ၾကမ္းပုိးကို မသတ္ပဲ စုစည္းဖမ္းျပီး လႊင့္ပစ္ႏိုင္တဲ႔နည္း

စာဖတ္သူအေပါင္းတုိ႔ ၾကမ္းပုိးဆုိတဲ့ သတၱ၀ါႏွင့္ပတ္သက္ၿပီး ေဒါသေတြ ထြက္ခဲ့ရတဲ့ေန႔ရက္ေတြ ရွိခဲ့လိမ့္မယ္လုိ႔ ထင္ပါတယ္။ ပင္ပန္းသမွ်ေတြကို ေျဖေဖ်ာက္ဖုိ႔အတြက္ တစ္ညတာ အိပ္စက္တဲ့အခ်ိန္ေတြမွာ ၾကမ္းပုိးကုိက္လုိ႔ အိပ္ေရးပ်က္ခဲ့ရတဲ့ရက္ေတြလည္း ရွိလိမ့္မယ္ဟု ထင္ျမင္မိပါသည္။

ဒါေၾကာင့္မုိ႔ စာဖတ္သူေတြအတြက္ ေလာကီပညာရွင္ေတြ အသုံးျပဳခဲ့ၾကတဲ့ ၾကမ္းပုိးႏွင္နည္း နဲ႔ ၾကမ္းပုိးဖမ္းနည္းကုိ ေရးသားေပးလုိက္ရပါသည္။

“ ျမင္းသားဆီကုိ ဆီမီးခြက္ထဲကုိ ထည့္၍ ဆီမီးထြန္းသလုိ ထြန္းညိႇထားပါက ၾကမ္းပုိးမ်ား ပုန္းေအာင္းေနရာမွ မေနႏုိင္ဘဲ ဟုိသည္ ေျပးေနပါလိမ့္မည္ ” ဟု ေရွးေဟာင္းေလာကီဆရာမ်ားက ဆုိၾကပါသည္။

ေနာက္တစ္နည္းကေတာ့ မႏၱန္ျဖင့္ ၾကမ္းပုိးမ်ားကုိ ႏုိင္ေစတတ္ျခင္း ျဖစ္ပါသည္။

“ အေစာဗ် သီကရာ၀ါေတ ၊ ဟိရကၡ ဟရိစာရိစ ၊ ၀ါရဒတၱ ဘေယဗ်ာေသာ ၊ ရကၡတု မံ မာရတိေနာ။ ”

ပထမနည္းကုိ ျပဳလုပ္ၿပီး ဒုတိယနည္းျဖစ္ေသာ မႏၱန္ျဖင့္ ဆားကုိမန္းၿပီး ပန္းကန္ျပားထဲတြင္ ထည့္ထားပါက ေျပးေနေသာၾကမ္းပုိးမ်ား အထဲသုိ႔ လာေရာက္စုေနၾကမည္ျဖစ္ပါသည္။

ပထမနည္းမလုပ္ႏုိင္ပါက ဒုတိယနည္းကုိ လုပ္ေဆာင္ၿပီး ဆားကုိ(၃၇)အုပ္မန္းၿပီး ၾကမ္းပုိးမ်ား ဒိီပန္းကန္ထဲကုိ လာခဲ့ရမည္ဟု အမိန္႔ျပန္ကာ ထားလုိက္ပါ။ သူ႔ဘာသာစုသြားပါလိမ့္မည္။ ထုိအခါမွ အျပင္ကုိ သြားေရာက္လႊတ္ပစ္လုိက္ပါ။ သူ႔အသက္ကုိ သတ္ေသာနည္းမဟုတ္တာေၾကာင့္ ကံတစ္ပါးလြတ္ပါတယ္။ ၾကမ္းပုိးေၾကာင့္ အိပ္ေရးပ်က္တဲ့ညေတြ ထပ္မံရွိေတာ့မွာ မဟုတ္ေတာ့ပါဘူး။ အဆင္ေျပၾကပါေစေနာ္.။

Credit : မုိးၾကယ္စင္

(Unicode Version)

ကြမ်းပိုးကို မသတ်ပဲ စုစည်းဖမ်းပြီး လွှင့်ပစ်နိုင်တဲ့နည်း

စာဖတ်သူအပေါင်းတို့ ကြမ်းပိုးဆိုတဲ့ သတ္တဝါနှင့်ပတ်သက်ပြီး ဒေါသတွေ ထွက်ခဲ့ရတဲ့နေ့ရက်တွေ ရှိခဲ့လိမ့်မယ်လို့ ထင်ပါတယ်။ ပင်ပန်းသမျှတွေကို ဖြေဖျောက်ဖို့အတွက် တစ်ညတာ အိပ်စက်တဲ့အချိန်တွေမှာ ကြမ်းပိုးကိုက်လို့ အိပ်ရေးပျက်ခဲ့ရတဲ့ရက်တွေလည်း ရှိလိမ့်မယ်ဟု ထင်မြင်မိပါသည်။

ဒါကြောင့်မို့ စာဖတ်သူတွေအတွက် လောကီပညာရှင်တွေ အသုံးပြုခဲ့ကြတဲ့ ကြမ်းပိုးနှင်နည်း နဲ့ ကြမ်းပိုးဖမ်းနည်းကို ရေးသားပေးလိုက်ရပါသည်။

“ မြင်းသားဆီကို ဆီမီးခွက်ထဲကို ထည့်၍ ဆီမီးထွန်းသလို ထွန်းညှိထားပါက ကြမ်းပိုးများ ပုန်းအောင်းနေရာမှ မနေနိုင်ဘဲ ဟိုသည် ပြေးနေပါလိမ့်မည် ” ဟု ရှေးဟောင်းလောကီဆရာများက ဆိုကြပါသည်။

နောက်တစ်နည်းကတော့ မန္တန်ဖြင့် ကြမ်းပိုးများကို နိုင်စေတတ်ခြင်း ဖြစ်ပါသည်။

“ အစောဗျ သီကရာဝါတေ ၊ ဟိရက္ခ ဟရိစာရိစ ၊ ၀ါရဒတ္တ ဘယေဗျာသော ၊ ရက္ခတု မံ မာရတိနော။ ”

ပထမနည်းကို ပြုလုပ်ပြီး ဒုတိယနည်းဖြစ်သော မန္တန်ဖြင့် ဆားကိုမန်းပြီး ပန်းကန်ပြားထဲတွင် ထည့်ထားပါက ပြေးနေသောကြမ်းပိုးများ အထဲသို့ လာရောက်စုနေကြမည်ဖြစ်ပါသည်။

ပထမနည်းမလုပ်နိုင်ပါက ဒုတိယနည်းကို လုပ်ဆောင်ပြီး ဆားကို(၃၇)အုပ်မန်းပြီး ကြမ်းပိုးများ ဒိီပန်းကန်ထဲကို လာခဲ့ရမည်ဟု အမိန့်ပြန်ကာ ထားလိုက်ပါ။ သူ့ဘာသာစုသွားပါလိမ့်မည်။ ထိုအခါမှ အပြင်ကို သွားရောက်လွှတ်ပစ်လိုက်ပါ။ သူ့အသက်ကို သတ်သောနည်းမဟုတ်တာကြောင့် ကံတစ်ပါးလွတ်ပါတယ်။ ကြမ်းပိုးကြောင့် အိပ်ရေးပျက်တဲ့ညတွေ ထပ်မံရှိတော့မှာ မဟုတ်တော့ပါဘူး။ အဆင်ပြေကြပါစေနော်.။

Credit : မိုးကြယ်စင်