ေအာင္ရဲလင္းရဲ႕ ခ်စ္သူျဖစ္သူ Beauty Blogger ေနျခည္ဦးနဲ႔ ေတြ႕ဆံုျခင္း

လူမႈကြန္ရက္ Facebook မွာ Beauty Blogger တစ္ဦးအျဖစ္ ေအာင္ျမင္မႈရရွိေနတဲ့ နာမည္ေက်ာ္ သ႐ုပ္ေဆာင္ ေအာင္ရဲလင္းရဲ႕ ခ်စ္သူျဖစ္သူ ေနျခည္ဦးနဲ႔ေတြ႔ဆံုၿပီး Beauty Blogger အလုပ္ကို စလုပ္ျဖစ္တဲ့အေၾကာင္း၊ ႀကံဳေတြ႔ခဲ့ရတဲ့ အခက္အခဲမ်ားအေၾကာင္းနဲ႔ ေအာင္ရဲလင္းနဲ႔ အခ်စ္ေရးအေၾကာင္းတို႔ကို The Voice က ေမးျမန္းေဖာ္ျပထားပါတယ္။

Voice : အြန္လိုင္းမွာ Beauty Blogger တစ္ေယာက္အျဖစ္ လူသိမ်ား ေအာင္ျမင္ေနၿပီေနာ္။ ဒီအလုပ္ကို ဘယ္ေလာက္အထိ ေအာင္ျမင္ေအာင္ ဆက္လုပ္သြားမလဲ။
NCO : ညီမရဲ႕ Beauty By Nay Chi Page ေလးလုပ္တာ ငါးလေလာက္ပဲ ရွိပါေသးတယ္။ ဒီလိုမ်ိဳး တစ္ရွိန္ထိုး တိုးတက္လာတာက ညီမရဲ႕ ေမေမေၾကာင့္လည္း ပါတယ္။ အေမမ်ားေန႔မွာ ေမေမနဲ႔ သားအမိႏွစ္ေယာက္ Live လႊင့္လိုက္တဲ့အခ်ိန္မွာ ညီမတို႔သားအမိရဲ႕ Relationship ေလးကို ပရိသတ္ေတြက လက္ခံလာၾကတယ္။ ေနျခည္တို႔ ပြင့္လင္းတာကို လက္ခံလာၾကတဲ့အတြက္ ပိုၿပီးေတာ့ ေအာင္ျမင္လာတယ္ေပါ့ေနာ္။ ဒီ Page ေလးကို လုပ္တာ ငါးလေလာက္ပဲ ရွိေသးတာဆိုေတာ့ သက္တမ္း အရမ္းႏုပါေသးတယ္။ အဲ့ဒီအတြက္ ေနာက္ႏွစ္ႏွစ္၊ သံုးႏွစ္ေလာက္ေတာ့ ဆက္လုပ္ဦးမွာပါ။ ဒီၾကားထဲမွာေတာ့ ေနျခည္က ကိုယ္ပိုင္ Brand ေလးတစ္ခု ထုတ္ဖို႔ စိတ္ကူးရွိပါတယ္။ ဒါေပမဲ့ အခ်ိန္ အတိုင္းအတာ တစ္ခုေတာ့ ယူရဦးမွာပါ။

Voice : ျပည္ပမွာ ကိုယ္ သြားေရာက္ သင္ယူခဲ့တဲ့ပညာနဲ႔ လက္ရွိ လုပ္ေနတဲ့အလုပ္က သတ္သတ္စီ ျဖစ္ေနတယ္ေနာ္။ Beauty Blogger အလုပ္ကို ဘယ္လိုေၾကာင့္ စလုပ္ျဖစ္ခဲ့တာလဲ။
NCO : ေနျခည္က မႈခင္းနဲ႔ ေဆးပညာနဲ႔ ေက်ာင္းၿပီးထားတာေပါ့ေနာ္။ ဒါေပမဲ့ ျမန္မာႏိုင္ငံမွာက မႈခင္းအတြက္ Department သတ္သတ္ မရွိေသးဘူး။ အဲ့ဒီမွာ ကိုယ္က ဒါကို ေစာင့္မလား၊ တျခား လုပ္ငန္းတစ္ခု လုပ္မလားလို႔ စဥ္းစားျဖစ္တဲ့အခ်ိန္မွာ ေနျခည္က ငယ္ငယ္ေလးကတည္းက အလွအပကို အရမ္း ဝါသနာပါတဲ့အတြက္ ဝါသနာအရပဲ Beauty Blogger အလုပ္ကို စခဲ့တာပါ။ အခုေတာ့ ဒီအလုပ္ကို အခ်ိန္ ေသခ်ာေပးၿပီး ေနျခည္ လုပ္ေနပါတယ္။

