အကယ္ဒမီ ၇ ဆုရွင္ သ႐ုပ္ေဆာင္ မင္းသားႀကီး ဦးညြန္႔ဝင္း ေဆး႐ံုတင္ထားရ

အကယ္ဒမီ ၇ ဆုရွင္ ဦးညြန္႔ဝင္းဟာ SSC ေဆး႐ံုမွာ တက္ေရာက္ ကုသခံေနရတယ္လို႔ သိရပါတယ္။ ေခ်ာ္လဲတာလို႔ သိရပါတယ္။

“အကယ္ဒမီ ၇ ဆုရွင္ ဦညြန္႔ဝင္းသည္ မိမိအိမ္တြင္ေခ်ာ္လဲသျဖင့္ SSC တြင္ တက္ေရာက္ကုသေနရေၾကာင္း သိရသည္” လုိ႔ ျမန္မာႏုိင္ငံ႐ုပ္ရွင္အစည္းအ႐ံုးရဲ႕ ဒုဥကၠ႒ ဦးေအးၾကဴေလးက လြန္ခဲ့တဲ့ တစ္နာရီခန္႔က သူ႔ရဲ႕ေဖ့စ္ဘြတ္မွာ တင္ထားတာကို ေတြ႕ရပါတယ္။

နာမည္ေက်ာ္ အႏုပညာရွင္ေဟာင္းႀကီး တစ္ဦးျဖစ္တဲ့ ဦးညြန္႔ဝင္းတစ္ေယာက္ အခုလိုျဖစ္တာကို ၾကားရသူ အားလံုးကလည္း စိတ္မေကာင္း ျဖစ္ေနၾကၿပီး အျမန္ဆံုးက်န္းမာေစဖုိ႔ ဆုေတာင္းေပးေနၾကပါတယ္။

ငယ္စဥ္က ေခါင္းေဆာင္မင္းသားအျဖစ္ ႐ုပ္ရွင္ကားအေတာ္မ်ားမ်ားမွာ ပါဝင္ခဲ့တဲ့ ဦးညြန္႔ဝင္းဟာ သူ႔ေခတ္သူ႔အခါက ပ်ဳိေမေတြအသည္းစြဲ မင္းသားတစ္လက္ ျဖစ္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာလည္း က်ရာဇာတ္႐ုပ္ကို ပီျပင္စြာ သ႐ုပ္ေဆာင္ရင္း ျမန္မာႏုိင္ငံရဲ႕ အကယ္ဒမီအမ်ားဆံုး ပိုင္ဆုိင္သူ အႏုပညာရွင္တစ္ဦးလည္း ျဖစ္ပါတယ္။

ဦးညြန္႔ဝင္းတုိ႔မိသားစုဟာ မ်ဳိး႐ုိးစဥ္ဆက္ အႏုပညာေလာကမွာ ဂုဏ္ရွိန္ျမင့္မားစြာ ရပ္တည္လာၾကသူျဖစ္ပါတယ္။

ဖခင္ျဖစ္သူကလည္း တစ္ခ်ိန္က သဘင္ေလာကမွာ သွ်မ္းသွ်မ္းေတာက္ေအာင္ျမင္ခဲၿပီး အခုထိ လူတုိင္း ေလးစားရတဲ့ ပုဂၢိဳလ္ႀကီး ေရႊမန္း ဦးတင္ေမာင္ျဖစ္သလို ဦးညြန္႔ဝင္းရဲ႕တူ ေက်ာ္ေက်ာ္ဗိုလ္ဟာလည္း သ႐ုပ္ေဆာင္ေလာကမွာ နာမည္ရေနသူျဖစ္ပါတယ္။

Source : Duwun

(Unicode Version)

အကယ်ဒမီ ရ ဆုရှင် သရုပ်ဆောင် မင်းသားကြီး ဦးညွန့်ဝင်း ဆေးရုံတင်ထားရ

အကယ်ဒမီ ရ ဆုရှင် ဦးညွန့်ဝင်းဟာ SSC ဆေးရုံမှာ တက်ရောက် ကုသခံနေရတယ်လို့ သိရပါတယ်။ ချော်လဲတာလို့ သိရပါတယ်။

“အကယ်ဒမီ ရ ဆုရှင် ဦညွန့်ဝင်းသည် မိမိအိမ်တွင်ချော်လဲသဖြင့် SSC တွင် တက်ရောက်ကုသနေရကြောင်း သိရသည်” လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက လွန်ခဲ့တဲ့ တစ်နာရီခန့်က သူ့ရဲ့ဖေ့စ်ဘွတ်မှာ တင်ထားတာကို တွေ့ရပါတယ်။

နာမည်ကျော် အနုပညာရှင်ဟောင်းကြီး တစ်ဦးဖြစ်တဲ့ ဦးညွန့်ဝင်းတစ်ယောက် အခုလိုဖြစ်တာကို ကြားရသူ အားလုံးကလည်း စိတ်မကောင်း ဖြစ်နေကြပြီး အမြန်ဆုံးကျန်းမာစေဖို့ ဆုတောင်းပေးနေကြပါတယ်။

ငယ်စဉ်က ခေါင်းဆောင်မင်းသားအဖြစ် ရုပ်ရှင်ကားအတော်များများမှာ ပါဝင်ခဲ့တဲ့ ဦးညွန့်ဝင်းဟာ သူ့ခေတ်သူ့အခါက ပျိုမေတွေအသည်းစွဲ မင်းသားတစ်လက် ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်ရင်း မြန်မာနိုင်ငံရဲ့ အကယ်ဒမီအများဆုံး ပိုင်ဆိုင်သူ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

ဦးညွန့်ဝင်းတို့မိသားစုဟာ မျိုးရိုးစဉ်ဆက် အနုပညာလောကမှာ ဂုဏ်ရှိန်မြင့်မားစွာ ရပ်တည်လာကြသူဖြစ်ပါတယ်။

ဖခင်ဖြစ်သူကလည်း တစ်ချိန်က သဘင်လောကမှာ သျှမ်းသျှမ်းတောက်အောင်မြင်ခဲပြီး အခုထိ လူတိုင်း လေးစားရတဲ့ ပုဂ္ဂိုလ်ကြီး ရွှေမန်း ဦးတင်မောင်ဖြစ်သလို ဦးညွန့်ဝင်းရဲ့တူ ကျော်ကျော်ဗိုလ်ဟာလည်း သရုပ်ဆောင်လောကမှာ နာမည်ရနေသူဖြစ်ပါတယ်။

Source : Duwun