၁၃ ႏွစ္သမီး ႏိွပ္စက္ခံရမႈကို သာမန္နာက်င္ေစမႈအျဖစ္ ဆက္စစ္မည္

ရန္ကုန္၊ ဒဂံုၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္တြင္ အလုပ္လုပ္ခဲ့သည့္ အိမ္အကူ မခိုင္ႏွင္းေဝ၏ မ်က္ႏွာမွဒဏ္ရာသည္ အျပင္းအထန္နာက်င္ေစမႈႏွင့္ အက်ံဳးဝင္ေၾကာင္း ရဲတပ္ဖြဲ႕က တရားရံုးကို တင္ျပထားေသာ္လည္း ၿမိဳ႕နယ္တရားရံုးက ထိုအမႈကို ဇူလိုင္ ၂၄ ရက္ေန႔တြင္ သာမန္နာက်င္ေစမႈပုဒ္မျဖင့္သာ  ဆက္လက္ စစ္ေဆးခဲ့သည္။

ယခင္က အျပင္းအထန္နာက်င္ေစမႈ ပုဒ္မ ၃၂၆ ျဖင့္ တိုင္ၾကားခဲ့စဥ္  ရဲတပ္ဖြဲ႕က အိမ္ရွင္ႏွစ္ဦးလံုးကို ဖမ္းဆီးခဲ့သည္။ ၿမိဳ႕နယ္တရားရံုးက   ဇူလိုင္ ၃ ရက္ေန႔တြင္  သာမန္ နာက်င္ေစမႈ ပုဒ္မ ၃၂၃/ ၃၂၄ တို႔ျဖင့္ ေျပာင္းလဲတရားစြဲၿပီး ႏွစ္ဦးလံုးကို အာမခံေပးခဲ့သည္။

 

ဇူလိုင္ ၂၄ ရက္ေန႔ တရားခြင္သို႔ အိမ္ရွင္ႏွစ္ဦးျဖစ္သည့္ ကိုထြန္းထြန္း၊ မျမတ္ႏိုးသူတုိ႔လည္း တက္ေရာက္ၾကသည္။ အမႈဖြင့္ တိုင္ၾကားသူ ရာအိမ္မွဴးဦးမ်ိဳးတင့္ႏိုင္ကို ႏွစ္ဘက္ေရွ႕ေနမ်ားက အျပန္အလွန္ေမးျမန္းခဲ့ပါသည္။

ပုဒ္မအေျပာင္းအလဲ

ဒဂံုၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ စခန္းမွဴး ဦးသိန္းစိုးက ပုဒ္မ အေျပာင္းအလဲသည္ ရဲတပ္ဖဲြ႔ႏွင့္ မသက္ဆိုင္ဟု ဆိုသည္။

“ပုဒ္မေျပာင္းတာ၊ မေျပာင္းတာက ဥပေဒအရာရွိနဲ႔ တရားရံုးရဲ႕ ဆံုးျဖတ္ခ်က္ေပၚပဲ မူတည္မယ္။ ကြ်န္ေတာ္တုိ႔က ေဆးမွတ္တမ္းရတဲ့ေန႔ကပဲ အစီရင္ခံစာေရးၿပီး တရားရံုးကို ပို႔ၿပီးသြားၿပီ။ အစီရင္ခံစာမွာ အျပင္းအထန္ နာက်င္ေစမႈမ်ိဳး သက္ေရာက္ေနတယ္ဆိုတာ ပါတယ္။  ေျပာင္းမယ္ဆိုလည္း အျပင္းအထန္နာက်င္ေစမႈျဖစ္တဲ့ ပုဒ္မ ၃၂၅ နဲ႔ပဲ ျဖစ္သြားလိမ့္မယ္” ဟု စခန္းမွဴးက ေျပာသည္။

အာမခံေပးႏိုင္သည့္ ပုဒ္မ ၃၂၅ အရ ျပစ္မႈထင္ရွားပါက  ခ်မွတ္ႏိုင္ေသာ အျမင့္ဆံုးေထာင္ဒဏ္မွာ ၇ ႏွစ္ ျဖစ္သည္။

