ခုႏွစ္ရက္ သားသမီးမ်ားအတြက္ ၂၀၁၈ ခုႏွစ္ ၁ လပိုင္းအတြက္ ေဟာစာတမ္း

ခုႏွစ္ရက္ သားသမီးမ်ားအတြက္ ၂၀၁၈ ခုႏွစ္ ၁ လပိုင္းအတြက္ ေဟာစာတမ္း

တနဂၤေႏြသားသမီးမ်ားအတြက္

စီးပြားေရးလုပ္ငန္းတိုးခ်ဲ႕ျခင္း/ဌာနေနရာေျပာင္းေရြ႔ရျခင္း မ်ားျပဳလုပ္ရမည္။ စီးပြားေရးေအာင္ျမင္မည္။ ေငြေခ်းငွားျခင္းစပ္တူရွယ္ယာလုပ္ျခင္းအထူးေရွာင္ျကဥ္ပါ။ဟဆံုးရႈံးထားေသာေငြမ်ားျပန္လည္ရရွိမယ္။ ရပ္ေဝးနယ္ေဝးသို႔ခရီးထြက္ရမည္။ အတည္တက်လုပ္ရသည့့္လုပ္ငန္းမ်ားအဆင္ေျပမယ္။ ႏုိင္ငံျခားခရီးကံေကာင္းမည္။ လူမ်ိဳးျခားအက်ိဳးေပးမည္။ အႏုပညာရပ္ေတြမွာ ထူးခၽြန္တတ္သည္။ သြားကုိက္သြားနာသတိျပဳပါ။ ရာထူးတုိးျပီး အလုပ္ေျပာင္းရကိန္းရွိသည္။ ဘုရားဖူးခရီးထြက္ရတတ္သည္။ သူတစ္ပါးထံမွ ေငြမေခ်းရ။ ေျမာက္အရပ္သို႕ ခရီးမသြားရ။ စီးပြားေရးဤလတဝက္ထိ သိပ္အဆင္မေျပမႈ႔မ်ားႏွင့္ျဖစ္ေနမည္။ ကြဲကြာေနေသာမိတ္ေဆြမ်ားမိသားစုမ်ားနွင့္ျပန္လည္ဆံုေတြ႕ျဖစ္မည္။။ ဆံုးရႈံးထားေသာေငြမ်ားျပန္လည္႐ရွိတတ္မယ္။မိတ္ေဆြအေပါင္းသင္းခ်စ္သူခင္သူမိသာစုးအတြက္စိတ္ပူေပးရတတ္တယ္။အဆုိးအညံ့အလုံးစုံကင္းစင္၍အလုိဆႏၵရည္ရြယ္ခ်က္ေအာင္ျမင္မယ္။ ေငြေၾကးကံေကာင္းမယ္။ အလုပ္အဆင့္တုိးတက္ ျပီး ေဆာင္ရြက္ရသည့္ ကိစၥမွန္သမွ်တြင္ အတုိက္အခံမ်ားလိမ့္မည္။ စာရင္းဇယား ျပႆနာမ်ား ေျဖရွင္းရတတ္သည္။

အခ်စ္ေရးမွာခ်စ္သူႏွစ္ဦး အတြက္ ေပ်ာ္စရာအေကာင္းဆံုးသာယာခ်မ္းေျမ႕ဖို႕အေကာင္းဆံုးကာလပါ။ ခ်စ္ေနၿပီးသူေတြ လက္ ထပ္ဖို႕ တာစူေနၾကသူေတြဆိုရင္ေတာ့ ဒီႏွစ္ထဲမွာ ထိမ္းျမားဖို႕ အေျခအေနေပးတတ္ပါတယ္။ ဘယ္လို အေႏွာင့္အယွက္မ်ိဳးေတြပဲ ရွိေနေန၊ လက္ထပ္ဖို႕စီစဥ္ထားရင္မလြဲမေသြေအာင္ျမင္မွာပါ ခ်စ္သူဘ၀မွာ ေပ်ာ္ရႊင္ၾကည္ႏူးရသလို တစ္ဘက္ ကလည္းစီးပြားတက္ရာထူးတက္ျပီးအဆင္ေျပမယ္။ ပညာေရးမွာတျခားမည့္သည့္စာေမးပြဲပဲျဖစ္ျဖစ္ေအာင္ႏိုင္တယ္။ ေဆာင္ရြက္ထားတဲ့ ကိစၥေတြၿပီး ျပတ္ႏိုင္တယ္။ ဒါ့ေၾကာင့္ တျခားလူမႈေရးေသာက၊ စီးပြားေရးေသာကပညာေရးေသာကေတြ ကင္းစင္ ေနတာေၾကာင့့္ အခ်စ္နဲ႕ပတ္သက္ၿပီးစိတ္ကူးသမွ် အေကာင္အထည္ေဖာ္ၿပီး ခ်စ္ႏိုင္ၾကပါမည္။ အိမ္ေထာင္ေရးလည္းေကာင္းပါမည္။

ယႀတာ-မိမိေမြးနံၿဂိဳဟ္ဘုရားတြင္ ေထာပတ္ဆီမီး (၇) ခြက္ ထြန္းညိွပူေဇာ္ပါ။ သို႔မဟုတ္ မီးေခ်ာင္း ၊ ဖန္ေခ်ာင္း ၊ ေရာင္စံုမီးသီးမ်ား လႈဒါန္းပါ။

———————————————————-

တနလၤာသားသမီးမ်ားအတြက္

ေဆြမ်ိဳး၊ မိသားစုတို႕၏ အခက္အခဲမ်ား၊ ျပႆနာမ်ားကို တာဝန္ယူေျဖရွင္းေပးရမည္။အထင္္လြဲခံရမယ္။ အလုပ္၌အထူးကံေကာင္းလာျပီးဆရာေကာင္းနွင့္ေတြ႔ဆံုမည္။ ္လူမႈေရး၌အထူးလူခ်စ္လူခင္ေပၚမ်ားမည္။မိတ္ေဆြအေပါင္းအသင္းနွင့္ဆက္ဆံေရးမေျပျပစ္ေစကာမူတပည့္လက္သားအလုပ္သမားမိတ္ေဆြတို႔နွင့္အဆင္ေျပတိုးတက္ေကာင္းမြန္နိုင္သည္။ ဘာကိုပဲလုပ္လုပ္ ေ႐ွ႕သို႔မေရာက္ဘဲ တိုးလို႔တန္းလန္းျဖစ္ေနမည္။ ဟိုဟာလုပ္ရေကာင္းႏိုးႏိုး ဒီဟာ လုပ္ရေကာင္းႏိုးႏိုး နဲ႔ အခ်ိန္ကုန္သြားတတ္ပါမည္။ ဒုကၡႀကီးႀကီးမားမား မဟုတ္ေသာ္လည္း စိတ္အေႏွာက္ယွက္ ျဖစ္စရာေတြေတာ့ၾကံဳရတတ္ပါတယ္။ ဒီအခ်ိန္မွာကံေကာင္းခ်င္ရင္ေတာ့ဘာပဲလုပ္လုပ္ျမန္ျမန္လုပ္ပါ။ ျဖတ္ကနဲေပၚ ဆတ္ကနဲခ်က္ခ်င္းထလုပ္ပါ။ အဲ့လိုလုပ္ႏိုင္ရင္ေတာ့ေကာင္းပါတယ္။ လုပ္ငန္းမ်ားတြင္အေႏွာင့္အယွက္မ်ားႏွင့္ၾကံဳေတြ႕ရမည္။စိတ္ပ်က္စရာမ်ားၾကံဳေတြ႔ရတတ္မည္။အမ်ားႏွင့္အတိုက္အခံျဖစ္ရမည္။ေငြအကုန္အက်မ်ားေနမည္္။က်မ္းမာေရးဝမ္းဗုိက္ဒုကၡေပးတတ္ပါတယ္။ပညာေရးမွာေအာင္ျမင္ မွဳ ႔မ်ားခံစားရပါမယ္။ အလုပ္အကုိင္မ်ားမွာေတာ့ ကုန္သြယ္မွဳ မ်ား ေအာင္ျမင္မွဳရေနျပီးတခ်ိဳ့အလုပ္မ်ားျပသနာအခက္ခဲေတြ့ႀကံဳပါမယ္။ အထက္ပုဂၢိဳလ္ေကာင္းမ်ားမစ၍အလုပ္၌အဆင္ေျပလာေတာ့မယ္။ မိတ္ေကာင္းဆရာေကာင္းေတြ ေတြ႕မယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥ၊ စာေမးပြဲကိစၥေတြ အထူးေကာင္းပါတယ္။ စပ္တူကိစၥေတြလည္း ေအာင္ျမင္မယ္။ စာခ်ဳပ္ခ်ဳပ္ရမယ့္ကိစၥေတြလည္း အဆင္ေျပမယ္။မထင္မွတ္တဲ့ ဘာသာေရး၊ ပညာေရး၊ အခြင့္အလမ္းေကာင္းေတြ ေပၚလာတတ္ပါတယ္။ ရာထူးေနရာကိစၥေတြမွာလည္း အေႏွာင့္အယွက္ေတြၾကားက ေအာင္ျမင္သြားတတ္ပါတယ္။ စပ္တူအလုပ္မ်ားသတိထားပါ။

အိမ္ေထာင္ေရးကိစၥမွာ စိတ္သေဘာထားအဆင္မေျပႀကံဳေတြ႕တတ္မယ္။ အိမ္ေထာင္ေရး အတြင္းလူ ဒုကၡေပးတတ္ပါတယ္။အခ်စ္နဲ႕ပတ္သက္ၿပီ ေပ်ာ္စရာအေကာင္း ဆံုး ကာလပါ။ ခ်စ္သူနဲ႕စိတ္သေဘာထားျခင္းတိုက္ ဆိုင္ၿပီး အပူအပင္မရွိ သာယာၾကည္ႏူးရမယ္၊ ခ်စ္သူမျဖစ္ေသးရင္လဲ ကိုယ္ကစြဲလမ္းေန သူရဲ႕ ေခါင္းညိတ္အေျဖစကားကို ၾကားရမယ္၊ ခ်စ္သူ ဟာကိုယ့္အလိုဆႏၵကို လိုက္ေလ်ာလြန္းတာေၾကာင့္ သတိတရားေတာ့ရွိရမယ္၊ ခ်စ္သူအေပၚ ေစာင့္ထိန္း ရမယ့္ သိကၡာတရားကို ေစာင့္ထိန္းၾကရမည္။ အေနေဝးေနတဲ႔ခ်စ္သူေတြအတြက္ကအလြမ္းတသသနဲ႔အေနေဝးျခင္း ဒဏ္ကိုအလြမ္းက်ျပီးခံစားေနပါမယ္။?အခ်စ္ေရး၌ဤအျဖစ္ပ်က္ေတြႀကိဳတင္ သတိထားျပီးဆင္ျခင္နိုင္ရင္ေတာ့ႏွလံုးသားေရးရာနဲ႔ပတ္သက္ၿပီးဘာမွစိတ္ေသာက ပြားစရာမလိုပါဘူး။

