လာမယ့္ ဒီဇင္ဘာလ (၉) ရက္မွ (၁၄) ရက္အတြင္း အေအးလိႈင္း ျဖတ္သြားႏိုင္ပါတယ္

လာမယ့္ ဒီဇင္ဘာလ (၉) ရက္မွ (၁၄) ရက္အတြင္း အာရွအေရွ႕ပိုင္းေဒသကို အေအးလိႈင္းျဖတ္သြားႏိုင္ပါတယ္

ပူလြန္းလို႕ေအးရမယ့္ေဆာင္း

ေမာင္ထြန္းလြင္(မိုးေလ၀သ)

လာနီညာေဆာင္းနဲ႕အာရွိတိုက္ရွိ အေျခအေန အပူလြန္လို႕ အေအးပိုရတယ္ ဆိုရင္ နည္းနည္းမ်ားထူးဆန္းေနမလားပဲ။ ဒါေပမယ့္ ဒီကေန႕မွာေတာ့ ဒီစကားဟာ မွန္ေနတယ္ဆိုတာ ရာသီဥတု ျဖစ္စဥ္ေတြက သက္သေျပလို႕ေနႀကျပီျဖစ္ပါတယ္။

အမွန္ကေတာ့ ဒီႏွစ္ဟာ ေအးရမယ့္ေဆာင္းနဲ႕ႀကံဳႀကိဳက္ရမယ့္ လာနီညာ ေဆာင္းျဖစ္ပါတယ္။ ဒါေပမယ့္ ျဖစ္ခ်င္ေတာ့ လာနီညာက ျပီးခဲ့တဲ့ႏို၀င္ဘာလ (၉) ရက္ေန႕က တရာ၀င္ျဖစ္လာခဲ့ေပမယ့္ အားမေကာင္းဘူး ျဖစ္ေနပါတယ္။

ပစိဖိတ္သမုဒၵရာအေရွ႕ဖက္မွာ ရွိႀကတဲ့ ေတာင္အေမရိကတိုက္ အေနာက္ဖက္ကမ္းေျခက အီေကြဒို နဲ႕ ပီရူးႏိုင္ငံကမ္းလြန္ေဒသက ေရေအးေတြဟာ အီေကြတာတေလွ်ာက္ အေနာက္ဖက္ အာရွိတိုက္ရွိရာကို စီးဆင္းလာခဲ့ရာမွာ အားမေကာင္းတဲ့ လာနီညာေႀကာင့္ ေရေအးေတြဟာ အာရွတိုက္ေဒသအထိ ေရာက္ေအာင္မလာႏိုင္ႀကပဲ၊ ပစိဖိတ္သ မုဒၵယာအလယ္ ရက္စြဲသတ္မ်ဥ္းရဲ႕ အေ၇ွ႕ဖက္ 170 ° W အထိသာ ေရာက္လာႏိုင္ႀကလို႕ လာနီညာ ရာသီေဆာင္းဟာ အာရွတိုက္ကို မရိုက္ခတ္ႏိုင္ခဲ့ပါဘူး။

မရိုက္ခတ္ႏိုင္ရံုမက ျမန္မာႏိုင္ငံ ရဲ႕ေဆာင္းဟာ ျမန္မာႏိုင္ငံအတြက္ ျဖစ္ရမယ့္ လာနီညာေဆာင္းနဲက ဆန္႕က်င္ျပီး အေအးေပါ့ျပီး ေျခာက္ေသြ႕မယ့္ ေဆာင္းလို႕ အေမရိကန္ျပည္ေထာင္စုရွိ IRI (International Research Institute) က ခန္႕မွန္းထားခဲ့ပါတယ္။

