သီလ႐ွင္ ဝတ္သြားတဲ့ အကယ္ဒမီ ထက္ထက္မိုးဦး

သ႐ုပ္ေဆာင္ ထက္ထက္မိုးဦး ကေတာ့ လူဝတ္ ဘဝမွ ဆရာေလး နႏၵမာလာဘဝကို ေရာက္ရွိသြားၿပီ ျဖစ္ပါတယ္။ ပရိတ္သတ္အားေပးမႈ အခိုင္အမာရရွိခဲ့တဲ့ ထိပ္တန္း မင္းသမီးေဟာင္း ထပ္ဆင့္အကယ္ဒမီ ထက္ထက္မိုးဦးက ဒီဇင္ဘာ ၂၂ ရက္ေန႔ မွာပဲ သီလရွင္ ဝတ္လိုက္တာ ျဖစ္ပါတယ္။

ေတာင္ႀကီးၿမိဳ႕ရွိ ေမႊးေတာင္ႀကီး ကုမၸဏီရဲ့ ရဟန္းခံရွင္ျပဳ သီလရွင္ဝတ္ ေရစက္ခ် အလွဴပဲြနဲ႔တူ သီလရွင္ ဘဝ ခံယူလိုက္တာ ျဖစ္တယ္လို႔ သိရပါတယ္။ ရက္အတိုင္း အတာကေတာ့ မသိရေသးပါဘူး။ ဆရာေလး နႏၵမာလာဆိုတဲ့ ဘဲြ႔ခံယူထားပါတယ္။

ထက္ထက္မိုးဦးက ၁၉၉၆ ခုႏွစ္က “ပန္းသခင္” ၊ ၂ဝဝ၁ ခုႏွစ္က “သမီးမိုက္” ဇာတ္ကားတို႔နဲ႔ အမ်ိဳးသမီး ဇာတ္ေဆာင္ဆု အကယ္ဒမီမ်ား ရရွိခဲ့သူ ျဖစ္ပါတယ္။

Photo : Myo Myo Taunggyi

Source : Pannpwint

(Unicode Version)

သီလရှင် ဝတ်သွားတဲ့ အကယ်ဒမီ ထက်ထက်မိုးဦး

သရုပ်ဆောင် ထက်ထက်မိုးဦး ကတော့ လူဝတ် ဘဝမှ ဆရာလေး နန္ဒမာလာဘဝကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ပရိတ်သတ်အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ ထိပ်တန်း မင်းသမီးဟောင်း ထပ်ဆင့်အကယ်ဒမီ ထက်ထက်မိုးဦးက ဒီဇင်ဘာ ၂၂ ရက်နေ့ မှာပဲ သီလရှင် ဝတ်လိုက်တာ ဖြစ်ပါတယ်။

တောင်ကြီးမြို့ရှိ မွှေးတောင်ကြီး ကုမ္ပဏီရဲ့ ရဟန်းခံရှင်ပြု သီလရှင်ဝတ် ရေစက်ချ အလှူပွဲနဲ့တူ သီလရှင် ဘဝ ခံယူလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ ရက်အတိုင်း အတာကတော့ မသိရသေးပါဘူး။ ဆရာလေး နန္ဒမာလာဆိုတဲ့ ဘွဲ့ခံယူထားပါတယ်။

ထက်ထက်မိုးဦးက ၁၉၉၆ ခုနှစ်က “ပန်းသခင်” ၊ ၂ဝဝ၁ ခုနှစ်က “သမီးမိုက်” ဇာတ်ကားတို့နဲ့ အမျိုးသမီး ဇာတ်ဆောင်ဆု အကယ်ဒမီများ ရရှိခဲ့သူ ဖြစ်ပါတယ်။

Photo : Myo Myo Taunggyi

Source : Pannpwint