ေရႊဆိုင္လုယက္မႈျဖင့္ အလိုရွိသည့္ တရားခံေျပးႏွင့္ အဖြဲ႕အား ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ၁ဝ ဦး ဖမ္းဆီးရမိ

ကရင္ျပည္နယ္ ဘားအံၿမိဳ႕နယ္တြင္ ဇန္နဝါရီ ၂၃ ရက္က ေရႊဆိုင္လုယက္မႈ ျဖင့္အလိုရွိသည့္ တရားခံေျပးေစာလီၫြန္႔(ခ)နဂါး(ခ)လက္ညႇိဳး ဦးေဆာင္ကာ အဖြဲ႕အစည္းအမည္ခံၿပီး လက္နက္ကိုင္ေဆာင္ မူးယစ္ေဆးဝါးေရာင္းခ်သည့္ ေနရာအား သတင္းအရ ပူးေပါင္းအဖြဲ႕မွ ဝင္ေရာက္စီးနင္းဖမ္းဆီးခဲ့ေၾကာင္း သိရသည္။

ဖမ္းဆီးစဥ္ ႏွစ္ဖက္အျပန္အလွန္ ပစ္ခတ္မႈျဖစ္ပြားၿပီး ၎တို႔အဖြဲ႕ထံမွ လက္နက္ခဲယမ္း၊ မူးယစ္ေဆးဝါးအပါအဝင္ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ျပစ္မႈက်ဴးလြန္ရာတြင္ ပါဝင္သူ ၁ဝ ဦးကို ဖမ္းဆီးရမိခဲ့သည္။

ျဖစ္စဥ္မွာ ဘားအံၿမိဳ႕နယ္ ေနာင္ကၿမိဳင္ေက်းရြာေန ဦးေစာခ်စ္ခ်ဳံ၏ေနအိမ္၌ ေစာလီၫြန္႔(ခ)နဂါး(ခ)လက္ညႇိဳး ဦးေဆာင္၍ အဖြဲ႕အစည္းအမည္ခံၿပီး လက္နက္ကိုင္ေဆာင္ မူးယစ္ေဆးဝါးေရာင္းခ်ေနေၾကာင္း သတင္းအရ ဘားအံခ႐ိုင္ မႈခင္းႏွိမ္နင္းေရးအဖြဲ႕ေခါင္းေဆာင္ ရဲအုပ္သက္စိုးဦး ဦးစီးသည့္ ပူးေပါင္းအဖြဲ႕မ်ားျဖင့္ ဇန္နဝါရီ ၂၃ ရက္ မြန္းလြဲ ၁ နာရီ ၄၅ မိနစ္ခန္႔က ဝင္ေရာက္စီးနင္းရွာေဖြဖမ္းဆီးစဥ္ ပူးေပါင္းအဖြဲ႕အား လက္နက္ငယ္ျဖင့္ ျပန္လည္ပစ္ခတ္ခုခံမႈျဖစ္ပြားခဲ့ရာ ပူးေပါင္းအဖြဲ႕မွ ရဲအုပ္ သက္စိုးဦးအပါအဝင္ ေလးဦး ဒဏ္ရာရရွိခဲ့ၿပီး ပစ္ခတ္ခုခံသည့္အဖြဲ႕မွ ေစာလီၫြန္႔(ခ)နဂါး(ခ)လက္ညႇိဳး၊ အိမ္ရွင္ ဦးေစာခ်စ္ခ်ဳံ၊ စိုးမင္းေအာင္တို႔ သုံးဦးအား ဒဏ္ရာျဖင့္ ဖမ္းဆီးရမိကာ စုစုေပါင္းျပစ္မႈက်ဴးလြန္သူ အမ်ဳိးသား ခုနစ္ဦး၊ အမ်ဳိးသမီး သုံးဦး စုစုေပါင္း ၁ဝ ဦးတို႔ ဖမ္းဆီးရမိခဲ့သည္။

ပူးေပါင္းအဖြဲ႕မွ ေနအိမ္ဝင္းအား သက္ေသမ်ားႏွင့္အတူ ရွာေဖြရာ ေမာ္ေတာ္ယာဥ္ႏွစ္ဦး၊WY စိတ္ၾကြေဆးျပား ၆၁ဝဝ၊ လက္နက္မ်ဳိးစုံ ေျခာက္လက္၊ က်ည္အိမ္ ၃၂ ခု၊ က်ည္မ်ဳိးစုံ ၄၂၄ ေတာင့္၊ ၄ဝ မမဗုံးသီး ၂၄ လုံးႏွင့္ အဖြဲ႕အစည္းတံဆိပ္ပါ ေျပာက္က်ားယူနီေဖာင္းႏွင့္ ခ်ပ္ဝတ္တန္ဆာ မ်ဳိးစုံတို႔ကို သိမ္းဆည္းရမိခဲ့သည္။

