ဒုကၡမ်ိဳးစုံကို စပြန္ဆာ ေပးေနၾကေသာ ဆယ္ဖီမ်ား

တစ္ေန႔က စာေရးသူရဲ႕ (fb ေပၚမွ အရမ္းခင္ရတဲ႔ ) မိတ္ေဆြ တစ္ေယာက္အိမ္ကို သူခိုး ခိုးခံရတယ္ ေျပာသံၾကားလို႔ စာေရးသူလဲ အဲ႔ဒီ မိတ္ေဆြအိ္မ္ကိုေရာက္သြားပါတယ္။ စာေရးသူ ေရာက္သြားတဲ့အခ်ိန္မွာ သက္ဆိုင္ရာ လူၾကီးေတြ အိမ္ရွင္ရဲ႕ေဆြမ်ိဳးေတြ ေရာက္ေနၾကတာကို ေတြ႕ရပါတယ္။ အိမ္ရွင္ ဇနီးေမာင္နွံကေတာ့ အထက္အညာေဒသဖက္ကို ဘုရားဖူးသြားၾကတာ ၂ ရက္ရွိျပီလို႔ ဆိုပါတယ္။ မွဳခင္းရဲနွင့္ ရပ္ကြက္ လူၾကီးမ်ားကေတာ့ လုပ္သင့္တာေတြကို လုပ္ျပီး ျပန္သြားၾကပါတယ္။ စာေရးသူလဲ ေလာကဝတ္အတိုင္း မိတ္ေဆြရဲ႕ မိသားစုေတြကို အားေပးစကားေျပာျပီး ျပန္ခဲ႕ပါတယ္။

၂ ရက္အၾကာမွာပဲ သူခိုးကိုဖမ္းမိတယ္လို႔သိရပါတယ္။ သူခိုးရဲ႕ထြက္ဆိုခ်က္အရ အိမ္ရွင္မ်ားဘုရားဖူးခရီးထြက္ေနေၾကာင္းကို fb ေပၚမွ သိေနခဲ့ေၾကာင္း ေရာက္တဲ႔ေနရာမွာ ဆယ္ဖီဆြဲျပီး ေန႔စဥ္ post တင္ေပး ေနတာကို သိေနေၾကာင္း ထို႔ေၾကာင့္ ဝင္ခိုးရာတြင္ ဘာအခက္အခဲမွမရွိပဲ လိုခ်င္တာကို ခိုးယူနိုင္ခဲ႔ေၾကာင္း သူခိုးမွ ထြက္ဆိုတာကို ရဲစစ္ခ်က္အရ သိခြင့္ရလိုက္ပါတယ္။

ေတာ္ေသးတယ္ သူခိုးကို အခ်ိန္မီဖမ္းမိလို႔ သူခုိးကလဲ ခိုးသြားတဲ႔ ေရႊေငြေတြကို ထုခြဲေရာင္းခ်ခ်ိန္ မရလိုက္ေသးလို႕ တကယ္လို႔ သူခိုးက ေရာင္းခ်လိုက္ျပီဆိုရင္ ဘာပစၥည္းမွ ျပန္မရပဲ သူခိုးေထာင္က်ေရးကို အမွဳလုပ္/ ရုံးတင္/ရုံးခ်ိန္း သြားရင္း အခ်ိန္ကုန္ေငြကုန္ မိေအး ၂ ခါျဖစ္မွာ ေသခ်ာပါတယ္ ။ သူခိုးကေတာ့ ထိုက္တန္သေလာက္ ျပစ္ဒဏ္က်ခံျပီး အခ်ိန္တန္ရင္ ျပန္လြတ္လာမယ္။ သူခိုးဘဝကေတာ့ ဘာမွထူးကဲနစ္နာသြားမွာမဟုတ္ဘူး။ ပစၥည္းရွင္မွာသာ မူလအေျခအေနကို ျပန္ေရာက္ဖို႔ မနည္း အခ်ိန္ယူ ၾကိဳးစားရပါလိမ့္မယ္။