ကေလးသူငယ္ဥပေဒ

လူမႈဝန္ထမ္းဦးစီးဌာနလက္ေအာက္ရွိ မရမ္းကုန္းၿမိဳ႕နယ္၊ အမ်ိဳးသမီးငယ္မ်ား သင္တန္းေက်ာင္းအုပ္ ေဒၚခင္ေဌးၾကည္က မခိုင္ႏွင္းေဝ၏ျဖစ္ရပ္ႏွင့္ ပတ္သက္ၿပီး ကေလးသူငယ္ ညွဥ္းပန္းႏွိပ္စက္မႈ ဆိုင္ရာ ဥပေဒ ပုဒ္မ ၆၆(ဃ) ျဖင့္ တရားစြဲဆိုႏိုင္ေရးအတြက္ ဥပေဒအႀကံေပး၏ အႀကံျပဳခ်က္ရရွိေရး ဆက္လက္ေဆာင္ရြက္ေနေၾကာင္း ေျပာသည္။

“ကြ်န္မ အခု စာရြက္စာတမ္းေတြစံုေအာင္ စီစဥ္ေနတယ္။ ရဲတပ္ဖြဲ႕ကလည္း ကူညီပါတယ္။ စံုတာနဲ႔ ၿမိဳ႕နယ္ဥပေဒရံုးကေန တစ္ဆင့္ ခရိုင္ဥပေဒရံုးက ိုတင္မယ္။ ခရိုင္ဥပေဒရံုးက မွတ္ခ်က္ျပန္က်တာနဲ႔ တရားရံုးမွာ တရားစြဲဆိုဖုိ႔ တင္ပါ့မယ္။ ၿမိဳ႕နယ္တရားရံုးက အဲ့ဒီအတိုင္းမွ လက္ခံမယ္ဆိုေတာ့လည္း အဲ့ဒီအတိုင္းဝင္ေအာင္ ကြ်န္မတုိ႔ လုပ္ေနၾကတယ္” ဟု ေက်ာင္းအုပ္က ဆိုပါသည္။

ဆရာဝန္တို႔၏ မွတ္ခ်က္

မီးပူျဖင့္ကပ္ျခင္း၊ ေရေႏြးပူႏွင့္ပက္ျခင္း၊ တုတ္ျဖင့္ရိုက္ျခင္းမ်ားေၾကာင့္ မခိုင္ႏွင္းေဝ ဒဏ္ရာရရွိခဲ့ျခင္းျဖစ္ေၾကာင္း၊ ရင္ဘတ္၊ ေက်ာကုန္း၊ လက္ေမာင္းမ်ားတြင္ အပူေလာင္ဒဏ္ရာ၊ ဦးေခါင္းႏွင့္ေျခႏွစ္ဖက္တြင္ ဖူးေယာင္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း၊ အိမ္ရွင္ျဖစ္သူမ်ားက ျပဳလုပ္ခဲ့ျခင္း ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ဇြန္လ ၅ ရက္ေန႔တြင္ သတင္းထုတ္ျပန္ထားသည္။

မခိုင္ႏွင္းေဝသည္ ဒဂံုၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္ရွိ ၉၄ ရပ္ကြက္၊ ေအ(၆)လမ္း၊ တိုက္(၁၁)၊ အခန္း(၄ဝ၂) တြင္ ယခုႏွစ္ေမ လဆန္းက အိမ္အကူအျဖစ္ စတင္လုပ္ကိုင္ခဲ့သည္။  ၎ကိုႏွိပ္စက္ေၾကာင္း အိမ္နီးခ်င္းတုိ႔က ရိပ္မိကာ ေဒသဆိုင္ရာ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္တို႔က သြားေရာက္စစ္ေဆးၿပီး အိမ္ရွင္ႏွစ္ဦးကို ရဲစခန္းတြင္ တိုင္ခ်က္ဖြင့္ခဲ့ေၾကာင္း သိရသည္။

