ထုတ္ယူခံခဲ့ရေသာ သိပၸံပညာ႐ွင္ အိုင္စတိုင္းရဲ႕ ဦးေႏွာက္ႏွင့္ မ်က္လံုး

ကမၻာေက်ာ္ သိပၸံပညာရွင္ အိုင္စတိုင္းသည္ ၁၉၅၅ ခုႏွစ္ ဧၿပီလ ၁၇ ရက္တြင္ မိမိရင္ဘတ္ နာက်င္ေနမႈကို ပရင့္စ္တန္ ေဆးရုံ၌ စစ္ေဆးမႈ ခံယူခဲ့သည္။ ​ေဆးစစ္မႈ ခံယူၿပီး ​ေနာက္ရက္တြင္ အယ္လ္​ဘတ္ အိုင္စတိုင္းသည္ ၀မ္းဗိုက္ေသြးေၾကာ ေဖာင္းကာ ကြယ္ လြန္ခဲ့သည္။ အသက္ ၇၆ ႏွစ္အရြယ္ အိုင္စတိုင္း ကြယ္လြန္ခ်ိန္တြင္ ထူးျခားေသာ ျဖစ္ရပ္တစ္ခု ျဖစ္ခဲ့ရာ ကမၻာေပၚတြင္ အႀကီးဆုံးေသာ ဉာဏ္ရည္ဉာဏ္ေသြးကို ပိုင္ဆိုင္ထားသည့္ အိုင္စတိုင္း၏ ဦးေႏွာက္ ထုတ္ယူခံလိုက္ရျခင္း ျဖစ္ေပသည္။

အိုင္စတိုင္း ကြယ္လြန္ၿပီးေနာက္ အိုင္စတိုင္း၏ ခႏၶာကိုယ္အား ခြဲစိတ္မႈျပဳရန္ ေရာဂါေဗဒ သမားေတာ္ ေဒါက္တာ ​ေထာမတ္စ္ စတို႔ဇ္ဟာေဗးသည္ ဧၿပီလ ၁၈ ရက္ နံနက္တြင္ ​ေဆးရုံသို႔ ​ေရာက္ရွိလာခဲ့သည္။ ေဒါက္တာဟာေဗးသည္ အိုင္စတိုင္း၏ ခႏၶာကိုယ္အား ခြဲစိတ္မႈမ်ား ျပဳလုပ္ကာ အိုင္စတိုင္း ​ေသဆုံးရျခင္းကို ဆုံးျဖတ္ခ်က္ ​ေပးခဲ့သည္။

ထို႔​ေနာက္ ဟာ​ေဗးသည္ အိုင္စတိုင္း၏ ဦးေႏွာက္ကို ဦးေခါင္းအတြင္းမွ ဖယ္ရွား၍ တိုင္းထြာ ခ်ိန္တြယ္ခဲ့သည္။ ဟာေဗးက သူသည္ အိုင္စတိုင္း၏ ခႏၶာကိုယ္ကို ခြဲစိတ္ခြင့္ ရရွိထားသူ ျဖစ္သျဖင့္ ဦးေႏွာက္ကိုလည္း ေလ့လာမည္ျဖစ္ေၾကာင္း ​ေျပာဆိုခဲ့​ေသာ္လည္း ယခုအခ်ိန္တြင္ ​ေဒါက္တာဟာေဗးအား အိုင္စတိုင္း ကြယ္လြန္ခ်ိန္တြင္ အေလာင္းအား ခြဲစိတ္ခြင့္ ​ေပးခဲ့သည့္ စာရြက္စာတမ္း သို႔မဟုတ္ အေထာက္အထား တစ္စုံတစ္ရာကိုမ်ွ မေတြ႕ရွိခဲ့ရပါေခ်။

