အေနာ္ရထာမင္းႀကီးလူတစ္ရစ္နတ္တစ္ရစ္တည္ခဲ့သည္ဆုိေသာ ေရႊစည္းခုံဘုရားႏွင့္ စိန္ဖူးေတာ္ၾကည့္ခြက္သည္အမွန္တကယ္ဘာအတြက္သုံးခဲ့သလဲ    

လူတစ္ရစ္နတ္တစ္ရစ္တည္ခဲ့သည္ဆုိေသာ ေရႊစည္းခုံဘုရားႏွင့္ စိန္ဖူးေတာ္ၾကည့္ခြက္သည္အမွန္တကယ္ဘာအတြက္သုံးခဲ့သလဲ

ေရႊစည္းခုံေစတီေတာ္ဆုိသည္မွာ ေထရဝါဒဗုဒဘာသာ ျမန္မာ့ေျမေပၚအခုိင္အမာ စုိက္ထူႏုိင္ခဲ့ေသာ အေနာ္ရထာမင္း၏ အထိမ္းအမွတ္ကုသုိလ္ေတာ္ ေစတီေတာ္ျဖစ္သလုိ ယေန႕ ျမန္မာႏုိင္ငံ အတြင္းရွိ ေျမစုိက္ေစတီ အားလုံးနီးပါးတုိ႕မွာလည္း ေရႊစည္းခုံ ေစတီေတာ္ကုိ စံနမူနာ ထားကာ တည္ေဆာက္ၾက သည္ အထိ အဓိပၸါယ္ျပည့္စုံေသာ က်က္သေရမဂၤလာ အဖ်ာဖ်ာ တုိ႕ျဖင့္ ျပည့္စုံသည့္ ေစတီေတာ္ၾကီးျဖစ္သည္။ ဤမွ်ႏွင့္ သာမက နတ္ကိုးကြယ္မႈႏွင့္ ဗုဒၶဘာသာကုိ ခြဲျခားေပးနုိင္ေသာ ေစတီေတာ္ ၾကီးတစ္ဆူလည္း ျဖစ္သည္။

ေရႊစည္းခုံေစတီေတာ္၏ သမုိင္းအက်ဥ္းအားေျပာရမည္ဆုိလွ်င္ အေနာ္ရထာမင္းနန္းတက္ခ်ိန္တြင္ ေတာလုိက္မုဆုိးတစ္ဦးမွ ေတာထဲ တြင္ ရွင္အရဟံမေထရ္ကုိ ေတြ႕ရွိျပီး နန္းေတာ္အတြင္းသုိ႕ ပင့္ေဆာင္ ရာမွ ဗုဒၶဘုရားရွင္၏ သစၥာ( ၄ ) ပါး ၊သခၤါရတရား၊ မဂၢင္တရားႏွင့္ နိဗၺာန္ တရားေတာ္မ်ားအေၾကာင္း ေဟာၾကား ၊ နာယူခြင့္ရရွိအျပီး အေနာ္ရထာသည္ ထုိက်မ္းဂန္သုိ႕ကုိ ကူးယူရန္ သထုံသုိ႕ ေတာင္းခံ ခဲ့သည္။

သထုံဘုရင္ မႏူဟာက ပုဂံျပည္၏ ေတာင္းဆုိခ်က္ မ်ားကုိ ျငင္းဆန္သျဖင့္ အေနာ္ရထာမွ သြားေရာက္ တုိက္ယူ၍ ပိဋကတ္ ( ၃ ) ပုံကုိ ပုဂံသုိ႕ ပင့္ေဆာင္ခဲ့ကာ ယေန႕ ကြ်နု္ပ္တုိ႕ သက္ဝင္ယုံၾကည္ေသာ ေထရဝါဒဗုဒၶဘာသာစစ္စစ္ကုိ ေကာင္းစြာ အုတ္ျမစ္ခ်ေပးခဲ့သည္။

သီရိလကၤာမွ စြယ္ေတာ္ ပင့္ေဆာင္ကာ ဆင္ျဖဴေတာ္ ေပၚတင္ ၍လြတ္လုိက္ရာ ဆင္ျဖဴေတာ္ သည္ ဧရာဝတီျမစ္ကမ္းပါးေပၚရွိ သဲစည္းခုံးေပၚတြင္ ဝပ္ခဲ့သည္။ၾကည္ညိဳသဒၵါစိတ္ ၾကီးမားစြာျဖစ္ေပၚမိသည့္ အေနာ္ရထာမင္းသည္ ( 1060 ) ျပည့္ႏွစ္တြင္ ေရႊစည္းခုံေစတီေတာ္ကုိ တုရင္ေတာင္မွ အလ်ား ( ၃ ) ထြာ ( 27 လက္မ – 68.58cm)၊ အနံ ( ၁ )ထြာ ( 9 လက္မ – 22.86cm)ရွိေသာ သဲေက်ာက္ တုံးမ်ားျဖင့္ စတင္ တည္ထား ခဲ့သည္။

ထုိသဲေက်ာက္မ်ားသည္ ဘုရားတည္မည့္ ေနရာႏွင့္ အလွမ္းေဝးသျဖင့္ ပုဂံသားတုိ႕ တစ္ဦးကုိတစ္ဦး လက္ဆင့္ကမ္း သယ္ေဆာင္ ကာ တည္ေဆာက္ ထားေသာ ဘုရားလည္းျဖစ္သည္။ ဒြတၱေဘာင္မင္း၏ သေရေခတၱရာမွ ရရွိေသာ နဖူးသင္းက်စ္ေတာ္ႏွင့္ တရုတ္ျပည္မွျမဆင္းတု တစ္ဆူ ၊ မင္းၾကီးကုိယ္စား ရတနာပန္းေတာင္းဖက္ေနဟန္ တုိ႕ကုိ ေရႊစင္ သြန္းကာ ဌာပနာသည္။ ေစတီေတာ္ ပစၥယံ ( ၃ ) ဆင့္ျပီး သြားသည့္အခ်ိန္ တြင္ သီရိလကၤာမွ ပင့္ေဆာင္ခဲ့ေသာ စြယ္ေတာ္ပြား ကုိ ထပ္မံ ဌာပနာသြင္းသည္။

ထုိ ဘုရားတည္ေန စဥ္ပင္ အေနာ္ရထာမင္း နတ္ရြာစံသျဖင့္ က်န္စစ္သားမင္းမွ ( 1089 ) ခုႏွစ္၊ ျမန္မာသကၠရဇ္ ( ၄၅၁ ) ခုႏွစ္ တန္ေဆာင္မုန္း လဆန္း( ၁၃ ) ရက္ေန႕တြင္ ဆက္တည္ သည္။ က်န္စစ္သားမင္းမွ အေတာင္ ( ၃၀၀ ) (137 m 450 ေပ) အျမင့္ ( ၈၀ ) ေတာင္ (120 ေပ 36.57m ) ျဖင့္တည္သည္။ လူတစ္ရစ္တည္ျပီးစဥ္ နတ္တုိ႕တစ္ရစ္တည္ၾကသျဖင့္ ဘုရားသည္ ( 1089 ) ခုႏွစ္ ျမန္မာသကၠရဇ္ ( ၄၅၂ ) ကဆုန္လျပည့္ေန႕ တြင္ ျပီးခဲ့ရာ ဘုရားသည္လပုိင္း အတြင္းႏွင့္ အျပီးသတ္ႏုိင္ခဲ့သည္။

