စာက်က္နည္းေကာင္းမွ စာေတာ္မည္ (ေက်ာင္းသားမ်ားအတြက္ စာက်က္နည္း)

ကၽြန္မ အသက္ ၃ႏွစ္ကတည္းက မူၾကိဳ စတက္ခဲ့ျပီး၊ ၅ႏွစ္သမီးမွာ သူငယ္တန္း စတက္ခဲ့ပါတယ္။ ၁၆ႏွစ္မွာ ၁၀တန္း ေအာင္ျပီး၊ ၁၉ႏွစ္မွာ ကိုရီးယား ဘီေအဘဲြ႔ ရခဲ့ပါတယ္။ ၂၀ေက်ာ္မွာ အဂၤလိပ္စာ ဘဲြ႔ရခဲ့ပါတယ္။ ေနာက္ မဟာတန္း တက္ဖို႔ ကိုရီးယားကို လာခဲ့ပါတယ္။ အသက္ ၂၆မွာ မဟာဘဲြ႔ရခဲ့ပါတယ္။

မဟာဘဲြ႔ ယူျပီးေတာ့လည္း ၁ႏွစ္ပဲ နားျပီး ပါရဂူတန္း ဆက္တက္ခဲ့တာ အခုဆို ပါရဂူတန္း တတိယႏွစ္ ျပီးပါေတာ့မယ္။ အားလံုးေပါင္း ဘဲြ႔ သံုးခု ရျပီးပါျပီ။ မၾကာခင္ ေဒါက္တာဘဲြ႔ယူရပါမယ္။ အဲဒီေတာ့ ကၽြန္မ တစ္သက္တာလံုး ေက်ာင္းတက္၊ ပညာသင္၊ စာလုပ္တဲ့ အလုပ္ပဲ လုပ္ခဲ့တယ္လို႔ ဆိုရင္လည္း လြန္မယ္ မထင္ပါဘူး။

ဒီေန႔ေတာ့ စာက်က္နည္းေလးနဲ႔ ပတ္သက္ျပီး ေျပာျပခ်င္ပါတယ္။ စာက်က္တဲ့အခါ ဘယ္လို လုပ္ျပီး က်က္ရင္ ပို ထိေရာက္သလဲဆိုတဲ့ နည္းလမ္းေလးေတြကို ေဖာ္ျပေပးသြားမွာပါ။ (လူအေပၚမွာ မူတည္ျပီး ကြာႏိုင္ပါတယ္။ ကၽြန္မက ကၽြန္မ နည္းေလးေတြကို ေဖာ္ျပေပးမွာ ျဖစ္ပါတယ္။ အားလံုး ဒီလို လုပ္ပါလို႔ မဆိုလိုပါဘူး။ ကိုက္ညီသူမ်ား ရိွရင္ လက္ခံ ေလ့လာႏုိင္ပါတယ္။)

လူတိုင္းမွာ စာက်က္နည္း အမ်ိဳးမ်ိဳး ရိွၾကပါလိမ့္မယ္။ ကၽြန္မမွာလည္း ကၽြန္မနည္း၊ ကၽြန္မဟန္နဲ႔ စာက်က္တဲ့ နည္းေတြ ရွိပါတယ္။ ငယ္ကတည္းက တစ္ဦးတည္းေသာ သမီး ျဖစ္တာမို႔ တစ္ေယာက္တည္း ေနရတာနဲ႔ အေလ့အက်င့္ ျဖစ္ေနတဲ့ ကၽြန္မက နည္းနည္းေတာ့ ဇီဇာေၾကာင္ပါတယ္။ ဒါေၾကာင့္ စာက်က္တဲ့ အခါလည္း ဇီဇာေၾကာင္ပါတယ္။

စကားသံေတြ ဆူေနတဲ့ ေနရာ ဘာညာဆို ကၽြန္မ လံုး၀ အာရံုစူးစိုက္လို႔ မရပါဘူး။ ဒါေၾကာင့္ ကၽြန္မ အိမ္သားေတြေတာင္ ကၽြန္မ စာက်က္ေနတဲ့ ေဘးကို ျဖတ္သြားျဖတ္လာ လုပ္တာကို မၾကိဳက္ပါဘူူး။ ကၽြန္မတို႔ ကိုရီးယားမွာေတာ့ စာၾကည့္တိုက္သြားျပီး စာက်က္မွ စာလုပ္တယ္ ထင္ၾကသူေတြ(မ်ားေသာအားျဖင့္ လူၾကီးေတြျဖစ္တဲ့ ပေရာ္ဖက္ဆာၾကီးေတြ) ရိွေပမယ့္ ကၽြန္မကေတာ့ စာအုပ္ငွားခ်ိန္က လြဲလို႔ လူေတြ အမ်ားၾကီး ၀င္လိုက္ထြက္လိုက္ လုပ္တဲ့ စာၾကည့္တိုက္မွာ လံုး၀ လံုး၀ စာ လုပ္လို႔ မရတတ္တဲ့ သူေတြထဲက တစ္ေယာက္ပါ။ ကၽြန္မနည္း ကၽြန္မဟန္နဲ႔ စာလုပ္မွကို ဦးေႏွာက္ထဲကို ၀င္ပါတယ္။