ထို႔ေၾကာင့္ ျပစ္မႈက်ဴးလြန္ရာတြင္ပါဝင္သူ ေစာခ်စ္ခ်ဳံ(၅၈)ႏွစ္၊ ေစာလီၫြန္႔ (ခ)နဂါး(ခ)လက္ညႇိဳး(၄၃)ႏွစ္၊ စိုးမင္းေအာင္(၂၇)ႏွစ္၊ မိုးစံ(၃၇)ႏွစ္၊ ၾကက္ဖ (၂၁)ႏွစ္၊ လွစိုး(၂ဝ)ႏွစ္၊ ခင္ေဇာ္လင္း(၃၂)ႏွစ္၊ နန္းလႈိင္လႈိင္ဝင္း(၃၅)ႏွစ္၊ ေဒၚေအာင္တင္(၆ဝ)ႏွစ္၊ ေနာ္မူဆားဆဲ(၃၁)ႏွစ္တို႔ ၁ဝ ဦးအား ဘားအံ ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူထားၿပီး လုယက္မႈျဖင့္ အလိုရွိသည့္ တရားခံေျပး ေစာလီၫြန္႔(ခ)နဂါး(ခ)လက္ညႇိဳးအား ယခင္အမႈျဖင့္ပါ ဆက္လက္ တရားစြဲတင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

မင္းသူ၊ ထြန္းထြန္းေထြး(ဘားအံ)

Source : The Mirror Daily

(Unicode Version)

ရွှေဆိုင်လုယက်မှုဖြင့် အလိုရှိသည့် တရားခံပြေးနှင့် အဖွဲ့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ၁ဝ ဦး ဖမ်းဆီးရမိ

ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ဇန်နဝါရီ ၂၃ ရက်က ရွှေဆိုင်လုယက်မှု ဖြင့်အလိုရှိသည့် တရားခံပြေးစောလီညွန့်(ခ)နဂါး(ခ)လက်ညှိုး ဦးဆောင်ကာ အဖွဲ့အစည်းအမည်ခံပြီး လက်နက်ကိုင်ဆောင် မူးယစ်ဆေးဝါးရောင်းချသည့် နေရာအား သတင်းအရ ပူးပေါင်းအဖွဲ့မှ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးစဉ် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး ၎င်းတို့အဖွဲ့ထံမှ လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးအပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ ၁ဝ ဦးကို ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ ဘားအံမြို့နယ် နောင်ကမြိုင်ကျေးရွာနေ ဦးစောချစ်ချုံ၏နေအိမ်၌ စောလီညွန့်(ခ)နဂါး(ခ)လက်ညှိုး ဦးဆောင်၍ အဖွဲ့အစည်းအမည်ခံပြီး လက်နက်ကိုင်ဆောင် မူးယစ်ဆေးဝါးရောင်းချနေကြောင်း သတင်းအရ ဘားအံခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ်သက်စိုးဦး ဦးစီးသည့် ပူးပေါင်းအဖွဲ့များဖြင့် ဇန်နဝါရီ ၂၃ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က ဝင်ရောက်စီးနင်းရှာဖွေဖမ်းဆီးစဉ် ပူးပေါင်းအဖွဲ့အား လက်နက်ငယ်ဖြင့် ပြန်လည်ပစ်ခတ်ခုခံမှုဖြစ်ပွားခဲ့ရာ ပူးပေါင်းအဖွဲ့မှ ရဲအုပ် သက်စိုးဦးအပါအဝင် လေးဦး ဒဏ်ရာရရှိခဲ့ပြီး ပစ်ခတ်ခုခံသည့်အဖွဲ့မှ စောလီညွန့်(ခ)နဂါး(ခ)လက်ညှိုး၊ အိမ်ရှင် ဦးစောချစ်ချုံ၊ စိုးမင်းအောင်တို့ သုံးဦးအား ဒဏ်ရာဖြင့် ဖမ်းဆီးရမိကာ စုစုပေါင်းပြစ်မှုကျူးလွန်သူ အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်း ၁ဝ ဦးတို့ ဖမ်းဆီးရမိခဲ့သည်။

ပူးပေါင်းအဖွဲ့မှ နေအိမ်ဝင်းအား သက်သေများနှင့်အတူ ရှာဖွေရာ မော်တော်ယာဉ်နှစ်ဦး၊WY စိတ်ကြွဆေးပြား ၆၁ဝဝ၊ လက်နက်မျိုးစုံ ခြောက်လက်၊ ကျည်အိမ် ၃၂ ခု၊ ကျည်မျိုးစုံ ၄၂၄ တောင့်၊ ၄ဝ မမဗုံးသီး ၂၄ လုံးနှင့် အဖွဲ့အစည်းတံဆိပ်ပါ ပြောက်ကျားယူနီဖောင်းနှင့် ချပ်ဝတ်တန်ဆာ မျိုးစုံတို့ကို သိမ်းဆည်းရမိခဲ့သည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ စောချစ်ချုံ(၅၈)နှစ်၊ စောလီညွန့် (ခ)နဂါး(ခ)လက်ညှိုး(၄၃)နှစ်၊ စိုးမင်းအောင်(၂၇)နှစ်၊ မိုးစံ(၃၇)နှစ်၊ ကြက်ဖ (၂၁)နှစ်၊ လှစိုး(၂ဝ)နှစ်၊ ခင်ဇော်လင်း(၃၂)နှစ်၊ နန်းလှိုင်လှိုင်ဝင်း(၃၅)နှစ်၊ ဒေါ်အောင်တင်(၆ဝ)နှစ်၊ နော်မူဆားဆဲ(၃၁)နှစ်တို့ ၁ဝ ဦးအား ဘားအံ မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားပြီး လုယက်မှုဖြင့် အလိုရှိသည့် တရားခံပြေး စောလီညွန့်(ခ)နဂါး(ခ)လက်ညှိုးအား ယခင်အမှုဖြင့်ပါ ဆက်လက် တရားစွဲတင်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းသူ၊ ထွန်းထွန်းထွေး(ဘားအံ)

Source : The Mirror Daily