ေဒါက္တာဟာေဗးသည္ စစ္ေဆး တြက္ခ်က္မႈမ်ား ျပဳလုပ္ၿပီးေနာက္ အိုင္စတိုင္း၏ ဦးေႏွာက္ကို ေဖာ္မလင္ စိမ္ခဲ့သည္။ (ေဖာ္မလင္သည္ သက္ရွိသတၱ၀ါမ်ား ကြယ္လြန္ၿပီးေနာက္ ခႏၶာကိုယ္ အတြင္းအဂၤါမ်ား အပါအ၀င္ ခႏၶာကိုယ္ တစ္ခုလုံး မပုပ္မသိုးဘဲ ပကတိအတိုင္း ရွိေစရန္ စိမ္ရသည့္ ေဆးရည္​ ျဖစ္​သည္​။) ထို႔​ေနာက္ ေဒါက္တာ ဟာေဗးသည္ အိုင္စတိုင္း၏ မ်က္လုံးကို ထုတ္ယူခဲ့ၿပီး အိုင္စတိုင္း၏ မ်က္စိဆရာ၀န္ ဟင္နရီ အဒမ္ထံ ​ေပးအပ္ခဲ့သည္။ အိုင္စတိုင္း၏ မ်က္လုံးမ်ားသည္ နယူးေယာက္ၿမိဳ႕ေတာ္၏ တစ္ေနရာရာတြင္ လုံၿခဳံစိတ္ခ်ရေသာ အာမခံေသတၱာ တစ္ခုအတြင္း၌ ရွိေနေၾကာင္း ​ေျပာဆိုၾကသည္။ ​ေဒါက္တာဟာ​ေဗးက အိုင္စတိုင္း ၏ ဦးေႏွာက္ႏွင့္ မ်က္လုံးမ်ားကို ထုတ္ယူသြားၿပီးေနာက္ အိုင္စတိုင္း၏ ရုပ္ခႏၶာကိုယ္​ကို သၿဂႋဳဟ္ခဲ့ၾကသည္။

ဦးေႏွာက္ႏွင့္ မ်က္လုံးမ်ားကို ထုတ္ယူခဲ့ျခင္းသည္ အိုင္စတိုင္း၏ ဆႏၵမဟုတ္ဘဲ အိုင္စတိုင္းသည္ မိမိခႏၶာ တစ္ခုလုံးကို မီးသျဂႋဳဟ္​၍ ျပာမ်ားကို လွ်ိဳ႕၀ွက္စြာ ျပန္​႔ၾကဲသြားေစလိုခဲ့သည္။ အိုင္စတိုင္း၏ ရုပ္အေလာင္းကို ခြဲစိတ္ျခင္းသည္ အိုင္စတိုင္းကိုယ္တိုင္ ဆႏၵမရွိခဲ့သကဲ့သို႔ ​ေဒါက္တာဟာေဗးသည္ အိုင္စတိုင္း၏ ဦးေႏွာက္ကို သိမ္းဆည္းထားျခင္းသည္လည္​း ဥပေဒအရ ေသာ္လည္းေကာင္း၊ ေဆးပညာက်င့္၀တ္မ်ား အရေသာ္လည္း​ေကာင္​း လုပ္ပိုင္ခြင့္ မရွိသည့္ လုပ္ရပ္ျဖစ္ခဲ့သည္။

ေဒါက္တာဟာေဗးသည္ အိုင္စတိုင္း၏ သားျဖစ္သူ ဟန္းစ္ အဲလ္ဘတ္အား အိုင္စတိုင္းကို ဂရုတစိုက္ သိပၸံနည္းက် ​ေလ့လာမႈျပဳၿပီး တရား၀င္ ထုတ္ေ၀ေနသည့္ ေဆးသိပၸံဂ်ာနယ္တစ္ခုခုတြင္ ေတြ႕ရွိခ်က္မ်ားကို ေရးသားမည္ျဖစ္ေၾကာင္း ကတိျပဳခဲ့သည္။ နယူးေယာက္တိုင္းမ္​ သတင္​းစာက အိုင္စတိုင္း၏ နာေရးကို ဧၿပီလ ၂၀ ရက္က ​ေဖာ္ျပခဲ့ရာတြင္ ေဒါက္တာဟာေဗးသည္ သားျဖစ္သူ၏ ခြင့္ျပဳခ်က္ျဖင့္ အိုင္စတိုင္း အေလာင္းကို ခြဲစိတ္မႈ ျပဳခဲ့ေၾကာင္း ​ေရးသားခဲ့သည္။

ေဒါက္တာဟာေဗးသည္ အိုင္းစတိုင္း၏ ဦးေႏွာက္ကို မိမိရုံးခန္းရွိ ခရားတစ္လုံး အတြင္း၌ ထည္​့ကာ သူ႔အား ပရင့္စ္တန္ေဆးရုံမွ အလုပ္ထုတ္ပယ္ခဲ့ခ်ိန္အထိ သိမ္းဆည္းထားခဲ့သည္။ အလုပ္ျပဳတ္ခ်ိန္တြင္ ဟာေဗးသည္ အိုင္စတိုင္း၏ ဦးေႏွာက္ကို သူႏွင့္အတူ ယူေဆာင္သြားခဲ့သည္။ သူသည္ ပင္နီဆာေဗးနီးယား တကၠသိုလ္သို႔ သြားေရာက္ခဲ့ၿပီး ကၽြမ္းက်င္သူ တစ္ဦး၏ အကူအညီျဖင့္ အိုင္စတိုင္း၏ ဦးေႏွာက္ကို အလႊာ ၁၀၀၀ ႏွင့္အတုံး ၂၄၀ ျဖတ္ေတာက္ခဲ့သည္။ သူသည္ ဦးေႏွာက္စမ်ားကို ေလးေထာင့္ပုံ ဆယ္လ္လိုလုစ္မ်ားျဖင့္ ထည့္ထားခဲ့ကာ အမ်ားစုကို အျခားသူမ်ားအား ​ေပးခဲ့သည္။သူသည္ က်န္ရွိေနသည့္ ဦးေႏွာက္ အပိုင္းအစမ်ားကို ေဖာ္မလင္ ျဖည့္ထားေသာ ဖန္ခရားႏွစ္လုံးတြင္ သိမ္းဆည္းထားခဲ့သည္။

