ေ၀ွးေစ႔ေရာင္ ေဘာက် အူက် သူတို႔အတြက္ အားကိုးဖြယ္ ေဆးနည္း

မၾကာေသးမီကပင္ အသက္ (၂၀) အရြယ္ ညီေလးတစ္ဦး ကြ်န္ေတာ္ဆီ ေရာက္လာျပီး အူက်ေနသည္ မွာ (၇) ရက္ ေတာင္ရွိျပီဟု ဆိုပါသည္။ ကြ်န္ေတာ္လည္း “ညီေလး မင္းေရ ခဲမကပ္ဘူးလား” ေမးရာ ကပ္တယ္ ခဏပဲ ႐ွံဳ႕သြားတာ ျပီးရင္ျပန္က်လာတာပဲဟု ဆိုေလသည္။

ေလ့လာမိသေလာက္ ေဘာက်ျခင္းကို ေသြးေဘာ၊ ေလေဘာ၊ ေရေဘာ၊ အူက်ေဘာ ဆိုျပီး ခဲြျခားမူရွိသည္ဟု ဆိုပါသည္။

အူက်ေရာဂါ (သို႔) ေဘာက်ေရာကို Hernia (inguinal hernia) ဟုေခၚျပီး။ ဆက္စပ္တစ္သွ်ဴး (သို႔မဟုတ္) ၀န္းရံထားသည့္ ၾကြက္သားမ်ားရွိ အားေပ်ာ့ေသာ ေနရာကို ကိုယ္တြင္း အဂၤါတစ္ခုက ညွစ္ထြက္သည့္ အေျခအေနကို အူက်သည္ဟု ေခၚ သည္လည္း ဆိုပါသည္။

အူက်ပံုခ်င္းလည္း တစ္ဦးႏွင့္ တစ္ဦးလည္း မတူညီၾကပါ။ အျဖစ္မ်ားလွေသာ အူက်ျခင္းမ်ား၏ ၉၆% မွာ ေပါင္းျခံအတြင္း အူက်ျခင္း ျဖစ္ပါသည္။

ကိုယ္တိုင္လည္း ျဖစ္ဖူးစဥ္က နကၡတၱေရာင္ျခည္မဂၢဇင္းပါ နည္းေလးျဖင့္ ေပ်ာက္ကင္းခ့ဲပါ၍ ထိုေဆးနည္းလမ္းေလးကို လက္ဆင့္ကမ္း မွ်ေ၀ေပးခဲ႔ရာ (၅) ရက္အတြင္း ေပ်ာက္ကင္းခဲ႔သည္ဟု ဆိုပါသည္။

ေဆးနည္း

အေကာင္ မရွိေတာ့သည့္ နက်ယ္အံုေဟာင္း (နဂ်ီ) ေျမ (၁) က်ပ္သားႏွင့္ ေလညွင္းပြင့္ (၁) က်ပ္သား အား ဆတူ သံပုရာရည္ျဖင့္ ေရာၾကိတ္ျပီး ဆန္ေဆးရည္ႏွင့္ တစ္ေန႔ (၃) ၾကိမ္မွ် လိမ္းေပးျခင္း ျဖစ္ပါသည္။

ေန႔စဥ္ ပံုမွန္ လိမ္းေပးျပီး အေျခအေနကို ၾကည့္၍ပံုမွန္ အေနအထား ျဖစ္လွ်င္ ရပ္ထားျပီး လိုအပ္လွ်င္္ ဆက္ျပီး လိမ္းေပးရမည္ ျဖစ္ပါသည္။

အခ်ိဳ႕ ေတာေန လူအမ်ားစုႏွင့္ လူငယ္ လူရြယ္ ေတာ္ေတာ္ မ်ားမ်ား အတြင္းခံေဘာင္းဘီ မ၀တ္ျခင္း၊ အားကစား ျပဳ လုပ္ျခင္း၊ ရုတ္တရပ္ အေလးအပင္ မ်ား မျခင္းေၾကာင့္ အူက် ေဘာက်မ်ား ျဖစ္ရကာ ရွက္သည္မို႔ မေျပာဘဲ ဘာလုပ္ရမည္ မသိ ခဲြစိတ္လိုစိတ္လည္း မရွိ ျဖစ္ေနတတ္ပါသည္။

မည္သို႔ဆိုေစ ျမန္မာနည္း ျမန္မာဟန္ နက်ယ္အံု ေဆးနည္းေလးအား သံုးၾကည့္ပါရန္ တိုက္တြန္းလိုက္ပါသည္။ ဆရာ၀န္၊ ေဆးရံု၊ ေဆးခန္းႏွင့္ ေ၀းကြာျပီး ျပသရန္ ခက္ခဲသူတို႔အတြက္သာ ျဖစ္ပါသည္။