သဃၤန္းကၽြန္းၿမိဳ႕နယ္၊ စံျပေဆးရံုက ေဒါက္တာဆန္းလင္းက မခိုင္ႏွင္းေဝ ေဆးရံုေရာက္လာၿပီး တစ္ပတ္ခန္႔ အၾကာတြင္ မ်က္ႏွာဒဏ္ရာမွလြဲၿပီး ခႏၶာကိုယ္ေပၚရိွဒဏ္ရာမ်ားသည္ အသားျပန္ျဖစ္သြားရာ   ျပ႒ာန္းထားသည့္ ဥပေဒအရ သာမန္နာက်င္ေစမႈဒဏ္ရာမ်ားတြင္သာ အက်ဳံးဝင္သည့္အတြက္ ေဆးစာတြင္ သာမန္ဒဏ္ရာဟုသာ ေရးသားရျခင္းျဖစ္ေၾကာင္း ေျပာသည္။

စံျပေဆးရံုအုပ္ႀကီး ေဒါက္တာေဒၚသန္းလွကလည္း မခိုင္ႏွင္းေဝ မ်က္ႏွာေပၚမွ ဒဏ္ရာကို တစ္လေက်ာ္ၾကာ ေစာင့္ၾကည့္ၿပီးမွ အၿပီးသတ္ မွတ္ခ်က္ေပးႏိုင္မည္ ျဖစ္ရာ  ဇူလိုင္ ၂၁ ရက္ေန႔တြင္   ေဆးရံုဘုတ္အဖြဲ႕က အၿပီးသတ္ ဆံုးျဖတ္ၿပီးေနာက္  အျပင္းအထန္ဒဏ္ရာေျမာက္ေၾကာင္း ေဆးစာမွတ္ခ်က္ကို ၿမိဳ႕နယ္ရဲတပ္ဖြဲ႕သုိ႔ ေပးပို႔ခဲ့သည္ဟု ဆိုသည္။

စံျပေဆးရံုမွ မႈခင္းဆရာဝန္ ေဒါက္တာရဲဝင္းက ေဆးစာမွတ္ခ်က္ကို စည္းကမ္းခ်က္အတိုင္းသာ ေရးသားခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

“ကြ်န္ေတာ္တုိ႔မွတ္ခ်က္ျပဳတယ္ဆိုတာက ဒဏ္ရာ၊ အမာရြတ္ စတာေတြကိုပဲၾကည့္ၿပီး ေဆးစာမွတ္ခ်က္ျပဳလုိ႔ရတာ။ ေနာက္တစ္ခုက ကြ်န္ေတာ္တုိ႔ေဆးစာမွာ ဒဏ္ရာအမ်ိဳးအစား ခြဲျခားတာမွာလည္း ပုဒ္မ ၃၂ဝ မွာ ျပ႒ာန္းထားတဲ့ အခ်က္ ၈ ခ်က္နဲ႔ လြတ္လုိ႔ မရဘူး။ မီးပူနဲ႔ကပ္တယ္ဆိုတဲ့ ဒဏ္ရာဆိုရင္လည္း အပူေလာင္လုိ႔ရတဲ့ဒဏ္ရာလို႔ပဲ ကြ်န္ေတာ္တုိ႔ဘက္က ေျပာလို႔ရတယ္။ မီးပူေၾကာင့္လုိ႔ သံုးႏႈန္းလုိ႔ မရဘူး။ တစ္ခုေတာ့ေျပာလုိ႔ရတယ္၊ ဒီဒဏ္ရာေတြက ရည္ရြယ္ခ်က္ရွိရွိနဲ႔လုပ္လုိ႔ ရတဲ့ဒဏ္ရာပဲ၊ သာမန္ ခိုက္ရန္ျဖစ္လုိ႔ရတဲ့ ဒဏ္ရာ မဟုတ္ဘူးလုိ႔ေတာ့ ဆိုႏိုင္တယ္” ဟု  ေဒါက္တာရဲဝင္းက ဆိုသည္။

