


Source : Popular News

(Unicode Version)

ကျိုက်ထီးရိုး စေတီတော်ဆီသို့ Cable Car များစတင် ပြေးဆွဲပြီ

ရသေ့တောင်မှ ကျိုက်ထီးရိုးစေတီတော်ဆီသို့ Cable Car များ ပြေးဆွဲခြင်းကို ယနေ့စတင်ပြီဖြစ်သည်။ Cable Car စတင်ပြေးဆွဲခြင်း အခမ်းအနားသို့ မွန်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအေးဇံ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

Cable Car တစ်စီးလျှင် လူ ၈ ဦးလိုက်ပါစီးနင်းနိုင်ပြီး မြန်မာနိုင်ငံသား တစ်ဦးလျှင် ၄၀၀၀ ကျပ်နှင့် နိုင်ငံခြားသား တစ်ဦးလျှင် ကန်ဒေါ်လာ ၅ ဒေါ်လာကို စီးနင်းခအဖြစ် သတ်မှတ်ထားသည်။ ပြေးဆွဲမှုစတင်သည့် ယနေ့တွင်မူ မြန်မာနိုင်ငံသားများအတွက် တစ်ဦးလျှင် ၃၀၀၀ ကျပ်နှုံးဖြင့် လျှော့ပေးထားသည်။

Source : Popular News