ယႀတာ-မိမိေမြးေန႔၌ ဘုရားမွာ ေရႊသကၤန္းကပ္လႉပါ။ ဆီထမင္း ကပ္လႈပူေဇာ္ပါ။

———————————————————-

အဂၤါသားသမီးမ်ားအတြက္

ေငြေၾကးေျမာက္မ်ားစြာ ၀င္မည္။ အလွဴဒါနမ်ား ျပဳလုပ္ရမည္။ အမွဳအခင္း ကိစၥမ်ား ျပႆနာမ်ား ေအာင္ျမင္စြာ ေျဖရွင္းႏိုင္တတ္မည္။ သြားေလရာ မ်က္ႏွာပြင့္လန္းမယ္။ စီးပြားေရးအထူးေကာင္းမဲ့အခ်ိန္ပါပဲ။ အလုပ္အကုိင္မွာ ျပိဳင္ဆုိင္မွဳ႕မ်ား ေတြ ့ရမည္။ လုပ္ငန္းမ်ားတိုးခ်ဲ႔ တီ့ထြင္ျခင္းအလုပ္အသစ္စတင္ျခင္း အထူးေကာင္းပါလိမ့္မည္။ ေငြေၾကးလဲအဖက္ဖက္ကဝင္လာတတ္ပါတယ္။ ဆိုင္ခန္းကိစၥ၊အိမ္ကိစၥ၊အလုပ္ကိစၥ အခက္အခဲ႔ႀကံဳေနသူမ်ားျပန္အဆင္ေျပလိမ့္မယ္။စပ္တူကိစၥ၊ ရွယ္ယာကိစၥမ်ားလုပ္ကိုင္၍ အက်ိဳးေပးလိမ့္မယ္။ ဘာသာေရးနဲ႔ပက္သက္ေသာ ပစၥည္းမ်ားလက္ေဆာင္ရမယ္။ ပညာေရးကိစၥ ၊အင္တာဗ်ဴ းကိစၥ၊ေအာင္ျမင္မယ္။ အရာရာစိတ္ေမာလူေမာျပီးလုပ္ေဆာင္ေနရမယ္။ဘာလုပ္လုပ္ တလြဲတေခ်ာ္ျဖစ္ေနတတ္ေသာ္လည္း စီးပြားေရး၌ သိသိသာသာစီးပြားတက္မည္။သိၾကားမ လိုက္သကဲ့သို႔ လက္ရွိအေျခအေနထက္မ်ားစြာျမင့္တက္သြားလိမ့္မယ္။လုပ္ငန္းမ်ား သိသိသာသာ ေအာင္ျမင္မ႕ူရမည္။ လုပ္ငန္သစ္မ်ား စတင္ျပဳ လုပ္ႏိုင္ေသာကာလျဖစ္ပါတယ္။ အေ၀း၌ရွိမိတ္ေဆြမ်ားအကူအညီရကိန္းရွိတယ္။ စနစ္တက်လုပ္ကိုင္ထားသည္မ်ား မေသခ်ာ မေရရာေသာ အေနအထားသို႕ေရာက္ရွိမည္။ လက္ဆင့္ကမ္းတာဝန္ယူသူ ေပါ့ေလ်ာ့၍ ေဆာင္ရြက္ထားသည္မ်ား ဖရုိဖရဲျဖစ္လိမ့္မည္။ ေငြေၾကးအေပးအယူကိစၥမွန္သမွ် သတိႏွင့္ ေဆာင္ရြက္ပါ။ အေျပာင္းအလဲကိစၥအတြက္ ေဆာင္ရြက္ရန္ အခါေကာင္းက်ေရာက္ေနပါျပီ။ ရင္းနွီးသူမ်ားနွင့္ စကားမ်ားရမည္။ သစ္လြင္ေသာ အလုပ္ကိစၥမ်ားကို ဦးတည္ေနဆဲ ျပႆနာေဟာင္းမ်ား ျပန္လည္ေျဖရွင္းရမယ္။ လူမ်ိဳးဘာသာမတူျခားနားေသာ သူမ်ားနွင့္ တြဲဖက္လုပ္ေသာ ကိစၥမ်ားမွ ေအာင္ျမင္မ႕ႈရမည္။ တရားမွ်တမႈခံုမင္မည္။ ဘုရားဖူးခရီးမ်ား စိတ္ခ်မ္းသာစရာခရီးမ်ား ျပည္တြင္းျပည္ပခရီးမ်ား သြားရလိမ့္္မည္။ ခရီးေ၀းယာယီမ်ားလည္းသြားေကာင္း၏။အဖိုးတန္ေက်ာက္။ကား ေျမကိစၥ၊ အေမြကိစၥမ်ား အဆင္ေျပမည္။ ေငြရွာရလြယ္ျခင္း ေငြအ၀င္အထြက္ ၾကမ္းျခင္းမ်ား ႀကံဳလိမ့္မည္။ ရန္မ်ားျခင္းစကားမ်ားေျဖရွင္းရျခင္း/အထူးသတိျပဳရန္ အလုပ္တြင္ အတိုက္အခံ အနည္းငယ္ႀကံဳရတတ္ပါသည္။ စပ္တူရွယ္ယာလုပ္ငန္းမ်ား လုပ္လွ်င္ေအာင္ျမင္မည္။ ပညာေရးကံေကာင္းပါသည္။ က်န္းမားေရးအနည္းငယ္ညံ႕လိမ့္မည္။

အိမ္ေထာင္ေရးကံေကာင္း၍အဆင္ေျပပါမည္။အခ်စ္ေရးမွာအပ်ိဳ လူပ်ိဳျဖစ္လွ်င္ ခ်စ္ခင္သူႏွင့္ေတြ႕ရတတ္သည္။ ခ်စ္ရမယ့္သူႏွင့္ဆံုေတြ႔လိမ့္မည္ ။ ခ်စ္သူရွိၿပီးသား သူေတြအဖို႕ေတာ့ ထူးထူးျခားျခား မရွိႏိုင္ပါဘူး၊ သာယာခ်မ္းေျမ.တဲ့အခ်စ္ သက္တမ္းကာလေလးေပါ့တစ္ခုေတာ့ထူးျခားပါတယ္။ အခ်စ္ေရးကံစန္းပြင့္ေနတဲ႔ကာလျဖစ္ပါတယ္။

ယႀတာ- အိမ္ဘုရားတြင္ ပန္းသီး ၇လံုးကပ္လႈေပးပါ။ ေမတၱာသုတ္ ရြတ္ဖတ္ေပးပါ။

———————————————————-

ဗုဒၶဟူးသားသမီးမ်ားအတြက္

မေမွ်ာ္လင့္ဘဲ ေအာက္လက္ငယ္သားေတြရဲ႕ ဆန္႔က်င္ ေတာ္လွန္တာေတြကို ခံရတတ္သည္။ လုပ္ငန္းေတြမွာ အခက္အခဲေတြၾကံဳ ေတြ႕ရလိမ့္မယ္။ မေမွ်ာ္လင့္ပဲ စိတ္ညစ္စရာေတြ ေရာက္လာတတ္ပါတယ္။ လုပ္ေနရတဲ့ အလုပ္ကိုလည္း စိတ္မဝင္စားေတာ့ဘဲ စိတ္ေလေနတတ္ပါတယ္။ လက္ရွိ အလုပ္ကေန တျခားအလုပ္ကို ေျပာင္းလိုစိတ္ ေပၚတတ္ပါတယ္။ မေျပာင္းပါနဲ႔။ လက္ရွိအလုပ္က ေတာ္ေသးတယ္။ သူတစ္ပါးအတြက္ အာမခံေပးတာမ်ိဳး၊ ကိုယ္စားလိုက္ၿပီး ေျပာေပးတာမ်ိဳး မလုပ္ပါနဲ႔။ ဒုကၡေရာက္ တတ္ပါတယ္။ ကိုယ့္ေငြေတြ သူမ်ားလက္ထဲသြားၿပီး ျမဳပ္ေနတတ္ပါတယ္။ ခါးနာတာတို႔၊ ေျခေထာက္နာတာတို႔လည္း ျဖစ္တတ္ပါေသးတယ္။ အိမ္တြင္းေရးလည္း အဆင္မေျပျဖစ္တတ္ပါတယ္။ အေပ်ာ္အပါးကိစၥရပ္မ်ားျဖစ္ေပၚေနတတ္ပါတယ္။အေပါင္းေဖာ္ခ်စ္သူခင္သူမိသားစုနွင့္အတူတကြေနထိုင္ရတတ္ပါတယ္။ ေငြဝင္သေလာက္ျပန္လည္ကုန္ဆံုးတတ္မည္။အလုပ္၌ကံမေကာင္း၍ သူတစ္ပါးနွင့္စကားမ်ားရတတ္တယ္။ေငြကံအာမခံမႈမ်ားမလုပ္ပါနွင့္ လုပ္လွ်င့္ျပသနာအႀကီးအျကယ္ျဖစ္ကိန္းျကံုမည္။ စန္းပြင့္၍လူခ်စ္လူခင္ေပၚမ်ားတတ္ပါတယ္။

