တကၠသိုလ္ ေက်ာင္းသားဘ၀မွာ အပို၀င္ေငြကို တစ္ဖက္တစ္လမ္းကေန ဘယ္လို ရွာေဖြၾကမလဲ

တကၠသိုလ္ေက်ာင္းသားဘ၀ဆိုတာ လူသားတိုင္း ျဖတ္ေက်ာ္ၾကရမယ့္ ေတာင္တစ္ခုပါပဲ။ ခက္ခဲနက္နဲတဲ့ စာေတြကို ဖတ္ရႈေလ့လာရင္း တစ္ဖက္တစ္လမ္းကေန ကိုယ့္ရဲ႕ ၀ါသနာပါရာလမ္းကို ရွာေဖြၾကရတဲ့ အရြယ္ေကာင္းျဖစ္ပါတယ္။ ဘ၀ရဲ႕ေျပာင္းလဲတိုးတက္လာမႈကို ကိုယ္တိုင္ျမင္ေတြ႕ၾကရမယ့္အရြယ္၊ လူငယ္ေတြအတြက္ အသစ္အဆန္းေတြကိုေတြ႕ၾကံဳရမယ့္အရြယ္ဆိုလည္း မမွားပါဘူး။ ဒီေတာ့ တကၠသိုလ္မွာ စာကို ၾကိဳးစားသင္ယူရင္းကေန ကိုယ္ပိုင္၀င္ေငြကို ၾကိဳးစားရွာေဖြခ်င္တဲ့ ညီငယ္၊ ညီမငယ္တို႔အတြက္ အသံုး၀င္မယ့္နည္းလမ္းေတြကို မွ်ေ၀ေပးခ်င္ပါတယ္။

စာသင္ျပပါ။ ကိုယ္ဟာ အတန္းပံုမွန္တက္ျပီး သင္သမွ်စာေတြကို ေသခ်ာလိုက္နားေထာင္တတ္တဲ့ သူအတြက္ေတာ့ ခက္ခဲမယ္မထင္ပါဘူး။ ေက်ာင္းပံုမွန္ မတက္ျဖစ္တဲ့ ကိုယ့္သူငယ္ခ်င္းေတြျဖစ္ေစ၊ တျခားသူေတြကိုပဲျဖစ္ေစ ဂိုက္သေဘာအေနနဲ႔ စာသင္ျပေပးတာဟာ ႏွစ္ဦးႏွစ္ဖက္ အက်ိဳးရွိေစတဲ့အျပင္ ကိုယ့္အတြက္လည္း အပို၀င္ေငြကို ရရွိေစမွာျဖစ္ပါတယ္။

မွတ္စုေတြကို ျပန္ေရာင္းပါ။ စာသင္ဖို႔ အခ်ိန္သီးသန္႔မေပးႏုိင္တဲ့သူေတြအတြက္ေတာ့ ဒီနည္းလမ္းဟာ အဆင္ေျပမွာပါ။ သင္ခန္းစာအလိုက္ျဖစ္ေစ၊ ဘာသာရပ္အလိုက္ျဖစ္ေစ ခြဲျခားထားတဲ့မွတ္စုေတြကို လိုအပ္တဲ့သူေတြဆီ ျပန္ေရာင္းျခင္းျဖင့္ အပို၀င္ေငြကို တစ္ဖက္တစ္လမ္းကေန ရွာႏိုင္ပါတယ္။

