မူးယစ္ေဆး သုံးစြဲသူ လူငယ္တစ္ဦး ေဆးေၾကာင္ၿပီး မိခင္ကို ျပန္ရိုက္ႏွက္

သၽွမ္းျပည္ေျမာက္ပိုင္း တန႔္ယန္းၿမိဳ႕နယ္တြင္ မူးယစ္ေဆးဝါး သုံးစြဲမွုေၾကာင့္ လူငယ္တဦး မိမိ၏မိခင္အား ရိုက္ႏွက္မွုျဖစ္ပြါးခဲ့ေၾကာင္းသိရသည္။

ဒီဇင္ဘာလ ရ ရက္မနက္ ၉ နာရီက တန႔္ယန္းၿမိဳ႕နယ္ မိုင္းပတ္အုပ္စု ၀မ့္ဆိုင္းရြာသား စိုင္းဆန္ခမ္း အသက္ ၃၀ ႏွစ္သည္ ၄င္း၏မိခင္ျဖစ္သူ ေဒၚပါ့ယိန္အား ရန္ရွာရိုက္ႏွက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

မိုင္းပတ္ေဒသခံ စိုင္းမြမ္းက – စိုင္းဆန္ခမ္းက ယာဘသုံးတယ္။ သူေဆးေၾကာင္ၿပီးသူ႔အေမကိုလာရန္ရွာတယ္။ စကားမ်ားၾကတယ္။ ေနာက္ဆုံးသူ႔အေမကိုရိုက္ၿပီး အိမ္ကဆင္းသြားတယ္။ ရပ္ရြာထဲကလူက လွမ္းတားေတာ့ ရြာသားေတြကိုလွမ္းၿပီး ေအာ္ဟစ္ဆဲဆိုလိုက္ေသးတယ္။ခုေတာ့သူ႔ကို ရြာသူႀကီးအိမ္မွာဖမ္းထား တယ္။စစ္ေဆးၿပီးရင္ ျပစ္ဒဏ္ေပးအေရးယူသြားသင့္တယ္လို႔ရပ္မိရပ္ဖေတြေျပာတယ္။ ယာဘ မူးယစ္ေဆးက တအားေပါေနၿပီေလ ရြာထဲမွာ- ဟု သၽွမ္းသံေတာ္ဆင့္အားေျပာျပသည္။

မိခင္ျဖစ္သူ ေဒၚပါ့ယိန္မွာ အနည္းအက်ဥ္းဒဏ္ရာရရွိခဲ့ေၾကာင္းသိရသည္။ စိုင္းဆန္ခမ္းတြင္ အသက္ ၂၈ ႏွစ္ရွိ နန္းယုံႏွင့္ အိမ္ေထာင္ျပဳထားေၾကာင္းလည္းသိရသည္ ။

အခု မိုင္းပတ္မွာက ေဆးေတြတအားေပါေနတယ္။ သာေရးနာေရးေတြမွာသြားကူရင္ အခ်င္းခ်င္းတိုက္ၾကတယ္။ လယ္ယာလုပ္ငန္းခြင္ဝင္ရင္ ယာဘနဲ႔ လုပ္အားခေပးေခ်တယ္။ ေစ်းေပါတယ္။ ၀ယ္ရလြယ္တယ္။အဲ့တာေၾကာင့္ လူႀကီးလူငယ္အရြယ္မေရြး သုံးၾကတယ္။သုံးေတာ့ ဆိုးခိုးလုယက္မွုေတြျဖစ္တယ္။ သက္ဆိုင္ရာအာဏာပိုင္ေတြကို ဒီကိစၥအေသအခ်ာစီစစ္ရွင္းလင္းေပးဖို႔ ေတာင္းဆိုခ်င္တယ္။-ဟုလည္း မိုင္းပတ္ေဒသခံ နန္းေထြးကလည္းေျပာသည္။

UNODC ကသၽွမ္းျပည္နယ္အတြင္းယခုႏွစ္ဘိန္းစိုက္ပ်ိဳးမွု ၂၅ % ေလ်ာ့က်သြားသည္ဟု အစီရင္ခံစာ ထုတ္ျပန္ထားေသာ္လည္း ယာဘ စိတ္ႂကြေဆးျပားမွာမူ ပ်႕ံႏွံ့သုံးစြဲေနၾကရာ ေစ်းႏွုန္းမွာလည္း အည့ံဆုံး တျပား ၂၀၀ က်ပ္မွ အေကာင္းဆုံး တျပား ၂၀၀၀ က်ပ္အထိ ရွိေၾကာင္း သၽွမ္းမူးယစ္ေစာင့္ၾကည့္ေရးအဖြဲ႕ကေျပာဆိုသည္။