လိုသူတို႔သံုး စိတ္ႏွလံုး ရႊင္ျပံဳးၾကပါေစ…

Credit : ရဲမ်ိဳးသူ (ေဗာဓိျမိဳင္)

(Unicode Version)

ဝှေးစေ့ရောင် ဘောကျ အူကျ သူတို့အတွက် အားကိုးဖွယ် ဆေးနည်း

မကြာသေးမီကပင် အသက် (၂၀) အရွယ် ညီလေးတစ်ဦး ကျွန်တော်ဆီ ရောက်လာပြီး အူကျနေသည် မှာ (၇) ရက် တောင်ရှိပြီဟု ဆိုပါသည်။ ကျွန်တော်လည်း “ညီလေး မင်းရေ ခဲမကပ်ဘူးလား” မေးရာ ကပ်တယ် ခဏပဲ ရှုံ့သွားတာ ပြီးရင်ပြန်ကျလာတာပဲဟု ဆိုလေသည်။

လေ့လာမိသလောက် ဘောကျခြင်းကို သွေးဘော၊ လေဘော၊ ရေဘော၊ အူကျဘော ဆိုပြီး ခွဲခြားမူရှိသည်ဟု ဆိုပါသည်။

အူကျရောဂါ (သို့) ဘောကျရောကို Hernia (inguinal hernia) ဟုခေါ်ပြီး။ ဆက်စပ်တစ်သျှူး (သို့မဟုတ်) ၀န်းရံထားသည့် ကြွက်သားများရှိ အားပျော့သော နေရာကို ကိုယ်တွင်း အင်္ဂါတစ်ခုက ညှစ်ထွက်သည့် အခြေအနေကို အူကျသည်ဟု ခေါ် သည်လည်း ဆိုပါသည်။

အူကျပုံချင်းလည်း တစ်ဦးနှင့် တစ်ဦးလည်း မတူညီကြပါ။ အဖြစ်များလှသော အူကျခြင်းများ၏ ၉၆% မှာ ပေါင်းခြံအတွင်း အူကျခြင်း ဖြစ်ပါသည်။

ကိုယ်တိုင်လည်း ဖြစ်ဖူးစဉ်က နက္ခတ္တရောင်ခြည်မဂ္ဂဇင်းပါ နည်းလေးဖြင့် ပျောက်ကင်းခဲ့ပါ၍ ထိုဆေးနည်းလမ်းလေးကို လက်ဆင့်ကမ်း မျှဝေပေးခဲ့ရာ (၅) ရက်အတွင်း ပျောက်ကင်းခဲ့သည်ဟု ဆိုပါသည်။

ဆေးနည်း

အကောင် မရှိတော့သည့် နကျယ်အုံဟောင်း (နဂျီ) မြေ (၁) ကျပ်သားနှင့် လေညှင်းပွင့် (၁) ကျပ်သား အား ဆတူ သံပုရာရည်ဖြင့် ရောကြိတ်ပြီး ဆန်ဆေးရည်နှင့် တစ်နေ့ (၃) ကြိမ်မျှ လိမ်းပေးခြင်း ဖြစ်ပါသည်။

နေ့စဉ် ပုံမှန် လိမ်းပေးပြီး အခြေအနေကို ကြည့်၍ပုံမှန် အနေအထား ဖြစ်လျှင် ရပ်ထားပြီး လိုအပ်လျှင်် ဆက်ပြီး လိမ်းပေးရမည် ဖြစ်ပါသည်။

အချို့ တောနေ လူအများစုနှင့် လူငယ် လူရွယ် တော်တော် များများ အတွင်းခံဘောင်းဘီ မဝတ်ခြင်း၊ အားကစား ပြု လုပ်ခြင်း၊ ရုတ်တရပ် အလေးအပင် များ မခြင်းကြောင့် အူကျ ဘောကျများ ဖြစ်ရကာ ရှက်သည်မို့ မပြောဘဲ ဘာလုပ်ရမည် မသိ ခွဲစိတ်လိုစိတ်လည်း မရှိ ဖြစ်နေတတ်ပါသည်။

မည်သို့ဆိုစေ မြန်မာနည်း မြန်မာဟန် နကျယ်အုံ ဆေးနည်းလေးအား သုံးကြည့်ပါရန် တိုက်တွန်းလိုက်ပါသည်။ ဆရာဝန်၊ ဆေးရုံ၊ ဆေးခန်းနှင့် ဝေးကွာပြီး ပြသရန် ခက်ခဲသူတို့အတွက်သာ ဖြစ်ပါသည်။

လိုသူတို့သုံး စိတ်နှလုံး ရွှင်ပြံုးကြပါစေ…

Credit : ရဲမျိုးသူ (ဗောဓိမြိုင်)