ျခေသၤ့ ( ၂၁ ) ေကာင္ရံထားေသာ ပစၥယံ ( ၃ ) ဆင့္အား ေထာင့္စုိ္က္ေစတီမ်ား ထားရွိသည္။ အုိး ( ၁၂ ) လုံးကုိထပ္မံရံ လုိက္သည္။ ထုိ႕ေနာက္ ( ၄ ) မ်က္ႏွာစလုံ နတ္လွမ္းေလွကား ( ၄ ) စင္းဆင့္တက္ကာ နတ္မုခ္မ်ား ထားရွိသည္။ မကာန္း ( ၁၆ ) ေကာင္၊ ပင္လယ္ဖား ( ၁၆ ) ေကာင္ တုိ႕ျဖင့္ ပစၥယံ ( ၃ ) ဆင့္ကုိ ဆန္းၾကယ္ေစသည္။

ထုိအထက္တြင္ ရွစ္ေထာင့္ၾကာ ၊ ၾကာလွန္၊ ၾကာေမွာက္၊ ေခါင္းေလာင္း၊ ရင္ဖြဲ႕ခါးပတ္၊ သပိတ္ေမွာက္ ၊ ေဖာင္းရစ္၊ ၾကာစိတ္၊ ၾကာေမွာက္၊ ရြဲ၊ ၾကာပ်ံစသျဖင့္ အဆင့္ဆင့္တက္ေရာက္ သြားကာ ခ်ယားသီးတြင္ အဆုံးသတ္ သြားသည့္ ဆန္းၾကယ္လြန္းေသာ ပုဂံေခတ္ ဗိသုကာ ျဖစ္ကာ ျမန္မာတစ္ႏုိင္ငံလုံး စံထားကာ တည္ ေဆာက္ ရေသာ ဘုရားတစ္ ဆူျဖစ္လာရေလသည္။

ထုိ႕ေနာက္ ဘုရား၏ အေရွ႕ဘက္ ေစာင္းတန္း တြင္ က်န္စစ္သား၏ အမိန္႕ေတာ္ျပန္တမ္းေက်ာက္စာ ( ၂ ) တုိင္ကုိ မြန္ဘာသာျဖင့္ စုိက္ထူ ထားခဲ့သည္။ ထုိ ေက်ာက္စာကုိ ရာဇကုမာရ္ေက်ာက္စာ အား ဘာသာျပန္ ေပးခဲ့ေသာ အဂၤလိပ္လူမ်ိဳး C.O Blagden ကပင္ ဘာသာျပန္ေပးခဲ့ရာတြင္ က်န္စစ္သားသည္ ဘုရား လက္ထက္ ဗိႆႏိုးနတ္ျဖစ္ကာ ေနာင္အခါ အရိမဒၵပူရျပည္တြင္ အရွင္ၿဂီၾတိ ဘုဝနာ ဒိတ်ဓမၼရာဇာမည္ေသာ မင္းျဖစ္မည္ဟု ဘုရားရွင္မွ ဗ်ာဒိတ္ေပးခဲ့သည္။ ထုိ႕အျပင္ လက္ယာလက္ျဖင့္ ထမင္းကုိ လူအေပါင္းအားေပးကာ၊ လက္ဝဲလက္ကုိ အဝတ္ပစၥည္း ေပးလတၱံ႕၊ လူအေပါင္းကုိ အမိ၏ ရင္ဝယ္သားကဲ့သုိ႕အက်ိဳးစီးပြား ျဖင့္ ေစာင့္ေရွာက္လတၱံ႕၊ ၾကမ္းၾကဳတ္ေသာ လူအေပါင္းကုိ ယဥ္ေက်းေအာင္ျပဳလတၱံ႕စသျဖင့္ ေရးထုိးထားသည္။

ဤသည္ကား သမုိင္းဆုိင္ရာ အခ်က္လက္ မ်ားျဖစ္သျဖင့္ မည္မွ်တိက် မွန္ကန္ႏုိင္ပါသည္ ဆုိသည္ကား အာမခံနုိင္ရန္ ခက္သည္။ ထုိ႕ေၾကာင့္ ျမင္သာေသာ အပုိင္းကုိသာ စတင္ေဆြးေႏြး လုိပါသည္။

ေရႊစည္းခုံသည္ အျပင္ပန္းမွစတင္ေလ့လာၾကည့္မည္ဆုိလွ်င္ အလြန္ပင္အခ်ိဳးက်ေျပျပစ္လွေသာ တည္ေဆာက္မႈ အနုပညာကုိ ေတြ႕ရွိရပါမည္။ ေစတီ၏ေထာင့္တစ္ေနရာတြင္ရပ္ကာ ေထာင့္ေစတီ မွ အထက္ခ်ယားသီးထိပ္အထိ ၾကည့္လုိက္မည္ ဆုိလွ်င္ မ်ဥ္းတစ္ေျဖာင့္ တည္းညီေနသည္ကုိ ေတြ႕ရပါလိမ့္မည္။

အထက္တြင္ေဖာ္ျပထားေသာ ေစတီတည္ေဆာက္ပုံအရ ပစၥယံ ( ၃ ) ဆင့္သည္ အနိစၥ၊ ဒုကၡ၊ အနတၱဟူေသာ သေဘာကို ညြန္းျခင္းျဖစ္သည္။ ( ၈ ) ေျမွာင့္ၾကာ သည္ မဂၢင္ ( ၈ ) ပါးကုိ ဆိုုိသည္။ ၾကာဝန္းတုိ႕သည္ သံသရာကုိညြန္းဆုိ ျပီး အရပ္ ( ၄ ) မ်က္ႏွာမွ မကာန္း၊ ပင္လယ္ဖားပါ နတ္လွမ္းေလွကား ( ၄ ) စင္းသည္ စၾကဝဋာ သမုဒၵရာ ( ၄ ) စင္းကုိဆုိလုိသည္။ သပိတ္ေမွာက္၊ ေခါင္းေလာင္းသည္ စၾကာဝဋာ ကြ်န္းၾကီး ( ၄ ) ကြ်န္းအလည္ ျမင့္မိုရ္ေတာင္ ကုိညြန္းဆုိကာ ေဖာင္းရစ္ ( ၆ ) ရစ္သည္ နတ္ျပည္ ( ၆ ) ထပ္ႏွင့္ ခ်ယားသီးသည္ နိဗၺာန္ကုိ ကုိယ္စားျပဳထား ေလရာ၊ တည္ေဆာက္ေရးပုိင္းအရ ( ၃၁ ) ဘုံ သံသရာစက္ဝန္းႏွင့္ နိဗၺာန္တုိ႕ ကုိ ညြန္းဆုိထားသည္ကား ဘုရားရွင္အဆုံးအမကုိ ေစတီတည္ေဆာက္ ေရး ( Structure ) တြင္ ထည့္သြင္းတည္ေဆာက္ထားျခင္း ျဖစ္သည္။

ပုဂံေရာက္လွ်င္ ေရႊစည္းခုံဘုရားတြင္ တည္ရွိေသာ စိန္ဖူးေတာ္ ၾကည့္ခြက္သည္ လူအေတာ္မ်ားမ်ားၾကည့္ရႈၾကသည္ကုိ ေတြ႕ရပါလိမ့္မည္။ ထုိေရခြက္ကုိ ဘုရင္မွ ဘုရားဖူးရင္း စိန္ဖူးေတာ္ ကုိျမင္ေတြ႕နုိင္ျပီး သရဖူကြ်တ္ မက်ေစရန္ ေရခြက္တြင္ ၾကည့္ရႈရန္ ထားရွိျခင္းျဖစ္သည္ဟု ဆုိသည္။ ဤသည္ကား ရာႏွဳန္းျပည့္ လက္ခံရန္ ခက္ခဲေနပါသည္။ ဘုရင္သည္ သူတည္ျပီးေသာ ဘုရားအား အားရပါးရေတာ့ ဖူးေမွ်ာ္ၾကည့္ခ်င္ပါမည္။

