တစ္ေန႔မွာ ဖန္ဆင္းရွင္ႀကီးဟာ ႏြားတစ္ေကာင္ကို ဖန္ဆင္းလိုက္တယ္

ဟိုးေရွးေရွးတုန္းကေပါ့ခင္ဗ်ာ . . . ဖန္ဆင္းရွင္ႀကီးဟာတစ္ေန႔မွာ ႏြားတစ္ေကာင္ ဖန္ဆင္းလိုက္သတဲ့..။ ၿပီးေတာ့ ႏြားကိုေျပာတယ္… “မင္းလယ္ထဲမွာ တစ္ေနကုန္ လယ္သမားေတြအတြက္ လယ္ထြန္ေပးရမယ္..။ ျမက္ပဲစားရမယ္..။ မင္းကို သက္တမ္း ႏွစ္ ၅၀ ေပးမယ္..။”

ႏြားက ကန္႔ကြက္တယ္.. “ကၽြန္ေတာ္ အဲေလာက္ ပင္ပင္ပန္းပန္း လုပ္ရၿပီးမွ၊ ျမက္ပဲစားရမယ္ဆိုေတာ့ သက္တမ္း ႏွစ္၂၀ပဲယူမယ္..။ ပိုတာ ျပန္သိမ္းထားလိုက္ပါ..။” ဖန္ဆင္းရွင္က သေဘာတူလိုက္တယ္..။

ေနာက္တစ္ရက္မွာ ေမ်ာက္တစ္ေကာင္ ဖန္ဆင္းျပန္သတဲ့..။ ၿပီးေတာ့ ေျပာတယ္..။ “မင္းလူေတြကို ေပ်ာ္ေတာ္ဆက္ရမယ္၊ သူတို႔ ရယ္ေမာေအာင္ မင္းလုပ္ေပးရမယ္..။ ကၽြမ္းထိုးျပရမယ္..၊ ငွက္ေပ်ာသီးစားရမယ္၊ သက္တမ္း ႏွစ္၂၀ေပးမယ္..။”

ေမ်ာက္က ကန္႔ကြက္ျပန္တယ္… “ေပ်ာ္ေတာ္ဆက္ရမယ္၊ ကၽြမ္းလည္းထိုးျပရမယ္၊ ငွက္ေပ်ာသီးပဲစားရမယ္ဆိုေတာ့ ပင္ပန္းလြန္းတယ္ သက္တမ္း ၁၀ႏွစ္ဆိုရပါၿပီ” ဖန္ဆင္းရွင္က သေဘာတူလုိက္ျပန္တယ္..။

တတိယရက္မွာ ေခြးတစ္ေယာက္ ဖန္ဆင္းျပန္သတဲ့… ၿပီးေတာ့ ေျပာတယ္.. “အိမ္ေပါက္၀မွာ ေဟာင္ေပးရမယ္၊ အိမ္ရွင္ေတြပိုတဲ့ စားၾကြင္းစားက်န္ေတြ စားရမယ္..။ မင္းကို ၂၅ႏွစ္ သက္တမ္းေပးမယ္..။”

ေခြးက ကန္႔ကြက္သတဲ့… “တစ္ေနကုန္အိမ္ေရွ႕ေပါက္မွာ ထိုင္ေဟာင္ေပးရမယ္..၊ ဟုတ္လား၊ ၁၅ႏွစ္ဆိုေလာက္ပါၿပီဗ်ာ၊ ပိုတာျပန္သိမ္းထားလိုက္ပါ..။” ဖန္ဆင္းရွင္က သေဘာတူလိုက္ျပန္တယ္.။

စတုတၳရက္မွာ လူတစ္ေယာက္ ဖန္ဆင္းလိုက္သတဲ့..။ ၿပီးေတာ့ ေျပာတယ္… ” မင္း တစ္ေနကုန္ ဘာအလုပ္မွ လုပ္စရာမလိုဘဲ ၊ အိပ္လိုက္ စားလိုက္၊ ေပ်ာ္လိုက္ပါးလိုက္နဲ႔ ဘ၀ကို အရသာခံေနရံုပဲ၊ မင္းကို သက္တမ္း ႏွစ္ ၂၀ေပးမယ္..။”