အခ်စ္ေရးမွာခ်စ္သူဟာကိုယ္အေပၚကိုမေကာင္းျမင္ေနလိမ့္မယ္၊ သံသယေတြ၀င္ေနတတ္ပါမယ္။ တျခားအဆင္မေျပစရာေတြ၊ စိတ္ညစ္စရာေတြႀကံဳေနရတာေၾကာင့္ ခ်စ္သူ (သို႔မဟုတ္)အိမ္ေထာင္ဘက္တို႔ရဲ႕ ျပစ္တင္ေျပာဆိုျခင္းကို မခံႏိုင္ပဲအတိုက္အခံေတြျဖစ္လာ တတ္တယ္။ ဒီအတိုက္အခံေတြရဲ႕ ေနာက္ဆံုးရလဒ္ကေတာ့သံေယာဇဥ္ႀကိဳးေလး ျပတ္ေတာက္သြားရျခင္းပါပဲ။ အဲ႔ဒါကိုသတိေလးနဲ႔ေနေပးရင္အဆင္ေျပပါတယ္။ ခ်စ္သူဆီက အခ်စ္အေျဖကိုေတာင္းခံငံ႔လင့္ေနသူေတြအတြက္ေတာ့ ဒီႏွစ္ထဲမွာစိတ္ခ်မ္းသာရမယ့္အေျဖ မရရွိႏိုင္ဘူး၊ သူဟာကိုယ့္ရဲ႕စကားေတြ ကို မယံုမၾကည္ျဖစ္ေနေသးတယ္။ ၿပီးေတာ့ကိုယ့္ရဲ႕ အားနည္းခ်က္တစ္ခ်ိဳ႕ေၾကာင့္ အထင္ေသးၿပီးခ်စ္ဖို႕ မ၀ံ႕မရဲျဖစ္ေပမယ့္ တခ်ိဳ႕အားသာခ်က္ကစန္းပြင့္ေနလို႔ ခ်စ္သူသစ္ရ ရင္ခဏတာပဲေပ်ာ္ရပါမယ့္တည္ျမဲတဲ႔ခ်စ္သူမဟုတ္လို့ပါ။ ခ်စ္သူရွိတဲ႔သူေတြ (သို႔မဟုတ္)အိမ္ေထာင္ရွိတဲ႔သူေတြက တျခားသူရဲအရိပ္ျပလ့ိုတိတ္တိတ္ပုန္းအဲ႔ဒီဘက္ဇာတ္လမ္းစခ်င္စိတ္ ေပါက္ပါမယ္။ပညာေရးကံေကာင္းပါတယ္။ က်န္းမာေရးနည္းနည္းဂရုစိုက္ပါ။

ယႀတာ- မိမိေမြးနံ႔ၿဂိဳဟ္ေထာင့္တြင္ ႏြားႏို႔ႏွင့္ ေရ သပၸါယ္ေပးပါ။

———————————————————-

ၾကာသပေတးသားသမီးမ်ားအတြက္

ကံတရားကိုဥာဏ္ကစားေနခ်ိန္ေျပာင္းလဲမႈမ်ားေၾကာင့္တက္လမ္းပြင့္ေနမည္။လူတကာ၏ လႈိက္လွဲပ်ဴငွာစြာ အေရးေပးမႈကို ခံရလိမ့္မည္။ ေက်းဇူးတုံ႕ျပန္မႈ ခံရဖြယ္ရွိမယ္။ ေလာဘကို အေတာင္မတပ္ဘဲ ျဖည္းျဖည္းမွန္မွန္လုပ္ေဆာင္ပါ။ ေအာက္လက္ငယ္သားအတြက္ ဝမ္းသာစရာေတြ ၾကဳံမယ္။ ျပႆနာတစ္ခု အလိုလိုရွင္းသြားမယ္။ သူမ်ားအတြက္စိတ္ပူပင္ေသာက ေရာက္ေနခ်ိန္မိမိၾကိဳးစားခ့ဲသမွ်အဆင္ေျပလာ၍ေပ်ာ္ရႊင္ေနရမယ္။ စီးပြားေရးမွ သတိထားရမွာက စပ္တူရွယ္ယာမ်ားအရူံးေပၚေနခ်ိန္ပါ ဂရုစုိက္ပါ။ အေပါင္းသင္းမ်ားေၾကာင့္စိတ္ေသာကအနည္းငယ္ေရာက္ေနရတတ္မည္။စီးပြားေရး၌ကံေကာင္းျခင္းအက်ိဳးကိုစ၍ခံစားရမည္။ရပ္တန္႕ထားသည့္အလုပ္မ်ားျပန္လည္စတင္နိုင္မည္။ ပိတ္ဆို့္ေနေသာေငြကံမ်ား ျပန္ပြင့္မည္။ စိတ္ကူးသစ္မ်ား ေဆာင္ရြက္ေအာင္ျမင္မည္။ ေဝးကြာေနေသာသူမ်ားနွင့္ ျပန္လည္ဆုံစည္းတတ္သည္။ အဆုံးသတ္ထားသည့္ ကိစၥမ်ား ထပ္မံေရွ႕တိုးေဆာင္ရြက္ရမယ္။ မိတ္ေဆြေကာင္းမ်ားထံမွ အေထာက္အကူရမည္။ လုပ္ငန္းလုပ္ေနေသာသူမ်ား ဝင္ေငြတိုးျခင္းရာထူးတက္ျခင္း၊ ကိုယ္ပိုင္လုပ္ငန္းလုပ္သူမ်ား အလုပ္အဆင္ေျပ၍ အတက္လမ္းျမင္ေတြ႕ရမယ္။
သူတစ္ပါးစကား နားမေထာင္ပါနွင့္။ ဆုံးျဖတ္ထားသည့္အတုိင္း ဆက္လုပ္ပါ။

အိုးအိမ္ေနရာထိုင္ခင္းကိစၥမ်ား အဆင္ေျပမည္။အိမ္ေရာင္းအိမ္ဝယ္ေအာင္ျမင္မည္။ ယခင္ေဆာင္ရြက္ျပီး အဆုံးမသတ္ရေသးေသာ ကိစၥမ်ားကို ျပီးေျမာက္ေအာင္ ေဆာင္ရြက္ႏုိင္လိမ့္မည္။ လမ္းခြဲသူမွ ကိုယ့္အေပၚ ဒုကၡေပးလာတတ္သည္။ ပညာေရးကံေကာင္း၍ေအာင္ျမင္မည္။အိမ္ေထာင္ေရးကံေကာင္းမည္။။ အခ်စ္ေရးမွာ မိမိ၏နွလုံးသားရင္ခုန္သံကို မိဘမ်ား၏ ဆႏၵေၾကာင့္ ဘရိတ္အုပ္ရပ္တန့္ရလိမ့္မည္္။

ယႀတာ- မိမိေမြးေန႔တြင္ ေရေနသတၱဝါအား ေပါက္ေပါက္ ၊ ေပါင္မုန္႔ ေကြၽးပါ။

———————————————————-

ေသာၾကာသားသမီးမ်ားအတြက္

ေစတနာအေပၚ တန္ဖိုးမထားေသာသူမ်ားနွင့္ နားလည္မႈ႕မရွိ၊ အတၱၾကီးမားေသာ သူမ်ားေၾကာင့္ စိတ္အေႏွာင့္အယွက္ျဖစ္မည္။ လူေပါင္းမွားျခင္း၊ ဆုံးျဖတ္ခ်က္မွားျခင္းမ်ား ျဖစ္မယ္။ လုပ္ကိုင္ေနေသာ လုပ္ငန္းမ်ား တစစရပ္တန္႕ခ်င္စိတ္ေပါက္လာမည္။ မိသားစုဝင္မ်ား တစ္ဦးျပီးတစ္ဦး က်န္းမာေရးအည့ံျဖစ္မည္္။ ေဆြမ်ိဳး၊ မိသားစုတို႕၏ အခက္အခဲမ်ား၊ ျပႆနာမ်ားကို တာဝန္ယူေျဖရွင္းေပးရမည္။ ဆုံးရႈံးထားေသာ ေငြျပန္ရျပီးမွ ကုန္ဆံုးတတ္သည္။ ေခ်းငွားကာျပန္မေပး၊ စက္ပစၥည္းမ်ား အပ်က္အစီးမ်ားမယ္။ ယာဥ္၊ကားအဝင္မေတာ္ပါ။ က်န္းမာေရးလဲ အနည္းငယ္ည႔ံေနတတ္ပါတယ္။ လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕အုပ္စုဖြဲ႕တိုက္ခိုက္ျခင္းေတြခံရတတ္ပါတယ္။ ရင္းႏွီးသူေတြနဲ႔ စကားမ်ားခြဲခြာရမဲ့အခ်ိန္ပါပဲ။ မသြားခ်င္တဲ့ခရီးေတြသြားရတတ္ပါတယ္။အလုပ္ကိစၥေတြ၊လူမႈေရးကိစၥေတြေၾကာင့္အိမ္မကပ္ျဖစ္ရတတ္ပါတယ္။ ေမ်ာ္လင့္ထားတာေတြ အထစ္အေငါ့ႀကံဳၿပီးမွ အဆင္ေျပလိမ့္မယ္။ စက္ပစၥည္းမ်ား လ်ွပ္စစ္ပစၥည္းမ်ားအဝင္မခံသင့္တဲ့ကာလပါပဲ။ ခရီးေဝးကိစၥ ႏိုင္ငံျခားကိစၥခဏဆိုင္းထားသင့္တဲ့ကာလပါပဲ။ အဖိုးတန္ပစၥည္းမ်ား ေမ့က်န္ခဲ့တာမ်ိဳးၾကံဳရတတ္တယ္။ အိမ္တြင္းေရးကံမေကာင္းပါ။အိမ္ေထာင္ဦးစီးေၾကာင့္တစ္အိမ္သားလံုးေသာကေရာက္ရလိမ့္မယ္။အိမ္ေထာင္ေရးအဆင္မေျပတဲ့ကာလပါ။ အိမ္ေထာင္ဖက္နဲ႔ စကားမ်ားရန္ျဖစ္ရတတ္သည္။ အိမ္မကပ္ခ်င္ဘဲ အိမ္နဲ႔အေဝးကိုသြားခ်င္စိတ္ျဖစ္ေပၚေနမည္။ မိသားစုအတြက္ အခ်ိန္ကုန္၊ လူပန္းခံျပီး ေဆာင္ရြက္သည့္ကိစၥမ်ားမွ အက်ိဳးေကာင္းမရလာနိုင္ပါ။ မိမိဆႏၵအား ဦးစားမေပးပါနွင့္။