Source : သၽွမ္းသံေတာ္ဆင့္

(Unicode Version)

မူးယစ်ဆေး သုံးစွဲသူ လူငယ်တစ်ဦး ဆေးကြောင်ပြီး မိခင်ကို ပြန်ရိုက်နှက်

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် လူငယ်တဦး မိမိ၏မိခင်အား ရိုက်နှက်မှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာလ ရ ရက်မနက် ၉ နာရီက တန့်ယန်းမြို့နယ် မိုင်းပတ်အုပ်စု ၀မ့်ဆိုင်းရွာသား စိုင်းဆန်ခမ်း အသက် ၃၀ နှစ်သည် ၄င်း၏မိခင်ဖြစ်သူ ဒေါ်ပါ့ယိန်အား ရန်ရှာရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မိုင်းပတ်ဒေသခံ စိုင်းမွမ်းက – စိုင်းဆန်ခမ်းက ယာဘသုံးတယ်။ သူဆေးကြောင်ပြီးသူ့အမေကိုလာရန်ရှာတယ်။ စကားများကြတယ်။ နောက်ဆုံးသူ့အမေကိုရိုက်ပြီး အိမ်ကဆင်းသွားတယ်။ ရပ်ရွာထဲကလူက လှမ်းတားတော့ ရွာသားတွေကိုလှမ်းပြီး အော်ဟစ်ဆဲဆိုလိုက်သေးတယ်။ခုတော့သူ့ကို ရွာသူကြီးအိမ်မှာဖမ်းထား တယ်။စစ်ဆေးပြီးရင် ပြစ်ဒဏ်ပေးအရေးယူသွားသင့်တယ်လို့ရပ်မိရပ်ဖတွေပြောတယ်။ ယာဘ မူးယစ်ဆေးက တအားပေါနေပြီလေ ရွာထဲမှာ- ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

မိခင်ဖြစ်သူ ဒေါ်ပါ့ယိန်မှာ အနည်းအကျဉ်းဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ စိုင်းဆန်ခမ်းတွင် အသက် ၂၈ နှစ်ရှိ နန်းယုံနှင့် အိမ်ထောင်ပြုထားကြောင်းလည်းသိရသည် ။

အခု မိုင်းပတ်မှာက ဆေးတွေတအားပေါနေတယ်။ သာရေးနာရေးတွေမှာသွားကူရင် အချင်းချင်းတိုက်ကြတယ်။ လယ်ယာလုပ်ငန်းခွင်ဝင်ရင် ယာဘနဲ့ လုပ်အားခပေးချေတယ်။ စျေးပေါတယ်။ ၀ယ်ရလွယ်တယ်။အဲ့တာကြောင့် လူကြီးလူငယ်အရွယ်မရွေး သုံးကြတယ်။သုံးတော့ ဆိုးခိုးလုယက်မှုတွေဖြစ်တယ်။ သက်ဆိုင်ရာအာဏာပိုင်တွေကို ဒီကိစ္စအသေအချာစီစစ်ရှင်းလင်းပေးဖို့ တောင်းဆိုချင်တယ်။-ဟုလည်း မိုင်းပတ်ဒေသခံ နန်းထွေးကလည်းပြောသည်။

UNODC ကသျှမ်းပြည်နယ်အတွင်းယခုနှစ်ဘိန်းစိုက်ပျိုးမှု ၂၅ % လျော့ကျသွားသည်ဟု အစီရင်ခံစာ ထုတ်ပြန်ထားသော်လည်း ယာဘ စိတ်ကြွဆေးပြားမှာမူ ပျ့ံနှံ့သုံးစွဲနေကြရာ စျေးနှုန်းမှာလည်း အည့ံဆုံး တပြား ၂၀၀ ကျပ်မှ အကောင်းဆုံး တပြား ၂၀၀၀ ကျပ်အထိ ရှိကြောင်း သျှမ်းမူးယစ်စောင့်ကြည့်ရေးအဖွဲ့ကပြောဆိုသည်။

Source : သျှမ်းသံတော်ဆင့်