WunYan

Menu
  • News
    • Local News
    • Crime News
    • Social Media
    • International News
    • Odd News
  • Entertainment
    • Local Celebrity
    • International Celebrity
  • Knowledge
  • Health
  • Lifestyle
Menu

အရည္ၾကိဳကားေတြကို ကုန္ခ်ိန္ ၇၂၀ ပိသာေလာက္ သယ္နိုင္တဲ႔ အၾကမ္းခံ 4X4 Light Truck တစီးအျဖစ္ အသြင္ေျပာင္းနိုင္သူ

Posted on February 5, 2018 by whuk-46651

အရည္ႀကိဳေတာ့မည့္ ကစလထုတ္ Mazda Jeep အေဟာင္းမ်ားကို ေတာင္တက္ဆင္းမ်ားသည့္ ေတာင္ေပၚေဒသ ေက်းရြာေတြမွာ လူစီး ကုန္တင္ ဘက္စံုသံုးလို႔ရေအာင္ ျပဳျပင္ေပးေနသည့္ မိုင္းလံုျမိဳ႕မွ စက္ဆရာကိုမ်ိဳးႏွင့္ေတြဆံုခဲ႔ပါတယ္။

က်ြန္ေတာ္ မိုးကုတ္ျမိဳ႕ေပၚမွာ MAZDA JEEP pickup တစီးဆင္ထားတာေတြ႔ကတည္းက အေတာ္စိတ္ဝင္စားစြာ ဓါတ္ပံုမွတ္တမ္းယူခဲ႔ပါတယ္။ 2.2.2018 မွာ မိုင္းလံုျမိဳ႕သို႔ မိုင္းဘုန္းဆရာေတာ္ကို အႀကိဳလာၾကရင္းလမ္းမွာေနာက္တစီးထက္ေတြ႔ပါတယ္။

မိုင္းလံုျမိဳ႕ ဆုေတာင္းျပည့္ဘုရားဝင္းထဲေရာက္ေတာ့ ေနာက္ ၂စီးထက္ေတြ႔ပါတယ္။ ကားဆရာညီေလးနဲ႔ စကားေျပာၾကည့္ေတာ့ ကားေတြကို မိုင္းလံုျမိဳ႕ မွာတင္ဆင္တာျဖစ္ေၾကာင္း စက္ဆရာကိုမ်ိဳး workshopကဆင္ေပးတာျဖစ္ေၾကာင္းသိရပါတယ္။

ဒါနဲ႔က်ြန္ေတာ္လည္း စက္ဆရာကိုမ်ိဳးအိမ္ကိုလိုက္ရွာျပီးသြားေတာ့ ကိုမ်ိဳးသားနဲ႔သာေတြ႔ၿပီး အေဖဆရာေတာ္တရားသြားနာေၾကာင္းေျပာပါတယ္။ ကိုမ်ိဳးကို ဆုေတာင္းျပည့္ဘုရားဝန္းထဲမွာပဲဖုန္းခ်ိတ္ျပီးရွာေတြ႔ခဲ႔ပါတယ္။

ကားေတြကိုမန္းေလးအရညိျကိုမည့္ေနရာကေနဝယ္ျပီး ကားေကာင္းလ်ွင္ ၈ သိန္းက်ပ္ေလာက္အထိေပးရတယ္ ေျပာပါတယ္။ 2L Turbo အင္ဂ်င္ေတြကိုလည္း အရည္ျကိုကားေတြကေနပဲျပန္ဝယ္တယ္ ေျပာပါတယ္။ Frame ကိုေနာက္ေလးခံု ေနရာကေန အရွည္ျပန္ဆက္ျပီး သစ္သားေဘာ္ဒီ သံေဘာ္ဒီေတြတင္ျပီး ကုန္ခ်ိန္ ၇၂၀ ပိသာေလာက္အထိ တင္ႏိုင္ေအာင္ လုပ္ထားတယ္လို႔ ရွင္းျပပါတယ္။

ကားတစီးဆင္လ်ွင္ က်ပ္သိန္း၄၀ေလာက္ထိ ကုန္က်ႏိုင္ျပီး အခ်ိန္ တလခြဲၾကာတယ္ေျပာပါတယ္။ Mazda jeep ေတြကိုအဓိကေရြးဆင္ရတာေတာ့ အပိုပစၥည္းေပၚျပီး ေစ်းသက္သာျခင္းေၾကာင့္ပါတဲ႔။ ကေရာင္းအၿမံဳတစံု ၃၀၀၀၀။ ရွပ္တေခ်ာင္း ၃၀၀၀၀ က်ပ္ခန္႔သာ ရွိတာေၾကာင့္ သံုးေပ်ာ္ျပီး အၾကမ္းလည္း ခံ ေၾကာင္းရွင္းျပပါတယ္။