ဖတ္စာအုပ္ေတြကို ျပန္ေရာင္းပါ။ ကိုယ္က ဒီႏွစ္စာေမးပြဲေအာင္ျပီးလို႔ ေနာက္ႏွစ္ကို တက္ရေတာ့မယ္ဆိုရင္ ဒီဖတ္စာအုပ္ေတြဟာ ကိုယ့္အတြက္ မလိုအပ္ေတာ့ပါဘူး။ ကိုယ္နဲ႔ ခင္မင္ရင္းႏွီးတဲ့သူေတြဆီမွာ ဖတ္စာအုပ္ေတြ ျပန္ေရာင္းလိုက္ရင္ အပို၀င္ေငြ အနည္းငယ္ေတာ့ ျပန္ရႏုိင္မွာပါ။
ဂိမ္းအေကာင့္ေတြကို ျပန္ေရာင္းပါ။ ဂိမ္မာေတြအတြက္ အဆင္ေျပေစမယ့္ နည္းလမ္းျဖစ္ပါတယ္။ တစ္ခ်ိန္က အရမ္းကို ေဟာ့ျဖစ္ခဲ့တဲ့ Clash of Clans ဂိမ္းလိုပါပဲ။ လူငယ္ေတြၾကား ေရပန္းစားေနတဲ့ ဂိမ္းမ်ိဳးေတြမွာ ေတာ္ေတာ္ေလးေအာင္ျမင္တဲ့အထိ ေဆာ့ထားတဲ့ အေကာင့္ေတြကို ေစ်းေကာင္းေကာင္းတင္ျပီး ျပန္ေရာင္းလို႔ရပါတယ္။

အခ်ိန္ပိုင္း အလုပ္လုပ္ပါ။ ေက်ာင္းကိုအျမဲမတက္ျဖစ္သူေတြနဲ႔ အခ်ိန္ပိုေပးႏိုင္တဲ့သူေတြအတြက္ သင့္ေတာ္ပါတယ္။ ညပိုင္းေတြ၊ အားလပ္ရက္ေတြမွာ နီးစပ္ရာ စတိုးဆိုင္၊ mini-mart ေတြမွာ အခိ်န္ပိုင္းအလုပ္ ၀င္လုပ္တာဟာ လူငယ္ေတြအတြက္ အပို၀င္ေငြတိုးေစမယ့္အျပင္ အလုပ္ခြင္နဲ႔လည္း အကၽြမ္းတ၀င္ျဖစ္ေစပါတယ္။

freelance အလုပ္ေတြကို ရွာပါ။ ကိုယ့္အိမ္မွာပဲ ေအးေအးေဆးေဆး အလုပ္လုပ္ရင္းနဲ႔ ၀င္ေငြရွာလုိ႔ ရတဲ့နည္းလမ္းပါ။ စာေရးတာကို သေဘာက်ႏွစ္ျခိဳက္သူေတြအတြက္ content ေတြ ေရးလို႔ရတဲ့ အလုပ္ေတြအျပင္ website ေတြမွာ အခ်က္အလက္ေတြကို စုေဆာင္းျပီး လူေတြစိတ္၀င္စားေလာက္မယ့္ အေၾကာင္းအရာေတြကို ပံုမွန္ေရးေပးရတဲ့ အလုပ္ေတြ ရွိပါတယ္။ အခ်ိန္သိပ္မေပးရတဲ့အျပင္ အပို၀င္ေငြကိုလည္း တစ္ဖက္ဖစ္လမ္းကေန ရွာလို႔ရတဲ့အတြက္ လူငယ္ေတြအတြက္ သင့္ေတာ္ပါတယ္။

Online shopping လုပ္ပါ။ လူငယ္ေတြေတာ္ေတာ္မ်ားမ်ား စိတ္၀င္စားၾကတဲ့ အလုပ္တစ္ခုပါ။ ေက်ာင္းတက္ေနရင္းကေန အပို၀င္ေငြ ရွာခ်င္တာျဖစ္ေစ၊ ေက်ာင္းျပီးသြားရင္လည္း အရင္းအႏွီးမ်ားမ်ား ျမွဳပ္ႏွံျပီး ၀င္ေငြရွာတာျဖစ္ေစ အဆင္ေျပပါတယ္။ အင္တာနက္ကေန ပစၥည္းေတြ ရွာ၀ယ္ျပီး အိမ္တိုင္ရာေရာက္ လိုက္ပို႔တဲ့ စနစ္ကို တြင္တြင္က်ယ္က်ယ္ အသံုးျပဳလာၾကတဲ့ ဒီဘက္ေခတ္မွာ online shopping ဟာ လူငယ္ေတြအတြက္ အပို၀င္ေငြကို ေကာင္းေကာင္းရွာလို႔ရမယ့္ အလုပ္တစ္ခုဆိုလည္း မမွားပါဘူး။