လူက ကန္႔ကြက္တယ္..။ “ဒီေလာက္ေကာင္းတဲ့ဘ၀ ႏွစ္ ၂၀ဆို တိုလြန္းပါတယ္..” ဖန္ဆင္းရွင္ ႏႈတ္ဆိတ္ေနတယ္..။ လူက ဖန္ဆင္းရွင္ကို ေျပာတယ္… “ဒီလိုလုပ္ပါလား..၊ ႏြားက အႏွစ္ ၃၀ျပန္ေပးသြားတယ္.၊ ေမ်ာက္က ၁၀ႏွစ္၊ ေခြးက ၁၀ႏွစ္ ျပန္ေပးသြားတယ္။ အဲႏွစ္ေတြ အကုန္လံုး ကၽြန္ေတာ့ကို ေပးလိုက္ပါလား၊ အာ့ဆို ကၽြန္ေတာ္ ႏွစ္ ၇၀ေလာက္ ေနလို႔ ရသြားၿပီ” ဖန္ဆင္းရွင္ က သေဘာတူလိုက္တယ္..။

အဲဒါေတြဟာ ဘာေၾကာင့္ ကၽြန္ေတာ္တို႔ ဘ၀အစရဲ့ ႏွစ္ ၂၀ မွာ စားလုိက္ေသာက္လိုက္၊ ေပ်ာ္လိုက္ပါးလိုက္နဲ႔ ေနရၿပီး။ ေနာက္ ႏွစ္ ၃၀ လံုးလံုး ႏြားလိုရုန္းကန္ၿပီး မိသားစုကို လုပ္ေကၽြး။ ေနာက္ ၁၀မွာ ပင္စင္ယူသြားၿပီးေနာက္ ေမ်ာက္လိုမ်ိုး ေျမးေတြ ကိ ုရယ္ေမာေအာင္ ေပ်ာ္ေတာ္ဆက္ ထိန္းေက်ာင္းရ၊။ ေနာက္ထပ္ ၁၀ ႏွစ္မွာ တစ္ေနကုန္ အိမ္မွာပဲေနၿပီး အိမ္ေစာင့္ေနရလဲ ဆိုတဲ့ ေမးခြန္းေတြရဲ့ အေျဖပါပဲ..။

Credit : Moe Oo Wathan

(Unicode Version)

ဟိုးရှေးရှေးတုန်းကပေါ့ခင်ဗျာ . . . ဖန်ဆင်းရှင်ကြီးဟာတစ်နေ့မှာ နွားတစ်ကောင် ဖန်ဆင်းလိုက်သတဲ့..။ ပြီးတော့ နွားကိုပြောတယ်… “မင်းလယ်ထဲမှာ တစ်နေကုန် လယ်သမားတွေအတွက် လယ်ထွန်ပေးရမယ်..။ မြက်ပဲစားရမယ်..။ မင်းကို သက်တမ်း နှစ် ၅၀ ပေးမယ်..။”

နွားက ကန့်ကွက်တယ်.. “ကျွန်တော် အဲလောက် ပင်ပင်ပန်းပန်း လုပ်ရပြီးမှ၊ မြက်ပဲစားရမယ်ဆိုတော့ သက်တမ်း နှစ်၂၀ပဲယူမယ်..။ ပိုတာ ပြန်သိမ်းထားလိုက်ပါ..။” ဖန်ဆင်းရှင်က သဘောတူလိုက်တယ်..။

နောက်တစ်ရက်မှာ မျောက်တစ်ကောင် ဖန်ဆင်းပြန်သတဲ့..။ ပြီးတော့ ပြောတယ်..။ “မင်းလူတွေကို ပျော်တော်ဆက်ရမယ်၊ သူတို့ ရယ်မောအောင် မင်းလုပ်ပေးရမယ်..။ ကျွမ်းထိုးပြရမယ်..၊ ငှက်ပျောသီးစားရမယ်၊ သက်တမ်း နှစ်၂၀ပေးမယ်..။”