Voice : ဒီအလုပ္ကို စလုပ္တဲ့ကာလမွာ ဘယ္လို အခက္အခဲေတြ ေတြ႔ခဲ့ရေသးလဲ။
NCO : စလုပ္တုန္းကေတာ့ ေနျခည္က ဝါသနာအရ လုပ္တာေပါ့ေနာ္။ ျမန္မာႏိုင္ငံမွာ Blogger ဆိုတာ သိပ္နာမည္မႀကီးေသးဘူး။ တခ်ိဳ႕က Beauty Blogger ဆိုတာ ဘာမွန္းမသိတဲ့ အေနအထားတစ္ခုမွာ ေနျခည္တို႔က ဒီအလုပ္ကို စလုပ္ခဲ့တာပါ။ ကိုယ္က ဝါသနာအရ စလုပ္ေပမယ့္ Facebook မွာက်ေတာ့ Blogger ဆိုတာ အသစ္အဆန္း ျဖစ္ေနတဲ့အတြက္ လူေတြက စိတ္ဝင္စားၾကတယ္။ ေနျခည္က မိန္းကေလးတစ္ေယာက္ ဘယ္လိုျပင္ဆင္ေနထိုင္သင့္တယ္ ဆိုတာကို ကိုယ္ သိသေလာက္ ေျပာျပေပးတယ္။ Make Up Tutorial ေလးေတြ တင္ေပးတယ္။ အဲ့ဒီမွာ မိန္းကေလး ပရိသတ္ေတြက အရမ္း စိတ္ဝင္စားလာတယ္။ ေနာက္ပိုင္းမွာ ေနျခည့္ ေမေမနဲ႔ Live လႊင့္ၿပီးေတာ့ ေယာက္်ားေလးေတြကပါ လက္ခံအားေပးတဲ့ အတိုင္းအတာ တစ္ခုအထိ ေရာက္လာပါတယ္။

Voice : ကိုယ့္ရဲ႕ Page ကို လူၾကည့္မ်ားလာဖို႔အတြက္ က်ေတာ့ေရာ ဘယ္လိုႀကိဳးစားခဲ့ရလဲ။
NCO : အဲ့ဒါကေတာ့ ေနျခည္တို႔ Blogger ေတြက Facebook ကို အေျချပဳၿပီး ရပ္တည္ရတဲ့အတြက္ နည္းနည္းေတာ့ အခက္အခဲ ရွိပါတယ္။ အင္တာနက္သံုးတဲ့ လူငယ္ ေတာ္ေတာ္မ်ားမ်ားကလည္း Facebook ကိုပဲ အသံုးမ်ားၾကတာဆိုေတာ့ ေနျခည္တို႔ Blogger ေတြအတြက္ သတင္းအခ်က္အလက္ေတြ ေပးရတာကအစ၊ အဆင္မေျပဘူး။ တကယ္ေတာ့ ေနျခည္တို႔ Blogger ေတြဆိုတာက သူမ်ားႏိုင္ငံေတြမွာဆို YouTube မွာပဲ Tutorial ေတြ တင္ၾကတာပါ။ ဒီမွာက်ေတာ့ ေနျခည္တို႔က Facebook မွာပဲ တင္ရတဲ့အတြက္ ပရိသတ္ေတြ အေနနဲ႔က်ေတာ့ Beauty By Nay Chi Page ကို ရွာရတာေတာ့ ျပႆနာ ရွိတာေပါ့ေနာ္။ Facebook တစ္ခုတည္းမွာ Blog ေတြ တင္ေနရတာေတာ့ ေနျခည့္ရဲ႕ အႀကီးမားဆံုး အခက္အခဲပါပဲ။

