Shinee အဖြဲ႕၀င္ Kim Jong-hyun ေသဆံုး

ေတာင္ကိုရီးယားႏိုင္ငံက ထင္ရွားတဲ့ K-pop အမ်ိဳးသား အဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ Shinee အဖြဲ႕ရဲ႕ အဖြဲ႕၀င္တစ္ဦး ေသဆံုးသြားတယ္လို႕ ႏုိ္င္ငံပိုင္ယြန္ဟတ္ သတင္းမွာ ေဖာ္ျပထားပါတယ္။ Shinee အဖြဲ႕၀င္(၅)ဦးထဲက အသက္(၂၇)ႏွစ္ အရြယ္ Kim Jong-hyun ဟာ မေန႕က ေဒသစံေတာ္ခ်ိန္ညေန(၆) နာရီ ေက်ာ္ေလာက္မွာ ငွားရမ္းထားတဲ့ စတူဒီယို အခန္းအတြင္း ေမ့ေျမာေနတာကို ေတြ႕ရွိခဲ့ပါတယ္။ အဲ့ဒီေနာက္ သူ႕ကို အနီးအနားရွိ ေဆးရံုကို ပို႕ေဆာင္ခဲ့ရာမွာ ေနာက္ပိုင္းမွာေတာ့ ေသဆံုးသြားတယ္လုိ႕ ဆိုပါတယ္။ သူဟာ မိမိကိုယ္ကို ေသေၾကာင္း ၾကံစည္ခဲ့ပံုရတယ္လို႕ ညီမျဖစ္သူက ေျပာပါတယ္။

Jong-hyun က သူဟာ ခက္ခဲတဲ့ အခ်ိန္ေတြ ျဖတ္ေက်ာ္ေနရေၾကာင္း သူ႕ကို ထြက္သြားခြင့္ျပဳဖို႕နဲ႕ ဒါဟာ သူ႕ရဲ႕ ေနာက္ဆံုးစကား ျဖစ္ေၾကာင္း ညီမျဖစ္သူကို စာတစ္ေစာင္ ေပးပို႕ခဲ့တယ္လို႕ ဆိုပါတယ္။ သူ႕ရဲ႕ အသုဘ အခမ္းအနားကို ေဆြမ်ိဳးေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႕သာ တိတ္တဆိတ္ ျပဳလုပ္သြားမွာ ျဖစ္တယ္လို႕ SM Entertainment ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ သူေသဆံုးရတဲ့ အေၾကာင္းအရင္းနဲ႕ ပတ္သက္ျပီး စံုစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္သြားမွာ ျဖစ္တယ္လို႕ ရဲတပ္ဖြဲ႕က ထုတ္ျပန္ထားပါတယ္။

Source : 5 Plus News

(Unicode Version)

Shinee အဖွဲ့ဝင် Kim Jong-hyun သေဆုံး

တောင်ကိုရီးယားနိုင်ငံက ထင်ရှားတဲ့ K-pop အမျိုးသား အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Shinee အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦး သေဆုံးသွားတယ်လို့ နို်င်ငံပိုင်ယွန်ဟတ် သတင်းမှာ ဖော်ပြထားပါတယ်။ Shinee အဖွဲ့ဝင်(၅)ဦးထဲက အသက်(၂၇)နှစ် အရွယ် Kim Jong-hyun ဟာ မနေ့က ဒေသစံတော်ချိန်ညနေ(၆) နာရီ ကျော်လောက်မှာ ငှားရမ်းထားတဲ့ စတူဒီယို အခန်းအတွင်း မေ့မြောနေတာကို တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီနောက် သူ့ကို အနီးအနားရှိ ဆေးရုံကို ပို့ဆောင်ခဲ့ရာမှာ နောက်ပိုင်းမှာတော့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ သူဟာ မိမိကိုယ်ကို သေကြောင်း ကြံစည်ခဲ့ပုံရတယ်လို့ ညီမဖြစ်သူက ပြောပါတယ်။

Jong-hyun က သူဟာ ခက်ခဲတဲ့ အချိန်တွေ ဖြတ်ကျော်နေရကြောင်း သူ့ကို ထွက်သွားခွင့်ပြုဖို့နဲ့ ဒါဟာ သူ့ရဲ့ နောက်ဆုံးစကား ဖြစ်ကြောင်း ညီမဖြစ်သူကို စာတစ်စောင် ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ အသုဘ အခမ်းအနားကို ဆွေမျိုးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့သာ တိတ်တဆိတ် ပြုလုပ်သွားမှာ ဖြစ်တယ်လို့ SM Entertainment ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သူသေဆုံးရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Source : 5 Plus News