ေဝးကြာေနေသာသူမ်ား ျပတ္ေတာက္ေနေသာ အဆက္အသြယ္မ်ားနွင့္ ျပန္လည္ခ်ိတ္ဆက္မိမယ္။ ကိုယ့္ကိစၥမဟုတ္ဘဲ တစ္ပါးသူအတြက္ အခ်ိန္ကုန္၊ ေငြကုန္လူမုန္းခံျပီး ေဆာင္ရြက္ရေသာ အေနအထားရွိလာမယ္။ ထင္ရာလုပ္လုိစိတ္မ်ား ျဖစ္ေပၚေနမယ္။စာရြက္၊ စာတမ္း၊ ေငြေရး၊ေၾကးေရး ကိစၥမ်ားနွင့္ ပတ္သက္၍ ျပႆနာမ်ား ေျဖရွင္းရမယ္။ သူတစ္ပါးအေပၚ ကူညီစာနာျခင္းေၾကာင့္ ျပႆနာမ်ားျဖစ္ေပၚမယ္။ စီးပြာေရး၌ဆံုးရႈံးနစ္နာမႈမ်ားႀကံဳေတြ႕လာနိုင္တယ္။ေငြေႀကးဝန္ေဆာင္မႈလုပ္ငန္းမ်ားအေပးအယူလုပ္ငန္းကံေကာင္းျခင္းမရွိပါေငြကံေႀကာင့္စိတ္နွစ္ခြျဖစ္ေနတတ္မည္။ေရြအဝင္ထြက္ျဖစ္မည္။
ပညာေရးအေပၚ စိတ္မပါတာမ်ိဳးၾကံဳရတတ္ပါမည္္။ အခ်စ္ေရးကိစၥေတြလဲ အဆင္မေျပႀကံဳ ရတတ္ပါသည္။ အခ်စ္ေရးကံမေကာင္းပါဘူး။

ယႀတာ- မိမိေမြးေန႔တြင္ အုန္းထမင္း ဆြမ္းေတာ္တင္ပါ။

———————————————————-

စေနသားသမီးမ်ားအတြက္

ဆန္႕က်င္ဘက္ျပဳသူမ်ားနွင့္ ထိပ္တိ္ုက္ရင္ဆိုင္ရမည္။ ရန္မ်ားမည္။ အျပ္ိဳင္အဆိုင္၊ အတုိက္အခံမ်ားနွင့္ ထိပ္တုိက္ျကံုေတြ႕မည္။ ရည္ရြယ္ထားသည့္အေၾကာင္းအရာမ်ား တလြဲတေခ်ာ္ျဖစ္မည္။ အိမ္တြင္းေရး၊ လူမႈေရးျပႆနာမ်ား ရွိမည္။ သူတစ္ပါးေၾကာင့္ မိမိရည္ရြယ္ခ်က္နွင့္ အလုပ္ကိစၥမွန္သမွ် ဆုိင္းငံ့ရပ္တန္႕ရျခင္းရွိမည္။ အတူေနအုပ္စုနွင့္ ပဋိပကၡျဖစ္မည္။ တစ္ပါးသူအတြက္ ၾကားဝင္၍တာဝန္ယူျခင္း၊ အနစ္နာခံျခင္း၊ သူတစ္ပါးကိစၥလူမုန္းခံ၍ ေျပာဆုိေပးရျခင္းၾကဳံမည္။ သူမ်ားျပႆနာကိုယ့္ ျပႆနာျဖစ္တတ္သည္။ အၾကီးအကဲျငိဳျငင္မႈခံရမည္။ ကိုယ္လုပ္ကို္င္သည့္ ကိစၥ၊ တာဝန္ယူသည့္ ကိစၥအေပၚသတ္မွတ္ထားသည့္အတုိင္းအတာထက္ပို၍ ေကာင္းမြန္ေအာင္ေဆာင္ရြက္မႈေၾကာင့္ ၾကားဝင္၍ ေငြကုန္မည္။ စိတ္ထဲမတင္မက်ျဖစ္စရာ ေဝခြဲဆံုးျဖတ္ခက္ေနတာ မ်ိဳးၾကံဳရတတ္ပါတယ္။ စြပ္စြဲခံေနရမည္။မိတ္ေဆြအေပါင္းသငး္မ်ားေႀကာင့္သင္နွင့္ထင္ေပၚရႈပ္ေထြးျပသနာတက္ေနမည္။ကဲ႔ရဲခံေနရမည္။ ေငြကံမေကာင္း၍ဆံုးရႈံးမႈရွိသည္။သူတစ္ပါး၏အျပစ္ေျပာဆိုမႈခံရမည္။သူငယ္ခ်င္းမ်ား၏အားေပးမွဳ႕အတိုင္းလုပ္ေဆာင္ျဖစ္မည္။

အိမ္ေထာင္ရွိတဲ့ လူမ်ားကေတာ့ သတိထားရပါမယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ဒီအခ်ိန္ပိုင္းမွာ မ်က္ႏွာ ပြင့္တယ္။ သားသမီးရွိရင္ သားသမီးအတြက္ စိတ္ေသာကေရာက္ရတတ္ပါတယ္။ မၾကာခဏ ခရီးထြက္ရတတ္ပါတယ္။ ထြက္လမ္းခရီးကံေကာင္းက်ိဳးမရွိပါ။ ေနာက္တစ္ခုက ဒီအခ်ိန္ပိုင္းမွာ ဘာေတြပဲျဖစ္ျဖစ္၊ ဘာေတြပဲ ႀကံဳႀကံဳ တစ္ခါတည္းနဲ႔ မၿပီးဘူး၊ ႏွစ္ခါ ႏွစ္ခါထပ္ၿပီး ျဖစ္တတ္တဲ့ သေဘာရွိတယ္။ အိမ္မွာ အရြယ္ေရာက္ၿပီးတဲ့ ေယာက်ာ္းေလး၊ မိန္းကေလးရွိရင္ေတာ့ သတိထားပါဦး။ အိမ္က ထြက္သြားတတ္ပါတယ္။ ပညာေရးစိတ္အေနွာင့္ယွက္ႀကံဳေတြ႕ေနမည္။ ဒီအခ်ိန္ပိုင္းမွာ သင့္အိမ္ကို ကိုယ္ဝန္ေဆာင္သည္ ေရာက္လာၿပီး ညအိပ္ညေန တည္းခိုရင္၊ ဒါမွ မဟုတ္သင့္အိမ္မွာ နဂိုကတည္းက ကိုယ္ဝန္ေဆာင္သည္ရွိေနခဲ့ရင္ ထီဆုႀကီး ေပါက္တတ္ပါတယ္။ က်န္းမာေရး ထိခိုက္ဒဏ္ရာ ရတတ္။ က်န္းမာေရးေတာ့ နည္းနည္းဂ႐ုစိုက္ပါ။ ဦးေခါင္းနဲ႔ဝမ္းဗိုက္ ဒုကၡေပးတတ္ပါတယ္။ ဟအိမ္ေထာင္ေရး၌ ေငြကိုအေၾကာင္းျပဳၿပီး စကားမ်ားရမည္။ အခ်စ္ေရးကံမွာစကားမ်ားေနရမယ္။ အခ်စ္ေရးကိစၥေတြလဲ အဆင္မေျပႀကံဳ ရတတ္ပါတယ္။

ယႀတာ-အပတ္စဥ္တိုင္းေမြးေန႔မနက္တြင္ ေထာ္ပတ္ကိတ္မုန္႔ (၇) ခုအိမ္ဘုရားမွာလႉပါ။

———————————————————-

ရဟုသားသမီးမ်ားအတြက္

အရာရာေအးေဆးတည္ၿငိမ္စြာ ေနထိုင္သင့္တဲ့ အခ်ိန္ပါ။ စိတ္မေလာပါနဲ႔ စိတ္ျမန္လက္ျမန္ဘာမွမလုပ္ပါနဲ႔ စိတ္ရွည္ရွည္ထားပါ။ ယာဥ္ကား ေမာင္ႏွင္းေနသူမ်ား တတ္ႏိုင္သမွ် သတိနွင့္ေမာင္းပါ။ စက္ပစၥည္း၊ ရတနာပစၥည္းမ်ား အေျပာင္းအလဲ အ၀င္အထြက္ျဖစ္ပါမည္။ မိဘမ်ားက်န္းမာေရးညံ့တတ္တဲ့ အတြက္ဂ႐ုစိုက္ရပါလိမ့္မည္။ ေငြကုန္ေၾကးက်မ်ားပါလိမ့္မည္။ လာဘ္ကေတာ့ရႊင္ပါတယ္။ သူမ်ားေငြ ၊အမ်ားပိုင္ေငြ လက္မခံပါနဲ႔ လက္ခံမိပါေစႏွင့္။ အိုးအိမ္ကိစၥ ၊ေနရာထိုင္ခင္းကိစၥမ်ားအဆင္ေျပေခ်ာေမြ႕ပါတယ္။ မုန္းေနတဲ့သူမ်ားကပင္ အကူအညီေပးေတာ့မယ္။ မေပါင္းဖူးေသာ မိတ္ေဆြသစ္မ်ားနွင့္ႀကံဳေတြ႕မယ္။ ကိုယ္ပိုင္လုပ္ငန္း၊ စပ္တူရွယ္ယာလုပ္ငန္းမ်ား အထင္အျမင္လြဲစရာမ်ား ျဖစ္တတ္မယ္။ မိသာစုေရး သံသယ၀င္ျခင္းႏွင့္ စိတ္၀မ္းကြဲျခင္းမ်ားျဖစ္ကိန္းရွိ၍ဂရုစိုက္ေနထိုင္ရန္လို႔အပ္တယ္။ စိတ္ကူးထားတာ ရည္မွန္းထားတာေတြ အံ့ၾသစရာေကာင္းစြာ ျပည့္ေျမာက္လာပါလိမ့္မယ္။ ႏႈတ္ေစာင့္စည္းပါ။ ေျပာတဲ့အတိုင္းၾကံဳရတတ္လို႔ပါ။ ဂုဏ္သတင္းေက်ာ္ႀကားျခင္းနွင့္ထင္ေပၚစီးပြားတိုးမည္။ အလွဴအတန္းကိစၥမ်ား မုခ်ကူညီလုပ္ရမယ္။ ဒီအခိ်န္ပိုင္းမွာ အေျပာင္းအလဲေတြနဲ႔ႀကံဳရပါမယ္။ အၾကံအစည္ေျပာင္းတတ္မည္။အေတြးအေခၚေျပာင္းတတ္မည္။ ဒီလိုအခ်ိန္မ်ိဳးနဲ႔ၾကံဳတဲ့အခါ ေအာက္ဆံုးကို ေရာက္ေနတဲ့သူေတာင္ အထက္ဆံုးကိုေရာက္သြားႏိုင္ပါတယ္။ ကိုယ့္ေပၚႏိွမ္ခ်င္တဲ့ လူက ဘယ္ေလာက္ႏိွမ္ႏွိမ္ ကံတရားက မ်က္ႏွာသာေပးၿပီ ကိုယ့္လုပ္သမွ်အားလံုးက လက္ပိုက္ ၾကည့္ေနရမည့္အခ်ိန္ျဖစ္ပါတယ္။ တစ္ပါးသူၾကားကိစၥမ်ား အရမ္းမ၀င္ပါနွင့္ ဝင္ပါကရႈပ္ေထြးတတ္ပါမယ္။ ကံဇာတာမွာအေကာင္းေတြခ်ည္းပဲ ျဖစ္ေတာ့မယ္။ အရင္တုန္းက ဘယ္ေလာက္ညံ့ညံ့အခုအခါမွာ မ်က္လွည့္ျပလိုက္သလို ျဖတ္ကနဲ ေျပာင္းၿပီး. ဂြပ္ကနဲ. ေကာင္းၿပီး။စုလာဘ့္စိုက္တဲ႔ စိုင္ေကာ္လို႔ခ်ံဳေပၚေရာက္လာတဲ႔လာဘ္ေကာင္းကိန္းမ်ိဳးပါပဲ။ ပညာေရးရည္မွန္းခ်က္ေအာင္ျမင္မယ္။ ပညာေရးက ႀကိဳးစားသေလာက္ထြန္းေပါက္မွာပါ။ ငယ္ရြယ္သူမ်ား အခ်စ္ေရးမွာ စန္းပြင့္ေနမည္။

