အသက္အရြယ္နဲ ့မလိုက္ေအာင္ နုပ်ိဴျပီး ခႏၶာကိုယ္အလွအပကိုလည္း နဂိုပံုစံရေအာင္ ျပန္လည္ျပဳျပင္နိုင္ခဲ့တဲ့ အကယ္ဒမီထက္ထက္မိုးဦး

“အသက္အရြယ္နဲ ့မလိုက္ေအာင္ နုပ်ိဴျပီး ခႏၶာကိုယ္အလွအပကိုလည္း နဂိုပံုစံရေအာင္ ျပန္လည္ျပဳျပင္နိုင္ခဲ့တဲ့ အကယ္ဒမီထက္ထက္မိုးဦးနဲ ့ ေတြဆံုခိုက္ လက္ရွိအနုပညာလႈပ္ရွားမႈ ေတြနဲ ့ပတ္သက္ျပီး ေမးျမန္ျဖစ္ခဲ့တဲ့အခါ—–”

ေမး။ အခုနွစ္ ဇူလုိင္လ ၁၁ ရက္ေန ့က ေဒြး(ကုိသားႀကီး) ကြယ္လြန္တာ ၁၀နွစ္ဆိုေတာ့ သူနဲ႔ပတ္သက္ၿပီး အမွတ္တရစကားေလးေျပာျပေပးပါဦး။

ေျဖ။ အရမ္းသတိရတာေပါ့။ အိမ္ကေမာင္ႏွမေတြထက္ေတာင္ ပုိရင္ႏွီးေသးတယ္။ မနက္မ်က္လံုးပြင့္တာနဲ႔ ေရခ်ိဳး စားေသာက္၊ ဘုရားရွိခုိးၿပီးတာနဲ႔႐ႈတင္သြားၿပီဆုိေတာ့ ဒီလူေတြပဲေတြ႕ရတာေလ။ အရမ္းသတိရတာေပါ့။ ကုိယ့္အကုိ ေကာင္းရာသုဂတိေရာက္ပါေစလုိ႔ ဆုေတာင္းေပးပါတယ္။ အခုလုိ ခြဲခြာသြားတဲ့အတြက္လည္း အႏုပညာေမာင္ႏွမအျဖစ္နဲ႔ အၿမဲအမွတ္ရေနမွာပါ။

ေမး။ လတ္တေလာ အႏုပညာလႈပ္ရွားမႈေတြက ဘာေတြရွိမလဲ။

ေျဖ။ အခု MRTV-4 ကဇာတ္လမ္းတြဲကို ဇူလုိင္လ (၂၀)ရက္ေန႔မွာ စ႐ိုက္မွာပါ။ ေၾကာ္ျငာေတြလည္း ဆက္တုိက္႐ိုက္ေနပါတယ္။ Bella ေရေမႊးေၾကာ္ျငာလည္း ထပ္႐ိုက္ေတာ့မွာပါ။

ေမး။ အျခား႐ုပ္ရွင္ဇာတ္လမ္းေတြ ရိုက္ကူးမယ့္ အစီအစဥ္ေတြကိုလည္း ေျပာေပးပါဦး။

ေျဖ။ ရွိပါတယ္။ အေကာင္းဆံုးကုိ ေရြးခ်ယ္ေနပါတယ္။ ဘာလုိ႔လဲဆုိေတာ့ အပင္ပန္းခံအခ်ိန္ကုန္ခံၿပီး ကုိယ့္အတြက္ေကာ၊ ပရိသတ္အတြက္ေရာ ပါတယ္ဆုိ႐ုံေလးေတာ့ မျဖစ္ေစခ်င္ဘူး။ အရင္တုန္းကဆုိ ကုိယ့္ျမန္မာကားေတြၾကည့္ရင္ စိတ္တုိင္းမက်တာရွိသလုိ ကုိယ့္ကားကုိယ္ၾကည့္ၿပီးအားမရတာေတြလည္း အမ်ားႀကီးရွိခဲ့တာပါဘဲ။ ကုိယ့္ျမန္မာျပည္အေနအထားအရ အခ်ိန္အခါ၊ ေငြေၾကး၊ စက္ပစၥည္းေတြ၊ နည္ပညာနဲ႔ပတ္သက္တာပဲျဖစ္ျဖစ္ သူမ်ားႏုိင္ငံနဲ႔စာရင္ လုိေနေသးတာဘဲဆုိၿပီး အဲဒါနဲ႔ပဲ စိတ္ေျဖသိမ့္ခဲ့ရတယ္။ အားလံုးကလက္ခံၿပီး လုပ္ေနရတာဆုိေတာ့ ထက္ထက္လည္းအေကာင္းဆံုး လက္ခံၿပီးေတာ့ ႀကိဳးစားေရြးခ်ယ္သြားမွာပါ။