ဒီေဆာင္းဟာ မေအးေတာ့ဘူးလား၊

ပစိဖိတ္သမုဒၵယာအတြင္းက လာနီညာေရေအးစီးေႀကာင္းေႀကာင့္ ျဖစ္ေပၚလာရမယ့္ လာနီညာေ ဆာင္း ရာသီဥတုဟာ ပစိဖိတ္ သမုဒၶယာအေရွ႕ပိုင္းမွအစျပဳျပီး ေရေအးစီးေႀကာင္းမ်ား ေ၇ြ႕လွ်ားရာ အတိုင္း အနာက္ဖက္ကို ေတာင္တရုတ္ပင္လယ္အမတြင္းေလာက္အထိ ေရာက္ရွိခဲ့ေပမယ့္ အာရွတိုက္ ေတာင္ပိုင္းေဒသမ်ား အထိေတာ့ မေရာက္ရွိႏိုင္ခဲ့ပါဘူး။ အဲ့ဒါေႀကာင့္ ဒီႏွစ္ အေအးဓါတ္ကို အာရွတိုက္ ႏိုင္ငံမ်ားအဖို႕ ပစိဖိတ္ေဒသဖက္မွရရွိဖို႕ ေမွ်ာ္လင့္ခ်က္နည္း ေနတယ္လို႕ပဲ ေျပာရမွာျဖစ္ပါတယ္။

ဒါေပမယ့္ လာနီညာ ပင္ရင္းေဒသျဖစ္တဲ့ ပီရူး နဲ႕ အီေကြဒို ႏိုင္ငံေတြနဲ႕ ဆက္စပ္ေနတဲ့ ကမၻာ့ေျမာက္ဖက္ျခမ္း ေဒသကုန္းေျမမ်ားျဖစ္တဲ့ ေျမာက္အေမရိကတိုက္ နဲ႕ ဥေရာပတိုက္တို႕မွာ လာနီညာရဲ႕ အေအးဓါတ္ေဆာင္းကို စတင္ႀကံဳေတြ ႕ေနႀကရျပီ ျဖစ္ပါတယ္။

ျပီးခဲ့တ့ဲ့ႏို၀င္ဘာလဆန္းခန္႕က အေမရိကန္ျပည္ေထာင္စု အေနာက္အ လယ္ပိုင္း ေဒသကို အေအးလိႈင္းေတြ ျဖတ္သန္းသြားခဲ့တဲ့အတြက္ အေအးလြန္ကဲမႈ နဲ႕ ဆီးႏွင္းမ်ားထူထပ္စြာက်ေရာက္ခဲ့ပါတယ္။

အလားတူပဲ ဥေရာပတိုက္ စေကာ့တလန္ နဲ႕ ယူေကႏိုင္ငံတို႕မွာ ၀င္ရိုးစြန္းေလေအးေတြ တိုး၀င္လာခဲ့မႈေႀကာင့္ အပူခ်ိန္ေတြဟာ ေရခဲအမွတ္ရဲ႕ေအာက္ 6 °C ေလာက္အထိ က်ဆင္းခဲ့ျပီး အေအးလြန္ကဲခဲ့ပါတယ္။ ဒီေတာ့ လာနီညာဟာ အေကာင္ေသးေပမယ့္ အဆိပ္ရွိတယ္လို႕ ေျပာရမယ္ထင္ပါတယ္။

အပူခ်ိန္ စံခ်ိန္တင္တဲ့ႏွစ္ေတြ (သကၠရာဇ္ (၁၈၈၀-၂၀၁၆) ခုႏွစ္အထိ ကာလအတြင္း ေျမျပင္ႏွင့္ ေရျပင္ႏွစ္ရပ္ေပါင္း ပ်မ္းမွ်အပခ်ိန္မ်ားတြင္ အပူဆံုးႏွစ္ (၁၂) ႏွစ္ရွိခဲ့ရာ၊ ၂၀၀၃၊ ၂၀၀၆၊ ၂၀၀၇ ခုႏွစ္တို႕သည္ အဆင့္ (၁၀) ခုေျမာ က္ အပူဆံုးႏွစ္မ်ားအျဖစ္ စံခ်ိန္တူျဖစ္ခဲ့ပါတယ္။ သမိုင္းစဥ္တေလွ်ာက္ အပူဆံုးေသာႏွစ္မွာ ၂၀၁၆ ခုႏွစ္ ျဖစ္ခဲ့ပါတယ္။ အဲဒါေႀကာင့္ အာတိတ္ ေရခဲျပင္မ်ား အရည္ပေပ်ာ္က်မႈေႀကာင့္ လက္က်န္ေရခဲဖံုးလႊမ္းဧရိယာဟာ အပူဆံုးျဖစ္ခဲ့ျပီး ေရခဲအမ်ားဆံုးအရည္ပေပ်ာ္ခဲ့တဲ့ ၂၀၁၆ ခုႏွစ္ေႀကာင့္ ၂၀၁၇ ခုႏွစ္ဟာ ေရခဲဖံုးလႊမ္းခံဧရိယာ အနည္းဆံုး ျဖစ္ခဲ့ပါတယ္။