ေဒါက္တာဟာေဗးသည္ ၂၀၀၇ ခုႏွစ္တြင္ ကြယ္လြန္ခဲ့ရာ သူ မကြယ္လြန္မီ သူသိမ္းဆည္းခဲ့သည့္ အိုင္စတိုင္းဦးေႏွာက္ အပိုင္းမ်ားကို ပရင့္စ္တန္ေဆးရုံသို႔ လွဴဒါန္းခဲ့သည္။ ႏွစ္ ၅၀ ေက်ာ္ ၾကာျမင့္ခဲ့သည့္ အိုင္စတိုင္း ဦးေႏွာက္ကို ျပည္သူမ်ားႏွင့္ သုေတသီမ်ားက စိတ္၀င္စားမႈမ်ား ျမင့္တက္လာခဲ့သည္။ အိုင္စတိုင္း၏ ဦးေႏွာက္အလႊာမ်ားကို ရရွိထားၾကေသာ သုေတသီမ်ားသည္ ပရင့္စ္တန္ ေဆးရုံႏွင့္ ပင္နီဆာေဗးနီးယား တကၠသိုလ္သို႔ ျပန္လည္ ေပးအပ္ခဲ့ၾကသည္။ ယခုအခ်ိန္တြင္ အိုင္စတိုင္း၏ ဦးေႏွာက္ အစိတ္အပိုင္းမ်ား ျဖစ္သည့္ ျဖတ္ေတာက္ထားသည့္ အလႊာမ်ားႏွင့္ ေဒါက္တာ ေထာမတ္စ္ဟာေဗး၏ လက္ေရးျဖင့္ ေရးသားထားေသာ မွတ္စုမ်ားကို ဖီလာဒီဖီးယားရွိ မူလာျပတိုက္ တစ္ေနရာတည္း တြင္သာ ျပသထားႏိုင္ေပသည္။

Written By ေကာင္းစည္သူ (သုတစြယ္စုံ)

Credit : သုတစြယ္စံု

(Unicode Version)

ထုတ်ယူခံခဲ့ရသော သိပ္ပံပညာရှင် အိုင်စတိုင်းရဲ့ ဦးနှောက်နှင့် မျက်လုံး

ကမ္ဘာကျော် သိပ္ပံပညာရှင် အိုင်စတိုင်းသည် ၁၉၅၅ ခုနှစ် ဧပြီလ ၁၇ ရက်တွင် မိမိရင်ဘတ် နာကျင်နေမှုကို ပရင့်စ်တန် ဆေးရုံ၌ စစ်ဆေးမှု ခံယူခဲ့သည်။ ​ဆေးစစ်မှု ခံယူပြီး ​နောက်ရက်တွင် အယ်လ်​ဘတ် အိုင်စတိုင်းသည် ၀မ်းဗိုက်သွေးကြော ဖောင်းကာ ကွယ် လွန်ခဲ့သည်။ အသက် ရ၆ နှစ်အရွယ် အိုင်စတိုင်း ကွယ်လွန်ချိန်တွင် ထူးခြားသော ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ရာ ကမ္ဘာပေါ်တွင် အကြီးဆုံးသော ဉာဏ်ရည်ဉာဏ်သွေးကို ပိုင်ဆိုင်ထားသည့် အိုင်စတိုင်း၏ ဦးနှောက် ထုတ်ယူခံလိုက်ရခြင်း ဖြစ်ပေသည်။