ယၾတာ – တန္ခိုးႀကီးဘုရားမ်ားတြင္ တံျမတ္စည္း၂လက္ ႏွင့္ ေသာက္ေရအိုးလႉေပးပါ။

မိတ္ေဆြမ်ားအားလံုး စိတ္ခ်မ္းသာကိုယ္က်န္းမာၿပီး ဘဝမွာအခက္ခဲမ႐ွိ ေအာင္းျမင္ေသာေန႔ရက္မ်ားစြာကို ပိုင္ဆိုင္ႏိုင္ၾကပါေစ🌷🌷🌷

🔮ဆရာမင္းသုခ ေဗဒင္ႏွင့္လကၡဏာ

📱09440243656

🏠73လမ္း/34-35လမ္းၾကား မႏၱေလးၿမိဳ႕

(Unicode Version)

ခုနှစ်ရက် သားသမီးများအတွက် ၂၀၁၈ ခုနှစ် ၁ လပိုင်းအတွက် ဟောစာတမ်း

တနင်္ဂနွေသားသမီးများအတွက်

စီးပွားရေးလုပ်ငန်းတိုးချဲ့ခြင်း/ဌာနနေရာပြောင်းရွေ့ရခြင်း များပြုလုပ်ရမည်။ စီးပွားရေးအောင်မြင်မည်။ ငွေချေးငှားခြင်းစပ်တူရှယ်ယာလုပ်ခြင်းအထူးရှောင်ကြဉ်ပါ။ဟဆုံးရှုံးထားသောငွေများပြန်လည်ရရှိမယ်။ ရပ်ဝေးနယ်ဝေးသို့ခရီးထွက်ရမည်။ အတည်တကျလုပ်ရသည့့်လုပ်ငန်းများအဆင်ပြေမယ်။ နိုင်ငံခြားခရီးကံကောင်းမည်။ လူမျိုးခြားအကျိုးပေးမည်။ အနုပညာရပ်တွေမှာ ထူးချွန်တတ်သည်။ သွားကိုက်သွားနာသတိပြုပါ။ ရာထူးတိုးပြီး အလုပ်ပြောင်းရကိန်းရှိသည်။ ဘုရားဖူးခရီးထွက်ရတတ်သည်။ သူတစ်ပါးထံမှ ငွေမချေးရ။ မြောက်အရပ်သို့ ခရီးမသွားရ။ စီးပွားရေးဤလတဝက်ထိ သိပ်အဆင်မပြေမှု့များနှင့်ဖြစ်နေမည်။ ကွဲကွာနေသောမိတ်ဆွေများမိသားစုများနှင့်ပြန်လည်ဆုံတွေ့ဖြစ်မည်။။ ဆုံးရှုံးထားသောငွေများပြန်လည်ရရှိတတ်မယ်။မိတ်ဆွေအပေါင်းသင်းချစ်သူခင်သူမိသာစုးအတွက်စိတ်ပူပေးရတတ်တယ်။အဆိုးအညံ့အလုံးစုံကင်းစင်၍အလိုဆန္ဒရည်ရွယ်ချက်အောင်မြင်မယ်။ ငွေကြေးကံကောင်းမယ်။ အလုပ်အဆင့်တိုးတက် ပြီး ဆောင်ရွက်ရသည့် ကိစ္စမှန်သမျှတွင် အတိုက်အခံများလိမ့်မည်။ စာရင်းဇယား ပြဿနာများ ဖြေရှင်းရတတ်သည်။

အချစ်ရေးမှာချစ်သူနှစ်ဦး အတွက် ပျော်စရာအကောင်းဆုံးသာယာချမ်းမြေ့ဖို့အကောင်းဆုံးကာလပါ။ ချစ်နေပြီးသူတွေ လက် ထပ်ဖို့ တာစူနေကြသူတွေဆိုရင်တော့ ဒီနှစ်ထဲမှာ ထိမ်းမြားဖို့ အခြေအနေပေးတတ်ပါတယ်။ ဘယ်လို အနှောင့်အယှက်မျိုးတွေပဲ ရှိနေနေ၊ လက်ထပ်ဖို့စီစဉ်ထားရင်မလွဲမသွေအောင်မြင်မှာပါ ချစ်သူဘဝမှာ ပျော်ရွှင်ကြည်နူးရသလို တစ်ဘက် ကလည်းစီးပွားတက်ရာထူးတက်ပြီးအဆင်ပြေမယ်။ ပညာရေးမှာတခြားမည့်သည့်စာမေးပွဲပဲဖြစ်ဖြစ်အောင်နိုင်တယ်။ ဆောင်ရွက်ထားတဲ့ ကိစ္စတွေပြီး ပြတ်နိုင်တယ်။ ဒါ့ကြောင့် တခြားလူမှုရေးသောက၊ စီးပွားရေးသောကပညာရေးသောကတွေ ကင်းစင် နေတာကြောင့့် အချစ်နဲ့ပတ်သက်ပြီးစိတ်ကူးသမျှ အကောင်အထည်ဖော်ပြီး ချစ်နိုင်ကြပါမည်။ အိမ်ထောင်ရေးလည်းကောင်းပါမည်။

ယတြာ-မိမိမွေးနံဂြိုဟ်ဘုရားတွင် ထောပတ်ဆီမီး (၇) ခွက် ထွန်းညှိပူဇော်ပါ။ သို့မဟုတ် မီးချောင်း ၊ ဖန်ချောင်း ၊ ရောင်စုံမီးသီးများ လှုဒါန်းပါ။

———————————————————-

တနင်္လာသားသမီးများအတွက်

ဆွေမျိုး၊ မိသားစုတို့၏ အခက်အခဲများ၊ ပြဿနာများကို တာဝန်ယူဖြေရှင်းပေးရမည်။အထင််လွဲခံရမယ်။ အလုပ်၌အထူးကံကောင်းလာပြီးဆရာကောင်းနှင့်တွေ့ဆုံမည်။ ်လူမှုရေး၌အထူးလူချစ်လူခင်ပေါ်များမည်။မိတ်ဆွေအပေါင်းအသင်းနှင့်ဆက်ဆံရေးမပြေပြစ်စေကာမူတပည့်လက်သားအလုပ်သမားမိတ်ဆွေတို့နှင့်အဆင်ပြေတိုးတက်ကောင်းမွန်နိုင်သည်။ ဘာကိုပဲလုပ်လုပ် ရှေ့သို့မရောက်ဘဲ တိုးလို့တန်းလန်းဖြစ်နေမည်။ ဟိုဟာလုပ်ရကောင်းနိုးနိုး ဒီဟာ လုပ်ရကောင်းနိုးနိုး နဲ့ အချိန်ကုန်သွားတတ်ပါမည်။ ဒုက္ခကြီးကြီးမားမား မဟုတ်သော်လည်း စိတ်အနှောက်ယှက် ဖြစ်စရာတွေတော့ကြုံရတတ်ပါတယ်။ ဒီအချိန်မှာကံကောင်းချင်ရင်တော့ဘာပဲလုပ်လုပ်မြန်မြန်လုပ်ပါ။ ဖြတ်ကနဲပေါ် ဆတ်ကနဲချက်ချင်းထလုပ်ပါ။ အဲ့လိုလုပ်နိုင်ရင်တော့ကောင်းပါတယ်။ လုပ်ငန်းများတွင်အနှောင့်အယှက်များနှင့်ကြံုတွေ့ရမည်။စိတ်ပျက်စရာများကြံုတွေ့ရတတ်မည်။အများနှင့်အတိုက်အခံဖြစ်ရမည်။ငွေအကုန်အကျများနေမည််။ကျမ်းမာရေးဝမ်းဗိုက်ဒုက္ခပေးတတ်ပါတယ်။ပညာရေးမှာအောင်မြင် မှု ့များခံစားရပါမယ်။ အလုပ်အကိုင်များမှာတော့ ကုန်သွယ်မှု များ အောင်မြင်မှုရနေပြီးတချို့အလုပ်များပြသနာအခက်ခဲတွေ့ကြံုပါမယ်။ အထက်ပုဂ္ဂိုလ်ကောင်းများမစ၍အလုပ်၌အဆင်ပြေလာတော့မယ်။ မိတ်ကောင်းဆရာကောင်းတွေ တွေ့မယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စ၊ စာမေးပွဲကိစ္စတွေ အထူးကောင်းပါတယ်။ စပ်တူကိစ္စတွေလည်း အောင်မြင်မယ်။ စာချုပ်ချုပ်ရမယ့်ကိစ္စတွေလည်း အဆင်ပြေမယ်။မထင်မှတ်တဲ့ ဘာသာရေး၊ ပညာရေး၊ အခွင့်အလမ်းကောင်းတွေ ပေါ်လာတတ်ပါတယ်။ ရာထူးနေရာကိစ္စတွေမှာလည်း အနှောင့်အယှက်တွေကြားက အောင်မြင်သွားတတ်ပါတယ်။ စပ်တူအလုပ်များသတိထားပါ။