၁၉၈၀ ခုႏွစ္မ်ား၊ ၁၉၉၀ ခုႏွစ္မ်ား၊ ၂၀၀၀ ခုႏွစ္မ်ား ကာလ တစ္ေလွ်ာက္တြင္ လက္ရွိ ၂၀၁၇ ခုႏွစ္သည္ ေရခဲဖံုးလႊမ္းခံ ဧရိယာ အနည္းဆံုး ျဖစ္ပါတယ္။ ေရခဲဖံုးလႊမ္းခံ ဧရိယာ ေလ်ာ့နည္းသည္႕ အတြင္း၀န္ရိုးစြန္း ေဒသတြင္ အပူရွိန္ျမင့္တက္ေနခဲ့တယ္လို႕ ဆိုနိုင္ပါတယ္။ အဲဒါေႀကာင့္ ၂၀၁၇ ခုႏွစ္တြင္ ၀င္ရိုးစြန္းေဒသ အေအးဓါတ္မ်ား ေလ်ာ့နည္းလာေစခဲ့တဲ့အတြက္ ၀င္ရိုးစြန္းေဒသ ေလဖိအားမ်ားရပ္၀န္း (Polar Vortex) ကို အားေလ်ာ့ေစခဲ့ပါတယ္။ စုစည္းမႈေလ်ာ့နည္းျပီး အားေလ်ာ့လာတဲ့ ၀င္ရိုးစြန္ း ေလစိုင္၀ဲဟာ အစိတ္အပိုင္းငယ္မ်ားအျဖစ္ ၿပိဳကြဲသြားခဲ့ျပီး ေဘးပတ္၀န္းက်င္ ေဒသမ်ားဆီသို ျပန္႕ႏွံ႕ေရာက္ရွိ သြားေစခဲ့ျပန္ပါတယ္။

ကမၻာ့ေျမာက္ဖက္ ကုန္းေျမမ်ားအေပၚ ၀င္ရိုးစြန္းေလေအးမ်ား တိုး၀င္လာျခင္း (သို႕ဟုတ္) ၀င္ရိုးစြန္း ေလေပါက္ကြဲမႈျဖစ္စဥ္ (Arctic Blast) အာတိတ္ေရခဲျပင္ ေလစိုင္၀ဲျပိဳကြဲမႈေႀကာင့္ အာတိတ္ေလေအးမ်ားဟာ ျပိဳကြဲသြားႀကတဲ့ ေလစိုင္ ၀ဲငယ္မ်ားမွ တစ္ဆင့္ ကမၻာ့ေျမာက္ဖက္ျခမ္းရွိ ကုန္းေျမမ်ားအေပၚသို႕ တိုး၀င္ေရာက္ရွိ သြားေသာအခါ အလြန္ေအးေသာ ၀င္ရိုးစြန္းေလမ်ားဟာ လတၱီတြဒ္အနိမ့္ပိုင္းရွိ လူေနေဒသမ်ားေပၚသို ႕ တိုး၀င္လာႀကေသာအခါ ၀င္လာရာ အရပ္ေဒသတိုင္းတြင္ ေ၇ခဲမွတ္ေအာက္ ေရာက္ေအာင္ ေအးေသာ အေအးဒဏ္နဲ႕အတူ ဆီးႏွင္းမ်ားထူထပ္စြာ က်ဆင္းျခင္း၊ ေရမ်ားခဲျခင္းစတဲ့ အေအးဒဏ္ လြန္ကဲမႈကိုႀကံဳေတြ႕ ႀကရေစပါတယ္။

မႀကာမီလာမည္ ရက္လတ္ မိုးေလ၀သခန္႕မွန္းခ်က္မ်ား ထုတ္ျပန္ေပးေနတဲ့ ECMWF (Europen Centre for Medium Range Forecast) ဌာမွ (၂၉-၁၁-၂၀၁၇) ရက္ေန႕မွစတင္၍ December 9 (Day 11) မွ December 14 (Day 15) အတြင္း ကမၻာ႕ေျမာက္ဖက္ျခမ္း ကုန္းေျမေဒသမ်ားျဖစ္ႀကတဲ့ အေမရိကန္ျပည္ေထာင္စု အေနာက္အလယ္ပိုင္း နဲ႕အေရွ႕ပိုင္းေဒသတြင္းသို႕ အာတိတ္ေလေအးမ်ား