ထုိထက္မက ဘုရားကန္ေတာ့ ရာတြင္ ထိျခင္းငါးပါးျဖင့္ ကန္ေတာ့ရ မည္ျဖစ္ သျဖင့္ သရဖူေျမထိသည့္ ကိစၥသည္ မ်ားစြာအေရးတယူျပဳပါမည္ လားဆိုသည္ ကား စဥ္းစားစရာ ျဖစ္ေနသည္။ အင္ဂ်င္နီယာ ရႈေထာင့္မွ ထင္ျမင္ခ်က္ေပး ရမည္ ဆုိလွ်င္ ဘုရားစတည္သည္ႏွင့္ ပိႏၷဲတုိင္ေခၚ အလည္အူတုိင္ကုိ ေထာင္မွတ္ရသည္။

ပိႏၷဲတုိင္ မ်က္ႏွာျပင္ ညီေနရန္ ေက်ာက္တုံးကုိ အေပါက္ေဖာက္ကာ ေက်ာက္ေရခြက္တြင္ေရထည့္ျပီး ေရမ်က္ႏွာျပင္ကုိ အသုံးျပဳရသည္။ ထုိသုိ႕ ေထာင္လုိက္ျပီးသည္ႏွင့္ ဝိတ္တုံးကုိၾကိဳးခ်ီကာ ခ်လွ်င္ ပိႏၷဲတုိင္ တည့္မတ္နုိင္သည္။ ယေန႔ျမင္ေတြ႕ရေသာ စိန္ဖူးေတာ္ ၾကည့္ ခြက္ကဲ့သို႔ ေရခြက္မ်ိဳးကုိ အကြာအေဝးတူ အရပ္ ( ၄ ) မ်က္ႏွာတြင္ တစ္ခြက္စီထားရွိကာ အေရွ႕ေနာက္လမ္းေၾကာင္းႏွင့္ ေတာင္ေျမာက္လမ္း ေၾကာင္းဆုံေသာ က်င္တြယ္က်ေနရာတြင္ ပိႏၷဲတုိင္ကုိ စုိက္ထူလိမ့္မည္။

ထုိ႕ေနာက္ေစတီေတာ္ကုိ တစ္ရစ္ျခင္းစီ ေဆာက္လုပ္ကာ အထက္သုိ႕ တက္ေရာက္သြားရင္း ( Level ) ညွိယူကာ ေရျပင္ညီေပၚတြင္ အကြာအေဝး အညီအမွ် ကုိ ထိန္းညွိျပီး အထက္သုိ႕ တုိင္ ( Balance ) ျဖစ္ေအာင္ တည္သြားသည္။ ပိႏၷဲတုိင္စစုိက္စဥ္ ကတည္းက ေရခြက္ႏွင့္ အကြာအေဝးတူညီ သည္ျဖစ္ရာ တည္ေဆာက္စဥ္က ျမင္ေတြ႕ ရသလုိ ျပီးဆုံးသြားေသာအခါတြင္ စိန္ဖူးေတာ္ထိပ္မွာလည္း ေသးငယ္ေသာ ဤခြက္အတြင္း ကြက္တိ ေပၚေနလွ်င္ ပိႏၷဲတုိင္ တည့္မွတ္စြာရွိသည္ ဟု နားလည္ရမည္ျဖစ္ပါသည္။ ယခုမူ ေက်ာက္ ေရ ခြက္တစ္ခြက္သာ ေတြ႕ျမင္ရပါေတာ့သည္။

အျခားတစ္ခုကား လူတစ္ရစ္ နတ္တစ္ရစ္ တည္ခဲ့သည္ဆုိေသာ အဆုိမွာလည္း စဥ္းစားစရာျဖစ္ျပန္သည္။ လူတည္သည္ကား လက္မခံ ႏုိင္စရာမရွိေသာ္လည္း နတ္ကား မည္သုိ႕တည္ေပး ပါမည္နည္း။ ပညာရွင္မ်ား၏ထင္ျမင္ခ်က္မွာ ေန႕ႏွင့္ည ( ၂ ) ဆုိင္းခြဲကာ မရပ္မနား တည္ျခင္း ျဖင့္ ေစတီေတာ္ၾကီး အျမန္ျပီး သြားျခင္း ျဖစ္နုုိင္သလုိ ဘုရင္ ( ၂ ) ပါးတည္ခဲ့သည္ဟုလည္း ျဖစ္ႏုိင္ျပန္သည္။ ဘုရင္ ( ၂ ) ပါးတည္ျခင္း ႏွင့္ပတ္သက္ျပီး အယူ ( ၂ ) မ်ိဳးကြဲေနျပန္သည္။ အခ်ိဳ႕က အေနာ္ရထာ မင္းတည္ထားေသာ ေစတီေတာ္ကုိ က်န္စစ္သားက ငုံ၍ တည္သည္ ဟု ဆုိသလုိ အခ်ိဳ႕ကလည္း အေနာ္ရထာ တည္ေနစဥ္ နတ္ျပည္စံသျဖင့္ က်န္စစ္သားမင္းက ဆက္လက္တည္သည္ဟူ ၍ ျဖစ္ေလသည္။

( ၁၉၇၅ ) တြင္လႈပ္ခဲ့ေသာ ပုဂံငလ်င္တြင္ အထြဋ္ေတာ္ ခ်ယားသီးကြဲကာ ေၾကးသြန္းၾကဳတ္ ေစတီ ( ၄ ) ဆူ ျပဳတ္က် လာခဲ့ဖူးသည္။ ၄င္းအတြင္းတြင္ ငုံ ၍ တည္ထားေသာ ေစတီကုိ ေတြ႕ခဲ့ ရသျဖင့္ ပထမအယူအဆက ပုိျဖစ္ႏုိင္ ပါသည္။ အမွန္အားျဖင့္ ပုဂံေခတ္ ေရႊစည္းခံုေစတီေတာ္သည္ ထီးေတာ္ မတင္ထားပါ။ ထို႔အျပင္ ေၾကးျပားေပါင္း ( ၃၀၀၀၀ ) ေက်ာ္ျဖင့္ ေစတီတစ္ဆူ လုံး ဖုံးအုပ္ထားသျဖင့္ မူလေစတီသည္ သဲေက်ာက္ ေစတီသာျဖစ္သည္။

ေရႊစည္းခုံေစတီ၏ အမည္ယူဆထားပုံမွာလည္း စိတ္ဝင္စား စရာေကာင္းသည္။ သဲစည္းခုံေပၚတြင္တည္ ၍ ေရႊစည္းခုံ ဟူ ၍ တစ္မ်ိဳး ၊ ေဇယ်ာဘူမိ ေအာင္ေျမ ဟူေသာ စကားရပ္မွ ေဇယ်ာဘုမ္ ဇိယခုမ္ ထုိမွ ေရႊစည္းခုံ ဟု အဆင့္ဆင့္ ေျပာင္းလဲလာသည္ဟု လည္း ဆုိျပန္သည္။ ကင္းဝန္မင္းႀကီးဦးေကာင္းသည္ ေရႊစည္းခုံ ေစတီေတာ္ ၏အံ့ဖြယ္ကုိးပါးအလကၤာတြင္ ေဇယ်ခုံ ဟုထည့္သြင္း ေရးသားခဲ့သည္။