ဒါေပမယ့္ လြန္ခဲ့တဲ့ သံုးေလးရက္က ကိုရီးယား သတင္းစာ တစ္ခုထဲမွာ “စာက်က္မာစတာ”လို႔ ေခၚတဲ့ စာက်က္အားေကာင္းျပီး အရမ္း ေတာ္တဲ့ ကိုရီးယားေက်ာင္းသားရဲ႕ စာက်က္နည္းကို ေဖာ္ျပထားတာမွာ ကၽြန္မရဲ႕ စာက်က္နည္းေတြနဲ႔ အရမ္း တူေနလို႔ အံ့ျသမိရျပီး ဒါကို ကေလးေတြကို ျပန္ေျပာျပသင့္တယ္ထင္လို႔ ဒီ ေဆာင္းပါးေလး ေရးျပီး တင္ေပးလိုက္ပါတယ္။

၁။ ဘက္ဂေရာင္းကို ရွင္းလင္းပါ။

(သင့္ေတာ္တဲ့ အလင္းေရာင္ကို ေရြးျပီး အဓိကကေတာ့ စာက်က္မယ့္ ေနရာကို စနစ္တက် ရွင္းလင္းပါ)လို႔ သူက ေျပာထားပါတယ္။ ကၽြန္မ အရမ္း အံ့ျသမိပါတယ္။ ဘာလို႔လဲဆိုရင္ေတာ့ ကၽြန္မကလည္း စာက်က္တဲ့အခါ စားပဲြေပၚမွာ ကၽြန္မ ၾကည့္မယ့္ စာအုပ္ကလဲြလို႔ ခဲဖ်က္ေလး တစ္ခုေတာင္ မထားတတ္လို႔ပါပဲ။ စားပဲြမွာ စာအုပ္နဲ႔ ကိုယ္ပဲ ရိွမွ စာ ပို ရတတ္လို႔ စာက်က္တိုင္း အျမဲ က်န္တဲ့ အရာေတြကို ရွင္းလင္းထားတတ္ေပမယ့္ သူကလည္း အဲဒီလို ဆိုထားပါတယ္။ ဒါမွ ကိုယ့္ စာက အာရံုထဲကို ပို ေရာက္ေစတယ္လို႔ ဆိုပါတယ္။

၂။ အေၾကာင္းအရာ တစ္ခုတည္းကို ဗားရွင္း ႏွစ္မ်ိဳးနဲ႔ ဖတ္ၾကည့္ပါ။

(ကိုယ္ သိခ်င္တဲ့ အေၾကာင္းအရာ တစ္ခုကို စာအုပ္ တစ္အုပ္ထဲကေန မဖတ္ဘဲ တစ္ျခား စာအုပ္မွာ ဘယ္လို ေရးသားထားသလဲကို ႏိႈင္းယွဥ္ျပီး ဖတ္ၾကည့္ပါ)လို႔ သူက ေျပာထားပါတယ္။ ဒါလည္း ကၽြန္မ ငယ္ငယ္ကတည္းက လုပ္ေနၾကပါပဲ။ ကိုယ္ ဖတ္ေနတဲ့ အေၾကာင္းအရာကို တစ္ျခား စာအုပ္မွာ ဘယ္လို ထပ္ ရွင္းထားသလဲကို ဖတ္ရင္း အဲဒီ အေၾကာင္းအရာရဲ႕ ရွင္းလင္း ေဖာ္ျပခ်က္ကို ပို နားလည္ႏုိင္ေစသလို၊ ကိုယ့္ကို စဥ္းစားေတြးေခၚႏိုင္ေအာင္ လုပ္ေပးႏိုင္စြမ္း ရိွလို႔ပါပဲ။

၃။ မသိတဲ့ စကားလံုးကို စိုက္ၾကည့္ျပီး ဖတ္ပါ။

(ဖတ္ရင္း ကိုယ္ မသိတဲ့ ေ၀ါဟာရ တစ္ခု ပါလာရင္ ေက်ာ္မသြားဘဲ စိုက္ၾကည့္ျပီး ဖတ္ေပးပါ)လို႔ ေျပာထားပါတယ္။ ကၽြန္မက ဘာသာစကား ေလ့လာတဲ့ သူမို႕ ဒါက ေတာ္ေတာ္ေလး သက္ဆိုင္တယ္လို႔ ဆိုရပါမယ္။ မ်ားေသာအားျဖင့္ ကေလးေတြ စာက်က္တဲ့အခါ ကိုယ္ မသိတာ တစ္ခု ပါလာရင္ အဲဒီ စကားလံဳးကို ေက်ာ္သြားေလ့ ရိွပါတယ္။ ဒါေပမယ့္ အဲဒါ မွားပါတယ္။ ကိုယ္ မသိတဲ့ စကားလံုးကို စိုက္ၾကည့္ ဖတ္ေပးျပီး ဒါက ဘာကို ဆိုလိုတာလဲဆိုတာကို စဥ္းစားၾကည့္ျခင္းျဖင့္ ဖတ္ေနတဲ့ အေၾကာင္းအရာကို ပိုျပီး သေဘာေပါက္ နားလည္ေစလို႔ပဲ ျဖစ္ပါတယ္။ မသိတဲ့ မီးနင္း ပါလာရင္ ေက်ာ္မသြားဘဲ အဘိဓာန္မွာ ရွာဖတ္ျပီးမွ စာကို ဆက္ဖတ္ပါ။