စာေရးသူဟာ ဒီလိုျပႆနာမ်ိဳးမျဖစ္ေစေရးအတြက္ သိသေလာက္ တတ္သေလာက္ေလးနဲ႔ သတိေပးစာေတြ မၾကာခဏဆိုသလို fb ေပၚမွာ ေရးတင္ဖူးပါတယ္။ ေစတနာကိုနားလည္သူေတြကေတာ့ ေက်းဇူးတင္ၾကသလို နားမလည္သူေတြရဲ႕ အျပစ္တင္ျခင္းကိုလဲ ခံရျပန္ပါတယ္။ စာေရးသူ အၾကံေပးတာက စာေရးသူအတြက္ မဟုတ္ပါဘူး။ အားလုံးေကာင္းက်ိဳးအတြက္ ေစတနာ ကုသိုလ္ယူတာပါ။

fb ဆိုတာ သုံးတတ္ရင္ အလြန္ေက်းဇူး မ်ားပါတယ္။ မသုံးတတ္ရင္ ေျမြေပြးကို ခါးပိုက္ေထာင္ထဲ ထည့္ထားတာနဲ႔ အရမ္းတူပါတယ္။ fb ကို သုံးစြဲဖို႔မတတ္လို႔ သူခိုး ခိုးခံရတဲ႔ မိတ္ေဆြလိုပဲ အသတ္ခံရ ခိုးခံရ လူလိမ္ခံရ ေငြညွစ္ခံရ ေရာင္းစားခံရနဲ႔ ျပႆနာေပါင္းစုံကို ရင္ဆိုင္ျဖတ္သမ္းေနၾကရတဲ့ လူေတြ အမ်ားၾကီး ရွိေနၾကပါတယ္။

ဒီေတာ့ စာေရးသူ ေျပာခ်င္တာက ဝါသနာအရ ဆယ္ဖီဆြဲပါ ဓါတ္ဖမ္းပါ ျဖစ္နိုင္မယ္ဆိုရင္ ခရီးစဥ္ျပီးမွ post တင္ေစခ်င္ပါတယ္။ မေနနိုင္လို႔ fb ေပၚ post တင္ေတာ့မယ္ live လႊင့္ေတာ့မယ္ဆိုရင္ မိမိေရာက္ေနတဲ႔ ေနရာေဒသကို အတိအက် မေျပာမိေစဖို႔ မိမိေရာက္ေနတဲ႔ ေနရာကို မွတ္မိလြယ္တဲ႔ အမွတ္အသားေတြ ပါမသြားေအာင္ ဂရုစိုက္ ေရွာင္ရွားျပီးမွ live လႊင့္တာေတြ လုပ္ဖို႕ post တင္ၾကဖို႕ အၾကံျပဳပါတယ္။

မာယာသိပ္မ်ားတဲ႔ ယေန႔ေခတ္မွာ မိမိရဲ႕ ေပါ့ဆမွဳဟာ မိမိကို သတ္ကြင္းထဲ ေရာက္ေအာင္ တြန္းပို႔ေနတာမ်ိဳးျဖစ္မသြားေစဖို႔ အထူးသတိထား သုံးစြဲသင့္ပါေၾကာင္း အၾကံျပဳပါရေစ။

ေစတနာျဖင့္ – ရရ (႐ိုးမရိပ္)

(Unicode Version)

ဒုက္ခမျိုးစုံကို စပွန်ဆာ ပေးနေကြသော ဆယ်ဖီများ

တစ်နေ့က စာရေးသူရဲ့ (fb ပေါ်မှ အရမ်းခင်ရတဲ့ ) မိတ်ဆွေ တစ်ယောက်အိမ်ကို သူခိုး ခိုးခံရတယ် ပြောသံကြားလို့ စာရေးသူလဲ အဲ့ဒီ မိတ်ဆွေအိ်မ်ကိုရောက်သွားပါတယ်။ စာရေးသူ ရောက်သွားတဲ့အချိန်မှာ သက်ဆိုင်ရာ လူကြီးတွေ အိမ်ရှင်ရဲ့ဆွေမျိုးတွေ ရောက်နေကြတာကို တွေ့ရပါတယ်။ အိမ်ရှင် ဇနီးမောင်နှံကတော့ အထက်အညာဒေသဖက်ကို ဘုရားဖူးသွားကြတာ ၂ ရက်ရှိပြီလို့ ဆိုပါတယ်။ မှုခင်းရဲနှင့် ရပ်ကွက် လူကြီးများကတော့ လုပ်သင့်တာတွေကို လုပ်ပြီး ပြန်သွားကြပါတယ်။ စာရေးသူလဲ လောကဝတ်အတိုင်း မိတ်ဆွေရဲ့ မိသားစုတွေကို အားပေးစကားပြောပြီး ပြန်ခဲ့ပါတယ်။

၂ ရက်အကြာမှာပဲ သူခိုးကိုဖမ်းမိတယ်လို့သိရပါတယ်။ သူခိုးရဲ့ထွက်ဆိုချက်အရ အိမ်ရှင်များဘုရားဖူးခရီးထွက်နေကြောင်းကို fb ပေါ်မှ သိနေခဲ့ကြောင်း ရောက်တဲ့နေရာမှာ ဆယ်ဖီဆွဲပြီး နေ့စဉ် post တင်ပေး နေတာကို သိနေကြောင်း ထို့ကြောင့် ဝင်ခိုးရာတွင် ဘာအခက်အခဲမှမရှိပဲ လိုချင်တာကို ခိုးယူနိုင်ခဲ့ကြောင်း သူခိုးမှ ထွက်ဆိုတာကို ရဲစစ်ချက်အရ သိခွင့်ရလိုက်ပါတယ်။