ဘုရင့္ေနာင္ေခါင္းေလာင္းစာတြင္လည္း ေဇယ်ဘုံဟု ေရးထုိးသည္။ ပုဂံ ေခတ္တြင္ ဘုရင့္နန္းေတာ္ႏွင့္ လူေနအိမ္မ်ားကုိ သစ္ဝါးမ်ား ျဖင့္ တည္ ေဆာက္ေသာ္လည္း သာသနိက အေဆာက္အဦးမ်ားကို အုတ္၊ ေက်ာက္တုိ႕ျဖင့္ တည္ထားျခင္းသည္ ျမင့္ျမတ္ေသာ အေဆာက္အဦးမ်ား ျဖစ္သည္က တစ္ေၾကာင္း သာသနာေတာ္ ေရရွည္တည္တံ့ ရန္အတြက္ တစ္ေၾကာင္း စသည္တို႕ေၾကာင့္ ျဖစ္ေလသည္။

ေရႊစည္းခုံဘုရားအတြင္း အျခားၾကည့္ရႈေလ့လာစရာမ်ားမွာ –

၁။ ေၾကးဂူတုုိက္

ဘုရားရင္ျပင္ေတာ္ေပၚတြင္ ပြင့္ေတာ္မူျပီးေသာ ဘုရား( ၄ )ဆူကုိ ရည္ညြန္း၍ သြန္းလုပ္ေသာ ဥာဏ္ေတာ္ ( ၁၃ ) ေပ အရြယ္ရွိ ပဥၥေလာဟာ ဆင္းတုေတာ္မ်ားမွာ ပုဂံေခတ္ေၾကးသြန္း ရုပ္ပြားေတာ္ မ်ား ျဖစ္သည္။ အေနာက္ဘက္မတ္ရပ္ကုိယ္ေတာ္သည္ မူလလက္ရာ ျဖစ္ျပီး အျခား မတ္ရပ္ကုိယ္ေတာ္မ်ား၏ လက္ေခ်ာင္းမ်ားမွာ အခုိးခံရသျဖင့္ ျပန္လည္ျပဳ ျပင္ထားျခင္း ျဖစ္ေလသည္။ ထုိေခတ္ပန္းတဥ္းပညာကုိ ေလ့လာခြင့္ရရွိႏုိင္ သည္။

၂။ နတ္ကြန္း

အေနာ္ရထာမင္းသည္ နတ္ကုိးကြယ္မႈကုိ တုိက္ဖ်က္ကာ နတ္ရုပ္တုိ႕ကုိ စုခ်ည္ျပီး ေရႊစည္းခုံဘုရားတံတုိင္းအတြင္း ထားရွိေသာ္လည္း မဆံ့သျဖင့္ အျပင္တြင္ ထား ရွိျပန္သည္။ သုိ႕ေသာ္ လူမ်ားက တိတ္တိတ္ ကုိးကြယ္သျဖင့္ ထုိဝင္းအတြင္းနတ္ ( ၃၇ ) မင္းကုိ နတ္တန္ေဆာင္း ထားရွိေပးကာ ျပည္သူမ်ား နတ္မ်ားလာေရာက္ပူေဇာ္ ေစသည္။ ထုိသုိ႕ပူေဇာ္အျပီး ဘုရား၏ အဆမတန္ ၾကီးက်ယ္ခမ္းနား သည့္ ပုံရိပ္ကုိ ျမင္ေတြ႕ လွ်င္ အလုိလုိစိတ္ညြတ္လာေစရန္ ရည္ရြယ္သည္။ ထုိ ေရႊစည္းခုံ တံတုိင္းမွအစျပဳကာ အတြင္း( ၃၇ )မင္း ၊ အျပင္( ၃၇ )မင္းဟူ ၍ ျဖစ္လာခဲ့သည္။

၃။ ကြ်န္းတံခါးႏွင့္ကြ်န္းျပႆဒ္

အေရွ႕ဘက္ျခမ္းေစာင္းတန္းတြင္ ႏွစ္ ၉၀၀ ေက်ာ္သက္တမ္းရွိေသာ ကြ်န္းတံခါးႏွင့္ ( ၁၅ )ရာစု ထိလတ္ပိုးအူဇတ္ပါ သစ္သားျပႆဒ္မ်ား ရွိၾကသည္။

၄။ အေရွ႕ေတာင္ေထာင့္

အေရွ႕ေတာင္ေထာင့္အရပ္တြင္ ( 1768 ) ခုနွစ္ ေမ ( 30 ) ရက္ေန႕ ၌ အေလာင္းမင္းတရား၏သားေတာ္ ဆင္ျဖဴရွင္မွ တင္လွဴခဲ့ေသာ ထီးေတာ္ ေဟာင္းႏွင့္ ေမာ္ကြန္းတင္ ေက်ာက္စာ ေရးထုိး ထားရွိသည္။ ဘုရားပရဝုန္ အတြင္းတြင္ ( ၁၂ ) ရာသီ ပြင့္ေသာ ခေရပင္လည္း ရွိသည္။

၅။ စဥ့္ဇတ္ကြက္မ်ား

ပစၥယံအေျခတြင္( ၅၅၀ ) ဇတ္ေတာ္ပါ တစ္ေပခြဲအရြယ္ အစိမ္းေရာင္စဥ့္ကြင္း ( ၅၉၆ ) ျပားကုိ တန္ဆာဆင္ထားသည္။ ၇၀% ေသာ စဥ့္ကြက္တုိ႕သည္ ေက်ာက္ျဖင့္ျပဳလုပ္ထားကာ အခ်ိဳ႕ကုိ ေျမဖုတ္ထားျပီး အားလုံးကုိ စဥ့္သုတ္ထားသည္။ အေနာက္ေျမာက္ ေထာင့္ရွိ ဆင္၊ ေျမြ၊ ေျမေခြးတုိ႕ လုံးေထြးကာ ေရေမၽွာလာေသာ စဥ့္ခ်ပ္သည္ ေလာဘ၊ ေဒါသ၊ ေမာဟ ကုိ ေဖာ္ညြန္း ထားေသာ စဥ့္ျဖစ္သည္။

၆။ အေရွ႕အရပ္

( 1557 ) ေမလ ( 23 ) ရက္ေန႕တြင္ ဘုရင့္ေနာင္မွ ေစတီေတာ္ ကုိ ေရႊြသကၤန္းကပ္လွဴ ခဲ့ သလုိ ( ၂၁၀၀ ) ပိသာ ( 3.18 Tons ) ရွိေသာ ကုသုိလ္ေတာ္ ေခါင္းေလာင္းကုိ လွဴဒါန္းခဲ့သည္။

၉။ ဆြမ္းသပိတ္၊ ေက်ာက္ျမင္း၊ အဖထက္သားတစ္လၾကီး၊ ပြဲစားၾကီး ဦးေနထြန္းနတ္ႏွင့္ အျခားေလ့လာစရာမ်ားစြာရွိပါသည္။

၁၀။ ေရႊစည္းခုံျခေသၤ့ႏွင့္ အေစာင့္နတ္ရုပ္မ်ား

ေရႊစည္းခုံျခေသၤ့မ်ားသည္ သဘာဝလည္ဆံေမြးႏွင့္ အခြ်န္အတက္ နည္းသည္။ ပါးစပ္ျပဲကာ ဦးေခါင္းမွာျပားသည္။ လည္ပင္းတြင္ ၾကိဳးစ အရွည္အတုိမတူေသာ ခ်ဴမ်ားဆြဲေပးထားသည္။ အထီးအမ ခြဲျခားလို ေသာ သေဘာမ်ိဳး ျဖစ္နိူင္သည္။ တရုတ္ပုံေပါက္သျဖင့္ တရုတ္က်ဴးေက်ာ္စစ္ခန့္က ထြင္းထုထားေသာ ေက်ာက္ရုပ္ ဟု အခ်ိဳ႕က ယူဆၾကသည္။ ဒူးတစ္ဖက္ေထာင္ တစ္ဖက္လဲဟိႏၵဴ နတ္ရုပ္မ်ားကုိ မုခ္အဝင္မ်ားတြင္ ထားရွိသည္။

