





(Unicode Version)

ဘင်္ဂလားပင်လယ်အော်မုန်တိုင်း BOB/08/2017 အခြေအနေ

၉-၁၂-၂၀၁၇ / နံနက်(၇း၃၁)နာရီ

(၁) ဘင်္ဂလား;ပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် BOB/08/2017 ဟာ (၉-၁၂-၂၀၁၇) ရက် နံနက် (၀၆း၃၀) နာရီ အချိန် တိုင်းတာချက်များအရ မြောက်အနောက် ယွန်းယွန်းသို့ ရွေ့လျှားခဲ့ပြီး မုန်တိုင်းငယ် အဖြစ်သို့ အားလျော့ကျလာခဲ့ပါတယ်။ အဆိုပါ မုန်တိုင်းငယ်ဟာ မြောက်ဖက်ဆီသို့ ဆက်လက်ရွေ့လျှားရင်း လေဖိအားနည်း ရပ်ဝန်း အဖြစ်သို့ အားလျော့သွားမယ်လို့ ခန့်မှန်းရပါတယ်။

(၂) မုန်တိုင်းရဲ့ အရှိန်ကြောင့် (၉-၁၂-၂၀၁၇) ရက် နံနက် (၀၃း၃၀) နာရီ အထိ (၃) နာရီ အတွင်း ရွာသွန်းခဲ့သော မိုးရွာသွန်းမှု အခြေအနေများမှာ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင် မိုးအသင့်အတင့် နဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မကွေးတိုင်း မြောက်ပိုင်းစွန်း နဲ့ မန္တလေးတိုင်း မြောက်ပိုင်းစွန်းတို့တွင် မိုးအနည်းငယ် ရွာသွန်းခဲ့ပါတယ်။

Source : ဒေါက်တာထွန်းလွင်

ကမ္ဘာပေါ်က အကြီးဆုံး ကြာပင်