ေဆးလိပ္ေသာက္သည္ကို ျပန္တိုင္သည့္အေဒၚအား မုဒိမ္းက်င့္သတ္ခဲ့သည့္ တူျဖစ္သူကို ဖမ္းဆီး

ေဆးလိပ္ေသာက္တဲ့အတြက္ အဖြားျဖစ္သူကို ျပန္တိုင္တဲ့ အေဒၚကို မုဒိမ္းက်င့္ သတ္ျဖတ္ခဲ့တဲ့ အသက္ ၁၅ ႏွစ္အရြယ္ ဆယ္ေက်ာ္သက္ လူငယ္တဦးအား ရဲေတြက ဖမ္းဆီးႏိုင္ခဲ့တယ္လို႔ ထိုင္းရတ္သတင္းတပုဒ္မွာ ဇူလိုင္ ၁၀ ရက္ေန႔က ေဖာ္ျပပါတယ္။

ဒီအျဖစ္အပ်က္ဟာ ထိုင္းႏိုင္ငံ၊ ကမ္ဖမ္ဖက္ေဒသတြင္းမွာ ျဖစ္ခဲ့ၿပီး ဒမ္လုိ႔ အမည္ရတဲ့ အဲဒီေကာင္ေလးဟာ မိဘေတြ ဆံုးပါးသြားခဲ့လို႔ အသက္ ၈၀ အရြယ္ အဖြားျဖစ္သူက ၾကည့္႐ႈေစာင့္ေရွာက္ထားခဲ့ရတာ ျဖစ္ပါတယ္။

သူေဆးလိပ္ေသာက္တာကို ေဒအမ္းလို႔ အမည္ရတဲ့ အေဒၚက အဖြားျဖစ္သူကို အၿမဲတမ္း ျပန္တိုင္ခဲ့တဲ့အတြက္ ခုလိုက်ဴးလြန္ခဲ့တာျဖစ္တယ္လို႔ ရဲေတြကို ဒမ္က ဝန္ခံထြက္ဆိုထားပါတယ္။

သူဟာ မၾကာေသးခင္က အဖြားျဖစ္သူ၊ အသက္ ၆၃ ႏွစ္အရြယ္ရွိတဲ့ အေဒၚျဖစ္သူတို႔နဲ႔အတူ ငါးဖမ္းထြက္ခဲ့ၿပီး အဖြားျဖစ္သူက အိမ္ကို အရင္ျပန္သြားခ်ိန္မွာ ခုလို က်ဴးလြန္ခဲ့တယ္လို႔ ဆိုပါတယ္။

ေသဆံုးသူရဲ႕ပါးစပ္ကို အသံမထြက္နုိင္ေအာင္ အဝတ္နဲ႔ ဆို႔ထားခဲ့ၿပီး ခႏၶာကိုယ္ေအာက္ပိုင္း အဝတ္ေတြ ခၽြတ္ထားကာ အနားမွာ ပံုထားခဲ့တာကို ရဲေတြက ေတြ႔ခဲ့ၾကတာပါ။

တူးေျမာင္းတခုေဘးမွာ ေသဆံုးေနခဲ့တဲ့ အေဒၚျဖစ္သူကို ရြာသားေတြ ေတြ႔ရွိခဲ့ၾကခ်ိန္မွာ ျပစ္မႈက်ဴးလြန္တဲ့ တရားခံကို လိုက္လံရွာေဖြဖို႔ ပူးေပါင္းခဲ့ၾကတာပါ။

အဲဒီလို စံုစမ္းစစ္ေဆးေနၾကခ်ိန္မွာပဲ ဒမ္ဟာ လာေရာက္ၾကည့္႐ႈသူတစ္ဦးအေနနဲ႔ ေရာက္ရွိလာခ်ိန္ ရဲေတြက ခ်က္ခ်င္းဖမ္းဆီးႏိုင္ခဲ့တာပါ။

