ျမစ္ၾကီးနား-ပူတာအို လမ္း KIA စခန္း တစ္ခု ကို ျမန္မာ အစိုးရတပ္ သိမ္းပိုက္

KIA စစ္ေရးျပေနပုံ၊ လိုင္ဇာျမန္မာ အစိုးရတပ္ က ကခ်င္ လြတ္လပ္ေရး တပ္မေတာ္ KIA ၏ ျမစ္ၾကီးနား-ပူတာအို လမ္း အေရးပါသည့္ တပ္စခန္း တစ္ခုကို ဒီဇင္ဘာ ၇ ရက္၊ ၾကာသပေတးေန႔ က တိုက္ခုိက္ သိမ္းပိုက္ခဲ့သည္။

ပူတာအို ျမိဳ႕နယ္၊ Sumpyi Yang (ဆြမ္ပီယန္) ေက်းရြာ အနီး KIA တပ္မဟာ (၁) လက္ေအာက္ တပ္ရင္း (၇) Shing Kap Bum စခန္း ကို မြန္းလြဲ ၃ နာရီေက်ာ္မွာ အစိုးရ ခလရ (၄၆) တပ္မွ စတင္ တိုက္ခိုက္လာျခင္းေၾကာင့္ ႏွစ္ဖက္ တိုက္ပြဲ ျဖစ္ပြားၿပီး ညေနပိုင္းတြင္ KIA ဘက္ ဆုတ္ခြာ ေပးလိုက္ရသည္။

‘Shing Kap Bum စခန္းတြင္ လူ အေျပာင္းအလဲျဖင့္ စစ္ အင္အား နည္း ေနခ်ိန္’ ၎ကို အစိုးရတပ္မွ ‘အခြင့္ေကာင္း’ ယူကာ တိုက္ခိုက္ သိမ္းပိုက္ခဲ့ျခင္း ျဖစ္ေၾကာင္း KIA ဘက္ ေျပာပါသည္။

တိုက္ပြဲေနရာသို႔ အစိုးရတပ္ အင္အား ျဖည့္တင္းမႈ အေနျဖင့္ ေနာက္ တရက္ ေသာၾကာေန႔တြင္ ပူတာအိုျမိဳ႕ဘက္မွ ေနာက္ထပ္ တပ္ဖြဲ႕မ်ား တက္လာၿပီး ယခုခ်ိန္ အင္အား ၁၀၀ ေက်ာ္ ရိွေနၿပီျဖစ္ေၾကာင္း သိရသည္။

ကခ်င္ျပည္နယ္ အေနာက္ဘက္ KIA တပ္မဟာ (၂) နယ္ေျမ ဖားကန္႔ ႏွင့္ တႏိုင္း ႏွစ္ျမိဳ႕နယ္တြင္လည္း ႏို၀င္ဘာလ ကတည္းက အစိုးရတပ္မ်ားမွ KIA တပ္စခန္းမ်ားကို စစ္ဆင္တိုက္ခိုက္မႈမ်ား တိုး၍ ျပဳလုပ္လာျခင္းေၾကာင့္ ေဒသတြင္း တိုက္ပြဲမ်ား ေန႔စဥ္လိုလို ျဖစ္ပြားေနပါသည္။

Source : Kachin News Group

(Unicode Version)

မြစ်ကြီးနား-ပူတာအို လမ်း KIA စခန်း တစ်ခု ကို မြန်မာ အစိုးရတပ် သိမ်းပိုက်

KIA စစ်ရေးပြနေပုံ၊ လိုင်ဇာမြန်မာ အစိုးရတပ် က ကချင် လွတ်လပ်ရေး တပ်မတော် KIA ၏ မြစ်ကြီးနား-ပူတာအို လမ်း အရေးပါသည့် တပ်စခန်း တစ်ခုကို ဒီဇင်ဘာ ရ ရက်၊ ကြာသပတေးနေ့ က တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

ပူတာအို မြို့နယ်၊ Sumpyi Yang (ဆွမ်ပီယန်) ကျေးရွာ အနီး KIA တပ်မဟာ (၁) လက်အောက် တပ်ရင်း (၇) Shing Kap Bum စခန်း ကို မွန်းလွဲ ၃ နာရီကျော်မှာ အစိုးရ ခလရ (၄၆) တပ်မှ စတင် တိုက်ခိုက်လာခြင်းကြောင့် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားပြီး ညနေပိုင်းတွင် KIA ဘက် ဆုတ်ခွာ ပေးလိုက်ရသည်။

‘Shing Kap Bum စခန်းတွင် လူ အပြောင်းအလဲဖြင့် စစ် အင်အား နည်း နေချိန်’ ၎င်းကို အစိုးရတပ်မှ ‘အခွင့်ကောင်း’ ယူကာ တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကြောင်း KIA ဘက် ပြောပါသည်။

တိုက်ပွဲနေရာသို့ အစိုးရတပ် အင်အား ဖြည့်တင်းမှု အနေဖြင့် နောက် တရက် သောကြာနေ့တွင် ပူတာအိုမြို့ဘက်မှ နောက်ထပ် တပ်ဖွဲ့များ တက်လာပြီး ယခုချိန် အင်အား ၁၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် အနောက်ဘက် KIA တပ်မဟာ (၂) နယ်မြေ ဖားကန့် နှင့် တနိုင်း နှစ်မြို့နယ်တွင်လည်း နိုဝင်ဘာလ ကတည်းက အစိုးရတပ်များမှ KIA တပ်စခန်းများကို စစ်ဆင်တိုက်ခိုက်မှုများ တိုး၍ ပြုလုပ်လာခြင်းကြောင့် ဒေသတွင်း တိုက်ပွဲများ နေ့စဉ်လိုလို ဖြစ်ပွားနေပါသည်။

Source : Kachin News Group

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္