က်ြန္ေတာိအျမင္ကေတာ့ ေတာင္ေပၚေဒသေတြမွာ 4X4 Light Truck တစီးကို ေထာ္လာဂ်ီေစ်းသာသာႏွင့္ ေဒသခံမ်ားအတြက္ အသံုးျပဳႏိုင္ေအာင္ modified ျပဳလုပ္ေပးေနေသာ မိုင္းလံုျမိဳ႕မွ စက္ဆရာကိုမ်ိဳးကို မွတ္တမ္းတင္ပါတယ္ခင္ဗ်ာ။

Credit : ကိုဇြဲကိုကုိျမင့္

(Unicode Version)

အရည်ကြိုကားတွေကို ကုန်ချိန် ရ၂၀ ပိသာလောက် သယ်နိုင်တဲ့ အကြမ်းခံ 4X4 Light Truck တစီးအဖြစ် အသွင်ပြောင်းနိုင်သူ

အရည်ကြိုတော့မည့် ကစလထုတ် Mazda Jeep အဟောင်းများကို တောင်တက်ဆင်းများသည့် တောင်ပေါ်ဒေသ ကျေးရွာတွေမှာ လူစီး ကုန်တင် ဘက်စုံသုံးလို့ရအောင် ပြုပြင်ပေးနေသည့် မိုင်းလုံမြို့မှ စက်ဆရာကိုမျိုးနှင့်တွေဆုံခဲ့ပါတယ်။

ကျွန်တော် မိုးကုတ်မြို့ပေါ်မှာ MAZDA JEEP pickup တစီးဆင်ထားတာတွေ့ကတည်းက အတော်စိတ်ဝင်စားစွာ ဓါတ်ပုံမှတ်တမ်းယူခဲ့ပါတယ်။ 2.2.2018 မှာ မိုင်းလုံမြို့သို့ မိုင်းဘုန်းဆရာတော်ကို အကြိုလာကြရင်းလမ်းမှာနောက်တစီးထက်တွေ့ပါတယ်။

မိုင်းလုံမြို့ ဆုတောင်းပြည့်ဘုရားဝင်းထဲရောက်တော့ နောက် ၂စီးထက်တွေ့ပါတယ်။ ကားဆရာညီလေးနဲ့ စကားပြောကြည့်တော့ ကားတွေကို မိုင်းလုံမြို့ မှာတင်ဆင်တာဖြစ်ကြောင်း စက်ဆရာကိုမျိုး workshopကဆင်ပေးတာဖြစ်ကြောင်းသိရပါတယ်။

ဒါနဲ့ကျွန်တော်လည်း စက်ဆရာကိုမျိုးအိမ်ကိုလိုက်ရှာပြီးသွားတော့ ကိုမျိုးသားနဲ့သာတွေ့ပြီး အဖေဆရာတော်တရားသွားနာကြောင်းပြောပါတယ်။ ကိုမျိုးကို ဆုတောင်းပြည့်ဘုရားဝန်းထဲမှာပဲဖုန်းချိတ်ပြီးရှာတွေ့ခဲ့ပါတယ်။

ကားတွေကိုမန်းလေးအရညိကြိုမည့်နေရာကနေဝယ်ပြီး ကားကောင်းလျှင် ၈ သိန်းကျပ်လောက်အထိပေးရတယ် ပြောပါတယ်။ 2L Turbo အင်ဂျင်တွေကိုလည်း အရည်ကြိုကားတွေကနေပဲပြန်ဝယ်တယ် ပြောပါတယ်။ Frame ကိုနောက်လေးခုံ နေရာကနေ အရှည်ပြန်ဆက်ပြီး သစ်သားဘော်ဒီ သံဘော်ဒီတွေတင်ပြီး ကုန်ချိန် ရ၂၀ ပိသာလောက်အထိ တင်နိုင်အောင် လုပ်ထားတယ်လို့ ရှင်းပြပါတယ်။

ကားတစီးဆင်လျှင် ကျပ်သိန်း၄၀လောက်ထိ ကုန်ကျနိုင်ပြီး အချိန် တလခွဲကြာတယ်ပြောပါတယ်။ Mazda jeep တွေကိုအဓိကရွေးဆင်ရတာတော့ အပိုပစ္စည်းပေါ်ပြီး စျေးသက်သာခြင်းကြောင့်ပါတဲ့။ ကရောင်းအမြုံတစုံ ၃၀၀၀၀။ ရှပ်တချောင်း ၃၀၀၀၀ ကျပ်ခန့်သာ ရှိတာကြောင့် သုံးပျော်ပြီး အကြမ်းလည်း ခံ ကြောင်းရှင်းပြပါတယ်။

ကျွန်တောိအမြင်ကတော့ တောင်ပေါ်ဒေသတွေမှာ 4X4 Light Truck တစီးကို ထော်လာဂျီစျေးသာသာနှင့် ဒေသခံများအတွက် အသုံးပြုနိုင်အောင် modified ပြုလုပ်ပေးနေသော မိုင်းလုံမြို့မှ စက်ဆရာကိုမျိုးကို မှတ်တမ်းတင်ပါတယ်ခင်ဗျာ။

Credit : ကိုဇွဲကိုကိုမြင့်

TayeKabar

  • Recent

Flag Counter

©2019 WunYan | WordPress Theme by Superb Themes