များတွင် Super Moon ကို ပြည့်ပြည့်ဝဝမြင်နိုင်မည်ဖြစ်ကြောင်းသိရသည်။

ယခု Super Moon သည် ၂၀၁၇ ခုနှစ်အတွက် ပထမဆုံးနှင့် နောက်ဆုံး မြင်တွေ့ရခြင်းဖြစ်သည်။

လသည် ၆၉ နှစ်အတွင်း ကမ္ဘာမြေနှင့် အနီးဆုံးအဖြစ် ယမန်နှစ် နိုဝင်ဘာလက ရောက်ရှိလာခဲ့ပြီး ၂၀၃၄ ခုနှစ်မတိုင်မီအထိ ယင်းကဲ့သို့ ထပ်မံမြင်တွေ့ရတော့မည်မဟုတ်ချေ။

Source : Popular News