၄။ အေၾကာင္းအရာ တစ္ခုကို မိနစ္ ၂၀သာ ဖတ္ပါ။

(ဖတ္ေနတဲ့ အေၾကာင္းအရာ တစ္ခုကို မိနစ္ ၂၀ထက္ ပို မဖတ္ပါနဲ႔)လို႔ သူက ေျပာထားပါတယ္။ ကၽြန္မလည္း အတူတူပါပဲ။ တခါတေလ စာတစ္ပုဒ္ ဖတ္တဲ့အခါ နားမလည္တာမ်ိဳးေတြ ရိွတတ္ပါတယ္။ အဲဒီလို အခါမ်ိဳးမွာ အခ်ိန္ အၾကာၾကီး ေပးျပီး ကိုယ္ မသိတာၾကီးကို ဆက္ျပီး ဖတ္ရင္းနဲ႔ ဦးေႏွာက္ကို ပင္ပန္းေစတာထက္ မိနစ္ ၂၀ ေလာက္ထိပဲ ဖတ္ျပီး မသိရင္ ေနာက္ အေၾကာင္းအရာ တစ္ခုကို ေျပာင္း ဖတ္ျပီးမွ ျပန္ ဖတ္သင့္ပါတယ္။ မသိတာကို အတင္း ဆက္ဖတ္ေလ ဦးေႏွာက္က ပူလာေလပါပဲ။ ဒါေပမယ့္ လက္ေလွ်ာ့ခိုင္းတာ မဟုတ္ပါဘူး။ ေနာက္ မိနစ္ အနည္းငယ္ အၾကာ တစ္ျခား အေၾကာင္းအရာကို ဖတ္ျပီးမွ ခုနက ကိုယ္ နားမလည္လိုက္တာကို ျပန္ ဖတ္ရင္ ပိုျပီး နားလည္လာတတ္ပါတယ္။

၅။ သိတာကို ခ်ေရးပါ။

(စာ ဖတ္ရင္း ကိုယ္ နားလည္တာကို ခ်ေရးပါ)လို႔ သူက ေျပာထားပါတယ္။ အတူတူပါပဲ။ ကၽြန္မက စာ တစ္ပုဒ္ ဖတ္တဲ့အခါ ျမန္မာစာပဲ ျဖစ္ေနပါေစ နားလည္တဲ့ အေၾကာင္းအရာကို အက်ဥ္းခ်ဳပ္ စာတိုေလးေတြ၊ ဇယားေလးေတြ၊ ပံုကေလးေတြ ဆဲြျပီး မွတ္စု ထုတ္တတ္ပါတယ္။ အတိုခ်ဳပ္ မွတ္စု ထုတ္တာဟာ ကိုယ္က ဘယ္ေလာက္ အဲဒီ စာတစ္ပုဒ္ကို နားလည္သလဲဆိုတာကို ျပေပးတဲ့ သက္ေသပါပဲ။ မွတ္စုတို ထြက္မလာရင္ ေသခ်ာပါတယ္။ အဲဒီ စာကို နားမလည္ဘူးလို႔ သက္ေသျပေနတာပဲ ျဖစ္ပါတယ္။

