ဆန္ဖရန္ေဘး တံတားဂိတ္မွာ ယာဥ္တိုက္မႈေၾကာင့္ ၀န္ထမ္း ျမန္မာအမ်ဳိးသမီး ေသဆုံး

ဒီဇင္ဘာ ၂၊ စေနေန႔ မနက္လင္းအားၾကီး ၅ နာရီခန္႔က ဆန္ဖရန္ေဘးဧရိယာ၊ ဥကၠလံျမိဳ့နဲ႔ ဆန္ဖရန္ျမိဳ့ ကူး တံတား (Bay Bridge) က ဂိတ္ေၾကးေကာက္စခန္းကို ထရပ္ကားၾကီးတစီး ၀င္တိုက္ခဲ့တာေၾကာင့္ ဂိတ္ေၾကးေကာက္စခန္းက ၀န္ထမ္း ျမန္မာအမ်ဳိးသမီး စီစီဟန္ ေနရာမွာပဲ ေသဆုံးခဲ့ရပါတယ္။

အဲသည္ထရပ္ကားၾကီးကို ေမာင္းလာသူဟာ မူးယစ္ေဆး၀ါးစားသုံးထားပုံရျပီး အရွိန္ျမင့္စြာေမာင္းလာလို႔ အျခား ကားေလးစီးကိုလည္း တံတားဂိတ္အ၀င္နားမွာ ဆက္တိုက္ တိုက္ခဲ့ျပီး အရွိန္မထိန္းႏိုင္ဘဲ ဂိတ္ေၾကးေကာက္စခန္းကိုပါ ပ်က္စီးသြားေအာင္ တိုက္လိုက္တာ ျဖစ္ပါတယ္။

ကားေမာင္းသူဟာ အသက္ ၃၀ ခန္႔ရွိျပီး အျခားယာဥ္တိုက္ခံရသူမ်ားနဲ႔အတူ ေဆးရုံမွာ ကုသမႈ ခံေနရပါတယ္။ သူ႔ကို လူေသမႈ၊ မူးယစ္ေဆးသုံးမႈတို႔နဲ႔ ရဲက အမႈဖြင့္ထားပါတယ္။ ေသဆုံးသူ စီစီဟန္ဟာ အသက္ ၄၆ ႏွစ္ရွိျပီး ေဘးဧရိယာက ဆန္လိုရင္းဇိုျမိဳ့မွာ မိသားစုနဲ႔အတူ ေနထိုင္သူျဖစ္ပါတယ္။ သူေသဆုံးခ်ိန္မွာ ခင္ပြန္းသည္နဲအတူ ၁၀ ႏွစ္အရြယ္ သမီးတဦး က်န္ရစ္ပါတယ္။

တံတားဂိတ္၀န္ထမ္းအျဖစ္ ၁၀ ႏွစ္ခန္႔ တာ၀န္ထမ္းေဆာင္ခဲ့ျပီး လူခ်စ္လူခင္မ်ားသူလို႔ မိတ္ေဆြ ၀န္ထမ္းေတြက ေျပာၾကပါတယ္။ ျပည္နယ္ရဲ့ လမ္းတံတား၀န္ထမ္းတဦး တာ၀န္ထမ္းေဆာင္စဥ္ ေသဆုံးရလု႔ိ ျပည္နယ္၏ ၀န္ၾကီးခ်ဳပ္ ဘေရာင္းက မိသားစုနဲ႔ အတူ ၀မ္းနည္းေၾကာင္း ျပန္ၾကားခ်က္ထုတ္ခဲ့ပါတယ္။ ၀မ္းနည္းျခင္း အထိမ္းအမွတ္အျဖစ္ ၀န္ၾကီခ်ဳပ္ရုံးမွာ အလံကို တိုင္၀က္လႊင့္ထူထားပါတယ္။

ဆန္ဖရန္ေဘးဧရိယာရဲ့ ကားအမ်ားဆုံး ျဖတ္သန္းတဲ့ ေဘးဘရစ္ဂ်္မွာ ျဖစ္ပြားတဲ့ ကားတိုက္မႈျဖစ္တာေၾကာင့္ ဖြင့္ထားတဲ့ ဂိတ္စခန္းေတြထဲက လမ္း ၁၀လမ္းကို ေခတၱ ပိတ္ထားတာေၾကာင့္ စေနေန႔တေန႔လုံးမွာ အဆိုး၀ါးဆုံး ယာဥ္ေၾကာပိတ္ဆိုျဖစ္ခဲ့ရပါတယ္။ တနဂၤေႏြေန႔မွာလည္း ဂိတ္ ၁၄ ကေန ၁၇ အထိကို ဆက္ပိတ္ထားျပီး စစ္ေဆးမႈေတြ ေဆာင္ရြက္ေနပါတယ္။ အခင္းျဖစ္ပြားတာကေန ဂိတ္ ၁၄ မွာ ျဖစ္ပါတယ္။ တနလာၤေန႔မွာလည္း ဂိတ္အခ်ဳိ႔ဆက္ပိတ္ထားႏိုင္တာမို႔ ကားေတြ ယာဥ္ေၾကာ ၾကံ့ၾကာမႈ ဆက္ျဖစ္ေနႏိုင္ပါတယ္။

ဆန္ဖရန္ေဘးဧရိယာက ျမန္မာအမ်ဳိးသမီး စီစီဟန္ (၄၆ႏွစ္) ေၾကကြဲဖြယ္ မေတာ္တဆမႈနဲ႔ ရုတ္တရက္ ကြယ္လြန္ရတဲ့အတြက္ မိုးမခမီဒီယာကလည္း ၀မ္းနည္းပါေၾကာင္း သိေနရာကေန မွတ္တမ္းျပဳလိုက္ပါတယ္။