မျောက်က ကန့်ကွက်ပြန်တယ်… “ပျော်တော်ဆက်ရမယ်၊ ကျွမ်းလည်းထိုးပြရမယ်၊ ငှက်ပျောသီးပဲစားရမယ်ဆိုတော့ ပင်ပန်းလွန်းတယ် သက်တမ်း ၁၀နှစ်ဆိုရပါပြီ” ဖန်ဆင်းရှင်က သဘောတူလိုက်ပြန်တယ်..။

တတိယရက်မှာ ခွေးတစ်ယောက် ဖန်ဆင်းပြန်သတဲ့… ပြီးတော့ ပြောတယ်.. “အိမ်ပေါက်ဝမှာ ဟောင်ပေးရမယ်၊ အိမ်ရှင်တွေပိုတဲ့ စားကြွင်းစားကျန်တွေ စားရမယ်..။ မင်းကို ၂၅နှစ် သက်တမ်းပေးမယ်..။”

ခွေးက ကန့်ကွက်သတဲ့… “တစ်နေကုန်အိမ်ရှေ့ပေါက်မှာ ထိုင်ဟောင်ပေးရမယ်..၊ ဟုတ်လား၊ ၁၅နှစ်ဆိုလောက်ပါပြီဗျာ၊ ပိုတာပြန်သိမ်းထားလိုက်ပါ..။” ဖန်ဆင်းရှင်က သဘောတူလိုက်ပြန်တယ်.။

စတုတ္ထရက်မှာ လူတစ်ယောက် ဖန်ဆင်းလိုက်သတဲ့..။ ပြီးတော့ ပြောတယ်… ” မင်း တစ်နေကုန် ဘာအလုပ်မှ လုပ်စရာမလိုဘဲ ၊ အိပ်လိုက် စားလိုက်၊ ပျော်လိုက်ပါးလိုက်နဲ့ ဘဝကို အရသာခံနေရုံပဲ၊ မင်းကို သက်တမ်း နှစ် ၂၀ပေးမယ်..။”

လူက ကန့်ကွက်တယ်..။ “ဒီလောက်ကောင်းတဲ့ဘဝ နှစ် ၂၀ဆို တိုလွန်းပါတယ်..” ဖန်ဆင်းရှင် နှုတ်ဆိတ်နေတယ်..။ လူက ဖန်ဆင်းရှင်ကို ပြောတယ်… “ဒီလိုလုပ်ပါလား..၊ နွားက အနှစ် ၃၀ပြန်ပေးသွားတယ်.၊ မျောက်က ၁၀နှစ်၊ ခွေးက ၁၀နှစ် ပြန်ပေးသွားတယ်။ အဲနှစ်တွေ အကုန်လုံး ကျွန်တော့ကို ပေးလိုက်ပါလား၊ အာ့ဆို ကျွန်တော် နှစ် ရ၀လောက် နေလို့ ရသွားပြီ” ဖန်ဆင်းရှင် က သဘောတူလိုက်တယ်..။

အဲဒါတွေဟာ ဘာကြောင့် ကျွန်တော်တို့ ဘဝအစရဲ့ နှစ် ၂၀ မှာ စားလိုက်သောက်လိုက်၊ ပျော်လိုက်ပါးလိုက်နဲ့ နေရပြီး။ နောက် နှစ် ၃၀ လုံးလုံး နွားလိုရုန်းကန်ပြီး မိသားစုကို လုပ်ကျွေး။ နောက် ၁၀မှာ ပင်စင်ယူသွားပြီးနောက် မျောက်လိုမျိုး မြေးတွေ ကိ ုရယ်မောအောင် ပျော်တော်ဆက် ထိန်းကျောင်းရ၊။ နောက်ထပ် ၁၀ နှစ်မှာ တစ်နေကုန် အိမ်မှာပဲနေပြီး အိမ်စောင့်နေရလဲ ဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေပါပဲ..။

Credit : Moe Oo Wathan