အလုံးစုံကုိျခဳံငုံၾကည့္လုိက္ေသာ္ အေနာ္ရထာမင္း ပင့္ေဆာင္ခဲ့ေသာ စြယ္ေတာ္ ( ၄ ) ဆူဘုရားတုိ႕၏ အကြာအေဝး ေဆာက္လုပ္ထား ပုံသည္ အျခားသေဘာ ထက္ ပုဂံျမိဳ႕ေတာ္ ေရႊၾကိဳးသတ္ နယ္နမိတ္ ( Landmark ) သတ္မွတ္ ထားပုံႏွင့္ ဆင္တူသည္။ ေရႊစည္းခုံသည္ ေက်ာက္ျဖင့္တည္ေသာ ပုဂံရွိ ဘုရား( ၄ ) ဆူမွ တစ္ဆူျဖစ္ပါေၾကာင္း သုခုမအလင္းတန္းမ်ား မွ ကုသုိလ္ျဖစ္ ေရးသားတင္ဆက္လုိက္ ပါသည္။

သုခုမအလင္းတန္းမ်ား

– ျမတ္ဘုရားေရႊစည္းခုံ

– ပုဂံသြားမွတ္တမ္း

– ေရႊစည္းခုံ ျမန္မာ့စြယ္စုံက်မ္း

– ျမန္မာ့ရုိးရာဗိသုကာ

– ပုဂံ သိပၸံေမာင္ဝ

ျပန္လည္မွ်ေဝပါသည္။ KNT…

(Unicode Version)

အနော်ရထာမင်းကြီးလူတစ်ရစ်နတ်တစ်ရစ်တည်ခဲ့သည်ဆိုသော ရွှေစည်းခုံဘုရားနှင့် စိန်ဖူးတော်ကြည့်ခွက်သည်အမှန်တကယ်ဘာအတွက်သုံးခဲ့သလဲ

လူတစ်ရစ်နတ်တစ်ရစ်တည်ခဲ့သည်ဆိုသော ရွှေစည်းခုံဘုရားနှင့် စိန်ဖူးတော်ကြည့်ခွက်သည်အမှန်တကယ်ဘာအတွက်သုံးခဲ့သလဲ

ရွှေစည်းခုံစေတီတော်ဆိုသည်မှာ ထေရဝါဒဗုဒဘာသာ မြန်မာ့မြေပေါ်အခိုင်အမာ စိုက်ထူနိုင်ခဲ့သော အနော်ရထာမင်း၏ အထိမ်းအမှတ်ကုသိုလ်တော် စေတီတော်ဖြစ်သလို ယနေ့ မြန်မာနိုင်ငံ အတွင်းရှိ မြေစိုက်စေတီ အားလုံးနီးပါးတို့မှာလည်း ရွှေစည်းခုံ စေတီတော်ကို စံနမူနာ ထားကာ တည်ဆောက်ကြ သည် အထိ အဓိပ္ပါယ်ပြည့်စုံသော ကျက်သရေမင်္ဂလာ အဖျာဖျာ တို့ဖြင့် ပြည့်စုံသည့် စေတီတော်ကြီးဖြစ်သည်။ ဤမျှနှင့် သာမက နတ်ကိုးကွယ်မှုနှင့် ဗုဒ္ဓဘာသာကို ခွဲခြားပေးနိုင်သော စေတီတော် ကြီးတစ်ဆူလည်း ဖြစ်သည်။

ရွှေစည်းခုံစေတီတော်၏ သမိုင်းအကျဉ်းအားပြောရမည်ဆိုလျှင် အနော်ရထာမင်းနန်းတက်ချိန်တွင် တောလိုက်မုဆိုးတစ်ဦးမှ တောထဲ တွင် ရှင်အရဟံမထေရ်ကို တွေ့ရှိပြီး နန်းတော်အတွင်းသို့ ပင့်ဆောင် ရာမှ ဗုဒ္ဓဘုရားရှင်၏ သစ္စာ( ၄ ) ပါး ၊သင်္ခါရတရား၊ မဂ္ဂင်တရားနှင့် နိဗ္ဗာန် တရားတော်များအကြောင်း ဟောကြား ၊ နာယူခွင့်ရရှိအပြီး အနော်ရထာသည် ထိုကျမ်းဂန်သို့ကို ကူးယူရန် သထုံသို့ တောင်းခံ ခဲ့သည်။

သထုံဘုရင် မနူဟာက ပုဂံပြည်၏ တောင်းဆိုချက် များကို ငြင်းဆန်သဖြင့် အနော်ရထာမှ သွားရောက် တိုက်ယူ၍ ပိဋကတ် ( ၃ ) ပုံကို ပုဂံသို့ ပင့်ဆောင်ခဲ့ကာ ယနေ့ ကျွနု်ပ်တို့ သက်ဝင်ယုံကြည်သော ထေရဝါဒဗုဒ္ဓဘာသာစစ်စစ်ကို ကောင်းစွာ အုတ်မြစ်ချပေးခဲ့သည်။

သီရိလင်္ကာမှ စွယ်တော် ပင့်ဆောင်ကာ ဆင်ဖြူတော် ပေါ်တင် ၍လွတ်လိုက်ရာ ဆင်ဖြူတော် သည် ဧရာဝတီမြစ်ကမ်းပါးပေါ်ရှိ သဲစည်းခုံးပေါ်တွင် ဝပ်ခဲ့သည်။ကြည်ညိုသဒ္ဒါစိတ် ကြီးမားစွာဖြစ်ပေါ်မိသည့် အနော်ရထာမင်းသည် ( 1060 ) ပြည့်နှစ်တွင် ရွှေစည်းခုံစေတီတော်ကို တုရင်တောင်မှ အလျား ( ၃ ) ထွာ ( 27 လက်မ – 68.58cm)၊ အနံ ( ၁ )ထွာ ( 9 လက်မ – 22.86cm)ရှိသော သဲကျောက် တုံးများဖြင့် စတင် တည်ထား ခဲ့သည်။

ထိုသဲကျောက်များသည် ဘုရားတည်မည့် နေရာနှင့် အလှမ်းဝေးသဖြင့် ပုဂံသားတို့ တစ်ဦးကိုတစ်ဦး လက်ဆင့်ကမ်း သယ်ဆောင် ကာ တည်ဆောက် ထားသော ဘုရားလည်းဖြစ်သည်။ ဒွတ္တဘောင်မင်း၏ သရေခေတ္တရာမှ ရရှိသော နဖူးသင်းကျစ်တော်နှင့် တရုတ်ပြည်မှမြဆင်းတု တစ်ဆူ ၊ မင်းကြီးကိုယ်စား ရတနာပန်းတောင်းဖက်နေဟန် တို့ကို ရွှေစင် သွန်းကာ ဌာပနာသည်။ စေတီတော် ပစ္စယံ ( ၃ ) ဆင့်ပြီး သွားသည့်အချိန် တွင် သီရိလင်္ကာမှ ပင့်ဆောင်ခဲ့သော စွယ်တော်ပွား ကို ထပ်မံ ဌာပနာသွင်းသည်။