ေသဆံုးသူ ေဒအမ္းရဲ႕ ခင္ပြန္းျဖစ္သူကေတာ့ ဒမ္ဟာ သူ႔ဇနီးသည္ရဲ႕အစ္ကို သားျဖစ္ၿပီး အဖြားျဖစ္သူရဲ႕ ၾကည့္႐ႈေစာင့္ေရွာက္မႈနဲ႔ ေနထိုင္တာျဖစ္တယ္လို႔ ေျပာပါတယ္။

လက္ရွိမွာေတာ့ ျပစ္မႈက်ဴးလြန္ေၾကာင္း ဝန္ခံထြက္ဆိုထားတဲ့ ဒမ္ကို ဖမ္းဆီးထိန္းသိမ္းထားၿပီး အေရးယူေဆာင္ရြက္မႈေတြ ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။

ဆေးလိပ်သောက်တဲ့အတွက် အဖွားဖြစ်သူကို ပြန်တိုင်တဲ့ အဒေါ်ကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တဲ့ အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက် လူငယ်တဦးအား ရဲတွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းရတ်သတင်းတပုဒ်မှာ ဇူလိုင် ၁၀ ရက်နေ့က ဖော်ပြပါတယ်။

ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံ၊ ကမ်ဖမ်ဖက်ဒေသတွင်းမှာ ဖြစ်ခဲ့ပြီး ဒမ်လို့ အမည်ရတဲ့ အဲဒီကောင်လေးဟာ မိဘတွေ ဆုံးပါးသွားခဲ့လို့ အသက် ၈၀ အရွယ် အဖွားဖြစ်သူက ကြည့်ရှုစောင့်ရှောက်ထားခဲ့ရတာ ဖြစ်ပါတယ်။

သူဆေးလိပ်သောက်တာကို ဒေအမ်းလို့ အမည်ရတဲ့ အဒေါ်က အဖွားဖြစ်သူကို အမြဲတမ်း ပြန်တိုင်ခဲ့တဲ့အတွက် ခုလိုကျူးလွန်ခဲ့တာဖြစ်တယ်လို့ ရဲတွေကို ဒမ်က ဝန်ခံထွက်ဆိုထားပါတယ်။

သူဟာ မကြာသေးခင်က အဖွားဖြစ်သူ၊ အသက် ၆၃ နှစ်အရွယ်ရှိတဲ့ အဒေါ်ဖြစ်သူတို့နဲ့အတူ ငါးဖမ်းထွက်ခဲ့ပြီး အဖွားဖြစ်သူက အိမ်ကို အရင်ပြန်သွားချိန်မှာ ခုလို ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူရဲ့ပါးစပ်ကို အသံမထွက်နိုင်အောင် အဝတ်နဲ့ ဆို့ထားခဲ့ပြီး ခန္ဓာကိုယ်အောက်ပိုင်း အဝတ်တွေ ချွတ်ထားကာ အနားမှာ ပုံထားခဲ့တာကို ရဲတွေက တွေ့ခဲ့ကြတာပါ။

တူးမြောင်းတခုဘေးမှာ သေဆုံးနေခဲ့တဲ့ အဒေါ်ဖြစ်သူကို ရွာသားတွေ တွေ့ရှိခဲ့ကြချိန်မှာ ပြစ်မှုကျူးလွန်တဲ့ တရားခံကို လိုက်လံရှာဖွေဖို့ ပူးပေါင်းခဲ့ကြတာပါ။

အဲဒီလို စုံစမ်းစစ်ဆေးနေကြချိန်မှာပဲ ဒမ်ဟာ လာရောက်ကြည့်ရှုသူတစ်ဦးအနေနဲ့ ရောက်ရှိလာချိန် ရဲတွေက ချက်ချင်းဖမ်းဆီးနိုင်ခဲ့တာပါ။

သေဆုံးသူ ဒေအမ်းရဲ့ ခင်ပွန်းဖြစ်သူကတော့ ဒမ်ဟာ သူ့ဇနီးသည်ရဲ့အစ်ကို သားဖြစ်ပြီး အဖွားဖြစ်သူရဲ့ ကြည့်ရှုစောင့်ရှောက်မှုနဲ့ နေထိုင်တာဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုထားတဲ့ ဒမ်ကို ဖမ်းဆီးထိန်းသိမ်းထားပြီး အရေးယူဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Source : DVB

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္