၆။ ကိုယ့္ ကိုယ္ပိုင္ စာက်က္ရာ ေနရာကို ေရြးပါ။

(ကိုယ့္အတြက္ သက္ေသာင့္သက္သာ အရိွဆံုး ေနရာကို ေရြးျပီး စာလုပ္ပါ)လို႔ သူက ေျပာထားပါတယ္။ အေပၚမွာ ကၽြန္မ ေပးထားတဲ့ ဥပမာလိုပဲ။ တစ္ခ်ိဳ႕ အသက္ၾကီးတဲ့ ပေရာ္ဖက္ဆာၾကီးေတြဆိုရင္ စာၾကည့္တုိက္မွာ စာ လာလုပ္မွ တကယ္ စာလုပ္တဲ့ ေက်ာင္းသားလို႔ ထင္တဲ့ သူေတြ ရိွပါတယ္။ ကၽြန္မကေတာ့ ေဆာရီးပါ ဆရာပါပဲ။ ကၽြန္မအတြက္ စာလုပ္ဖို႔ အဆင္အေျပဆံုး ေနရာကေတာ့ ကၽြန္မ ေနတဲ့ အိမ္ပဲ ျဖစ္ပါတယ္။ ကိုယ္ ၀တ္ေနက် အိမ္ေနရင္း အ၀တ္အစားနဲ႔ ကိုယ္ ထုိင္ေနက် ေနရာမွာ ထိုင္ျပီး စာလုပ္ရတာကသာ ကၽြန္မအတြက္ သက္ေသာင့္သက္သာ အရိွဆံုးပဲ ျဖစ္ပါတယ္။ စာၾကည့္တုိက္ သြားတဲ့အခါ ၀တ္ထားတဲ့ အျပင္၀တ္ အ၀တ္အစားေတြ၊ ဖိနပ္ေတြ၊ ၀င္ထြက္သြားလာေနတဲ့ လူေတြက ကၽြန္မ စာလုပ္ဖို႔အတြက္ အၾကီးမားဆံုး အေႏွာင့္အယွက္ေတြပါပဲ။ ဒါေၾကာင့္ ေကာ္ဖီဆိုင္၊ အိမ္၊ ေက်ာင္း၊ စာၾကည့္တိုက္ စသျဖင့္ ကိုယ္ အႏွစ္သက္ဆံုး ေနရာတစ္ခုမွာ စာလုပ္ၾကဖို႔က အေရးၾကီးပါတယ္။

၇။ တစ္ေန႔မွာ စာအုပ္ အမ်ားၾကီးကို ဖတ္ပါ။

(တစ္ေန႔ထဲနဲ႔ ဗဟုသုတ၊ စာေပ၊ ဘာသာစကား၊ ၀ါသနာ စတဲ့ စာအုပ္ ေပါင္းစံုကို ဖတ္ပါ)လို႔ သူက ေျပာထားပါတယ္။ မွန္ပါတယ္။ တစ္ေန႔မွာ စာအုပ္ တစ္အုပ္ထဲကို မဖတ္သင့္ပါဘူး။ အာရံုကို အေျပာင္းအလဲ ျဖစ္ေစေအာင္ ၀ါသနာအတြက္ အေရးပါတဲ့ စာအုပ္၊ ဟာသ၊ ဘာသာစကား စတဲ့ စာအုပ္ေတြကို လွည့္ျပီး အစဥ္လိုက္ ဖတ္သင့္ပါတယ္။ ကၽြန္မဆိုလည္း တစ္ေန႔တည္း ကိုရီးယားေက်ာင္းစာအုပ္၊ ဗဟုသုတစာအုပ္၊ ျမန္မာ ဗဟုသုတ စာအုပ္၊ ရုရွား ဖတ္စာအုပ္၊ ဂ်ပန္နဲ႔ တရုတ္စာ စာအုပ္ စသျဖင့္ အာရံုအေပၚ မူတည္ျပီး အမ်ိဳးမ်ိဳးကို အလွည့္လိုက္ ဖတ္ေလ့ ရိွပါတယ္။

ကိုယ္က ဒီလို နည္းေလးေတြနဲ႔ စာလုပ္လာတဲ့ သူ ျဖစ္ေပမယ့္ တစ္ခါမွ အဲဒီလို စာရင္းေလး လုပ္ျပီး မစဥ္းစားၾကည့္ျဖစ္ခဲ့ပါဘူး။ အဲဒီေန႔က သတင္းေလးကို ဖတ္ျပီးမွ “ငါ စာလုပ္တာနဲ႔ ေတာ္ေတာ္ တူပါလား”လို႔ ေတြးမိျပီး အားလံုးကို ေဖာ္ျပေပးခ်င္တဲ့ ေစတနာ စိတ္ကေလး ေပၚလာမိပါတယ္။ စာလုပ္ခ်င္ေပမယ့္ ဘယ္လို နည္းလမ္းနဲ႔ လုပ္ရမွန္း မသိျဖစ္ေနတဲ့ ေမာင္၊ ညီမေလးေတြ၊ ေနာက္ျပီး စာလုပ္ေနေပမယ့္လည္း တုိးတက္မႈ မရိွဘူးလို႔ ခံစားရတဲ့ ေမာင္ညီမ အစ္ကို အစ္မတို႔ အထက္က ေျပာတဲ့ အခ်က္ကေလးေတြကို ဖတ္ၾကည့္ျပီး ကိုယ့္အတြက္ အဆင္ေျပမယ့္ စာက်က္နည္းေလးကို ရွာေဖြပါလို႔ တိုက္တြန္းပါရေစ။

ေကာင္းမြန္ မွန္ကန္တဲ့ နည္းလမ္းနဲ႔ စာ မ်ားမ်ား ဖတ္၊ စာ မ်ားမ်ား က်က္ျပီး ကိုယ္ ေလ့လာရာ ဘာသာရပ္မွာ ထူးခၽြန္ေျပာင္ေျမာက္တဲ့ သူမ်ား ျဖစ္ၾကပါေစလို႔ ဆုမြန္ေကာင္း ေတာင္းလိုက္ပါတယ္။ ကၽြန္မရဲ႕ မွတ္စုတို ထုတ္နည္းေလးလည္း ဓာတ္ပံုနဲ႔ တကြ တင္ေပးလိုက္ပါတယ္။