Voice : ကိုယ္ပိုင္ Brand ထုတ္ဖို႔ စိတ္ကူးရွိတာ ဆိုေတာ့ ထုတ္ျဖစ္ရင္ အလွကုန္တစ္မ်ိဳးမ်ိဳးပဲ ထုတ္မွာလား။ ဒါမွမဟုတ္ Clothing Line ဘက္ကို သြားမွာလား။
NCO : ေနျခည္ ထုတ္ခ်င္တာကေတာ့ Cosmetic ပိုင္းပါ။ ဒါေပမဲ့ အလွကုန္ ထုတ္ဖို႔ကက်ေတာ့ အခ်ိန္တစ္ခုယူၿပီး ေသခ်ာျပင္ဆင္ရမယ္။ ေနျခည္ကေတာ့ မိန္းကေလး အသံုးအေဆာင္၊ ဒါမွမဟုတ္ ေယာက္်ားေလး အသံုးအေဆာင္ ပစၥည္းတစ္ခုခု ထုတ္ဖို႔ စိတ္ကူးထားပါတယ္။ ေလာေလာဆယ္မွာေတာ့ ေနျခည့္ရဲ႕ Page မွာ Make Up Tutorial ေလးေတြ စၿပီး တင္ေပးေနတယ္။ ဒါက ေနျခည့္ရဲ႕ ခံစားခ်က္နဲ႔ တြဲၿပီးေတာ့ Creation တစ္ခုအေနနဲ႔ တင္ခဲ့တာေပါ့ေနာ္။ အခုဆိုရင္ အဆိုေတာ္ေတြက ေနျခည့္ကို သီခ်င္းေတြ ေပးသံုးလာတယ္။ Facebook မွာက်ေတာ့ ႏိုင္ငံျခားသီခ်င္းေတြသံုးရင္ Copy Right ရွိတဲ့အတြက္ သံုးလို႔မရဘူး။ ကိုယ့္ရဲ႕ျပည္တြင္းက အဆိုေတာ္ေတြရဲ႕ သီခ်င္းေတြကို သံုးခြင့္ရလာေတာ့ ေနျခည့္အတြက္လည္း အဆင္ေျပတယ္။ ေနာက္ထပ္ အဆိုေတာ္ေတြနဲ႔လည္း ပူးေပါင္း တင္ဆက္မႈေတြ လုပ္ဖို႔ ရွိပါတယ္။

Voice : ကိုယ္သင္ထားတဲ့ မႈခင္းနဲ႔ ေဆးပညာဆိုတဲ့ ပညာရပ္ကိုေရာ ဘယ္အခ်ိန္ေလာက္မွာ ျပန္ၿပီး အသံုးခ်ဖို႔ စဥ္းစားထားလဲ။
NCO : ကိုယ္သင္ထားတဲ့ ပညာကေတာ့ ႏိုင္ငံနဲ႔အဝန္း၊ တိုင္းျပည္နဲ႔အဝန္း တာဝန္ထမ္းေဆာင္ရမယ့္ ပညာမ်ိဳး ျဖစ္သြားတာေပါ့ေနာ္။ မႈခင္းနဲ႔ ေဆးပညာကိုလည္း ေနျခည္ ကၽြမ္းကၽြမ္းက်င္က်င္ တတ္ေျမာက္ေအာင္ သင္ၾကားခဲ့တာပါ။ အဲ့ဒါေၾကာင့္ အခါအခြင့္ ႀကံဳလာရင္ေတာ့ ကိုယ္သင္ထားတဲ့ ပညာရပ္ေတြကို ျပန္ၿပီး အသံုးခ်ခ်င္ပါတယ္။ ဒါေပမဲ့ လက္ရွိမွာက ကိုယ့္ႏိုင္ငံမွာ မႈခင္းနဲ႔ပတ္သက္တဲ့ Department သီးသန္႔ မရွိေသးေတာ့ လုပ္ငန္းခြင္ဝင္ဖို႔က နည္းနည္း အခက္အခဲ ရွိေနပါေသးတယ္။ ကိုယ့္ႏိုင္ငံ တိုးတက္လာတာနဲ႔အမွ်၊ ပြင့္လင္းလာတာနဲ႔အမွ် ကိုယ့္ရဲ႕ပညာေတြကို အသံုးခ်ခြင့္ရလာမွာပါ။

