ေဖ့စ္ဘြတ္ဆယ္လီ သ႐ုပ္ေဆာင္ ေအာင္ရဲေထြး ကြယ္လြန္တာ မွန္ကန္ေၾကာင္း အတည္ျပဳလုိက္ပါၿပီ

ေပ်ာ္ရႊင္စရာ ရီေမာစရာေကာင္းတဲ့ ဟာသဗီဒီယုိေလးေတြကုိ ပရိသတ္အေရွ႕ခ်ျပေလ့ရွိတဲ့ ေအာင္ရဲေထြး( ရဲေထြးေအာင္) တစ္ေယာက္ ကြယ္လြန္သြားတဲ့သတင္းမွာမွန္္ကန္ေၾကာင္း 7sense Film Productionမွ တာဝန္ရွိသူတစ္ဦးက အတည္ျပဳလိုက္ပါတယ္။

ေအာင္ရဲေထြးဟာ နယူးရီးယားညက ကလပ္တစ္ခုမွာ အမည္မသိ လူအုပ္စုတစ္စုမွ ေခါင္းကို သံဖိနပ္မ်ားနဲ႔ ဝိုင္းဝန္းကန္ခံရရာမွ ဦးေခါင္းတြင္ ဒဏ္ရာအျပင္းအထန္ရရွိခဲ့ကာ ေဆး႐ံုတင္ထားခဲ့ရၿပီး ယေန႔ (ဇန္နဝါရီလ ၂ ရက္) ေန႔မွာ ကြယ္လြန္သြားၿပီျဖစ္တယ္လို႔ သတင္းေတြ ထြက္ေပၚ ေနခဲ့တာ ျဖစ္ပါတယ္။ ဒီသတင္းနဲ႔ ပတ္သက္ၿပီး သူနဲ႔အတူ အႏုပညာအလုပ္ေတြ လက္တြဲလုပ္ေနတဲ့ 7sense Film Production ကိုေဝမင္းေမာင္ က မွန္ကန္ေၾကာင္း အတည္ျပဳၿပီး ဝမ္းနည္းစကား ဆုိခဲ့ပါတယ္။

” ခံစားခ်က္ကေတာ့ အစ္ကုိတုိ႔ရဲ႕ အလားအလာေကာင္းတဲ့ အႏုပညာရွင္လူငယ္တစ္ေယာက္ အဲ့ဒီလုိျဖစ္သြားတာကုိ ဘယ္လုိ အေၾကာင္း ေၾကာင္းေတြေၾကာင့္ ျဖစ္တယ္ မသိေပမယ့္လည္း ေတာ္ေတာ္ေလး စိတ္မေကာင္းျဖစ္ရပါတယ္။ သူငယ္ခ်င္းေတြလုိ ညီအစ္ကုိေတြလုိ ေနလာ ၾကတာဆုိေတာ့ ေတာ္ေတာ္ႀကီးကုိ စိတ္မေကာင္းျခင္းမ်ားစြာျဖစ္ရပါတယ္” လုိ႔ 7sense Film Production က ကုိေဝမင္းေမာင္က ေျပာပါတယ္။

ေအာင္ရဲေထြး (ရဲေထြးေအာင္) ဟာ 7sense Film Production ရုပ္ရွင္ထုတ္လုပ္ေရးနဲ႔ ပူးေပါင္းကာ ဇာတ္လမ္းတြဲမ်ား၊ ႐ုပ္ရွင္ဇာတ္ကားမ်ားကို ရိုက္ကူးေနသူျဖစ္ပါတယ္။

ဟာသဗီဒီယိုေလးေတြကို ေဖ့စ္ဘြတ္မွာတင္ရင္း နာမည္ရလာတဲ့ ေအာင္ရဲေထြးဟာ Follower ၁၃ သိန္းေက်ာ္ ရရွိထားတဲ့ ျမန္မာႏုိင္ငံရဲ႕ အြန္လိုင္း ဆယ္လီတစ္ဦးလည္း ျဖစ္ပါတယ္။

Photo : Aung Yell Htwe Facebook

Credit : Duwun

(Unicode Version)

ဖေ့စ်ဘွတ်ဆယ်လီ သရုပ်ဆောင် အောင်ရဲထွေး ကွယ်လွန်တာ မှန်ကန်ကြောင်း အတည်ပြုလိုက်ပါပြီ။

ပျော်ရွှင်စရာ ရီမောစရာကောင်းတဲ့ ဟာသဗီဒီယိုလေးတွေကို ပရိသတ်အရှေ့ချပြလေ့ရှိတဲ့ အောင်ရဲထွေး( ရဲထွေးအောင်) တစ်ယောက် ကွယ်လွန်သွားတဲ့သတင်းမှာမှန််ကန်ကြောင်း 7sense Film Productionမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုလိုက်ပါတယ်။

အောင်ရဲထွေးဟာ နယူးရီးယားညက ကလပ်တစ်ခုမှာ အမည်မသိ လူအုပ်စုတစ်စုမှ ခေါင်းကို သံဖိနပ်များနဲ့ ဝိုင်းဝန်းကန်ခံရရာမှ ဦးခေါင်းတွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကာ ဆေးရုံတင်ထားခဲ့ရပြီး ယနေ့ (ဇန်နဝါရီလ ၂ ရက်) နေ့မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ် နေခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး သူနဲ့အတူ အနုပညာအလုပ်တွေ လက်တွဲလုပ်နေတဲ့ 7sense Film Production ကိုဝေမင်းမောင် က မှန်ကန်ကြောင်း အတည်ပြုပြီး ဝမ်းနည်းစကား ဆိုခဲ့ပါတယ်။

” ခံစားချက်ကတော့ အစ်ကိုတို့ရဲ့ အလားအလာကောင်းတဲ့ အနုပညာရှင်လူငယ်တစ်ယောက် အဲ့ဒီလိုဖြစ်သွားတာကို ဘယ်လို အကြောင်း ကြောင်းတွေကြောင့် ဖြစ်တယ် မသိပေမယ့်လည်း တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ်။ သူငယ်ချင်းတွေလို ညီအစ်ကိုတွေလို နေလာ ကြတာဆိုတော့ တော်တော်ကြီးကို စိတ်မကောင်းခြင်းများစွာဖြစ်ရပါတယ်” လို့ 7sense Film Production က ကိုဝေမင်းမောင်က ပြောပါတယ်။

အောင်ရဲထွေး (ရဲထွေးအောင်) ဟာ 7sense Film Production ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ပူးပေါင်းကာ ဇာတ်လမ်းတွဲများ၊ ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးနေသူဖြစ်ပါတယ်။

ဟာသဗီဒီယိုလေးတွေကို ဖေ့စ်ဘွတ်မှာတင်ရင်း နာမည်ရလာတဲ့ အောင်ရဲထွေးဟာ Follower ၁၃ သိန်းကျော် ရရှိထားတဲ့ မြန်မာနိုင်ငံရဲ့ အွန်လိုင်း ဆယ်လီတစ်ဦးလည်း ဖြစ်ပါတယ်။

Photo : Aung Yell Htwe Facebook

Credit : Duwun