မွတ္ခ်က္။ ။ အားလံုး ဒီနည္းနဲ႔ စာလုပ္ရမယ္လို႔ မဆိုလိုပါ။ ကိုယ္နဲ႔ ကိုက္ညီမႈ ရိွသူေတြ အတုယူ ေလ့လာႏုိင္ပါတယ္။ မူရင္း စာေရးသူကို ေဖာ္ျပထားတယ္ဆိုရင္ မည္သူမဆို ဒီ ပို႔စ္ကို ရွဲႏိုင္ပါတယ္။ စာႏွင့္ မသက္ဆိုင္ေသာ ကြန္မန္႔မ်ား ေပးျခင္း သည္းခံပါ။ ၾကိဳက္ႏွစ္သက္ရင္ေတာ့ ကြန္မန္႔မွာ ေျပာခဲ့ပါရွင္။

ခ်မ္းျမျမေသာ္

3rd year Ph.D (KHU, Seoul, Korea)

(Unicode Version)

စာကျက်နည်းကောင်းမှ စာတော်မည် (ကျောင်းသားများအတွက် စာကျက်နည်း)

ကျွန်မ အသက် ၃နှစ်ကတည်းက မူကြို စတက်ခဲ့ပြီး၊ ၅နှစ်သမီးမှာ သူငယ်တန်း စတက်ခဲ့ပါတယ်။ ၁၆နှစ်မှာ ၁၀တန်း အောင်ပြီး၊ ၁၉နှစ်မှာ ကိုရီးယား ဘီအေဘွဲ့ ရခဲ့ပါတယ်။ ၂၀ကျော်မှာ အင်္ဂလိပ်စာ ဘွဲ့ရခဲ့ပါတယ်။ နောက် မဟာတန်း တက်ဖို့ ကိုရီးယားကို လာခဲ့ပါတယ်။ အသက် ၂၆မှာ မဟာဘွဲ့ရခဲ့ပါတယ်။

မဟာဘွဲ့ ယူပြီးတော့လည်း ၁နှစ်ပဲ နားပြီး ပါရဂူတန်း ဆက်တက်ခဲ့တာ အခုဆို ပါရဂူတန်း တတိယနှစ် ပြီးပါတော့မယ်။ အားလုံးပေါင်း ဘွဲ့ သုံးခု ရပြီးပါပြီ။ မကြာခင် ဒေါက်တာဘွဲ့ယူရပါမယ်။ အဲဒီတော့ ကျွန်မ တစ်သက်တာလုံး ကျောင်းတက်၊ ပညာသင်၊ စာလုပ်တဲ့ အလုပ်ပဲ လုပ်ခဲ့တယ်လို့ ဆိုရင်လည်း လွန်မယ် မထင်ပါဘူး။

ဒီနေ့တော့ စာကျက်နည်းလေးနဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်။ စာကျက်တဲ့အခါ ဘယ်လို လုပ်ပြီး ကျက်ရင် ပို ထိရောက်သလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးသွားမှာပါ။ (လူအပေါ်မှာ မူတည်ပြီး ကွာနိုင်ပါတယ်။ ကျွန်မက ကျွန်မ နည်းလေးတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အားလုံး ဒီလို လုပ်ပါလို့ မဆိုလိုပါဘူး။ ကိုက်ညီသူများ ရှိရင် လက်ခံ လေ့လာနိုင်ပါတယ်။)

လူတိုင်းမှာ စာကျက်နည်း အမျိုးမျိုး ရှိကြပါလိမ့်မယ်။ ကျွန်မမှာလည်း ကျွန်မနည်း၊ ကျွန်မဟန်နဲ့ စာကျက်တဲ့ နည်းတွေ ရှိပါတယ်။ ငယ်ကတည်းက တစ်ဦးတည်းသော သမီး ဖြစ်တာမို့ တစ်ယောက်တည်း နေရတာနဲ့ အလေ့အကျင့် ဖြစ်နေတဲ့ ကျွန်မက နည်းနည်းတော့ ဇီဇာကြောင်ပါတယ်။ ဒါကြောင့် စာကျက်တဲ့ အခါလည်း ဇီဇာကြောင်ပါတယ်။

