






(Unicode Version)

ပြဿနာတော့ နည်းနည်းရှိနေပါတယ်။ အချိန်အခါမဟုတ်မိုး ရွာဖို့ရှိနေပါတယ်။

၇-၁၂-၂၀၁၇ / နံနက်(၁၀း၄၉)နာရီ။

၂၀၁၇ ခုနှစ်အတွင်း ဘင်္ဂလားပင်လယ်အော်ထဲမှာ (၈)လုံးမြောက် မုန်တိုင်း BOB/08/2017 ဖြစ်ပေါ်နေပါတယ်။ အဲဒီမုန်တိုင်းရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံမှာ အချိန်အခါမဟုတ်မိုးတွေရွာဖို့ရှိနေပါတယ်။

ဒီဇင်ဘာလ(၇-၁၃)ရက်နေ့အ ထိ လာမယ့်ရက်တစ်ပတ်အတွင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း နဲ့ ကရင်ပြည်နယ် တို့မှာ မိုးအသင့်အတင့် (မိုးရေချိန် ၁ လက်မ မှ ၃ လက်မခန့်) ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း နဲက မွန်ပြည်နယ်တွေမှာ မိုးအနည်းငယ် (မိုးဒရေချိန် ၁ လက်မခန့်) ရွာသွန်းနိုင်ပါတယ်။

အချိန်နဲ့တပြေးညီသတင်းများကို သတိပြုဖို့တိုက်တွန်းလိုပါတယ်။

Source : ဒေါက်တာထွန်းလွင်