တော်သေးတယ် သူခိုးကို အချိန်မီဖမ်းမိလို့ သူခိုးကလဲ ခိုးသွားတဲ့ ရွှေငွေတွေကို ထုခွဲရောင်းချချိန် မရလိုက်သေးလို့ တကယ်လို့ သူခိုးက ရောင်းချလိုက်ပြီဆိုရင် ဘာပစ္စည်းမှ ပြန်မရပဲ သူခိုးထောင်ကျရေးကို အမှုလုပ်/ ရုံးတင်/ရုံးချိန်း သွားရင်း အချိန်ကုန်ငွေကုန် မိအေး ၂ ခါဖြစ်မှာ သေချာပါတယ် ။ သူခိုးကတော့ ထိုက်တန်သလောက် ပြစ်ဒဏ်ကျခံပြီး အချိန်တန်ရင် ပြန်လွတ်လာမယ်။ သူခိုးဘဝကတော့ ဘာမှထူးကဲနစ်နာသွားမှာမဟုတ်ဘူး။ ပစ္စည်းရှင်မှာသာ မူလအခြေအနေကို ပြန်ရောက်ဖို့ မနည်း အချိန်ယူ ကြိုးစားရပါလိမ့်မယ်။

စာရေးသူဟာ ဒီလိုပြဿနာမျိုးမဖြစ်စေရေးအတွက် သိသလောက် တတ်သလောက်လေးနဲ့ သတိပေးစာတွေ မကြာခဏဆိုသလို fb ပေါ်မှာ ရေးတင်ဖူးပါတယ်။ စေတနာကိုနားလည်သူတွေကတော့ ကျေးဇူးတင်ကြသလို နားမလည်သူတွေရဲ့ အပြစ်တင်ခြင်းကိုလဲ ခံရပြန်ပါတယ်။ စာရေးသူ အကြံပေးတာက စာရေးသူအတွက် မဟုတ်ပါဘူး။ အားလုံးကောင်းကျိုးအတွက် စေတနာ ကုသိုလ်ယူတာပါ။

fb ဆိုတာ သုံးတတ်ရင် အလွန်ကျေးဇူး များပါတယ်။ မသုံးတတ်ရင် မြွေပွေးကို ခါးပိုက်ထောင်ထဲ ထည့်ထားတာနဲ့ အရမ်းတူပါတယ်။ fb ကို သုံးစွဲဖို့မတတ်လို့ သူခိုး ခိုးခံရတဲ့ မိတ်ဆွေလိုပဲ အသတ်ခံရ ခိုးခံရ လူလိမ်ခံရ ငွေညှစ်ခံရ ရောင်းစားခံရနဲ့ ပြဿနာပေါင်းစုံကို ရင်ဆိုင်ဖြတ်သမ်းနေကြရတဲ့ လူတွေ အများကြီး ရှိနေကြပါတယ်။

ဒီတော့ စာရေးသူ ပြောချင်တာက ဝါသနာအရ ဆယ်ဖီဆွဲပါ ဓါတ်ဖမ်းပါ ဖြစ်နိုင်မယ်ဆိုရင် ခရီးစဉ်ပြီးမှ post တင်စေချင်ပါတယ်။ မနေနိုင်လို့ fb ပေါ် post တင်တော့မယ် live လွှင့်တော့မယ်ဆိုရင် မိမိရောက်နေတဲ့ နေရာဒေသကို အတိအကျ မပြောမိစေဖို့ မိမိရောက်နေတဲ့ နေရာကို မှတ်မိလွယ်တဲ့ အမှတ်အသားတွေ ပါမသွားအောင် ဂရုစိုက် ရှောင်ရှားပြီးမှ live လွှင့်တာတွေ လုပ်ဖို့ post တင်ကြဖို့ အကြံပြုပါတယ်။

မာယာသိပ်များတဲ့ ယနေ့ခေတ်မှာ မိမိရဲ့ ပေါ့ဆမှုဟာ မိမိကို သတ်ကွင်းထဲ ရောက်အောင် တွန်းပို့နေတာမျိုးဖြစ်မသွားစေဖို့ အထူးသတိထား သုံးစွဲသင့်ပါကြောင်း အကြံပြုပါရစေ။

စေတနာဖြင့် – ရရ (ရိုးမရိပ်)