စကားသံတွေ ဆူနေတဲ့ နေရာ ဘာညာဆို ကျွန်မ လုံးဝ အာရုံစူးစိုက်လို့ မရပါဘူး။ ဒါကြောင့် ကျွန်မ အိမ်သားတွေတောင် ကျွန်မ စာကျက်နေတဲ့ ဘေးကို ဖြတ်သွားဖြတ်လာ လုပ်တာကို မကြိုက်ပါဘူူး။ ကျွန်မတို့ ကိုရီးယားမှာတော့ စာကြည့်တိုက်သွားပြီး စာကျက်မှ စာလုပ်တယ် ထင်ကြသူတွေ(များသောအားဖြင့် လူကြီးတွေဖြစ်တဲ့ ပရော်ဖက်ဆာကြီးတွေ) ရှိပေမယ့် ကျွန်မကတော့ စာအုပ်ငှားချိန်က လွဲလို့ လူတွေ အများကြီး ၀င်လိုက်ထွက်လိုက် လုပ်တဲ့ စာကြည့်တိုက်မှာ လုံးဝ လုံးဝ စာ လုပ်လို့ မရတတ်တဲ့ သူတွေထဲက တစ်ယောက်ပါ။ ကျွန်မနည်း ကျွန်မဟန်နဲ့ စာလုပ်မှကို ဦးနှောက်ထဲကို ၀င်ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ သုံးလေးရက်က ကိုရီးယား သတင်းစာ တစ်ခုထဲမှာ “စာကျက်မာစတာ”လို့ ခေါ်တဲ့ စာကျက်အားကောင်းပြီး အရမ်း တော်တဲ့ ကိုရီးယားကျောင်းသားရဲ့ စာကျက်နည်းကို ဖော်ပြထားတာမှာ ကျွန်မရဲ့ စာကျက်နည်းတွေနဲ့ အရမ်း တူနေလို့ အံ့သြမိရပြီး ဒါကို ကလေးတွေကို ပြန်ပြောပြသင့်တယ်ထင်လို့ ဒီ ဆောင်းပါးလေး ရေးပြီး တင်ပေးလိုက်ပါတယ်။

၁။ ဘက်ဂရောင်းကို ရှင်းလင်းပါ။

(သင့်တော်တဲ့ အလင်းရောင်ကို ရွေးပြီး အဓိကကတော့ စာကျက်မယ့် နေရာကို စနစ်တကျ ရှင်းလင်းပါ)လို့ သူက ပြောထားပါတယ်။ ကျွန်မ အရမ်း အံ့သြမိပါတယ်။ ဘာလို့လဲဆိုရင်တော့ ကျွန်မကလည်း စာကျက်တဲ့အခါ စားပွဲပေါ်မှာ ကျွန်မ ကြည့်မယ့် စာအုပ်ကလွဲလို့ ခဲဖျက်လေး တစ်ခုတောင် မထားတတ်လို့ပါပဲ။ စားပွဲမှာ စာအုပ်နဲ့ ကိုယ်ပဲ ရှိမှ စာ ပို ရတတ်လို့ စာကျက်တိုင်း အမြဲ ကျန်တဲ့ အရာတွေကို ရှင်းလင်းထားတတ်ပေမယ့် သူကလည်း အဲဒီလို ဆိုထားပါတယ်။ ဒါမှ ကိုယ့် စာက အာရုံထဲကို ပို ရောက်စေတယ်လို့ ဆိုပါတယ်။

၂။ အကြောင်းအရာ တစ်ခုတည်းကို ဗားရှင်း နှစ်မျိုးနဲ့ ဖတ်ကြည့်ပါ။

(ကိုယ် သိချင်တဲ့ အကြောင်းအရာ တစ်ခုကို စာအုပ် တစ်အုပ်ထဲကနေ မဖတ်ဘဲ တစ်ခြား စာအုပ်မှာ ဘယ်လို ရေးသားထားသလဲကို နှိုင်းယှဉ်ပြီး ဖတ်ကြည့်ပါ)လို့ သူက ပြောထားပါတယ်။ ဒါလည်း ကျွန်မ ငယ်ငယ်ကတည်းက လုပ်နေကြပါပဲ။ ကိုယ် ဖတ်နေတဲ့ အကြောင်းအရာကို တစ်ခြား စာအုပ်မှာ ဘယ်လို ထပ် ရှင်းထားသလဲကို ဖတ်ရင်း အဲဒီ အကြောင်းအရာရဲ့ ရှင်းလင်း ဖော်ပြချက်ကို ပို နားလည်နိုင်စေသလို၊ ကိုယ့်ကို စဉ်းစားတွေးခေါ်နိုင်အောင် လုပ်ပေးနိုင်စွမ်း ရှိလို့ပါပဲ။

၃။ မသိတဲ့ စကားလုံးကို စိုက်ကြည့်ပြီး ဖတ်ပါ။

(ဖတ်ရင်း ကိုယ် မသိတဲ့ ဝေါဟာရ တစ်ခု ပါလာရင် ကျော်မသွားဘဲ စိုက်ကြည့်ပြီး ဖတ်ပေးပါ)လို့ ပြောထားပါတယ်။ ကျွန်မက ဘာသာစကား လေ့လာတဲ့ သူမို့ ဒါက တော်တော်လေး သက်ဆိုင်တယ်လို့ ဆိုရပါမယ်။ များသောအားဖြင့် ကလေးတွေ စာကျက်တဲ့အခါ ကိုယ် မသိတာ တစ်ခု ပါလာရင် အဲဒီ စကားလုံးကို ကျော်သွားလေ့ ရှိပါတယ်။ ဒါပေမယ့် အဲဒါ မှားပါတယ်။ ကိုယ် မသိတဲ့ စကားလုံးကို စိုက်ကြည့် ဖတ်ပေးပြီး ဒါက ဘာကို ဆိုလိုတာလဲဆိုတာကို စဉ်းစားကြည့်ခြင်းဖြင့် ဖတ်နေတဲ့ အကြောင်းအရာကို ပိုပြီး သဘောပေါက် နားလည်စေလို့ပဲ ဖြစ်ပါတယ်။ မသိတဲ့ မီးနင်း ပါလာရင် ကျော်မသွားဘဲ အဘိဓာန်မှာ ရှာဖတ်ပြီးမှ စာကို ဆက်ဖတ်ပါ။