တိုး၀င္လာႏိုင္ျပီး၊ ဥေရာပတိုက္ အေနာက္ပိုင္းေဒသတို႕တြင္ ေအးခဲေနမယ့္ ေဆာင္းရာသီဥတုဒဏ္ နဲ႕ အာရွအေရွ႕ပိုင္းေဒသတို႕တြင္ လြန္ကဲေသာအေအးဒဏ္ ရာသီဥတုကို ႀကံဳေတြ႕ရဖြယ္ရွိတယ္လို႕ ခန္႕မွန္းထားပါတယ္။

Source : ေဒါက္တာထြန္းလြင္

(Unicode Version)

လာမယ့် ဒီဇင်ဘာလ (၉) ရက်မှ (၁၄) ရက်အတွင်း အာရှအရှေ့ပိုင်းဒေသကို အအေးလှိုင်းဖြတ်သွားနိုင်ပါတယ်

ပူလွန်းလို့အေးရမယ့်ဆောင်း

မောင်ထွန်းလွင်(မိုးလေဝသ)

လာနီညာဆောင်းနဲ့အာရှိတိုက်ရှိ အခြေအနေ အပူလွန်လို့ အအေးပိုရတယ် ဆိုရင် နည်းနည်းများထူးဆန်းနေမလားပဲ။ ဒါပေမယ့် ဒီကနေ့မှာတော့ ဒီစကားဟာ မှန်နေတယ်ဆိုတာ ရာသီဥတု ဖြစ်စဉ်တွေက သက်သပြေလို့နေကြပြီဖြစ်ပါတယ်။

အမှန်ကတော့ ဒီနှစ်ဟာ အေးရမယ့်ဆောင်းနဲ့ကြုံကြိုက်ရမယ့် လာနီညာ ဆောင်းဖြစ်ပါတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ လာနီညာက ပြီးခဲ့တဲ့နိုဝင်ဘာလ (၉) ရက်နေ့က တရာဝင်ဖြစ်လာခဲ့ပေမယ့် အားမကောင်းဘူး ဖြစ်နေပါတယ်။

ပစိဖိတ်သမုဒ္ဒရာအရှေ့ဖက်မှာ ရှိကြတဲ့ တောင်အမေရိကတိုက် အနောက်ဖက်ကမ်းခြေက အီကွေဒို နဲ့ ပီရူးနိုင်ငံကမ်းလွန်ဒေသက ရေအေးတွေဟာ အီကွေတာတလျှောက် အနောက်ဖက် အာရှိတိုက်ရှိရာကို စီးဆင်းလာခဲ့ရာမှာ အားမကောင်းတဲ့ လာနီညာကြောင့် ရေအေးတွေဟာ အာရှတိုက်ဒေသအထိ ရောက်အောင်မလာနိုင်ကြပဲ၊ ပစိဖိတ်သ မုဒ္ဒယာအလယ် ရက်စွဲသတ်မျဉ်းရဲ့ အရှေ့ဖက် 170 ° W အထိသာ ရောက်လာနိုင်ကြလို့ လာနီညာ ရာသီဆောင်းဟာ အာရှတိုက်ကို မရိုက်ခတ်နိုင်ခဲ့ပါဘူး။

မရိုက်ခတ်နိုင်ရုံမက မြန်မာနိုင်ငံ ရဲ့ဆောင်းဟာ မြန်မာနိုင်ငံအတွက် ဖြစ်ရမယ့် လာနီညာဆောင်းနဲက ဆန့်ကျင်ပြီး အအေးပေါ့ပြီး ခြောက်သွေ့မယ့် ဆောင်းလို့ အမေရိကန်ပြည်ထောင်စုရှိ IRI (International Research Institute) က ခန့်မှန်းထားခဲ့ပါတယ်။

