Credit : AM UHH
(Unicode Version)
ကြက်တွေ တဖြုတ်ဖြုတ် စသေလာပြီဆိုရင် “ကြက်နာ ကုသနည်း”
ကြက်နာဆိုတာ လူလိုပြောရရင် လူနာပေါ့ မကျန်းမာတဲ့ သဘောပေါ့။ အဲ့မကျန်းမာ နည်းထဲကမှ ရောဂါက ကွဲပြားသွားပါတယ်။ ခုကျန်တော်ပြောချင်တဲ့ ရောဂါတစ်မျိုးကတော့
1. ကြက်တွေ တဖြုတ်ဖြုတ်စသေလာပြီ
2. ကြက်တွေက ပုံ (2) ထဲကလို အနေအထားနဲ့ အစာအိတ်ကိုင်လို့ ရေအိတ်ကြီးလို ဖြစ်နေပြီဆိုလျှင် ခုအောက်ပါနည်းကို စသုံးပါ။
ကျတော်တို့့ ကိုယ်တွေ့ကတော့ ကြက်တွေ တဖြုတ်ဖြုတ်သေလို့ အကုန်ပစ်ရတော့မယ့်အချိန် အကြိုက်ဆုံး ကြက်ဖ ကြက်မ နှစ်ကောင်ကို သေမြေကြီး ရှင်ရွှေထီး သဘောနဲ့ ကြားဖူးနားဝကို စမ်းသပ်ကြည့်ပါတယ်။ ထူးခြားတာ စမ်းသပ်သော တစ်စုံပဲကျန်ပါတယ်။
နောက်ပိုင်း ထပ်ကြုံထပ်အဆင်ပြေလို့ ခင်မင်ရာ လက်တို့ရင်း အဆင်ပြေကြတာ တွေ့ရလို့ ခုလို page ကနေ online fri တွေအတွက် ဝေမျှလိုက်ပါရစေ။
(1) မြန်မာဆေးရွက်ကြီး ပြားကြီးတစ်ပြားကို ဆား ကွမ်းသီးခြမ်း အရွယ်ထည့်၍ ရေနွေးနွေးဖြင့် မြုပ်ရုံ စိမ်ထားပါ။ ရေအရောင် ဝါလာလျှင် မျက်စိ ဘယ်ညာ 2/3 စက်စီ မနက် ည ခပ်ပေးပါ (နှစ်ချို့လေ ကောင်းလေပါ အရည်က)
(2) Pepsol enzymes (ပုံပါအတိုင်း) ဆေးဆိုင်တိုင်းမှာ ဝယ်လို့ရပါတယ်။ သတိထားရမှာက အတောင့်လိုက် အမျိုးအစားပေးရင် မယူပါနှင့် စပ်ကြားချွတ်လို့ရသော အတောင့်သာယူပါ။ မနက် 1 တောင့် ည 1 တောင့် 2 ကြိမ် (အတောင့်ချွတ်အမှုန့် ရေဖျော်တိုက်ပါ) တစ်ပတ်အတွင်း သိသာ လာပါလိမ့်မည်။
ကြက်ချစ်သူအပေါင်း မိမိတို့သံယောဇဉ် ကြိုးတွေ ပြတ်လို့ ဝမ်းနည်းခြင်း အပေါင်းမှ ကင်းဝေးကြပါစေ။ ပိုသေချာရန် ကြက်အနာ ကင်းသွားလဲ အနာလွတ် ကြက်ကို တလ ၃ ကြိမ်လောက် ခတ်ပေးပါခင်ဗျာ။
Credit : AM UHH
ကမ္ဘာပေါ်က အကြီးဆုံး ကြာပင်