ပုဒ္မ ၃၂ဝ တြင္ျပဌာန္းထားေသာ အျပင္းအထန္နာက်င္ေစမႈမ်ားတြင္  လူကိုသင္းကြပ္ျခင္း၊ လူ၏ မ်က္စိတစ္ဖက္ဖက္ ကို အၿမဲမျမင္ေအာင္ျပဳျခင္း၊ လူ၏နားတဖက္ဖက္ကို အၿမဲမၾကားေအာင္ျပဳျခင္း၊ ကိုယ္လက္အဂၤါအဆစ္အမ်က္တစ္ခုခုကို က်ိဳးပဲ့ပ်က္စီးေအာင္ျပဳျခင္း၊ ကိုယ္လက္အဂၤါ အဆစ္အမ်က္တစ္ခုခု၏ အင္အားကို ဖ်က္ဆီးျခင္း သို႔မဟုတ္ အၿမဲခ်ိဳ႕တဲ့ ေအာင္ျပဳျခင္း၊ ဦးေခါင္းကိုျဖစ္ေစ မ်က္ႏွာကိုျဖစ္ေစ အၿမဲအရုပ္အဆင္းပ်က္ေအာင္ျပဳျခင္း၊ အရိုးကိုျဖစ္ေစ သြားကိုျဖစ္ေစ က်ိဳးအက္ကြဲေအာင္ျဖစ္ေစ တိမ္းလြဲေအာင္ျဖစ္ေစျပဳျခင္း၊ အသက္ကိုအႏၱရာယ္ျဖစ္ေစရန္  သိုတည္းမဟုတ္ နာက်င္ခံရသူ သည္ ရက္ေပါင္း ၂ဝ အတြင္း ကိုယ္အဂၤါအျပင္းအထန္ ေဝဒနာခံစားရရန္  သို႔တည္းမဟုတ္ ရက္ေပါင္း ၂ဝ အတြင္း မိမိ လုပ္ေဆာင္ၿမဲအလုပ္အကိုင္တို႔ကို မလုပ္ကိုင္ႏိုင္ေစရန္ နာက်င္ေစျခင္း စသည့္ အခ်က္ ၈ ခု ပါဝင္သည္။

ေဆးဝါးကုသမႈစရိတ္

ဇူလိုင္ ၂၄ တရားခြင္တြင္ အိမ္ရွင္တို႔၏ေရွ႕ေန ဦးအုန္းညြန္႔က  ၎၏အမႈသည္တို႔က  ေဆးကုသစရိတ္ အတြက္ က်ပ္ ၂၈ သိန္း ေထာက္ပံ့ရာ မခိုင္ႏွင္းေဝ၏ အဘြား ေဒၚခင္သန္း လက္ခံခဲ့သည္ဟု ေျပာသည္။

“ဇြန္လ ၁၆ ရက္ေန႔က က်ပ္ ၂၈ သိန္းကို သူ႔ေရွ႕မွာပဲ အုပ္ထိန္းသူ သူ႔အဘြားက ၾကည္ၾကည္ျဖဴျဖဴနဲ႔ လက္ခံခဲ့တယ္။ သူတို႔ မတိုင္ပါဘူး၊ ဘာမွမလုပ္ပါဘူး ဆိုၿပီး ေငြလက္ခံတဲ့စာခ်ဳပ္ကို ခ်ဳပ္ခဲ့ၾကတာ။ ကြ်န္ေတာ့္မွာ စာခ်ဳပ္အေထာက္အထား ရွိတယ္” ဟု ေရွ႕ေနဦးအုန္းညြန္႔က ေျပာသည္။

အမႈကို ၾသဂုတ္ ၈ ရက္ေန႔တြင္ ဆက္လက္ စစ္ေဆးမည္ျဖစ္သည္။

Source : ထက္ေခါင္လင္း/Myanmar Now

Unicode Version
၁၃ နှစ်သမီး နှိပ်စက်ခံရမှုကို သာမန်နာကျင်စေမှုအဖြစ် ဆက်စစ်မည်

ရန်ကုန်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အလုပ်လုပ်ခဲ့သည့် အိမ်အကူ မခိုင်နှင်းဝေ၏ မျက်နှာမှဒဏ်ရာသည် အပြင်းအထန်နာကျင်စေမှုနှင့် အကျုံးဝင်ကြောင်း ရဲတပ်ဖွဲ့က တရားရုံးကို တင်ပြထားသော်လည်း မြို့နယ်တရားရုံးက ထိုအမှုကို ဇူလိုင် ၂၄ ရက်နေ့တွင် သာမန်နာကျင်စေမှုပုဒ်မဖြင့်သာ  ဆက်လက် စစ်ဆေးခဲ့သည်။