ဒီဆောင်းဟာ မအေးတော့ဘူးလား၊

ပစိဖိတ်သမုဒ္ဒယာအတွင်းက လာနီညာရေအေးစီးကြောင်းကြောင့် ဖြစ်ပေါ်လာရမယ့် လာနီညာေ ဆာင်း ရာသီဥတုဟာ ပစိဖိတ် သမုဒ္ဓယာအရှေ့ပိုင်းမှအစပြုပြီး ရေအေးစီးကြောင်းများ ရွေ့လျှားရာ အတိုင်း အနာက်ဖက်ကို တောင်တရုတ်ပင်လယ်အမတွင်းလောက်အထိ ရောက်ရှိခဲ့ပေမယ့် အာရှတိုက် တောင်ပိုင်းဒေသများ အထိတော့ မရောက်ရှိနိုင်ခဲ့ပါဘူး။ အဲ့ဒါကြောင့် ဒီနှစ် အအေးဓါတ်ကို အာရှတိုက် နိုင်ငံများအဖို့ ပစိဖိတ်ဒေသဖက်မှရရှိဖို့ မျှော်လင့်ချက်နည်း နေတယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။

ဒါပေမယ့် လာနီညာ ပင်ရင်းဒေသဖြစ်တဲ့ ပီရူး နဲ့ အီကွေဒို နိုင်ငံတွေနဲ့ ဆက်စပ်နေတဲ့ ကမ္ဘာ့မြောက်ဖက်ခြမ်း ဒေသကုန်းမြေများဖြစ်တဲ့ မြောက်အမေရိကတိုက် နဲ့ ဥရောပတိုက်တို့မှာ လာနီညာရဲ့ အအေးဓါတ်ဆောင်းကို စတင်ကြံုတွေ ့နေကြရပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့့နိုဝင်ဘာလဆန်းခန့်က အမေရိကန်ပြည်ထောင်စု အနောက်အ လယ်ပိုင်း ဒေသကို အအေးလှိုင်းတွေ ဖြတ်သန်းသွားခဲ့တဲ့အတွက် အအေးလွန်ကဲမှု နဲ့ ဆီးနှင်းများထူထပ်စွာကျရောက်ခဲ့ပါတယ်။

အလားတူပဲ ဥရောပတိုက် စကော့တလန် နဲ့ ယူကေနိုင်ငံတို့မှာ ၀င်ရိုးစွန်းလေအေးတွေ တိုးဝင်လာခဲ့မှုကြောင့် အပူချိန်တွေဟာ ရေခဲအမှတ်ရဲ့အောက် 6 °C လောက်အထိ ကျဆင်းခဲ့ပြီး အအေးလွန်ကဲခဲ့ပါတယ်။ ဒီတော့ လာနီညာဟာ အကောင်သေးပေမယ့် အဆိပ်ရှိတယ်လို့ ပြောရမယ်ထင်ပါတယ်။

အပူချိန် စံချိန်တင်တဲ့နှစ်တွေ (သက္ကရာဇ် (၁၈၈၀-၂၀၁၆) ခုနှစ်အထိ ကာလအတွင်း မြေပြင်နှင့် ရေပြင်နှစ်ရပ်ပေါင်း ပျမ်းမျှအပချိန်များတွင် အပူဆုံးနှစ် (၁၂) နှစ်ရှိခဲ့ရာ၊ ၂၀၀၃၊ ၂၀၀၆၊ ၂၀၀၇ ခုနှစ်တို့သည် အဆင့် (၁၀) ခုမြော က် အပူဆုံးနှစ်များအဖြစ် စံချိန်တူဖြစ်ခဲ့ပါတယ်။ သမိုင်းစဉ်တလျှောက် အပူဆုံးသောနှစ်မှာ ၂၀၁၆ ခုနှစ် ဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် အာတိတ် ရေခဲပြင်များ အရည်ပပျော်ကျမှုကြောင့် လက်ကျန်ရေခဲဖုံးလွှမ်းဧရိယာဟာ အပူဆုံးဖြစ်ခဲ့ပြီး ရေခဲအများဆုံးအရည်ပပျော်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကြောင့် ၂၀၁၇ ခုနှစ်ဟာ ရေခဲဖုံးလွှမ်းခံဧရိယာ အနည်းဆုံး ဖြစ်ခဲ့ပါတယ်။