ေမး။ ေနာက္ပုိင္းမွာ ဇာတ္ကားေတြ ဘယ္လုိေရြးခ်ယ္သြားမွာလဲ။

ေျဖ။ ကုိယ့္ကုိယ္လာငွားတဲ့ေပၚမွာ မူတည္ၿပီးအေကာင္းဆံုးျဖစ္မယ့္ကားကုိပဲ ေရြးခ်ယ္သြားမွာပါ။ ေတာ္ေတာ္မ်ားမ်ားေတာ့ စဥ္းစားၿပီးေရြးခ်ယ္ခဲ့တာပါ။ ကုိယ္နဲ႔လုိက္တာ၊ မလုိက္တာ စဥ္းစားရတာေပါ့။ ဒီကား႐ိုက္ရင္ ဘယ္ေလာက္က်န္ခဲ့ႏုိင္မလဲ။ ဘာေတြျဖစ္မလဲ၊ အလကားျဖစ္သြားမွာလား။ ငယ္ငယ္တုန္းကမစဥ္းစားတတ္ခဲ့ေပမဲ့ အခုေတာ့ စဥ္းစားတတ္လာတယ္။ သိလည္းသိလာခဲ့တယ္။ ဟုိတစ္ေန႔တုန္းကေတာ့ ေနတုိးရဲ႕ညီ မင္းေသြး႐ိုက္ထားတဲ့ ဇုိး ဆုိတဲ့ကားေလးၾကည့္လုိက္ရတယ္။ ၾကည့္ၿပီးေတာ့ တအားကုိေကာင္းတာပဲ၊ ရင္ထဲမွာခံစားရတယ္၊ အရမ္းႀကိဳက္တယ္။ သ႐ုပ္ေဆာင္တာေရာ၊ ဇာတ္လမ္းေရာ တစ္ခါမွ အဲ့ဒီလုိၾကည့္ၿပီးမျဖစ္ဖူးဘူး၊။ မထင္ထားတဲ့ဇာတ္လမ္း၊ ဇာတ္ကြက္ေလးေတြပါ။ ျမန္မာဇာတ္လမ္းေတြက႐ုိးတတ္တယ္ေလ။ တစ္ခါလာလည္း ဒီလုိေတြပဲဆိုျပီး ကဲ့ရဲ႕ခံေနၾကပဲေလ။ ဒါေပမဲ့ ဇုိး ဆုိတဲ့ ကားမွာေတာ့ မင္းေသြးကလည္းဘယ္ဆုိးလုိ႔လဲ။ ဒီေလာက္တည္တည္ၾကည္ၾကည္နဲ႔ သ႐ုပ္ေဆာင္တတ္မွန္းမသိဘူး။ သူသ႐ုပ္ေဆာင္တာေတြ၊ စကားေျပာတာေတြက မထင္ရဘဲနဲ႔ေတာ္တယ္။ အဲဒီ ဇုိး ဆုိတဲ့ဇာတ္ကားေလးကုိေတာ့ ေတာ္ေတာ္ႀကိဳက္တယ္။

ေမး။ အခုေနာက္ပုိင္း လူငယ္ေတြအတြက္အခြင့္အလမ္းေတြေျပာင္းလဲလာတဲ့အေပၚမွာ ဘယ္လိုျမင္မိလဲ။