ယခင်က အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆ ဖြင့် တိုင်ကြားခဲ့စဉ်  ရဲတပ်ဖွဲ့က အိမ်ရှင်နှစ်ဦးလုံးကို ဖမ်းဆီးခဲ့သည်။ မြို့နယ်တရားရုံးက   ဇူလိုင် ၃ ရက်နေ့တွင်  သာမန် နာကျင်စေမှု ပုဒ်မ ၃၂၃/ ၃၂၄ တို့ဖြင့် ပြောင်းလဲတရားစွဲပြီး နှစ်ဦးလုံးကို အာမခံပေးခဲ့သည်။

 

ဇူလိုင် ၂၄ ရက်နေ့ တရားခွင်သို့ အိမ်ရှင်နှစ်ဦးဖြစ်သည့် ကိုထွန်းထွန်း၊ မမြတ်နိုးသူတို့လည်း တက်ရောက်ကြသည်။ အမှုဖွင့် တိုင်ကြားသူ ရာအိမ်မှူးဦးမျိုးတင့်နိုင်ကို နှစ်ဘက်ရှေ့နေများက အပြန်အလှန်မေးမြန်းခဲ့ပါသည်။

ပုဒ်မအပြောင်းအလဲ

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူး ဦးသိန်းစိုးက ပုဒ်မ အပြောင်းအလဲသည် ရဲတပ်ဖွဲ့နှင့် မသက်ဆိုင်ဟု ဆိုသည်။

“ပုဒ်မပြောင်းတာ၊ မပြောင်းတာက ဥပဒေအရာရှိနဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ပေါ်ပဲ မူတည်မယ်။ ကျွန်တော်တို့က ဆေးမှတ်တမ်းရတဲ့နေ့ကပဲ အစီရင်ခံစာရေးပြီး တရားရုံးကို ပို့ပြီးသွားပြီ။ အစီရင်ခံစာမှာ အပြင်းအထန် နာကျင်စေမှုမျိုး သက်ရောက်နေတယ်ဆိုတာ ပါတယ်။  ပြောင်းမယ်ဆိုလည်း အပြင်းအထန်နာကျင်စေမှုဖြစ်တဲ့ ပုဒ်မ ၃၂၅ နဲ့ပဲ ဖြစ်သွားလိမ့်မယ်” ဟု စခန်းမှူးက ပြောသည်။

အာမခံပေးနိုင်သည့် ပုဒ်မ ၃၂၅ အရ ပြစ်မှုထင်ရှားပါက  ချမှတ်နိုင်သော အမြင့်ဆုံးထောင်ဒဏ်မှာ ရ နှစ် ဖြစ်သည်။

ကလေးသူငယ်ဥပဒေ

လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ မရမ်းကုန်းမြို့နယ်၊ အမျိုးသမီးငယ်များ သင်တန်းကျောင်းအုပ် ဒေါ်ခင်ဌေးကြည်က မခိုင်နှင်းဝေ၏ဖြစ်ရပ်နှင့် ပတ်သက်ပြီး ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုနိုင်ရေးအတွက် ဥပဒေအကြံပေး၏ အကြံပြုချက်ရရှိရေး ဆက်လက်ဆောင်ရွက်နေကြောင်း ပြောသည်။

“ကျွန်မ အခု စာရွက်စာတမ်းတွေစုံအောင် စီစဉ်နေတယ်။ ရဲတပ်ဖွဲ့ကလည်း ကူညီပါတယ်။ စုံတာနဲ့ မြို့နယ်ဥပဒေရုံးကနေ တစ်ဆင့် ခရိုင်ဥပဒေရုံးက ိုတင်မယ်။ ခရိုင်ဥပဒေရုံးက မှတ်ချက်ပြန်ကျတာနဲ့ တရားရုံးမှာ တရားစွဲဆိုဖို့ တင်ပါ့မယ်။ မြို့နယ်တရားရုံးက အဲ့ဒီအတိုင်းမှ လက်ခံမယ်ဆိုတော့လည်း အဲ့ဒီအတိုင်းဝင်အောင် ကျွန်မတို့ လုပ်နေကြတယ်” ဟု ကျောင်းအုပ်က ဆိုပါသည်။