အိမ်ထောင်ရေးကိစ္စမှာ စိတ်သဘောထားအဆင်မပြေကြံုတွေ့တတ်မယ်။ အိမ်ထောင်ရေး အတွင်းလူ ဒုက္ခပေးတတ်ပါတယ်။အချစ်နဲ့ပတ်သက်ပြီ ပျော်စရာအကောင်း ဆုံး ကာလပါ။ ချစ်သူနဲ့စိတ်သဘောထားခြင်းတိုက် ဆိုင်ပြီး အပူအပင်မရှိ သာယာကြည်နူးရမယ်၊ ချစ်သူမဖြစ်သေးရင်လဲ ကိုယ်ကစွဲလမ်းနေ သူရဲ့ ခေါင်းညိတ်အဖြေစကားကို ကြားရမယ်၊ ချစ်သူ ဟာကိုယ့်အလိုဆန္ဒကို လိုက်လျောလွန်းတာကြောင့် သတိတရားတော့ရှိရမယ်၊ ချစ်သူအပေါ် စောင့်ထိန်း ရမယ့် သိက္ခာတရားကို စောင့်ထိန်းကြရမည်။ အနေဝေးနေတဲ့ချစ်သူတွေအတွက်ကအလွမ်းတသသနဲ့အနေဝေးခြင်း ဒဏ်ကိုအလွမ်းကျပြီးခံစားနေပါမယ်။?အချစ်ရေး၌ဤအဖြစ်ပျက်တွေကြိုတင် သတိထားပြီးဆင်ခြင်နိုင်ရင်တော့နှလုံးသားရေးရာနဲ့ပတ်သက်ပြီးဘာမှစိတ်သောက ပွားစရာမလိုပါဘူး။

ယတြာ-မိမိမွေးနေ့၌ ဘုရားမှာ ရွှေသင်္ကန်းကပ်လှူပါ။ ဆီထမင်း ကပ်လှုပူဇော်ပါ။

———————————————————-

အင်္ဂါသားသမီးများအတွက်

ငွေကြေးမြောက်များစွာ ၀င်မည်။ အလှူဒါနများ ပြုလုပ်ရမည်။ အမှုအခင်း ကိစ္စများ ပြဿနာများ အောင်မြင်စွာ ဖြေရှင်းနိုင်တတ်မည်။ သွားလေရာ မျက်နှာပွင့်လန်းမယ်။ စီးပွားရေးအထူးကောင်းမဲ့အချိန်ပါပဲ။ အလုပ်အကိုင်မှာ ပြိုင်ဆိုင်မှု့များ တွေ ့ရမည်။ လုပ်ငန်းများတိုးချဲ့ တီ့ထွင်ခြင်းအလုပ်အသစ်စတင်ခြင်း အထူးကောင်းပါလိမ့်မည်။ ငွေကြေးလဲအဖက်ဖက်ကဝင်လာတတ်ပါတယ်။ ဆိုင်ခန်းကိစ္စ၊အိမ်ကိစ္စ၊အလုပ်ကိစ္စ အခက်အခဲ့ကြံုနေသူများပြန်အဆင်ပြေလိမ့်မယ်။စပ်တူကိစ္စ၊ ရှယ်ယာကိစ္စများလုပ်ကိုင်၍ အကျိုးပေးလိမ့်မယ်။ ဘာသာရေးနဲ့ပက်သက်သော ပစ္စည်းများလက်ဆောင်ရမယ်။ ပညာရေးကိစ္စ ၊အင်တာဗျူ းကိစ္စ၊အောင်မြင်မယ်။ အရာရာစိတ်မောလူမောပြီးလုပ်ဆောင်နေရမယ်။ဘာလုပ်လုပ် တလွဲတချော်ဖြစ်နေတတ်သော်လည်း စီးပွားရေး၌ သိသိသာသာစီးပွားတက်မည်။သိကြားမ လိုက်သကဲ့သို့ လက်ရှိအခြေအနေထက်များစွာမြင့်တက်သွားလိမ့်မယ်။လုပ်ငန်းများ သိသိသာသာ အောင်မြင်မူ့ရမည်။ လုပ်ငန်သစ်များ စတင်ပြု လုပ်နိုင်သောကာလဖြစ်ပါတယ်။ အဝေး၌ရှိမိတ်ဆွေများအကူအညီရကိန်းရှိတယ်။ စနစ်တကျလုပ်ကိုင်ထားသည်များ မသေချာ မရေရာသော အနေအထားသို့ရောက်ရှိမည်။ လက်ဆင့်ကမ်းတာဝန်ယူသူ ပေါ့လျော့၍ ဆောင်ရွက်ထားသည်များ ဖရိုဖရဲဖြစ်လိမ့်မည်။ ငွေကြေးအပေးအယူကိစ္စမှန်သမျှ သတိနှင့် ဆောင်ရွက်ပါ။ အပြောင်းအလဲကိစ္စအတွက် ဆောင်ရွက်ရန် အခါကောင်းကျရောက်နေပါပြီ။ ရင်းနှီးသူများနှင့် စကားများရမည်။ သစ်လွင်သော အလုပ်ကိစ္စများကို ဦးတည်နေဆဲ ပြဿနာဟောင်းများ ပြန်လည်ဖြေရှင်းရမယ်။ လူမျိုးဘာသာမတူခြားနားသော သူများနှင့် တွဲဖက်လုပ်သော ကိစ္စများမှ အောင်မြင်မှု့ရမည်။ တရားမျှတမှုခုံမင်မည်။ ဘုရားဖူးခရီးများ စိတ်ချမ်းသာစရာခရီးများ ပြည်တွင်းပြည်ပခရီးများ သွားရလိမ့််မည်။ ခရီးဝေးယာယီများလည်းသွားကောင်း၏။အဖိုးတန်ကျောက်။ကား မြေကိစ္စ၊ အမွေကိစ္စများ အဆင်ပြေမည်။ ငွေရှာရလွယ်ခြင်း ငွေအဝင်အထွက် ကြမ်းခြင်းများ ကြံုလိမ့်မည်။ ရန်များခြင်းစကားများဖြေရှင်းရခြင်း/အထူးသတိပြုရန် အလုပ်တွင် အတိုက်အခံ အနည်းငယ်ကြံုရတတ်ပါသည်။ စပ်တူရှယ်ယာလုပ်ငန်းများ လုပ်လျှင်အောင်မြင်မည်။ ပညာရေးကံကောင်းပါသည်။ ကျန်းမားရေးအနည်းငယ်ညံ့လိမ့်မည်။

အိမ်ထောင်ရေးကံကောင်း၍အဆင်ပြေပါမည်။အချစ်ရေးမှာအပျို လူပျိုဖြစ်လျှင် ချစ်ခင်သူနှင့်တွေ့ရတတ်သည်။ ချစ်ရမယ့်သူနှင့်ဆုံတွေ့လိမ့်မည် ။ ချစ်သူရှိပြီးသား သူတွေအဖို့တော့ ထူးထူးခြားခြား မရှိနိုင်ပါဘူး၊ သာယာချမ်းမြေ.တဲ့အချစ် သက်တမ်းကာလလေးပေါ့တစ်ခုတော့ထူးခြားပါတယ်။ အချစ်ရေးကံစန်းပွင့်နေတဲ့ကာလဖြစ်ပါတယ်။

ယတြာ- အိမ်ဘုရားတွင် ပန်းသီး ရလုံးကပ်လှုပေးပါ။ မေတ္တာသုတ် ရွတ်ဖတ်ပေးပါ။

———————————————————-

ဗုဒ္ဓဟူးသားသမီးများအတွက်

မမျှော်လင့်ဘဲ အောက်လက်ငယ်သားတွေရဲ့ ဆန့်ကျင် တော်လှန်တာတွေကို ခံရတတ်သည်။ လုပ်ငန်းတွေမှာ အခက်အခဲတွေကြံု တွေ့ရလိမ့်မယ်။ မမျှော်လင့်ပဲ စိတ်ညစ်စရာတွေ ရောက်လာတတ်ပါတယ်။ လုပ်နေရတဲ့ အလုပ်ကိုလည်း စိတ်မဝင်စားတော့ဘဲ စိတ်လေနေတတ်ပါတယ်။ လက်ရှိ အလုပ်ကနေ တခြားအလုပ်ကို ပြောင်းလိုစိတ် ပေါ်တတ်ပါတယ်။ မပြောင်းပါနဲ့။ လက်ရှိအလုပ်က တော်သေးတယ်။ သူတစ်ပါးအတွက် အာမခံပေးတာမျိုး၊ ကိုယ်စားလိုက်ပြီး ပြောပေးတာမျိုး မလုပ်ပါနဲ့။ ဒုက္ခရောက် တတ်ပါတယ်။ ကိုယ့်ငွေတွေ သူများလက်ထဲသွားပြီး မြုပ်နေတတ်ပါတယ်။ ခါးနာတာတို့၊ ခြေထောက်နာတာတို့လည်း ဖြစ်တတ်ပါသေးတယ်။ အိမ်တွင်းရေးလည်း အဆင်မပြေဖြစ်တတ်ပါတယ်။ အပျော်အပါးကိစ္စရပ်များဖြစ်ပေါ်နေတတ်ပါတယ်။အပေါင်းဖော်ချစ်သူခင်သူမိသားစုနှင့်အတူတကွနေထိုင်ရတတ်ပါတယ်။ ငွေဝင်သလောက်ပြန်လည်ကုန်ဆုံးတတ်မည်။အလုပ်၌ကံမကောင်း၍ သူတစ်ပါးနှင့်စကားများရတတ်တယ်။ငွေကံအာမခံမှုများမလုပ်ပါနှင့် လုပ်လျှင့်ပြသနာအကြီးအကြယ်ဖြစ်ကိန်းကြံုမည်။ စန်းပွင့်၍လူချစ်လူခင်ပေါ်များတတ်ပါတယ်။

