၁၁ ႏွစ္ ၇ လ (၅)တန္းေက်ာင္းသူအား ျဖားေယာင္းေသြးေဆာင္ ခုိးယူေပါင္းသင္းမႈ လႈိင္သာယာ ၌ ျဖစ္ပြား

ရန္ကုန္တုိင္းေဒသႀကီး ေျမာက္ပုိင္းခရုိင္ လႈိင္သာယာျမိဳ႕နယ္ အမွတ္(၆)ရပ္ကြက္မွာ ဇန္န၀ါရီလ ၉ ရက္ေန ့ညက (၅)တန္းေက်ာင္းသူေလးအား ျဖားေယာင္းေသြးေဆာင္ ခုိးယူေပါင္းသင္းမႈ ျဖစ္ပြားခဲ႕ေၾကာင္း သိရိွရပါသည္။

ျဖစ္စဥ္မွာ ၉- ၁ -၂၀၁၈ ရက္ေန႔ ည(၇း၀၀)နာရီအခ်ိန္ခန္႔က ရန္ကုန္တုိင္းေဒသျကီး ေျမာက္ပုိင္းခရုိင္ လႈိင္သာယာျမိဳ႕နယ္ အမွတ္(၆)ရပ္ကြက္ ပီမုိးနင္းလမ္းေပၚရွိ တရားပဲြသုိ႔သြားေရာက္ခဲ႕သူ မ———(ခ)———-အသက္(၁၁)ႏွစ္(၇)လ ရွိ (၅)တန္း ေက်ာင္းတက္ေနသူမွာ ထုိေန႔ည(၁၁း၀၀)နာရီအခ်ိန္ထိ ေနအိမ္သုိ႔ျပန္လည္ေရာက္ရွိလာျခင္း မရွိသျဖင့္ မိခင္ျဖစ္သူေဒၚေဌးေဌးျမင့္ မွ လုိက္လံစုံစမ္းရွာေဖြခဲ႕ရာ ၁၀- ၁ -၂၀၁၈ ရက္ေန႔ ၌ လႈိင္သာယာျမိဳ႕နယ္ အမွတ္(၅)ရပ္ကြက္ ခ်င္းတြင္း(၁)လမ္းရွိ ေက်ာ္ျကီး(ခ)ႏုိးႏုိး ၏ အခန္းတြင္ ျပန္လည္ေတြရွိရသည္။

သမီးျဖစ္သူအားေမးျမန္းရာ ၉- ၁- ၂၀၁၈ ရက္ေန႔ည(၈း၀၀)နာရီအခ်ိန္ခန္႔က ေက်ာ္ႀကီး(ခ)ႏုိးႏုိး က တရားပဲြမွ ေခၚေဆာင္သြားျပီး ၎ေနထုိင္ရာ အေဆာင္ရွိအခန္းတြင္ လင္မယားအျဖစ္ ေပါင္းသင္းေနထုိင္ခဲ႕ေျကာင္း သိရွိရသျဖင့္ မိဘအုပ္ထိန္းမႈေအာက္ရွိ သမီးျဖစ္သူ မ———(ခ)——–အား ျဖားေယာင္းေသြးေဆာင္ခုိးယူေပါင္းသင္းသူ ေက်ာ္ျကီး(ခ)ႏုိးႏုိး အား ဥပေဒအရအေရးယူေပးပါရန္ ေဒၚေဌးေဌးျမင့္မွ တရားလုိျပဳလုပ္တုိင္တန္းခဲ့ပါသည္။

ေက်ာ္ျကီး(ခ)ႏုိးႏုိးအား လႈိင္သာယာျမိဳ႕မရဲစခန္းမွ (ပ) ၁၆၄/၂၀၁၈ ရာဇသတ္ျကီးပုဒ္မ ၃၆၃/၃၇၆ ျဖင့္ အမႈဖြင့္အေရးယူေဆာင္ရြက္လ်ွက္ရွိေျကာင္း သတင္းရရွိသည္။

Source : Tin Naing Tun

(Unicode Version)

၁၁ နှစ် ရ လ (၅)တန်းကျောင်းသူအား ဖြားယောင်းသွေးဆောင် ခိုးယူပေါင်းသင်းမှု လှိုင်သာယာ ၌ ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အမှတ်(၆)ရပ်ကွက်မှာ ဇန်နဝါရီလ ၉ ရက်နေ ့ညက (၅)တန်းကျောင်းသူလေးအား ဖြားယောင်းသွေးဆောင် ခိုးယူပေါင်းသင်းမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ ၉- ၁ -၂၀၁၈ ရက်နေ့ ည(၇းဝဝ)နာရီအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အမှတ်(၆)ရပ်ကွက် ပီမိုးနင်းလမ်းပေါ်ရှိ တရားပွဲသို့သွားရောက်ခဲ့သူ မ———(ခ)———-အသက်(၁၁)နှစ်(၇)လ ရှိ (၅)တန်း ကျောင်းတက်နေသူမှာ ထိုနေ့ည(၁၁းဝဝ)နာရီအချိန်ထိ နေအိမ်သို့ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် မိခင်ဖြစ်သူဒေါ်ဌေးဌေးမြင့် မှ လိုက်လံစုံစမ်းရှာဖွေခဲ့ရာ ၁၀- ၁ -၂၀၁၈ ရက်နေ့ ၌ လှိုင်သာယာမြို့နယ် အမှတ်(၅)ရပ်ကွက် ချင်းတွင်း(၁)လမ်းရှိ ကျော်ကြီး(ခ)နိုးနိုး ၏ အခန်းတွင် ပြန်လည်တွေရှိရသည်။

သမီးဖြစ်သူအားမေးမြန်းရာ ၉- ၁- ၂၀၁၈ ရက်နေ့ည(၈းဝဝ)နာရီအချိန်ခန့်က ကျော်ကြီး(ခ)နိုးနိုး က တရားပွဲမှ ခေါ်ဆောင်သွားပြီး ၎င်းနေထိုင်ရာ အဆောင်ရှိအခန်းတွင် လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့ကြောင်း သိရှိရသဖြင့် မိဘအုပ်ထိန်းမှုအောက်ရှိ သမီးဖြစ်သူ မ———(ခ)——–အား ဖြားယောင်းသွေးဆောင်ခိုးယူပေါင်းသင်းသူ ကျော်ကြီး(ခ)နိုးနိုး အား ဥပဒေအရအရေးယူပေးပါရန် ဒေါ်ဌေးဌေးမြင့်မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ပါသည်။

ကျော်ကြီး(ခ)နိုးနိုးအား လှိုင်သာယာမြို့မရဲစခန်းမှ (ပ) ၁၆၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၆၃/၃၇၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

Source : Tin Naing Tun

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္