Voice : ခ်စ္သူက နာမည္ေက်ာ္ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ေနေပမယ့္ သူ႔အကူအညီကိုယူၿပီး လူသိမ်ားေအာင္ လုပ္တာမ်ိဳး မေတြ႔ရဘူးေနာ္။ ကိုယ့္ႀကိဳးစားမႈနဲ႔ပဲ ကိုယ္ ရပ္တည္ခ်င္တာလား။
NCO : အဓိကကေတာ့ အဲ့ဒီလိုမ်ိဳး ပရိသတ္ေတြကို ျမင္ေစခ်င္တာပါ။ သူနဲ႔ ညီမရည္းစားျဖစ္တာကေတာ့ တစ္ပိုင္းေပါ့ေနာ္။ ကိုယ္ျဖစ္ခ်င္တာကို ကိုယ္လုပ္ႏိုင္တယ္၊ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ႏိုင္တယ္၊ မိန္းကေလး တစ္ေယာက္မွာလည္း ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈ အျပည့္ရွိတယ္ဆိုတာကို ေနျခည္ ျပခ်င္တယ္။ အဲ့ဒါေၾကာင့္ ဒီအလုပ္ကို စလုပ္ကတည္းက ေနျခည္ တစ္ေယာက္တည္းပဲ ႀကိဳးစားခဲ့တာပါ။ အဲ့ဒါကိုလည္း ပရိသတ္ေတြက အသိအမွတ္ျပဳေပးတဲ့အတြက္ ေနျခည္ ေက်းဇူးတင္ပါတယ္။

Voice : ကိုယ္ဒီအလုပ္စလုပ္ေတာ့ ေအာင္ရဲလင္းက ဘယ္လို အႀကံဉာဏ္ေတြ ေပးခဲ့ေသးလဲ။ ကိုယ္က Beauty Blogger ျဖစ္ေနေတာ့ ကိုယ့္ခ်စ္သူကိုေရာ ဘယ္လို ပံ့ပိုးေပးတာမ်ိဳးရွိလဲ။
NCO : သူ႔အေနနဲ႔ကေတာ့ အလွအပပိုင္းနဲ႔ပတ္သက္ၿပီး သိပ္မေျပာႏိုင္ေပမယ့္ ကိုယ့္ရဲ႕ Branding ကို ဘယ္လိုေဖာက္ရမလဲ။ ကိုယ့္ရဲ႕ Image ကို ဘယ္လိုရပ္တည္မလဲ ဆိုတာမ်ိဳးေတြေတာ့ ညီမကို အႀကံေပးပါတယ္။ ညီမကေတာ့ သူ႔ကို အလွအပပိုင္းနဲ႔ ပတ္သက္ၿပီး ကူညီေပးရတာမ်ိဳးေတာ့ မရွိပါဘူး။ သူကိုယ္တိုင္ကလည္း အရမ္းႀကီး အလွအပလုပ္တဲ့ လူ မဟုတ္ေတာ့ေလ။ သူ႔ရဲ႕ ဖက္ရွင္ပိုင္းနဲ႔ ပတ္သက္လို႔ေတာ့ ေနျခည္ တတ္ႏိုင္သေလာက္ အႀကံဉာဏ္ေလးေတြ ေပးျဖစ္တာမ်ိဳးေတာ့ ရွိပါတယ္။

Voice : ႏွစ္ေယာက္လက္တြဲ ဖို႔က်ေတာ့ေရာ ဘယ္အခ်ိန္ေလာက္မွာ ျဖစ္ႏိုင္မလဲ။
NCO : ႏွစ္ေယာက္ လက္တြဲဖို႔ကေတာ့ လိုပါေသးတယ္။ ေနျခည္က အခုမွ စီးပြားေရး စလုပ္ရတယ္။ သူကလည္း သူ႔အႏုပညာလမ္းေၾကာင္းမွာ သူ႔ဟာသူ ေအာင္ျမင္ေနတဲ့အတြက္ ႏွစ္ေယာက္လက္တြဲဖို႔ အေၾကာင္းကိုေတာ့ တိုင္ပင္ၾကတာမ်ိဳး မရွိေသးဘူးေပါ့ေနာ္။ ေနျခည္ကလည္း အသက္ ၂၅ ႏွစ္အ႐ြယ္မွာ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ေနတယ္။ ကိုယ့္အလုပ္ကိုယ္ လုပ္ေနတဲ့အတြက္ အိမ္ေထာင္ျပဳဖို႔ ကိစၥကို သူနဲ႔ တိုင္ပင္တာမ်ိဳး မရွိေသးပါဘူး။