၄။ အကြောင်းအရာ တစ်ခုကို မိနစ် ၂၀သာ ဖတ်ပါ။

(ဖတ်နေတဲ့ အကြောင်းအရာ တစ်ခုကို မိနစ် ၂၀ထက် ပို မဖတ်ပါနဲ့)လို့ သူက ပြောထားပါတယ်။ ကျွန်မလည်း အတူတူပါပဲ။ တခါတလေ စာတစ်ပုဒ် ဖတ်တဲ့အခါ နားမလည်တာမျိုးတွေ ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ အချိန် အကြာကြီး ပေးပြီး ကိုယ် မသိတာကြီးကို ဆက်ပြီး ဖတ်ရင်းနဲ့ ဦးနှောက်ကို ပင်ပန်းစေတာထက် မိနစ် ၂၀ လောက်ထိပဲ ဖတ်ပြီး မသိရင် နောက် အကြောင်းအရာ တစ်ခုကို ပြောင်း ဖတ်ပြီးမှ ပြန် ဖတ်သင့်ပါတယ်။ မသိတာကို အတင်း ဆက်ဖတ်လေ ဦးနှောက်က ပူလာလေပါပဲ။ ဒါပေမယ့် လက်လျှော့ခိုင်းတာ မဟုတ်ပါဘူး။ နောက် မိနစ် အနည်းငယ် အကြာ တစ်ခြား အကြောင်းအရာကို ဖတ်ပြီးမှ ခုနက ကိုယ် နားမလည်လိုက်တာကို ပြန် ဖတ်ရင် ပိုပြီး နားလည်လာတတ်ပါတယ်။

၅။ သိတာကို ချရေးပါ။

(စာ ဖတ်ရင်း ကိုယ် နားလည်တာကို ချရေးပါ)လို့ သူက ပြောထားပါတယ်။ အတူတူပါပဲ။ ကျွန်မက စာ တစ်ပုဒ် ဖတ်တဲ့အခါ မြန်မာစာပဲ ဖြစ်နေပါစေ နားလည်တဲ့ အကြောင်းအရာကို အကျဉ်းချုပ် စာတိုလေးတွေ၊ ဇယားလေးတွေ၊ ပုံကလေးတွေ ဆွဲပြီး မှတ်စု ထုတ်တတ်ပါတယ်။ အတိုချုပ် မှတ်စု ထုတ်တာဟာ ကိုယ်က ဘယ်လောက် အဲဒီ စာတစ်ပုဒ်ကို နားလည်သလဲဆိုတာကို ပြပေးတဲ့ သက်သေပါပဲ။ မှတ်စုတို ထွက်မလာရင် သေချာပါတယ်။ အဲဒီ စာကို နားမလည်ဘူးလို့ သက်သေပြနေတာပဲ ဖြစ်ပါတယ်။

၆။ ကိုယ့် ကိုယ်ပိုင် စာကျက်ရာ နေရာကို ရွေးပါ။

(ကိုယ့်အတွက် သက်သောင့်သက်သာ အရှိဆုံး နေရာကို ရွေးပြီး စာလုပ်ပါ)လို့ သူက ပြောထားပါတယ်။ အပေါ်မှာ ကျွန်မ ပေးထားတဲ့ ဥပမာလိုပဲ။ တစ်ချို့ အသက်ကြီးတဲ့ ပရော်ဖက်ဆာကြီးတွေဆိုရင် စာကြည့်တိုက်မှာ စာ လာလုပ်မှ တကယ် စာလုပ်တဲ့ ကျောင်းသားလို့ ထင်တဲ့ သူတွေ ရှိပါတယ်။ ကျွန်မကတော့ ဆောရီးပါ ဆရာပါပဲ။ ကျွန်မအတွက် စာလုပ်ဖို့ အဆင်အပြေဆုံး နေရာကတော့ ကျွန်မ နေတဲ့ အိမ်ပဲ ဖြစ်ပါတယ်။ ကိုယ် ၀တ်နေကျ အိမ်နေရင်း အဝတ်အစားနဲ့ ကိုယ် ထိုင်နေကျ နေရာမှာ ထိုင်ပြီး စာလုပ်ရတာကသာ ကျွန်မအတွက် သက်သောင့်သက်သာ အရှိဆုံးပဲ ဖြစ်ပါတယ်။ စာကြည့်တိုက် သွားတဲ့အခါ ၀တ်ထားတဲ့ အပြင်ဝတ် အဝတ်အစားတွေ၊ ဖိနပ်တွေ၊ ၀င်ထွက်သွားလာနေတဲ့ လူတွေက ကျွန်မ စာလုပ်ဖို့အတွက် အကြီးမားဆုံး အနှောင့်အယှက်တွေပါပဲ။ ဒါကြောင့် ကော်ဖီဆိုင်၊ အိမ်၊ ကျောင်း၊ စာကြည့်တိုက် စသဖြင့် ကိုယ် အနှစ်သက်ဆုံး နေရာတစ်ခုမှာ စာလုပ်ကြဖို့က အရေးကြီးပါတယ်။