Source : Ye Myo Myat (MyanmarNote)

(Unicode Version)

တက္ကသိုလ် ကျောင်းသားဘဝမှာ အပိုဝင်ငွေကို တစ်ဖက်တစ်လမ်းကနေ ဘယ်လို ရှာဖွေကြမလဲ

တက္ကသိုလ်ကျောင်းသားဘဝဆိုတာ လူသားတိုင်း ဖြတ်ကျော်ကြရမယ့် တောင်တစ်ခုပါပဲ။ ခက်ခဲနက်နဲတဲ့ စာတွေကို ဖတ်ရှုလေ့လာရင်း တစ်ဖက်တစ်လမ်းကနေ ကိုယ့်ရဲ့ ၀ါသနာပါရာလမ်းကို ရှာဖွေကြရတဲ့ အရွယ်ကောင်းဖြစ်ပါတယ်။ ဘဝရဲ့ပြောင်းလဲတိုးတက်လာမှုကို ကိုယ်တိုင်မြင်တွေ့ကြရမယ့်အရွယ်၊ လူငယ်တွေအတွက် အသစ်အဆန်းတွေကိုတွေ့ကြုံရမယ့်အရွယ်ဆိုလည်း မမှားပါဘူး။ ဒီတော့ တက္ကသိုလ်မှာ စာကို ကြိုးစားသင်ယူရင်းကနေ ကိုယ်ပိုင်ဝင်ငွေကို ကြိုးစားရှာဖွေချင်တဲ့ ညီငယ်၊ ညီမငယ်တို့အတွက် အသုံးဝင်မယ့်နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

စာသင်ပြပါ။ ကိုယ်ဟာ အတန်းပုံမှန်တက်ပြီး သင်သမျှစာတွေကို သေချာလိုက်နားထောင်တတ်တဲ့ သူအတွက်တော့ ခက်ခဲမယ်မထင်ပါဘူး။ ကျောင်းပုံမှန် မတက်ဖြစ်တဲ့ ကိုယ့်သူငယ်ချင်းတွေဖြစ်စေ၊ တခြားသူတွေကိုပဲဖြစ်စေ ဂိုက်သဘောအနေနဲ့ စာသင်ပြပေးတာဟာ နှစ်ဦးနှစ်ဖက် အကျိုးရှိစေတဲ့အပြင် ကိုယ့်အတွက်လည်း အပိုဝင်ငွေကို ရရှိစေမှာဖြစ်ပါတယ်။

မှတ်စုတွေကို ပြန်ရောင်းပါ။ စာသင်ဖို့ အချိန်သီးသန့်မပေးနိုင်တဲ့သူတွေအတွက်တော့ ဒီနည်းလမ်းဟာ အဆင်ပြေမှာပါ။ သင်ခန်းစာအလိုက်ဖြစ်စေ၊ ဘာသာရပ်အလိုက်ဖြစ်စေ ခွဲခြားထားတဲ့မှတ်စုတွေကို လိုအပ်တဲ့သူတွေဆီ ပြန်ရောင်းခြင်းဖြင့် အပိုဝင်ငွေကို တစ်ဖက်တစ်လမ်းကနေ ရှာနိုင်ပါတယ်။