အိုင်စတိုင်း ကွယ်လွန်ပြီးနောက် အိုင်စတိုင်း၏ ခန္ဓာကိုယ်အား ခွဲစိတ်မှုပြုရန် ရောဂါဗေဒ သမားတော် ဒေါက်တာ ​ထောမတ်စ် စတို့ဇ်ဟာဗေးသည် ဧပြီလ ၁၈ ရက် နံနက်တွင် ​ဆေးရုံသို့ ​ရောက်ရှိလာခဲ့သည်။ ဒေါက်တာဟာဗေးသည် အိုင်စတိုင်း၏ ခန္ဓာကိုယ်အား ခွဲစိတ်မှုများ ပြုလုပ်ကာ အိုင်စတိုင်း ​သေဆုံးရခြင်းကို ဆုံးဖြတ်ချက် ​ပေးခဲ့သည်။

ထို့​နောက် ဟာ​ဗေးသည် အိုင်စတိုင်း၏ ဦးနှောက်ကို ဦးခေါင်းအတွင်းမှ ဖယ်ရှား၍ တိုင်းထွာ ချိန်တွယ်ခဲ့သည်။ ဟာဗေးက သူသည် အိုင်စတိုင်း၏ ခန္ဓာကိုယ်ကို ခွဲစိတ်ခွင့် ရရှိထားသူ ဖြစ်သဖြင့် ဦးနှောက်ကိုလည်း လေ့လာမည်ဖြစ်ကြောင်း ​ပြောဆိုခဲ့​သော်လည်း ယခုအချိန်တွင် ​ဒေါက်တာဟာဗေးအား အိုင်စတိုင်း ကွယ်လွန်ချိန်တွင် အလောင်းအား ခွဲစိတ်ခွင့် ​ပေးခဲ့သည့် စာရွက်စာတမ်း သို့မဟုတ် အထောက်အထား တစ်စုံတစ်ရာကိုမျှ မတွေ့ရှိခဲ့ရပါချေ။

ဒေါက်တာဟာဗေးသည် စစ်ဆေး တွက်ချက်မှုများ ပြုလုပ်ပြီးနောက် အိုင်စတိုင်း၏ ဦးနှောက်ကို ဖော်မလင် စိမ်ခဲ့သည်။ (ဖော်မလင်သည် သက်ရှိသတ္တဝါများ ကွယ်လွန်ပြီးနောက် ခန္ဓာကိုယ် အတွင်းအင်္ဂါများ အပါအဝင် ခန္ဓာကိုယ် တစ်ခုလုံး မပုပ်မသိုးဘဲ ပကတိအတိုင်း ရှိစေရန် စိမ်ရသည့် ဆေးရည်​ ဖြစ်​သည်​။) ထို့​နောက် ဒေါက်တာ ဟာဗေးသည် အိုင်စတိုင်း၏ မျက်လုံးကို ထုတ်ယူခဲ့ပြီး အိုင်စတိုင်း၏ မျက်စိဆရာဝန် ဟင်နရီ အဒမ်ထံ ​ပေးအပ်ခဲ့သည်။ အိုင်စတိုင်း၏ မျက်လုံးများသည် နယူးယောက်မြို့တော်၏ တစ်နေရာရာတွင် လုံခြုံစိတ်ချရသော အာမခံသေတ္တာ တစ်ခုအတွင်း၌ ရှိနေကြောင်း ​ပြောဆိုကြသည်။ ​ဒေါက်တာဟာ​ဗေးက အိုင်စတိုင်း ၏ ဦးနှောက်နှင့် မျက်လုံးများကို ထုတ်ယူသွားပြီးနောက် အိုင်စတိုင်း၏ ရုပ်ခန္ဓာကိုယ်​ကို သင်္ဂြိုဟ်ခဲ့ကြသည်။

ဦးနှောက်နှင့် မျက်လုံးများကို ထုတ်ယူခဲ့ခြင်းသည် အိုင်စတိုင်း၏ ဆန္ဒမဟုတ်ဘဲ အိုင်စတိုင်းသည် မိမိခန္ဓာ တစ်ခုလုံးကို မီးသင်္ဂြိုဟ်​၍ ပြာများကို လျှို့ဝှက်စွာ ပြန်​့ကြဲသွားစေလိုခဲ့သည်။ အိုင်စတိုင်း၏ ရုပ်အလောင်းကို ခွဲစိတ်ခြင်းသည် အိုင်စတိုင်းကိုယ်တိုင် ဆန္ဒမရှိခဲ့သကဲ့သို့ ​ဒေါက်တာဟာဗေးသည် အိုင်စတိုင်း၏ ဦးနှောက်ကို သိမ်းဆည်းထားခြင်းသည်လည်​း ဥပဒေအရ သော်လည်းကောင်း၊ ဆေးပညာကျင့်ဝတ်များ အရသော်လည်း​ကောင်​း လုပ်ပိုင်ခွင့် မရှိသည့် လုပ်ရပ်ဖြစ်ခဲ့သည်။