ထို ဘုရားတည်နေ စဉ်ပင် အနော်ရထာမင်း နတ်ရွာစံသဖြင့် ကျန်စစ်သားမင်းမှ ( 1089 ) ခုနှစ်၊ မြန်မာသက္ကရဇ် ( ၄၅၁ ) ခုနှစ် တန်ဆောင်မုန်း လဆန်း( ၁၃ ) ရက်နေ့တွင် ဆက်တည် သည်။ ကျန်စစ်သားမင်းမှ အတောင် ( ၃၀၀ ) (137 m 450 ပေ) အမြင့် ( ၈၀ ) တောင် (120 ပေ 36.57m ) ဖြင့်တည်သည်။ လူတစ်ရစ်တည်ပြီးစဉ် နတ်တို့တစ်ရစ်တည်ကြသဖြင့် ဘုရားသည် ( 1089 ) ခုနှစ် မြန်မာသက္ကရဇ် ( ၄၅၂ ) ကဆုန်လပြည့်နေ့ တွင် ပြီးခဲ့ရာ ဘုရားသည်လပိုင်း အတွင်းနှင့် အပြီးသတ်နိုင်ခဲ့သည်။

ခြင်္သေ့ ( ၂၁ ) ကောင်ရံထားသော ပစ္စယံ ( ၃ ) ဆင့်အား ထောင့်စို်က်စေတီများ ထားရှိသည်။ အိုး ( ၁၂ ) လုံးကိုထပ်မံရံ လိုက်သည်။ ထို့နောက် ( ၄ ) မျက်နှာစလုံ နတ်လှမ်းလှေကား ( ၄ ) စင်းဆင့်တက်ကာ နတ်မုခ်များ ထားရှိသည်။ မကာန်း ( ၁၆ ) ကောင်၊ ပင်လယ်ဖား ( ၁၆ ) ကောင် တို့ဖြင့် ပစ္စယံ ( ၃ ) ဆင့်ကို ဆန်းကြယ်စေသည်။

ထိုအထက်တွင် ရှစ်ထောင့်ကြာ ၊ ကြာလှန်၊ ကြာမှောက်၊ ခေါင်းလောင်း၊ ရင်ဖွဲ့ခါးပတ်၊ သပိတ်မှောက် ၊ ဖောင်းရစ်၊ ကြာစိတ်၊ ကြာမှောက်၊ ရွဲ၊ ကြာပျံစသဖြင့် အဆင့်ဆင့်တက်ရောက် သွားကာ ချယားသီးတွင် အဆုံးသတ် သွားသည့် ဆန်းကြယ်လွန်းသော ပုဂံခေတ် ဗိသုကာ ဖြစ်ကာ မြန်မာတစ်နိုင်ငံလုံး စံထားကာ တည် ဆောက် ရသော ဘုရားတစ် ဆူဖြစ်လာရလေသည်။

ထို့နောက် ဘုရား၏ အရှေ့ဘက် စောင်းတန်း တွင် ကျန်စစ်သား၏ အမိန့်တော်ပြန်တမ်းကျောက်စာ ( ၂ ) တိုင်ကို မွန်ဘာသာဖြင့် စိုက်ထူ ထားခဲ့သည်။ ထို ကျောက်စာကို ရာဇကုမာရ်ကျောက်စာ အား ဘာသာပြန် ပေးခဲ့သော အင်္ဂလိပ်လူမျိုး C.O Blagden ကပင် ဘာသာပြန်ပေးခဲ့ရာတွင် ကျန်စစ်သားသည် ဘုရား လက်ထက် ဗိဿနိုးနတ်ဖြစ်ကာ နောင်အခါ အရိမဒ္ဒပူရပြည်တွင် အရှင်ဂြီတြိ ဘုဝနာ ဒိတျဓမ္မရာဇာမည်သော မင်းဖြစ်မည်ဟု ဘုရားရှင်မှ ဗျာဒိတ်ပေးခဲ့သည်။ ထို့အပြင် လက်ယာလက်ဖြင့် ထမင်းကို လူအပေါင်းအားပေးကာ၊ လက်ဝဲလက်ကို အဝတ်ပစ္စည်း ပေးလတ္တံ့၊ လူအပေါင်းကို အမိ၏ ရင်ဝယ်သားကဲ့သို့အကျိုးစီးပွား ဖြင့် စောင့်ရှောက်လတ္တံ့၊ ကြမ်းကြုတ်သော လူအပေါင်းကို ယဉ်ကျေးအောင်ပြုလတ္တံ့စသဖြင့် ရေးထိုးထားသည်။

ဤသည်ကား သမိုင်းဆိုင်ရာ အချက်လက် များဖြစ်သဖြင့် မည်မျှတိကျ မှန်ကန်နိုင်ပါသည် ဆိုသည်ကား အာမခံနိုင်ရန် ခက်သည်။ ထို့ကြောင့် မြင်သာသော အပိုင်းကိုသာ စတင်ဆွေးနွေး လိုပါသည်။

ရွှေစည်းခုံသည် အပြင်ပန်းမှစတင်လေ့လာကြည့်မည်ဆိုလျှင် အလွန်ပင်အချိုးကျပြေပြစ်လှသော တည်ဆောက်မှု အနုပညာကို တွေ့ရှိရပါမည်။ စေတီ၏ထောင့်တစ်နေရာတွင်ရပ်ကာ ထောင့်စေတီ မှ အထက်ချယားသီးထိပ်အထိ ကြည့်လိုက်မည် ဆိုလျှင် မျဉ်းတစ်ဖြောင့် တည်းညီနေသည်ကို တွေ့ရပါလိမ့်မည်။

အထက်တွင်ဖော်ပြထားသော စေတီတည်ဆောက်ပုံအရ ပစ္စယံ ( ၃ ) ဆင့်သည် အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူသော သဘောကို ညွန်းခြင်းဖြစ်သည်။ ( ၈ ) မြှောင့်ကြာ သည် မဂ္ဂင် ( ၈ ) ပါးကို ဆိုုိသည်။ ကြာဝန်းတို့သည် သံသရာကိုညွန်းဆို ပြီး အရပ် ( ၄ ) မျက်နှာမှ မကာန်း၊ ပင်လယ်ဖားပါ နတ်လှမ်းလှေကား ( ၄ ) စင်းသည် စကြဝဋာ သမုဒ္ဒရာ ( ၄ ) စင်းကိုဆိုလိုသည်။ သပိတ်မှောက်၊ ခေါင်းလောင်းသည် စကြာဝဋာ ကျွန်းကြီး ( ၄ ) ကျွန်းအလည် မြင့်မိုရ်တောင် ကိုညွန်းဆိုကာ ဖောင်းရစ် ( ၆ ) ရစ်သည် နတ်ပြည် ( ၆ ) ထပ်နှင့် ချယားသီးသည် နိဗ္ဗာန်ကို ကိုယ်စားပြုထား လေရာ၊ တည်ဆောက်ရေးပိုင်းအရ ( ၃၁ ) ဘုံ သံသရာစက်ဝန်းနှင့် နိဗ္ဗာန်တို့ ကို ညွန်းဆိုထားသည်ကား ဘုရားရှင်အဆုံးအမကို စေတီတည်ဆောက် ရေး ( Structure ) တွင် ထည့်သွင်းတည်ဆောက်ထားခြင်း ဖြစ်သည်။

ပုဂံရောက်လျှင် ရွှေစည်းခုံဘုရားတွင် တည်ရှိသော စိန်ဖူးတော် ကြည့်ခွက်သည် လူအတော်များများကြည့်ရှုကြသည်ကို တွေ့ရပါလိမ့်မည်။ ထိုရေခွက်ကို ဘုရင်မှ ဘုရားဖူးရင်း စိန်ဖူးတော် ကိုမြင်တွေ့နိုင်ပြီး သရဖူကျွတ် မကျစေရန် ရေခွက်တွင် ကြည့်ရှုရန် ထားရှိခြင်းဖြစ်သည်ဟု ဆိုသည်။ ဤသည်ကား ရာနှုန်းပြည့် လက်ခံရန် ခက်ခဲနေပါသည်။ ဘုရင်သည် သူတည်ပြီးသော ဘုရားအား အားရပါးရတော့ ဖူးမျှော်ကြည့်ချင်ပါမည်။