အချစ်ရေးမှာချစ်သူဟာကိုယ်အပေါ်ကိုမကောင်းမြင်နေလိမ့်မယ်၊ သံသယတွေဝင်နေတတ်ပါမယ်။ တခြားအဆင်မပြေစရာတွေ၊ စိတ်ညစ်စရာတွေကြံုနေရတာကြောင့် ချစ်သူ (သို့မဟုတ်)အိမ်ထောင်ဘက်တို့ရဲ့ ပြစ်တင်ပြောဆိုခြင်းကို မခံနိုင်ပဲအတိုက်အခံတွေဖြစ်လာ တတ်တယ်။ ဒီအတိုက်အခံတွေရဲ့ နောက်ဆုံးရလဒ်ကတော့သံယောဇဉ်ကြိုးလေး ပြတ်တောက်သွားရခြင်းပါပဲ။ အဲ့ဒါကိုသတိလေးနဲ့နေပေးရင်အဆင်ပြေပါတယ်။ ချစ်သူဆီက အချစ်အဖြေကိုတောင်းခံငံ့လင့်နေသူတွေအတွက်တော့ ဒီနှစ်ထဲမှာစိတ်ချမ်းသာရမယ့်အဖြေ မရရှိနိုင်ဘူး၊ သူဟာကိုယ့်ရဲ့စကားတွေ ကို မယုံမကြည်ဖြစ်နေသေးတယ်။ ပြီးတော့ကိုယ့်ရဲ့ အားနည်းချက်တစ်ချို့ကြောင့် အထင်သေးပြီးချစ်ဖို့ မဝံ့မရဲဖြစ်ပေမယ့် တချို့အားသာချက်ကစန်းပွင့်နေလို့ ချစ်သူသစ်ရ ရင်ခဏတာပဲပျော်ရပါမယ့်တည်မြဲတဲ့ချစ်သူမဟုတ်လို့ပါ။ ချစ်သူရှိတဲ့သူတွေ (သို့မဟုတ်)အိမ်ထောင်ရှိတဲ့သူတွေက တခြားသူရဲအရိပ်ပြလိ့ုတိတ်တိတ်ပုန်းအဲ့ဒီဘက်ဇာတ်လမ်းစချင်စိတ် ပေါက်ပါမယ်။ပညာရေးကံကောင်းပါတယ်။ ကျန်းမာရေးနည်းနည်းဂရုစိုက်ပါ။

ယတြာ- မိမိမွေးနံ့ဂြိုဟ်ထောင့်တွင် နွားနို့နှင့် ရေ သပ္ပါယ်ပေးပါ။

———————————————————-

ကြာသပတေးသားသမီးများအတွက်

ကံတရားကိုဉာဏ်ကစားနေချိန်ပြောင်းလဲမှုများကြောင့်တက်လမ်းပွင့်နေမည်။လူတကာ၏ လှိုက်လှဲပျူငှာစွာ အရေးပေးမှုကို ခံရလိမ့်မည်။ ကျေးဇူးတုံ့ပြန်မှု ခံရဖွယ်ရှိမယ်။ လောဘကို အတောင်မတပ်ဘဲ ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်ပါ။ အောက်လက်ငယ်သားအတွက် ဝမ်းသာစရာတွေ ကြုံမယ်။ ပြဿနာတစ်ခု အလိုလိုရှင်းသွားမယ်။ သူများအတွက်စိတ်ပူပင်သောက ရောက်နေချိန်မိမိကြိုးစားခဲ့သမျှအဆင်ပြေလာ၍ပျော်ရွှင်နေရမယ်။ စီးပွားရေးမှ သတိထားရမှာက စပ်တူရှယ်ယာများအရူံးပေါ်နေချိန်ပါ ဂရုစိုက်ပါ။ အပေါင်းသင်းများကြောင့်စိတ်သောကအနည်းငယ်ရောက်နေရတတ်မည်။စီးပွားရေး၌ကံကောင်းခြင်းအကျိုးကိုစ၍ခံစားရမည်။ရပ်တန့်ထားသည့်အလုပ်များပြန်လည်စတင်နိုင်မည်။ ပိတ်ဆို့်နေသောငွေကံများ ပြန်ပွင့်မည်။ စိတ်ကူးသစ်များ ဆောင်ရွက်အောင်မြင်မည်။ ဝေးကွာနေသောသူများနှင့် ပြန်လည်ဆုံစည်းတတ်သည်။ အဆုံးသတ်ထားသည့် ကိစ္စများ ထပ်မံရှေ့တိုးဆောင်ရွက်ရမယ်။ မိတ်ဆွေကောင်းများထံမှ အထောက်အကူရမည်။ လုပ်ငန်းလုပ်နေသောသူများ ဝင်ငွေတိုးခြင်းရာထူးတက်ခြင်း၊ ကိုယ်ပိုင်လုပ်ငန်းလုပ်သူများ အလုပ်အဆင်ပြေ၍ အတက်လမ်းမြင်တွေ့ရမယ်။
သူတစ်ပါးစကား နားမထောင်ပါနှင့်။ ဆုံးဖြတ်ထားသည့်အတိုင်း ဆက်လုပ်ပါ။

အိုးအိမ်နေရာထိုင်ခင်းကိစ္စများ အဆင်ပြေမည်။အိမ်ရောင်းအိမ်ဝယ်အောင်မြင်မည်။ ယခင်ဆောင်ရွက်ပြီး အဆုံးမသတ်ရသေးသော ကိစ္စများကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်လိမ့်မည်။ လမ်းခွဲသူမှ ကိုယ့်အပေါ် ဒုက္ခပေးလာတတ်သည်။ ပညာရေးကံကောင်း၍အောင်မြင်မည်။အိမ်ထောင်ရေးကံကောင်းမည်။။ အချစ်ရေးမှာ မိမိ၏နှလုံးသားရင်ခုန်သံကို မိဘများ၏ ဆန္ဒကြောင့် ဘရိတ်အုပ်ရပ်တန့်ရလိမ့်မည််။

ယတြာ- မိမိမွေးနေ့တွင် ရေနေသတ္တဝါအား ပေါက်ပေါက် ၊ ပေါင်မုန့် ကျွေးပါ။

———————————————————-

သောကြာသားသမီးများအတွက်

စေတနာအပေါ် တန်ဖိုးမထားသောသူများနှင့် နားလည်မှု့မရှိ၊ အတ္တကြီးမားသော သူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်မည်။ လူပေါင်းမှားခြင်း၊ ဆုံးဖြတ်ချက်မှားခြင်းများ ဖြစ်မယ်။ လုပ်ကိုင်နေသော လုပ်ငန်းများ တစစရပ်တန့်ချင်စိတ်ပေါက်လာမည်။ မိသားစုဝင်များ တစ်ဦးပြီးတစ်ဦး ကျန်းမာရေးအည့ံဖြစ်မည််။ ဆွေမျိုး၊ မိသားစုတို့၏ အခက်အခဲများ၊ ပြဿနာများကို တာဝန်ယူဖြေရှင်းပေးရမည်။ ဆုံးရှုံးထားသော ငွေပြန်ရပြီးမှ ကုန်ဆုံးတတ်သည်။ ချေးငှားကာပြန်မပေး၊ စက်ပစ္စည်းများ အပျက်အစီးများမယ်။ ယာဉ်၊ကားအဝင်မတော်ပါ။ ကျန်းမာရေးလဲ အနည်းငယ်ည့ံနေတတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေရဲ့အုပ်စုဖွဲ့တိုက်ခိုက်ခြင်းတွေခံရတတ်ပါတယ်။ ရင်းနှီးသူတွေနဲ့ စကားများခွဲခွာရမဲ့အချိန်ပါပဲ။ မသွားချင်တဲ့ခရီးတွေသွားရတတ်ပါတယ်။အလုပ်ကိစ္စတွေ၊လူမှုရေးကိစ္စတွေကြောင့်အိမ်မကပ်ဖြစ်ရတတ်ပါတယ်။ မျော်လင့်ထားတာတွေ အထစ်အငေါ့ကြံုပြီးမှ အဆင်ပြေလိမ့်မယ်။ စက်ပစ္စည်းများ လျှပ်စစ်ပစ္စည်းများအဝင်မခံသင့်တဲ့ကာလပါပဲ။ ခရီးဝေးကိစ္စ နိုင်ငံခြားကိစ္စခဏဆိုင်းထားသင့်တဲ့ကာလပါပဲ။ အဖိုးတန်ပစ္စည်းများ မေ့ကျန်ခဲ့တာမျိုးကြံုရတတ်တယ်။ အိမ်တွင်းရေးကံမကောင်းပါ။အိမ်ထောင်ဦးစီးကြောင့်တစ်အိမ်သားလုံးသောကရောက်ရလိမ့်မယ်။အိမ်ထောင်ရေးအဆင်မပြေတဲ့ကာလပါ။ အိမ်ထောင်ဖက်နဲ့ စကားများရန်ဖြစ်ရတတ်သည်။ အိမ်မကပ်ချင်ဘဲ အိမ်နဲ့အဝေးကိုသွားချင်စိတ်ဖြစ်ပေါ်နေမည်။ မိသားစုအတွက် အချိန်ကုန်၊ လူပန်းခံပြီး ဆောင်ရွက်သည့်ကိစ္စများမှ အကျိုးကောင်းမရလာနိုင်ပါ။ မိမိဆန္ဒအား ဦးစားမပေးပါနှင့်။

ဝေးကွာနေသောသူများ ပြတ်တောက်နေသော အဆက်အသွယ်များနှင့် ပြန်လည်ချိတ်ဆက်မိမယ်။ ကိုယ့်ကိစ္စမဟုတ်ဘဲ တစ်ပါးသူအတွက် အချိန်ကုန်၊ ငွေကုန်လူမုန်းခံပြီး ဆောင်ရွက်ရသော အနေအထားရှိလာမယ်။ ထင်ရာလုပ်လိုစိတ်များ ဖြစ်ပေါ်နေမယ်။စာရွက်၊ စာတမ်း၊ ငွေရေး၊ကြေးရေး ကိစ္စများနှင့် ပတ်သက်၍ ပြဿနာများ ဖြေရှင်းရမယ်။ သူတစ်ပါးအပေါ် ကူညီစာနာခြင်းကြောင့် ပြဿနာများဖြစ်ပေါ်မယ်။ စီးပွာရေး၌ဆုံးရှုံးနစ်နာမှုများကြံုတွေ့လာနိုင်တယ်။ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအပေးအယူလုပ်ငန်းကံကောင်းခြင်းမရှိပါငွေကံကြောင့်စိတ်နှစ်ခွဖြစ်နေတတ်မည်။ရွေအဝင်ထွက်ဖြစ်မည်။
ပညာရေးအပေါ် စိတ်မပါတာမျိုးကြံုရတတ်ပါမည််။ အချစ်ရေးကိစ္စတွေလဲ အဆင်မပြေကြံု ရတတ်ပါသည်။ အချစ်ရေးကံမကောင်းပါဘူး။