ဒေါက်တာဟာဗေးသည် အိုင်စတိုင်း၏ သားဖြစ်သူ ဟန်းစ် အဲလ်ဘတ်အား အိုင်စတိုင်းကို ဂရုတစိုက် သိပ္ပံနည်းကျ ​လေ့လာမှုပြုပြီး တရားဝင် ထုတ်ဝေနေသည့် ဆေးသိပ္ပံဂျာနယ်တစ်ခုခုတွင် တွေ့ရှိချက်များကို ရေးသားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ နယူးယောက်တိုင်းမ်​ သတင်​းစာက အိုင်စတိုင်း၏ နာရေးကို ဧပြီလ ၂၀ ရက်က ​ဖော်ပြခဲ့ရာတွင် ဒေါက်တာဟာဗေးသည် သားဖြစ်သူ၏ ခွင့်ပြုချက်ဖြင့် အိုင်စတိုင်း အလောင်းကို ခွဲစိတ်မှု ပြုခဲ့ကြောင်း ​ရေးသားခဲ့သည်။

ဒေါက်တာဟာဗေးသည် အိုင်းစတိုင်း၏ ဦးနှောက်ကို မိမိရုံးခန်းရှိ ခရားတစ်လုံး အတွင်း၌ ထည်​့ကာ သူ့အား ပရင့်စ်တန်ဆေးရုံမှ အလုပ်ထုတ်ပယ်ခဲ့ချိန်အထိ သိမ်းဆည်းထားခဲ့သည်။ အလုပ်ပြုတ်ချိန်တွင် ဟာဗေးသည် အိုင်စတိုင်း၏ ဦးနှောက်ကို သူနှင့်အတူ ယူဆောင်သွားခဲ့သည်။ သူသည် ပင်နီဆာဗေးနီးယား တက္ကသိုလ်သို့ သွားရောက်ခဲ့ပြီး ကျွမ်းကျင်သူ တစ်ဦး၏ အကူအညီဖြင့် အိုင်စတိုင်း၏ ဦးနှောက်ကို အလွှာ ၁၀၀၀ နှင့်အတုံး ၂၄၀ ဖြတ်တောက်ခဲ့သည်။ သူသည် ဦးနှောက်စများကို လေးထောင့်ပုံ ဆယ်လ်လိုလုစ်များဖြင့် ထည့်ထားခဲ့ကာ အများစုကို အခြားသူများအား ​ပေးခဲ့သည်။သူသည် ကျန်ရှိနေသည့် ဦးနှောက် အပိုင်းအစများကို ဖော်မလင် ဖြည့်ထားသော ဖန်ခရားနှစ်လုံးတွင် သိမ်းဆည်းထားခဲ့သည်။

ဒေါက်တာဟာဗေးသည် ၂၀၀၇ ခုနှစ်တွင် ကွယ်လွန်ခဲ့ရာ သူ မကွယ်လွန်မီ သူသိမ်းဆည်းခဲ့သည့် အိုင်စတိုင်းဦးနှောက် အပိုင်းများကို ပရင့်စ်တန်ဆေးရုံသို့ လှူဒါန်းခဲ့သည်။ နှစ် ၅၀ ကျော် ကြာမြင့်ခဲ့သည့် အိုင်စတိုင်း ဦးနှောက်ကို ပြည်သူများနှင့် သုတေသီများက စိတ်ဝင်စားမှုများ မြင့်တက်လာခဲ့သည်။ အိုင်စတိုင်း၏ ဦးနှောက်အလွှာများကို ရရှိထားကြသော သုတေသီများသည် ပရင့်စ်တန် ဆေးရုံနှင့် ပင်နီဆာဗေးနီးယား တက္ကသိုလ်သို့ ပြန်လည် ပေးအပ်ခဲ့ကြသည်။ ယခုအချိန်တွင် အိုင်စတိုင်း၏ ဦးနှောက် အစိတ်အပိုင်းများ ဖြစ်သည့် ဖြတ်တောက်ထားသည့် အလွှာများနှင့် ဒေါက်တာ ထောမတ်စ်ဟာဗေး၏ လက်ရေးဖြင့် ရေးသားထားသော မှတ်စုများကို ဖီလာဒီဖီးယားရှိ မူလာပြတိုက် တစ်နေရာတည်း တွင်သာ ပြသထားနိုင်ပေသည်။

Written By ကောင်းစည်သူ (သုတစွယ်စုံ)

Credit : သုတစွယ်စုံ