ဆရာဝန်တို့၏ မှတ်ချက်

မီးပူဖြင့်ကပ်ခြင်း၊ ရေနွေးပူနှင့်ပက်ခြင်း၊ တုတ်ဖြင့်ရိုက်ခြင်းများကြောင့် မခိုင်နှင်းဝေ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ရင်ဘတ်၊ ကျောကုန်း၊ လက်မောင်းများတွင် အပူလောင်ဒဏ်ရာ၊ ဦးခေါင်းနှင့်ခြေနှစ်ဖက်တွင် ဖူးယောင်ဒဏ်ရာများရရှိခဲ့ကြောင်း၊ အိမ်ရှင်ဖြစ်သူများက ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇွန်လ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မခိုင်နှင်းဝေသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ၉၄ ရပ်ကွက်၊ အေ(၆)လမ်း၊ တိုက်(၁၁)၊ အခန်း(၄ဝ၂) တွင် ယခုနှစ်မေ လဆန်းက အိမ်အကူအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။  ၎င်းကိုနှိပ်စက်ကြောင်း အိမ်နီးချင်းတို့က ရိပ်မိကာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဝင်တို့က သွားရောက်စစ်ဆေးပြီး အိမ်ရှင်နှစ်ဦးကို ရဲစခန်းတွင် တိုင်ချက်ဖွင့်ခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံက ဒေါက်တာဆန်းလင်းက မခိုင်နှင်းဝေ ဆေးရုံရောက်လာပြီး တစ်ပတ်ခန့် အကြာတွင် မျက်နှာဒဏ်ရာမှလွဲပြီး ခန္ဓာကိုယ်ပေါ်ရှိဒဏ်ရာများသည် အသားပြန်ဖြစ်သွားရာ   ပြဋ္ဌာန်းထားသည့် ဥပဒေအရ သာမန်နာကျင်စေမှုဒဏ်ရာများတွင်သာ အကျုံးဝင်သည့်အတွက် ဆေးစာတွင် သာမန်ဒဏ်ရာဟုသာ ရေးသားရခြင်းဖြစ်ကြောင်း ပြောသည်။

စံပြဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သန်းလှကလည်း မခိုင်နှင်းဝေ မျက်နှာပေါ်မှ ဒဏ်ရာကို တစ်လကျော်ကြာ စောင့်ကြည့်ပြီးမှ အပြီးသတ် မှတ်ချက်ပေးနိုင်မည် ဖြစ်ရာ  ဇူလိုင် ၂၁ ရက်နေ့တွင်   ဆေးရုံဘုတ်အဖွဲ့က အပြီးသတ် ဆုံးဖြတ်ပြီးနောက်  အပြင်းအထန်ဒဏ်ရာမြောက်ကြောင်း ဆေးစာမှတ်ချက်ကို မြို့နယ်ရဲတပ်ဖွဲ့သို့ ပေးပို့ခဲ့သည်ဟု ဆိုသည်။

စံပြဆေးရုံမှ မှုခင်းဆရာဝန် ဒေါက်တာရဲဝင်းက ဆေးစာမှတ်ချက်ကို စည်းကမ်းချက်အတိုင်းသာ ရေးသားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့မှတ်ချက်ပြုတယ်ဆိုတာက ဒဏ်ရာ၊ အမာရွတ် စတာတွေကိုပဲကြည့်ပြီး ဆေးစာမှတ်ချက်ပြုလို့ရတာ။ နောက်တစ်ခုက ကျွန်တော်တို့ဆေးစာမှာ ဒဏ်ရာအမျိုးအစား ခွဲခြားတာမှာလည်း ပုဒ်မ ၃၂ဝ မှာ ပြဋ္ဌာန်းထားတဲ့ အချက် ၈ ချက်နဲ့ လွတ်လို့ မရဘူး။ မီးပူနဲ့ကပ်တယ်ဆိုတဲ့ ဒဏ်ရာဆိုရင်လည်း အပူလောင်လို့ရတဲ့ဒဏ်ရာလို့ပဲ ကျွန်တော်တို့ဘက်က ပြောလို့ရတယ်။ မီးပူကြောင့်လို့ သုံးနှုန်းလို့ မရဘူး။ တစ်ခုတော့ပြောလို့ရတယ်၊ ဒီဒဏ်ရာတွေက ရည်ရွယ်ချက်ရှိရှိနဲ့လုပ်လို့ ရတဲ့ဒဏ်ရာပဲ၊ သာမန် ခိုက်ရန်ဖြစ်လို့ရတဲ့ ဒဏ်ရာ မဟုတ်ဘူးလို့တော့ ဆိုနိုင်တယ်” ဟု  ဒေါက်တာရဲဝင်းက ဆိုသည်။