Source : (မိုးမခ) ဒီဇင္ဘာ ၄၊ ၂၀၁၇

(Unicode Version)

ဆန်ဖရန်ဘေး တံတားဂိတ်မှာ ယာဉ်တိုက်မှုကြောင့် ၀န်ထမ်း မြန်မာအမျိုးသမီး သေဆုံး

ဒီဇင်ဘာ ၂၊ စနေနေ့ မနက်လင်းအားကြီး ၅ နာရီခန့်က ဆန်ဖရန်ဘေးဧရိယာ၊ ဥက္ကလံမြို့နဲ့ ဆန်ဖရန်မြို့ ကူး တံတား (Bay Bridge) က ဂိတ်ကြေးကောက်စခန်းကို ထရပ်ကားကြီးတစီး ၀င်တိုက်ခဲ့တာကြောင့် ဂိတ်ကြေးကောက်စခန်းက ၀န်ထမ်း မြန်မာအမျိုးသမီး စီစီဟန် နေရာမှာပဲ သေဆုံးခဲ့ရပါတယ်။

အဲသည်ထရပ်ကားကြီးကို မောင်းလာသူဟာ မူးယစ်ဆေးဝါးစားသုံးထားပုံရပြီး အရှိန်မြင့်စွာမောင်းလာလို့ အခြား ကားလေးစီးကိုလည်း တံတားဂိတ်အဝင်နားမှာ ဆက်တိုက် တိုက်ခဲ့ပြီး အရှိန်မထိန်းနိုင်ဘဲ ဂိတ်ကြေးကောက်စခန်းကိုပါ ပျက်စီးသွားအောင် တိုက်လိုက်တာ ဖြစ်ပါတယ်။

ကားမောင်းသူဟာ အသက် ၃၀ ခန့်ရှိပြီး အခြားယာဉ်တိုက်ခံရသူများနဲ့အတူ ဆေးရုံမှာ ကုသမှု ခံနေရပါတယ်။ သူ့ကို လူသေမှု၊ မူးယစ်ဆေးသုံးမှုတို့နဲ့ ရဲက အမှုဖွင့်ထားပါတယ်။ သေဆုံးသူ စီစီဟန်ဟာ အသက် ၄၆ နှစ်ရှိပြီး ဘေးဧရိယာက ဆန်လိုရင်းဇိုမြို့မှာ မိသားစုနဲ့အတူ နေထိုင်သူဖြစ်ပါတယ်။ သူသေဆုံးချိန်မှာ ခင်ပွန်းသည်နဲအတူ ၁၀ နှစ်အရွယ် သမီးတဦး ကျန်ရစ်ပါတယ်။

တံတားဂိတ်ဝန်ထမ်းအဖြစ် ၁၀ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး လူချစ်လူခင်များသူလို့ မိတ်ဆွေ ၀န်ထမ်းတွေက ပြောကြပါတယ်။ ပြည်နယ်ရဲ့ လမ်းတံတားဝန်ထမ်းတဦး တာဝန်ထမ်းဆောင်စဉ် သေဆုံးရလို့ ပြည်နယ်၏ ၀န်ကြီးချုပ် ဘရောင်းက မိသားစုနဲ့ အတူ ၀မ်းနည်းကြောင်း ပြန်ကြားချက်ထုတ်ခဲ့ပါတယ်။ ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ၀န်ကြီချုပ်ရုံးမှာ အလံကို တိုင်ဝက်လွှင့်ထူထားပါတယ်။

ဆန်ဖရန်ဘေးဧရိယာရဲ့ ကားအများဆုံး ဖြတ်သန်းတဲ့ ဘေးဘရစ်ဂျ်မှာ ဖြစ်ပွားတဲ့ ကားတိုက်မှုဖြစ်တာကြောင့် ဖွင့်ထားတဲ့ ဂိတ်စခန်းတွေထဲက လမ်း ၁၀လမ်းကို ခေတ္တ ပိတ်ထားတာကြောင့် စနေနေ့တနေ့လုံးမှာ အဆိုးဝါးဆုံး ယာဉ်ကြောပိတ်ဆိုဖြစ်ခဲ့ရပါတယ်။ တနင်္ဂနွေနေ့မှာလည်း ဂိတ် ၁၄ ကနေ ၁၇ အထိကို ဆက်ပိတ်ထားပြီး စစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်။ အခင်းဖြစ်ပွားတာကနေ ဂိတ် ၁၄ မှာ ဖြစ်ပါတယ်။ တနလာင်္နေ့မှာလည်း ဂိတ်အချို့ဆက်ပိတ်ထားနိုင်တာမို့ ကားတွေ ယာဉ်ကြော ကြံ့ကြာမှု ဆက်ဖြစ်နေနိုင်ပါတယ်။

ဆန်ဖရန်ဘေးဧရိယာက မြန်မာအမျိုးသမီး စီစီဟန် (၄၆နှစ်) ကြေကွဲဖွယ် မတော်တဆမှုနဲ့ ရုတ်တရက် ကွယ်လွန်ရတဲ့အတွက် မိုးမခမီဒီယာကလည်း ၀မ်းနည်းပါကြောင်း သိနေရာကနေ မှတ်တမ်းပြုလိုက်ပါတယ်။

Source : (မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၁၇