၁၉၈၀ ခုနှစ်များ၊ ၁၉၉၀ ခုနှစ်များ၊ ၂၀၀၀ ခုနှစ်များ ကာလ တစ်လျှောက်တွင် လက်ရှိ ၂၀၁၇ ခုနှစ်သည် ရေခဲဖုံးလွှမ်းခံ ဧရိယာ အနည်းဆုံး ဖြစ်ပါတယ်။ ရေခဲဖုံးလွှမ်းခံ ဧရိယာ လျော့နည်းသည့် အတွင်းဝန်ရိုးစွန်း ဒေသတွင် အပူရှိန်မြင့်တက်နေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒါကြောင့် ၂၀၁၇ ခုနှစ်တွင် ၀င်ရိုးစွန်းဒေသ အအေးဓါတ်များ လျော့နည်းလာစေခဲ့တဲ့အတွက် ၀င်ရိုးစွန်းဒေသ လေဖိအားများရပ်ဝန်း (Polar Vortex) ကို အားလျော့စေခဲ့ပါတယ်။ စုစည်းမှုလျော့နည်းပြီး အားလျော့လာတဲ့ ၀င်ရိုးစွန် း လေစိုင်ဝဲဟာ အစိတ်အပိုင်းငယ်များအဖြစ် ပြိုကွဲသွားခဲ့ပြီး ဘေးပတ်ဝန်းကျင် ဒေသများဆီသို ပြန့်နှံ့ရောက်ရှိ သွားစေခဲ့ပြန်ပါတယ်။

ကမ္ဘာ့မြောက်ဖက် ကုန်းမြေများအပေါ် ၀င်ရိုးစွန်းလေအေးများ တိုးဝင်လာခြင်း (သို့ဟုတ်) ၀င်ရိုးစွန်း လေပေါက်ကွဲမှုဖြစ်စဉ် (Arctic Blast) အာတိတ်ရေခဲပြင် လေစိုင်ဝဲပြိုကွဲမှုကြောင့် အာတိတ်လေအေးများဟာ ပြိုကွဲသွားကြတဲ့ လေစိုင် ၀ဲငယ်များမှ တစ်ဆင့် ကမ္ဘာ့မြောက်ဖက်ခြမ်းရှိ ကုန်းမြေများအပေါ်သို့ တိုးဝင်ရောက်ရှိ သွားသောအခါ အလွန်အေးသော ၀င်ရိုးစွန်းလေများဟာ လတ္တီတွဒ်အနိမ့်ပိုင်းရှိ လူနေဒေသများပေါ်သို ့ တိုးဝင်လာကြသောအခါ ၀င်လာရာ အရပ်ဒေသတိုင်းတွင် ရေခဲမှတ်အောက် ရောက်အောင် အေးသော အအေးဒဏ်နဲ့အတူ ဆီးနှင်းများထူထပ်စွာ ကျဆင်းခြင်း၊ ရေများခဲခြင်းစတဲ့ အအေးဒဏ် လွန်ကဲမှုကိုကြံုတွေ့ ကြရစေပါတယ်။

မကြာမီလာမည် ရက်လတ် မိုးလေဝသခန့်မှန်းချက်များ ထုတ်ပြန်ပေးနေတဲ့ ECMWF (Europen Centre for Medium Range Forecast) ဌာမှ (၂၉-၁၁-၂၀၁၇) ရက်နေ့မှစတင်၍ December 9 (Day 11) မှ December 14 (Day 15) အတွင်း ကမ္ဘာ့မြောက်ဖက်ခြမ်း ကုန်းမြေဒေသများဖြစ်ကြတဲ့ အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်း နဲ့အရှေ့ပိုင်းဒေသတွင်းသို့ အာတိတ်လေအေးများ

တိုးဝင်လာနိုင်ပြီး၊ ဥရောပတိုက် အနောက်ပိုင်းဒေသတို့တွင် အေးခဲနေမယ့် ဆောင်းရာသီဥတုဒဏ် နဲ့ အာရှအရှေ့ပိုင်းဒေသတို့တွင် လွန်ကဲသောအအေးဒဏ် ရာသီဥတုကို ကြံုတွေ့ရဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

Source : ဒေါက်တာထွန်းလွင်

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္