ပုဒ်မ ၃၂ဝ တွင်ပြဌာန်းထားသော အပြင်းအထန်နာကျင်စေမှုများတွင်  လူကိုသင်းကွပ်ခြင်း၊ လူ၏ မျက်စိတစ်ဖက်ဖက် ကို အမြဲမမြင်အောင်ပြုခြင်း၊ လူ၏နားတဖက်ဖက်ကို အမြဲမကြားအောင်ပြုခြင်း၊ ကိုယ်လက်အင်္ဂါအဆစ်အမျက်တစ်ခုခုကို ကျိုးပဲ့ပျက်စီးအောင်ပြုခြင်း၊ ကိုယ်လက်အင်္ဂါ အဆစ်အမျက်တစ်ခုခု၏ အင်အားကို ဖျက်ဆီးခြင်း သို့မဟုတ် အမြဲချို့တဲ့ အောင်ပြုခြင်း၊ ဦးခေါင်းကိုဖြစ်စေ မျက်နှာကိုဖြစ်စေ အမြဲအရုပ်အဆင်းပျက်အောင်ပြုခြင်း၊ အရိုးကိုဖြစ်စေ သွားကိုဖြစ်စေ ကျိုးအက်ကွဲအောင်ဖြစ်စေ တိမ်းလွဲအောင်ဖြစ်စေပြုခြင်း၊ အသက်ကိုအန္တရာယ်ဖြစ်စေရန်  သိုတည်းမဟုတ် နာကျင်ခံရသူ သည် ရက်ပေါင်း ၂ဝ အတွင်း ကိုယ်အင်္ဂါအပြင်းအထန် ဝေဒနာခံစားရရန်  သို့တည်းမဟုတ် ရက်ပေါင်း ၂ဝ အတွင်း မိမိ လုပ်ဆောင်မြဲအလုပ်အကိုင်တို့ကို မလုပ်ကိုင်နိုင်စေရန် နာကျင်စေခြင်း စသည့် အချက် ၈ ခု ပါဝင်သည်။

ဆေးဝါးကုသမှုစရိတ်

ဇူလိုင် ၂၄ တရားခွင်တွင် အိမ်ရှင်တို့၏ရှေ့နေ ဦးအုန်းညွန့်က  ၎င်း၏အမှုသည်တို့က  ဆေးကုသစရိတ် အတွက် ကျပ် ၂၈ သိန်း ထောက်ပံ့ရာ မခိုင်နှင်းဝေ၏ အဘွား ဒေါ်ခင်သန်း လက်ခံခဲ့သည်ဟု ပြောသည်။

“ဇွန်လ ၁၆ ရက်နေ့က ကျပ် ၂၈ သိန်းကို သူ့ရှေ့မှာပဲ အုပ်ထိန်းသူ သူ့အဘွားက ကြည်ကြည်ဖြူဖြူနဲ့ လက်ခံခဲ့တယ်။ သူတို့ မတိုင်ပါဘူး၊ ဘာမှမလုပ်ပါဘူး ဆိုပြီး ငွေလက်ခံတဲ့စာချုပ်ကို ချုပ်ခဲ့ကြတာ။ ကျွန်တော့်မှာ စာချုပ်အထောက်အထား ရှိတယ်” ဟု ရှေ့နေဦးအုန်းညွန့်က ပြောသည်။

အမှုကို သြဂုတ် ၈ ရက်နေ့တွင် ဆက်လက် စစ်ဆေးမည်ဖြစ်သည်။

Source : ထက်ခေါင်လင်း/Myanmar Now