ဖတ်စာအုပ်တွေကို ပြန်ရောင်းပါ။ ကိုယ်က ဒီနှစ်စာမေးပွဲအောင်ပြီးလို့ နောက်နှစ်ကို တက်ရတော့မယ်ဆိုရင် ဒီဖတ်စာအုပ်တွေဟာ ကိုယ့်အတွက် မလိုအပ်တော့ပါဘူး။ ကိုယ်နဲ့ ခင်မင်ရင်းနှီးတဲ့သူတွေဆီမှာ ဖတ်စာအုပ်တွေ ပြန်ရောင်းလိုက်ရင် အပိုဝင်ငွေ အနည်းငယ်တော့ ပြန်ရနိုင်မှာပါ။
ဂိမ်းအကောင့်တွေကို ပြန်ရောင်းပါ။ ဂိမ်မာတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းဖြစ်ပါတယ်။ တစ်ချိန်က အရမ်းကို ဟော့ဖြစ်ခဲ့တဲ့ Clash of Clans ဂိမ်းလိုပါပဲ။ လူငယ်တွေကြား ရေပန်းစားနေတဲ့ ဂိမ်းမျိုးတွေမှာ တော်တော်လေးအောင်မြင်တဲ့အထိ ဆော့ထားတဲ့ အကောင့်တွေကို စျေးကောင်းကောင်းတင်ပြီး ပြန်ရောင်းလို့ရပါတယ်။

အချိန်ပိုင်း အလုပ်လုပ်ပါ။ ကျောင်းကိုအမြဲမတက်ဖြစ်သူတွေနဲ့ အချိန်ပိုပေးနိုင်တဲ့သူတွေအတွက် သင့်တော်ပါတယ်။ ညပိုင်းတွေ၊ အားလပ်ရက်တွေမှာ နီးစပ်ရာ စတိုးဆိုင်၊ mini-mart တွေမှာ အချိန်ပိုင်းအလုပ် ၀င်လုပ်တာဟာ လူငယ်တွေအတွက် အပိုဝင်ငွေတိုးစေမယ့်အပြင် အလုပ်ခွင်နဲ့လည်း အကျွမ်းတဝင်ဖြစ်စေပါတယ်။

freelance အလုပ်တွေကို ရှာပါ။ ကိုယ့်အိမ်မှာပဲ အေးအေးဆေးဆေး အလုပ်လုပ်ရင်းနဲ့ ၀င်ငွေရှာလို့ ရတဲ့နည်းလမ်းပါ။ စာရေးတာကို သဘောကျနှစ်ခြိုက်သူတွေအတွက် content တွေ ရေးလို့ရတဲ့ အလုပ်တွေအပြင် website တွေမှာ အချက်အလက်တွေကို စုဆောင်းပြီး လူတွေစိတ်ဝင်စားလောက်မယ့် အကြောင်းအရာတွေကို ပုံမှန်ရေးပေးရတဲ့ အလုပ်တွေ ရှိပါတယ်။ အချိန်သိပ်မပေးရတဲ့အပြင် အပိုဝင်ငွေကိုလည်း တစ်ဖက်ဖစ်လမ်းကနေ ရှာလို့ရတဲ့အတွက် လူငယ်တွေအတွက် သင့်တော်ပါတယ်။

Online shopping လုပ်ပါ။ လူငယ်တွေတော်တော်များများ စိတ်ဝင်စားကြတဲ့ အလုပ်တစ်ခုပါ။ ကျောင်းတက်နေရင်းကနေ အပိုဝင်ငွေ ရှာချင်တာဖြစ်စေ၊ ကျောင်းပြီးသွားရင်လည်း အရင်းအနှီးများများ မြှုပ်နှံပြီး ၀င်ငွေရှာတာဖြစ်စေ အဆင်ပြေပါတယ်။ အင်တာနက်ကနေ ပစ္စည်းတွေ ရှာဝယ်ပြီး အိမ်တိုင်ရာရောက် လိုက်ပို့တဲ့ စနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတဲ့ ဒီဘက်ခေတ်မှာ online shopping ဟာ လူငယ်တွေအတွက် အပိုဝင်ငွေကို ကောင်းကောင်းရှာလို့ရမယ့် အလုပ်တစ်ခုဆိုလည်း မမှားပါဘူး။

Source : Ye Myo Myat (MyanmarNote)