ထိုထက်မက ဘုရားကန်တော့ ရာတွင် ထိခြင်းငါးပါးဖြင့် ကန်တော့ရ မည်ဖြစ် သဖြင့် သရဖူမြေထိသည့် ကိစ္စသည် များစွာအရေးတယူပြုပါမည် လားဆိုသည် ကား စဉ်းစားစရာ ဖြစ်နေသည်။ အင်ဂျင်နီယာ ရှုထောင့်မှ ထင်မြင်ချက်ပေး ရမည် ဆိုလျှင် ဘုရားစတည်သည်နှင့် ပိန္နဲတိုင်ခေါ် အလည်အူတိုင်ကို ထောင်မှတ်ရသည်။

ပိန္နဲတိုင် မျက်နှာပြင် ညီနေရန် ကျောက်တုံးကို အပေါက်ဖောက်ကာ ကျောက်ရေခွက်တွင်ရေထည့်ပြီး ရေမျက်နှာပြင်ကို အသုံးပြုရသည်။ ထိုသို့ ထောင်လိုက်ပြီးသည်နှင့် ဝိတ်တုံးကိုကြိုးချီကာ ချလျှင် ပိန္နဲတိုင် တည့်မတ်နိုင်သည်။ ယနေ့မြင်တွေ့ရသော စိန်ဖူးတော် ကြည့် ခွက်ကဲ့သို့ ရေခွက်မျိုးကို အကွာအဝေးတူ အရပ် ( ၄ ) မျက်နှာတွင် တစ်ခွက်စီထားရှိကာ အရှေ့နောက်လမ်းကြောင်းနှင့် တောင်မြောက်လမ်း ကြောင်းဆုံသော ကျင်တွယ်ကျနေရာတွင် ပိန္နဲတိုင်ကို စိုက်ထူလိမ့်မည်။

ထို့နောက်စေတီတော်ကို တစ်ရစ်ခြင်းစီ ဆောက်လုပ်ကာ အထက်သို့ တက်ရောက်သွားရင်း ( Level ) ညှိယူကာ ရေပြင်ညီပေါ်တွင် အကွာအဝေး အညီအမျှ ကို ထိန်းညှိပြီး အထက်သို့ တိုင် ( Balance ) ဖြစ်အောင် တည်သွားသည်။ ပိန္နဲတိုင်စစိုက်စဉ် ကတည်းက ရေခွက်နှင့် အကွာအဝေးတူညီ သည်ဖြစ်ရာ တည်ဆောက်စဉ်က မြင်တွေ့ ရသလို ပြီးဆုံးသွားသောအခါတွင် စိန်ဖူးတော်ထိပ်မှာလည်း သေးငယ်သော ဤခွက်အတွင်း ကွက်တိ ပေါ်နေလျှင် ပိန္နဲတိုင် တည့်မှတ်စွာရှိသည် ဟု နားလည်ရမည်ဖြစ်ပါသည်။ ယခုမူ ကျောက် ရေ ခွက်တစ်ခွက်သာ တွေ့မြင်ရပါတော့သည်။

အခြားတစ်ခုကား လူတစ်ရစ် နတ်တစ်ရစ် တည်ခဲ့သည်ဆိုသော အဆိုမှာလည်း စဉ်းစားစရာဖြစ်ပြန်သည်။ လူတည်သည်ကား လက်မခံ နိုင်စရာမရှိသော်လည်း နတ်ကား မည်သို့တည်ပေး ပါမည်နည်း။ ပညာရှင်များ၏ထင်မြင်ချက်မှာ နေ့နှင့်ည ( ၂ ) ဆိုင်းခွဲကာ မရပ်မနား တည်ခြင်း ဖြင့် စေတီတော်ကြီး အမြန်ပြီး သွားခြင်း ဖြစ်နုုိင်သလို ဘုရင် ( ၂ ) ပါးတည်ခဲ့သည်ဟုလည်း ဖြစ်နိုင်ပြန်သည်။ ဘုရင် ( ၂ ) ပါးတည်ခြင်း နှင့်ပတ်သက်ပြီး အယူ ( ၂ ) မျိုးကွဲနေပြန်သည်။ အချို့က အနော်ရထာ မင်းတည်ထားသော စေတီတော်ကို ကျန်စစ်သားက ငုံ၍ တည်သည် ဟု ဆိုသလို အချို့ကလည်း အနော်ရထာ တည်နေစဉ် နတ်ပြည်စံသဖြင့် ကျန်စစ်သားမင်းက ဆက်လက်တည်သည်ဟူ ၍ ဖြစ်လေသည်။

( ၁၉၇၅ ) တွင်လှုပ်ခဲ့သော ပုဂံငလျင်တွင် အထွဋ်တော် ချယားသီးကွဲကာ ကြေးသွန်းကြုတ် စေတီ ( ၄ ) ဆူ ပြုတ်ကျ လာခဲ့ဖူးသည်။ ၄င်းအတွင်းတွင် ငုံ ၍ တည်ထားသော စေတီကို တွေ့ခဲ့ ရသဖြင့် ပထမအယူအဆက ပိုဖြစ်နိုင် ပါသည်။ အမှန်အားဖြင့် ပုဂံခေတ် ရွှေစည်းခုံစေတီတော်သည် ထီးတော် မတင်ထားပါ။ ထို့အပြင် ကြေးပြားပေါင်း ( ၃၀၀၀၀ ) ကျော်ဖြင့် စေတီတစ်ဆူ လုံး ဖုံးအုပ်ထားသဖြင့် မူလစေတီသည် သဲကျောက် စေတီသာဖြစ်သည်။

ရွှေစည်းခုံစေတီ၏ အမည်ယူဆထားပုံမှာလည်း စိတ်ဝင်စား စရာကောင်းသည်။ သဲစည်းခုံပေါ်တွင်တည် ၍ ရွှေစည်းခုံ ဟူ ၍ တစ်မျိုး ၊ ဇေယျာဘူမိ အောင်မြေ ဟူသော စကားရပ်မှ ဇေယျာဘုမ် ဇိယခုမ် ထိုမှ ရွှေစည်းခုံ ဟု အဆင့်ဆင့် ပြောင်းလဲလာသည်ဟု လည်း ဆိုပြန်သည်။ ကင်းဝန်မင်းကြီးဦးကောင်းသည် ရွှေစည်းခုံ စေတီတော် ၏အံ့ဖွယ်ကိုးပါးအလင်္ကာတွင် ဇေယျခုံ ဟုထည့်သွင်း ရေးသားခဲ့သည်။

ဘုရင့်နောင်ခေါင်းလောင်းစာတွင်လည်း ဇေယျဘုံဟု ရေးထိုးသည်။ ပုဂံ ခေတ်တွင် ဘုရင့်နန်းတော်နှင့် လူနေအိမ်များကို သစ်ဝါးများ ဖြင့် တည် ဆောက်သော်လည်း သာသနိက အဆောက်အဦးများကို အုတ်၊ ကျောက်တို့ဖြင့် တည်ထားခြင်းသည် မြင့်မြတ်သော အဆောက်အဦးများ ဖြစ်သည်က တစ်ကြောင်း သာသနာတော် ရေရှည်တည်တံ့ ရန်အတွက် တစ်ကြောင်း စသည်တို့ကြောင့် ဖြစ်လေသည်။