ေျဖ။ ေကာင္းပါတယ္။ ေနာက္ဆုိရင္လည္း ဒီထက္ေျပာင္းလဲလာမွာပါ။ လူငယ္ေတြဆုိရင္ Software နဲ႔ပတ္သက္ၿပီးေတာ့ ေတာ္ေတာ္ေလးက်ြမ္းက်င္လာၾကတယ္။ IT ပုိင္းေရာ၊ ဇာတ္လမ္းေရြးခ်ယ္မႈေရာ၊ လူငယ္ေတြရဲ႕ဦးေႏွာက္ဖြံ႕ၿဖိဳးမႈေပါ့။ အဲ့ဒါေတြ အကုန္လံုးက ေျပာင္းလဲလာၿပီးေကာင္းလာေတာ့ ပုိၿပီး၀မ္းသာတာေပါ့။ ဒီ ၁၀ႏွစ္၊ ၁၅ႏွစ္သာ ဒါေတြမွီလုိက္ရင္ ဒီထက္ ပုိေကာင္းေအာင္လုပ္ႏုိင္မွာဆုိၿပီး ေတြးမိတယ္။ လုပ္ခ်င္တဲ့ဆႏၵရွိေပမဲ့ အရြယ္ကရွိေသးတယ္ေလ။

ေမး။ မထက္ ဟိုတေလာက ေနမေကာင္းျဖစ္ခဲ့ေသးတယ္ဆို။

ေျဖ။ အမ်ိဳးသားကဇာတ္႐ုံမွာ အမ်ိဳးသမီးေရးရာပြဲကရင္းနဲ႔ တုတ္ေကြးျဖစ္သြားတာပါ။ မနက္အေစာႀကီး ေရခ်ိဳး၊ ေခါင္းေလွ်ာ္တာေလ။ ခါတုိင္းဆုိေရေႏႊးနဲ႔ခ်ိဳးၿပီးေတာ့ အဲဒီေန႔က်မွ ေရေအးနဲ႔ေခါင္းေလွ်ာ္လုိက္တာ၊ ၾကာသြားတာလည္းပါတယ္။ အေအးမိတာေရာ၊ မုိးမိတာေရာ၊ ပင္ပန္းသြားတာလည္း ပါတာေပါ့။ စုၿပီးတုတ္ေကြးျဖစ္သြားတာ။ ၀ိတုိရိယ ေဆး႐ုံမွာ (၄)ရက္ ၾကာပါတယ္။

ေမး။ ပရိသတ္အတြက္စကားလက္ေဆာင္ေလး ေျပာေပးပါဦး။

ေျဖ။ အၿမဲတမ္းအားေပးေနတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ဆက္ၿပီးေတာ့လည္း အားေပးပါဦးလုိ႔ေျပာခ်င္ပါတယ္။

Source : Sunday Journal

Unicode Version
“အသက်အရွယ်နဲ ့မလိုက်အောင် နုပျိူပြီး ခန္ဓာကိုယ်အလှအပကိုလည်း နဂိုပုံစံရအောင် ပြန်လည်ပြုပြင်နိုင်ခဲ့တဲ့ အကယ်ဒမီထက်ထက်မိုးဦးနဲ ့ တွေဆုံခိုက် လက်ရှိအနုပညာလှုပ်ရှားမှု တွေနဲ ့ပတ်သက်ပြီး မေးမြန်ဖြစ်ခဲ့တဲ့အခါ—–”

မေး။ အခုနှစ် ဇူလိုင်လ ၁၁ ရက်နေ ့က ဒွေး(ကိုသားကြီး) ကွယ်လွန်တာ ၁၀နှစ်ဆိုတော့ သူနဲ့ပတ်သက်ပြီး အမှတ်တရစကားလေးပြောပြပေးပါဦး။

ဖြေ။ အရမ်းသတိရတာပေါ့။ အိမ်ကမောင်နှမတွေထက်တောင် ပိုရင်နှီးသေးတယ်။ မနက်မျက်လုံးပွင့်တာနဲ့ ရေချိုး စားသောက်၊ ဘုရားရှိခိုးပြီးတာနဲ့ရှုတင်သွားပြီဆိုတော့ ဒီလူတွေပဲတွေ့ရတာလေ။ အရမ်းသတိရတာပေါ့။ ကိုယ့်အကို ကောင်းရာသုဂတိရောက်ပါစေလို့ ဆုတောင်းပေးပါတယ်။ အခုလို ခွဲခွာသွားတဲ့အတွက်လည်း အနုပညာမောင်နှမအဖြစ်နဲ့ အမြဲအမှတ်ရနေမှာပါ။