၇။ တစ်နေ့မှာ စာအုပ် အများကြီးကို ဖတ်ပါ။

(တစ်နေ့ထဲနဲ့ ဗဟုသုတ၊ စာပေ၊ ဘာသာစကား၊ ၀ါသနာ စတဲ့ စာအုပ် ပေါင်းစုံကို ဖတ်ပါ)လို့ သူက ပြောထားပါတယ်။ မှန်ပါတယ်။ တစ်နေ့မှာ စာအုပ် တစ်အုပ်ထဲကို မဖတ်သင့်ပါဘူး။ အာရုံကို အပြောင်းအလဲ ဖြစ်စေအောင် ၀ါသနာအတွက် အရေးပါတဲ့ စာအုပ်၊ ဟာသ၊ ဘာသာစကား စတဲ့ စာအုပ်တွေကို လှည့်ပြီး အစဉ်လိုက် ဖတ်သင့်ပါတယ်။ ကျွန်မဆိုလည်း တစ်နေ့တည်း ကိုရီးယားကျောင်းစာအုပ်၊ ဗဟုသုတစာအုပ်၊ မြန်မာ ဗဟုသုတ စာအုပ်၊ ရုရှား ဖတ်စာအုပ်၊ ဂျပန်နဲ့ တရုတ်စာ စာအုပ် စသဖြင့် အာရုံအပေါ် မူတည်ပြီး အမျိုးမျိုးကို အလှည့်လိုက် ဖတ်လေ့ ရှိပါတယ်။

ကိုယ်က ဒီလို နည်းလေးတွေနဲ့ စာလုပ်လာတဲ့ သူ ဖြစ်ပေမယ့် တစ်ခါမှ အဲဒီလို စာရင်းလေး လုပ်ပြီး မစဉ်းစားကြည့်ဖြစ်ခဲ့ပါဘူး။ အဲဒီနေ့က သတင်းလေးကို ဖတ်ပြီးမှ “ငါ စာလုပ်တာနဲ့ တော်တော် တူပါလား”လို့ တွေးမိပြီး အားလုံးကို ဖော်ပြပေးချင်တဲ့ စေတနာ စိတ်ကလေး ပေါ်လာမိပါတယ်။ စာလုပ်ချင်ပေမယ့် ဘယ်လို နည်းလမ်းနဲ့ လုပ်ရမှန်း မသိဖြစ်နေတဲ့ မောင်၊ ညီမလေးတွေ၊ နောက်ပြီး စာလုပ်နေပေမယ့်လည်း တိုးတက်မှု မရှိဘူးလို့ ခံစားရတဲ့ မောင်ညီမ အစ်ကို အစ်မတို့ အထက်က ပြောတဲ့ အချက်ကလေးတွေကို ဖတ်ကြည့်ပြီး ကိုယ့်အတွက် အဆင်ပြေမယ့် စာကျက်နည်းလေးကို ရှာဖွေပါလို့ တိုက်တွန်းပါရစေ။

ကောင်းမွန် မှန်ကန်တဲ့ နည်းလမ်းနဲ့ စာ များများ ဖတ်၊ စာ များများ ကျက်ပြီး ကိုယ် လေ့လာရာ ဘာသာရပ်မှာ ထူးချွန်ပြောင်မြောက်တဲ့ သူများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ကျွန်မရဲ့ မှတ်စုတို ထုတ်နည်းလေးလည်း ဓာတ်ပုံနဲ့ တကွ တင်ပေးလိုက်ပါတယ်။

မှတ်ချက်။ ။ အားလုံး ဒီနည်းနဲ့ စာလုပ်ရမယ်လို့ မဆိုလိုပါ။ ကိုယ်နဲ့ ကိုက်ညီမှု ရှိသူတွေ အတုယူ လေ့လာနိုင်ပါတယ်။ မူရင်း စာရေးသူကို ဖော်ပြထားတယ်ဆိုရင် မည်သူမဆို ဒီ ပို့စ်ကို ရှဲနိုင်ပါတယ်။ စာနှင့် မသက်ဆိုင်သော ကွန်မန့်များ ပေးခြင်း သည်းခံပါ။ ကြိုက်နှစ်သက်ရင်တော့ ကွန်မန့်မှာ ပြောခဲ့ပါရှင်။

ချမ်းမြမြသော်

3rd year Ph.D (KHU, Seoul, Korea)

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္