Myanmar Idol ကရတဲ႔ ဆုေၾကးနဲ႔ ေျမာက္ဒဂံုမွာ တိုက္ခန္း ဝယ္လိုက္တဲ႔ သားငယ္ 

ဂီတအလုပ္ေတြ လုပ္ကိုင္ေနၿပီျဖစ္လို႔ ရန္ကုန္၊ ေျမာက္ဒဂံုမွာပဲ ျမန္မာအိုင္ေဒါကရတဲ႔ ဆုေၾကးေငြေလး နဲ႔ တိုက္ခန္း၀ယ္ၿပီး မိန္းမနဲ႔အတူတူ ေနျဖစ္ပါတယ္လို႔ အဆိုေတာ္ သားငယ္ က MC သို႔ေျပာပါတယ္။

“ရန္ကုန္မွာပဲ ေနျဖစ္ေတာ႔ပါတယ္ ။ ဆုရတဲ႔ပိုက္ဆံေလး နဲ႔ အိမ္ေလး၀ယ္ထားၿပီးေတာ႔ ေနတယ္ေပါ႔ ။ အဘိုး၊ အဘြား ေတြနဲ႔လည္း နိီးနီးကပ္ကပ္႐ွိတဲ႔ ေနရာေလးမွာ တိုက္ခန္းေလး၀ယ္ထားတယ္။ ေျမာက္ဒဂံုမွာပါ ။ ဂီတအလုပ္ေတြလုပ္မယ္ဆိုေတာ႔ နယ္မွာသြားေနဖို႕ကလည္း အဆင္မေျပေတာ႔ဘူးေလ။ ရန္ကုန္မွာပဲ အဆင္ေျပမွာဆိုေတာ႔ ဒီမွာပဲ ေနျဖစ္တာေပါ႔ ။

အရင္ မိန္းမမရခင္ကတည္းကလည္း ကၽြန္ေတာ္က ရန္ကုန္မွာပဲ ေနတာပါ။ ဇာတိကေတာ႕ ရခိုင္ေပါ႔ေလ။ ၂၀၀၈ ကတည္းက ရန္ကုန္ကို တတ္လာတာ။ မိန္းမရၿပီးေတာ႔မွ နယ္ကိုပါသြားတာေပါ႔ ။ ပဲြေတြကေတာ႕ ဆိုဖို႔ဌားၾကတာ႐ွိပါတယ္ ” – သားငယ္သားငယ္ က ျမန္မာအိုင္ေဒါ မွ ထုတ္ေပးမယ္႔ သီခ်င္းေခြထြက္႐ွိဖို႔ ေစာင္႔ေနတယ္လိ႔ုသိရပါတယ္။ အဖြဲ႔အစည္း န႔ဲ ေဆာင္ရြက္ရတာျဖစ္လို႔ နည္းနည္း ၾကန္႔ၾကာေနတာျဖစ္ၿပီး အဆို၊အတီး လည္း ၿပီးၿပီလို႔ သားငယ္ကေျပာပါတယ္။

“Title ကေတာ႕ ေရြးထားတယ္ ။ ဘယ္ဟာလဲဆုိတာေတာ႔ အတိအက်ေတာ႔ မသိေသးဘူး ။ နီးမွပဲေျပာခ်င္တယ္။ ကၽြန္ေတာ္က Rock သမားဆိုေတာ႔ Rock ဘက္ကို ပါေအာင္ေတာ႔ ဆြဲေခၚထားတယ္။ ၀င္းဦးတို႕ ဂႏၱ၀င္သီခ်င္းေတြ မမမိုး သီခ်င္းလို ပံုစံေလးေတြလည္း ပါမွာေပါ႔ေလ ။ ဒီလမဟုတ္ရင္ေတာ႔ ေ႐ွ႔လထဲ ထြက္ျဖစ္မယ္လို႔ ထင္ပါတယ္။” လို႔ သူကေျပာပါတယ္။

Source : Myanmar Celebrity

(Unicode Version)

Myanmar Idol ကရတဲ့ ဆုကြေးနဲ့ မြောက်ဒဂုံမှာ တိုက်ခန်း ဝယ်လိုက်တဲ့ သားငယ်

ဂီတအလုပ်တွေ လုပ်ကိုင်နေပြီဖြစ်လို့ ရန်ကုန်၊ မြောက်ဒဂုံမှာပဲ မြန်မာအိုင်ဒေါကရတဲ့ ဆုကြေးငွေလေး နဲ့ တိုက်ခန်းဝယ်ပြီး မိန်းမနဲ့အတူတူ နေဖြစ်ပါတယ်လို့ အဆိုတော် သားငယ် က MC သို့ပြောပါတယ်။

“ရန်ကုန်မှာပဲ နေဖြစ်တော့ပါတယ် ။ ဆုရတဲ့ပိုက်ဆံလေး နဲ့ အိမ်လေးဝယ်ထားပြီးတော့ နေတယ်ပေါ့ ။ အဘိုး၊ အဘွား တွေနဲ့လည်း နိီးနီးကပ်ကပ်ရှိတဲ့ နေရာလေးမှာ တိုက်ခန်းလေးဝယ်ထားတယ်။ မြောက်ဒဂုံမှာပါ ။ ဂီတအလုပ်တွေလုပ်မယ်ဆိုတော့ နယ်မှာသွားနေဖို့ကလည်း အဆင်မပြေတော့ဘူးလေ။ ရန်ကုန်မှာပဲ အဆင်ပြေမှာဆိုတော့ ဒီမှာပဲ နေဖြစ်တာပေါ့ ။

အရင် မိန်းမမရခင်ကတည်းကလည်း ကျွန်တော်က ရန်ကုန်မှာပဲ နေတာပါ။ ဇာတိကတော့ ရခိုင်ပေါ့လေ။ ၂၀၀၈ ကတည်းက ရန်ကုန်ကို တတ်လာတာ။ မိန်းမရပြီးတော့မှ နယ်ကိုပါသွားတာပေါ့ ။ ပွဲတွေကတော့ ဆိုဖို့ဌားကြတာရှိပါတယ် ” – သားငယ်သားငယ် က မြန်မာအိုင်ဒေါ မှ ထုတ်ပေးမယ့် သီချင်းခွေထွက်ရှိဖို့ စောင့်နေတယ်လို့သိရပါတယ်။ အဖွဲ့အစည်း နဲ့ ဆောင်ရွက်ရတာဖြစ်လို့ နည်းနည်း ကြန့်ကြာနေတာဖြစ်ပြီး အဆို၊အတီး လည်း ပြီးပြီလို့ သားငယ်ကပြောပါတယ်။

“Title ကတော့ ရွေးထားတယ် ။ ဘယ်ဟာလဲဆိုတာတော့ အတိအကျတော့ မသိသေးဘူး ။ နီးမှပဲပြောချင်တယ်။ ကျွန်တော်က Rock သမားဆိုတော့ Rock ဘက်ကို ပါအောင်တော့ ဆွဲခေါ်ထားတယ်။ ၀င်းဦးတို့ ဂန္တဝင်သီချင်းတွေ မမမိုး သီချင်းလို ပုံစံလေးတွေလည်း ပါမှာပေါ့လေ ။ ဒီလမဟုတ်ရင်တော့ ရှေ့လထဲ ထွက်ဖြစ်မယ်လို့ ထင်ပါတယ်။” လို့ သူကပြောပါတယ်။

Source : Myanmar Celebrity

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္