မေး။ လတ်တလော အနုပညာလှုပ်ရှားမှုတွေက ဘာတွေရှိမလဲ။

ဖြေ။ အခု MRTV-4 ကဇာတ်လမ်းတွဲကို ဇူလိုင်လ (၂၀)ရက်နေ့မှာ စရိုက်မှာပါ။ ကြော်ငြာတွေလည်း ဆက်တိုက်ရိုက်နေပါတယ်။ Bella ရေမွှေးကြော်ငြာလည်း ထပ်ရိုက်တော့မှာပါ။

မေး။ အခြားရုပ်ရှင်ဇာတ်လမ်းတွေ ရိုက်ကူးမယ့် အစီအစဉ်တွေကိုလည်း ပြောပေးပါဦး။

ဖြေ။ ရှိပါတယ်။ အကောင်းဆုံးကို ရွေးချယ်နေပါတယ်။ ဘာလို့လဲဆိုတော့ အပင်ပန်းခံအချိန်ကုန်ခံပြီး ကိုယ့်အတွက်ကော၊ ပရိသတ်အတွက်ရော ပါတယ်ဆိုရုံလေးတော့ မဖြစ်စေချင်ဘူး။ အရင်တုန်းကဆို ကိုယ့်မြန်မာကားတွေကြည့်ရင် စိတ်တိုင်းမကျတာရှိသလို ကိုယ့်ကားကိုယ်ကြည့်ပြီးအားမရတာတွေလည်း အများကြီးရှိခဲ့တာပါဘဲ။ ကိုယ့်မြန်မာပြည်အနေအထားအရ အချိန်အခါ၊ ငွေကြေး၊ စက်ပစ္စည်းတွေ၊ နည်ပညာနဲ့ပတ်သက်တာပဲဖြစ်ဖြစ် သူများနိုင်ငံနဲ့စာရင် လိုနေသေးတာဘဲဆိုပြီး အဲဒါနဲ့ပဲ စိတ်ဖြေသိမ့်ခဲ့ရတယ်။ အားလုံးကလက်ခံပြီး လုပ်နေရတာဆိုတော့ ထက်ထက်လည်းအကောင်းဆုံး လက်ခံပြီးတော့ ကြိုးစားရွေးချယ်သွားမှာပါ။