ရွှေစည်းခုံဘုရားအတွင်း အခြားကြည့်ရှုလေ့လာစရာများမှာ –

၁။ ကြေးဂူတုုိက်

ဘုရားရင်ပြင်တော်ပေါ်တွင် ပွင့်တော်မူပြီးသော ဘုရား( ၄ )ဆူကို ရည်ညွန်း၍ သွန်းလုပ်သော ဉာဏ်တော် ( ၁၃ ) ပေ အရွယ်ရှိ ပဥ္စလောဟာ ဆင်းတုတော်များမှာ ပုဂံခေတ်ကြေးသွန်း ရုပ်ပွားတော် များ ဖြစ်သည်။ အနောက်ဘက်မတ်ရပ်ကိုယ်တော်သည် မူလလက်ရာ ဖြစ်ပြီး အခြား မတ်ရပ်ကိုယ်တော်များ၏ လက်ချောင်းများမှာ အခိုးခံရသဖြင့် ပြန်လည်ပြု ပြင်ထားခြင်း ဖြစ်လေသည်။ ထိုခေတ်ပန်းတဉ်းပညာကို လေ့လာခွင့်ရရှိနိုင် သည်။

၂။ နတ်ကွန်း

အနော်ရထာမင်းသည် နတ်ကိုးကွယ်မှုကို တိုက်ဖျက်ကာ နတ်ရုပ်တို့ကို စုချည်ပြီး ရွှေစည်းခုံဘုရားတံတိုင်းအတွင်း ထားရှိသော်လည်း မဆံ့သဖြင့် အပြင်တွင် ထား ရှိပြန်သည်။ သို့သော် လူများက တိတ်တိတ် ကိုးကွယ်သဖြင့် ထိုဝင်းအတွင်းနတ် ( ၃၇ ) မင်းကို နတ်တန်ဆောင်း ထားရှိပေးကာ ပြည်သူများ နတ်များလာရောက်ပူဇော် စေသည်။ ထိုသို့ပူဇော်အပြီး ဘုရား၏ အဆမတန် ကြီးကျယ်ခမ်းနား သည့် ပုံရိပ်ကို မြင်တွေ့ လျှင် အလိုလိုစိတ်ညွတ်လာစေရန် ရည်ရွယ်သည်။ ထို ရွှေစည်းခုံ တံတိုင်းမှအစပြုကာ အတွင်း( ၃၇ )မင်း ၊ အပြင်( ၃၇ )မင်းဟူ ၍ ဖြစ်လာခဲ့သည်။

၃။ ကျွန်းတံခါးနှင့်ကျွန်းပြဿဒ်

အရှေ့ဘက်ခြမ်းစောင်းတန်းတွင် နှစ် ၉၀၀ ကျော်သက်တမ်းရှိသော ကျွန်းတံခါးနှင့် ( ၁၅ )ရာစု ထိလတ်ပိုးအူဇတ်ပါ သစ်သားပြဿဒ်များ ရှိကြသည်။

၄။ အရှေ့တောင်ထောင့်

အရှေ့တောင်ထောင့်အရပ်တွင် ( 1768 ) ခုနှစ် မေ ( 30 ) ရက်နေ့ ၌ အလောင်းမင်းတရား၏သားတော် ဆင်ဖြူရှင်မှ တင်လှူခဲ့သော ထီးတော် ဟောင်းနှင့် မော်ကွန်းတင် ကျောက်စာ ရေးထိုး ထားရှိသည်။ ဘုရားပရဝုန် အတွင်းတွင် ( ၁၂ ) ရာသီ ပွင့်သော ခရေပင်လည်း ရှိသည်။

၅။ စဥ့်ဇတ်ကွက်များ

ပစ္စယံအခြေတွင်( ၅၅၀ ) ဇတ်တော်ပါ တစ်ပေခွဲအရွယ် အစိမ်းရောင်စဥ့်ကွင်း ( ၅၉၆ ) ပြားကို တန်ဆာဆင်ထားသည်။ ရ၀% သော စဥ့်ကွက်တို့သည် ကျောက်ဖြင့်ပြုလုပ်ထားကာ အချို့ကို မြေဖုတ်ထားပြီး အားလုံးကို စဥ့်သုတ်ထားသည်။ အနောက်မြောက် ထောင့်ရှိ ဆင်၊ မြွေ၊ မြေခွေးတို့ လုံးထွေးကာ ရေမျှောလာသော စဥ့်ချပ်သည် လောဘ၊ ဒေါသ၊ မောဟ ကို ဖော်ညွန်း ထားသော စဥ့်ဖြစ်သည်။

၆။ အရှေ့အရပ်

( 1557 ) မေလ ( 23 ) ရက်နေ့တွင် ဘုရင့်နောင်မှ စေတီတော် ကို ရွွှေသင်္ကန်းကပ်လှူ ခဲ့ သလို ( ၂၁၀၀ ) ပိသာ ( 3.18 Tons ) ရှိသော ကုသိုလ်တော် ခေါင်းလောင်းကို လှူဒါန်းခဲ့သည်။

၉။ ဆွမ်းသပိတ်၊ ကျောက်မြင်း၊ အဖထက်သားတစ်လကြီး၊ ပွဲစားကြီး ဦးနေထွန်းနတ်နှင့် အခြားလေ့လာစရာများစွာရှိပါသည်။

၁၀။ ရွှေစည်းခုံခြင်္သေ့နှင့် အစောင့်နတ်ရုပ်များ

ရွှေစည်းခုံခြင်္သေ့များသည် သဘာဝလည်ဆံမွေးနှင့် အချွန်အတက် နည်းသည်။ ပါးစပ်ပြဲကာ ဦးခေါင်းမှာပြားသည်။ လည်ပင်းတွင် ကြိုးစ အရှည်အတိုမတူသော ချူများဆွဲပေးထားသည်။ အထီးအမ ခွဲခြားလို သော သဘောမျိုး ဖြစ်နိူင်သည်။ တရုတ်ပုံပေါက်သဖြင့် တရုတ်ကျူးကျော်စစ်ခန့်က ထွင်းထုထားသော ကျောက်ရုပ် ဟု အချို့က ယူဆကြသည်။ ဒူးတစ်ဖက်ထောင် တစ်ဖက်လဲဟိန္ဒူ နတ်ရုပ်များကို မုခ်အဝင်များတွင် ထားရှိသည်။

အလုံးစုံကိုခြုံငုံကြည့်လိုက်သော် အနော်ရထာမင်း ပင့်ဆောင်ခဲ့သော စွယ်တော် ( ၄ ) ဆူဘုရားတို့၏ အကွာအဝေး ဆောက်လုပ်ထား ပုံသည် အခြားသဘော ထက် ပုဂံမြို့တော် ရွှေကြိုးသတ် နယ်နမိတ် ( Landmark ) သတ်မှတ် ထားပုံနှင့် ဆင်တူသည်။ ရွှေစည်းခုံသည် ကျောက်ဖြင့်တည်သော ပုဂံရှိ ဘုရား( ၄ ) ဆူမှ တစ်ဆူဖြစ်ပါကြောင်း သုခုမအလင်းတန်းများ မှ ကုသိုလ်ဖြစ် ရေးသားတင်ဆက်လိုက် ပါသည်။

သုခုမအလင်းတန်းများ

– မြတ်ဘုရားရွှေစည်းခုံ

– ပုဂံသွားမှတ်တမ်း

– ရွှေစည်းခုံ မြန်မာ့စွယ်စုံကျမ်း

– မြန်မာ့ရိုးရာဗိသုကာ

– ပုဂံ သိပ္ပံမောင်ဝ

ပြန်လည်မျှဝေပါသည်။ KNT