ယတြာ- မိမိမွေးနေ့တွင် အုန်းထမင်း ဆွမ်းတော်တင်ပါ။

———————————————————-

စနေသားသမီးများအတွက်

ဆန့်ကျင်ဘက်ပြုသူများနှင့် ထိပ်တိ်ုက်ရင်ဆိုင်ရမည်။ ရန်များမည်။ အပြ်ိုင်အဆိုင်၊ အတိုက်အခံများနှင့် ထိပ်တိုက်ကြံုတွေ့မည်။ ရည်ရွယ်ထားသည့်အကြောင်းအရာများ တလွဲတချော်ဖြစ်မည်။ အိမ်တွင်းရေး၊ လူမှုရေးပြဿနာများ ရှိမည်။ သူတစ်ပါးကြောင့် မိမိရည်ရွယ်ချက်နှင့် အလုပ်ကိစ္စမှန်သမျှ ဆိုင်းငံ့ရပ်တန့်ရခြင်းရှိမည်။ အတူနေအုပ်စုနှင့် ပဋိပက္ခဖြစ်မည်။ တစ်ပါးသူအတွက် ကြားဝင်၍တာဝန်ယူခြင်း၊ အနစ်နာခံခြင်း၊ သူတစ်ပါးကိစ္စလူမုန်းခံ၍ ပြောဆိုပေးရခြင်းကြုံမည်။ သူများပြဿနာကိုယ့် ပြဿနာဖြစ်တတ်သည်။ အကြီးအကဲငြိုငြင်မှုခံရမည်။ ကိုယ်လုပ်ကို်င်သည့် ကိစ္စ၊ တာဝန်ယူသည့် ကိစ္စအပေါ်သတ်မှတ်ထားသည့်အတိုင်းအတာထက်ပို၍ ကောင်းမွန်အောင်ဆောင်ရွက်မှုကြောင့် ကြားဝင်၍ ငွေကုန်မည်။ စိတ်ထဲမတင်မကျဖြစ်စရာ ဝေခွဲဆုံးဖြတ်ခက်နေတာ မျိုးကြံုရတတ်ပါတယ်။ စွပ်စွဲခံနေရမည်။မိတ်ဆွေအပေါင်းသငး်များကြောင့်သင်နှင့်ထင်ပေါ်ရှုပ်ထွေးပြသနာတက်နေမည်။ကဲ့ရဲခံနေရမည်။ ငွေကံမကောင်း၍ဆုံးရှုံးမှုရှိသည်။သူတစ်ပါး၏အပြစ်ပြောဆိုမှုခံရမည်။သူငယ်ချင်းများ၏အားပေးမှု့အတိုင်းလုပ်ဆောင်ဖြစ်မည်။

အိမ်ထောင်ရှိတဲ့ လူများကတော့ သတိထားရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ဒီအချိန်ပိုင်းမှာ မျက်နှာ ပွင့်တယ်။ သားသမီးရှိရင် သားသမီးအတွက် စိတ်သောကရောက်ရတတ်ပါတယ်။ မကြာခဏ ခရီးထွက်ရတတ်ပါတယ်။ ထွက်လမ်းခရီးကံကောင်းကျိုးမရှိပါ။ နောက်တစ်ခုက ဒီအချိန်ပိုင်းမှာ ဘာတွေပဲဖြစ်ဖြစ်၊ ဘာတွေပဲ ကြံုကြံု တစ်ခါတည်းနဲ့ မပြီးဘူး၊ နှစ်ခါ နှစ်ခါထပ်ပြီး ဖြစ်တတ်တဲ့ သဘောရှိတယ်။ အိမ်မှာ အရွယ်ရောက်ပြီးတဲ့ ယောကျာ်းလေး၊ မိန်းကလေးရှိရင်တော့ သတိထားပါဦး။ အိမ်က ထွက်သွားတတ်ပါတယ်။ ပညာရေးစိတ်အနှောင့်ယှက်ကြံုတွေ့နေမည်။ ဒီအချိန်ပိုင်းမှာ သင့်အိမ်ကို ကိုယ်ဝန်ဆောင်သည် ရောက်လာပြီး ညအိပ်ညနေ တည်းခိုရင်၊ ဒါမှ မဟုတ်သင့်အိမ်မှာ နဂိုကတည်းက ကိုယ်ဝန်ဆောင်သည်ရှိနေခဲ့ရင် ထီဆုကြီး ပေါက်တတ်ပါတယ်။ ကျန်းမာရေး ထိခိုက်ဒဏ်ရာ ရတတ်။ ကျန်းမာရေးတော့ နည်းနည်းဂရုစိုက်ပါ။ ဦးခေါင်းနဲ့ဝမ်းဗိုက် ဒုက္ခပေးတတ်ပါတယ်။ ဟအိမ်ထောင်ရေး၌ ငွေကိုအကြောင်းပြုပြီး စကားများရမည်။ အချစ်ရေးကံမှာစကားများနေရမယ်။ အချစ်ရေးကိစ္စတွေလဲ အဆင်မပြေကြံု ရတတ်ပါတယ်။

ယတြာ-အပတ်စဉ်တိုင်းမွေးနေ့မနက်တွင် ထော်ပတ်ကိတ်မုန့် (၇) ခုအိမ်ဘုရားမှာလှူပါ။

———————————————————-

ရဟုသားသမီးများအတွက်

အရာရာအေးဆေးတည်ငြိမ်စွာ နေထိုင်သင့်တဲ့ အချိန်ပါ။ စိတ်မလောပါနဲ့ စိတ်မြန်လက်မြန်ဘာမှမလုပ်ပါနဲ့ စိတ်ရှည်ရှည်ထားပါ။ ယာဉ်ကား မောင်နှင်းနေသူများ တတ်နိုင်သမျှ သတိနှင့်မောင်းပါ။ စက်ပစ္စည်း၊ ရတနာပစ္စည်းများ အပြောင်းအလဲ အဝင်အထွက်ဖြစ်ပါမည်။ မိဘများကျန်းမာရေးညံ့တတ်တဲ့ အတွက်ဂရုစိုက်ရပါလိမ့်မည်။ ငွေကုန်ကြေးကျများပါလိမ့်မည်။ လာဘ်ကတော့ရွှင်ပါတယ်။ သူများငွေ ၊အများပိုင်ငွေ လက်မခံပါနဲ့ လက်ခံမိပါစေနှင့်။ အိုးအိမ်ကိစ္စ ၊နေရာထိုင်ခင်းကိစ္စများအဆင်ပြေချောမွေ့ပါတယ်။ မုန်းနေတဲ့သူများကပင် အကူအညီပေးတော့မယ်။ မပေါင်းဖူးသော မိတ်ဆွေသစ်များနှင့်ကြံုတွေ့မယ်။ ကိုယ်ပိုင်လုပ်ငန်း၊ စပ်တူရှယ်ယာလုပ်ငန်းများ အထင်အမြင်လွဲစရာများ ဖြစ်တတ်မယ်။ မိသာစုရေး သံသယဝင်ခြင်းနှင့် စိတ်ဝမ်းကွဲခြင်းများဖြစ်ကိန်းရှိ၍ဂရုစိုက်နေထိုင်ရန်လို့အပ်တယ်။ စိတ်ကူးထားတာ ရည်မှန်းထားတာတွေ အံ့သြစရာကောင်းစွာ ပြည့်မြောက်လာပါလိမ့်မယ်။ နှုတ်စောင့်စည်းပါ။ ပြောတဲ့အတိုင်းကြံုရတတ်လို့ပါ။ ဂုဏ်သတင်းကျော်ကြားခြင်းနှင့်ထင်ပေါ်စီးပွားတိုးမည်။ အလှူအတန်းကိစ္စများ မုချကူညီလုပ်ရမယ်။ ဒီအချိန်ပိုင်းမှာ အပြောင်းအလဲတွေနဲ့ကြံုရပါမယ်။ အကြံအစည်ပြောင်းတတ်မည်။အတွေးအခေါ်ပြောင်းတတ်မည်။ ဒီလိုအချိန်မျိုးနဲ့ကြံုတဲ့အခါ အောက်ဆုံးကို ရောက်နေတဲ့သူတောင် အထက်ဆုံးကိုရောက်သွားနိုင်ပါတယ်။ ကိုယ့်ပေါ်နှိမ်ချင်တဲ့ လူက ဘယ်လောက်နှိမ်နှိမ် ကံတရားက မျက်နှာသာပေးပြီ ကိုယ့်လုပ်သမျှအားလုံးက လက်ပိုက် ကြည့်နေရမည့်အချိန်ဖြစ်ပါတယ်။ တစ်ပါးသူကြားကိစ္စများ အရမ်းမဝင်ပါနှင့် ဝင်ပါကရှုပ်ထွေးတတ်ပါမယ်။ ကံဇာတာမှာအကောင်းတွေချည်းပဲ ဖြစ်တော့မယ်။ အရင်တုန်းက ဘယ်လောက်ညံ့ညံ့အခုအခါမှာ မျက်လှည့်ပြလိုက်သလို ဖြတ်ကနဲ ပြောင်းပြီး. ဂွပ်ကနဲ. ကောင်းပြီး။စုလာဘ့်စိုက်တဲ့ စိုင်ကော်လို့ချံုပေါ်ရောက်လာတဲ့လာဘ်ကောင်းကိန်းမျိုးပါပဲ။ ပညာရေးရည်မှန်းချက်အောင်မြင်မယ်။ ပညာရေးက ကြိုးစားသလောက်ထွန်းပေါက်မှာပါ။ ငယ်ရွယ်သူများ အချစ်ရေးမှာ စန်းပွင့်နေမည်။

ယတြာ – တန်ခိုးကြီးဘုရားများတွင် တံမြတ်စည်း၂လက် နှင့် သောက်ရေအိုးလှူပေးပါ။

မိတ်ဆွေများအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာပြီး ဘဝမှာအခက်ခဲမရှိ အောင်းမြင်သောနေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ကြပါစေ🌷🌷🌷

🔮ဆရာမင်းသုခ ဗေဒင်နှင့်လက္ခဏာ

📱09440243656

🏠73လမ်း/34-35လမ်းကြား မန္တလေးမြို့