မေး။ နောက်ပိုင်းမှာ ဇာတ်ကားတွေ ဘယ်လိုရွေးချယ်သွားမှာလဲ။

ဖြေ။ ကိုယ့်ကိုယ်လာငှားတဲ့ပေါ်မှာ မူတည်ပြီးအကောင်းဆုံးဖြစ်မယ့်ကားကိုပဲ ရွေးချယ်သွားမှာပါ။ တော်တော်များများတော့ စဉ်းစားပြီးရွေးချယ်ခဲ့တာပါ။ ကိုယ်နဲ့လိုက်တာ၊ မလိုက်တာ စဉ်းစားရတာပေါ့။ ဒီကားရိုက်ရင် ဘယ်လောက်ကျန်ခဲ့နိုင်မလဲ။ ဘာတွေဖြစ်မလဲ၊ အလကားဖြစ်သွားမှာလား။ ငယ်ငယ်တုန်းကမစဉ်းစားတတ်ခဲ့ပေမဲ့ အခုတော့ စဉ်းစားတတ်လာတယ်။ သိလည်းသိလာခဲ့တယ်။ ဟိုတစ်နေ့တုန်းကတော့ နေတိုးရဲ့ညီ မင်းသွေးရိုက်ထားတဲ့ ဇိုး ဆိုတဲ့ကားလေးကြည့်လိုက်ရတယ်။ ကြည့်ပြီးတော့ တအားကိုကောင်းတာပဲ၊ ရင်ထဲမှာခံစားရတယ်၊ အရမ်းကြိုက်တယ်။ သရုပ်ဆောင်တာရော၊ ဇာတ်လမ်းရော တစ်ခါမှ အဲ့ဒီလိုကြည့်ပြီးမဖြစ်ဖူးဘူး၊။ မထင်ထားတဲ့ဇာတ်လမ်း၊ ဇာတ်ကွက်လေးတွေပါ။ မြန်မာဇာတ်လမ်းတွေကရိုးတတ်တယ်လေ။ တစ်ခါလာလည်း ဒီလိုတွေပဲဆိုပြီး ကဲ့ရဲ့ခံနေကြပဲလေ။ ဒါပေမဲ့ ဇိုး ဆိုတဲ့ ကားမှာတော့ မင်းသွေးကလည်းဘယ်ဆိုးလို့လဲ။ ဒီလောက်တည်တည်ကြည်ကြည်နဲ့ သရုပ်ဆောင်တတ်မှန်းမသိဘူး။ သူသရုပ်ဆောင်တာတွေ၊ စကားပြောတာတွေက မထင်ရဘဲနဲ့တော်တယ်။ အဲဒီ ဇိုး ဆိုတဲ့ဇာတ်ကားလေးကိုတော့ တော်တော်ကြိုက်တယ်။

မေး။ အခုနောက်ပိုင်း လူငယ်တွေအတွက်အခွင့်အလမ်းတွေပြောင်းလဲလာတဲ့အပေါ်မှာ ဘယ်လိုမြင်မိလဲ။

ဖြေ။ ကောင်းပါတယ်။ နောက်ဆိုရင်လည်း ဒီထက်ပြောင်းလဲလာမှာပါ။ လူငယ်တွေဆိုရင် Software နဲ့ပတ်သက်ပြီးတော့ တော်တော်လေးကျွမ်းကျင်လာကြတယ်။ IT ပိုင်းရော၊ ဇာတ်လမ်းရွေးချယ်မှုရော၊ လူငယ်တွေရဲ့ဦးနှောက်ဖွံ့ဖြိုးမှုပေါ့။ အဲ့ဒါတွေ အကုန်လုံးက ပြောင်းလဲလာပြီးကောင်းလာတော့ ပိုပြီးဝမ်းသာတာပေါ့။ ဒီ ၁၀နှစ်၊ ၁၅နှစ်သာ ဒါတွေမှီလိုက်ရင် ဒီထက် ပိုကောင်းအောင်လုပ်နိုင်မှာဆိုပြီး တွေးမိတယ်။ လုပ်ချင်တဲ့ဆန္ဒရှိပေမဲ့ အရွယ်ကရှိသေးတယ်လေ။

မေး။ မထက် ဟိုတလောက နေမကောင်းဖြစ်ခဲ့သေးတယ်ဆို။

ဖြေ။ အမျိုးသားကဇာတ်ရုံမှာ အမျိုးသမီးရေးရာပွဲကရင်းနဲ့ တုတ်ကွေးဖြစ်သွားတာပါ။ မနက်အစောကြီး ရေချိုး၊ ခေါင်းလျှော်တာလေ။ ခါတိုင်းဆိုရေနွှေးနဲ့ချိုးပြီးတော့ အဲဒီနေ့ကျမှ ရေအေးနဲ့ခေါင်းလျှော်လိုက်တာ၊ ကြာသွားတာလည်းပါတယ်။ အအေးမိတာရော၊ မိုးမိတာရော၊ ပင်ပန်းသွားတာလည်း ပါတာပေါ့။ စုပြီးတုတ်ကွေးဖြစ်သွားတာ။ ၀ိတိုရိယ ဆေးရုံမှာ (၄)ရက် ကြာပါတယ်။

မေး။ ပရိသတ်အတွက်စကားလက်ဆောင်လေး ပြောပေးပါဦး။

ဖြေ။ အမြဲတမ်းအားပေးနေတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆက်ပြီးတော့လည်း အားပေးပါဦးလို့ပြောချင်ပါတယ်။

Source : Sunday Journal

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္