လူမှုကွန်ရက် Facebook မှာ Beauty Blogger တစ်ဦးအဖြစ် အောင်မြင်မှုရရှိနေတဲ့ နာမည်ကျော် သရုပ်ဆောင် အောင်ရဲလင်းရဲ့ ချစ်သူဖြစ်သူ နေခြည်ဦးနဲ့တွေ့ဆုံပြီး Beauty Blogger အလုပ်ကို စလုပ်ဖြစ်တဲ့အကြောင်း၊ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲများအကြောင်းနဲ့ အောင်ရဲလင်းနဲ့ အချစ်ရေးအကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : အွန်လိုင်းမှာ Beauty Blogger တစ်ယောက်အဖြစ် လူသိများ အောင်မြင်နေပြီနော်။ ဒီအလုပ်ကို ဘယ်လောက်အထိ အောင်မြင်အောင် ဆက်လုပ်သွားမလဲ။
NCO : ညီမရဲ့ Beauty By Nay Chi Page လေးလုပ်တာ ငါးလလောက်ပဲ ရှိပါသေးတယ်။ ဒီလိုမျိုး တစ်ရှိန်ထိုး တိုးတက်လာတာက ညီမရဲ့ မေမေကြောင့်လည်း ပါတယ်။ အမေများနေ့မှာ မေမေနဲ့ သားအမိနှစ်ယောက် Live လွှင့်လိုက်တဲ့အချိန်မှာ ညီမတို့သားအမိရဲ့ Relationship လေးကို ပရိသတ်တွေက လက်ခံလာကြတယ်။ နေခြည်တို့ ပွင့်လင်းတာကို လက်ခံလာကြတဲ့အတွက် ပိုပြီးတော့ အောင်မြင်လာတယ်ပေါ့နော်။ ဒီ Page လေးကို လုပ်တာ ငါးလလောက်ပဲ ရှိသေးတာဆိုတော့ သက်တမ်း အရမ်းနုပါသေးတယ်။ အဲ့ဒီအတွက် နောက်နှစ်နှစ်၊ သုံးနှစ်လောက်တော့ ဆက်လုပ်ဦးမှာပါ။ ဒီကြားထဲမှာတော့ နေခြည်က ကိုယ်ပိုင် Brand လေးတစ်ခု ထုတ်ဖို့ စိတ်ကူးရှိပါတယ်။ ဒါပေမဲ့ အချိန် အတိုင်းအတာ တစ်ခုတော့ ယူရဦးမှာပါ။

Voice : ပြည်ပမှာ ကိုယ် သွားရောက် သင်ယူခဲ့တဲ့ပညာနဲ့ လက်ရှိ လုပ်နေတဲ့အလုပ်က သတ်သတ်စီ ဖြစ်နေတယ်နော်။ Beauty Blogger အလုပ်ကို ဘယ်လိုကြောင့် စလုပ်ဖြစ်ခဲ့တာလဲ။
NCO : နေခြည်က မှုခင်းနဲ့ ဆေးပညာနဲ့ ကျောင်းပြီးထားတာပေါ့နော်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာက မှုခင်းအတွက် Department သတ်သတ် မရှိသေးဘူး။ အဲ့ဒီမှာ ကိုယ်က ဒါကို စောင့်မလား၊ တခြား လုပ်ငန်းတစ်ခု လုပ်မလားလို့ စဉ်းစားဖြစ်တဲ့အချိန်မှာ နေခြည်က ငယ်ငယ်လေးကတည်းက အလှအပကို အရမ်း ဝါသနာပါတဲ့အတွက် ဝါသနာအရပဲ Beauty Blogger အလုပ်ကို စခဲ့တာပါ။ အခုတော့ ဒီအလုပ်ကို အချိန် သေချာပေးပြီး နေခြည် လုပ်နေပါတယ်။

Voice : ဒီအလုပ်ကို စလုပ်တဲ့ကာလမှာ ဘယ်လို အခက်အခဲတွေ တွေ့ခဲ့ရသေးလဲ။
NCO : စလုပ်တုန်းကတော့ နေခြည်က ဝါသနာအရ လုပ်တာပေါ့နော်။ မြန်မာနိုင်ငံမှာ Blogger ဆိုတာ သိပ်နာမည်မကြီးသေးဘူး။ တချို့က Beauty Blogger ဆိုတာ ဘာမှန်းမသိတဲ့ အနေအထားတစ်ခုမှာ နေခြည်တို့က ဒီအလုပ်ကို စလုပ်ခဲ့တာပါ။ ကိုယ်က ဝါသနာအရ စလုပ်ပေမယ့် Facebook မှာကျတော့ Blogger ဆိုတာ အသစ်အဆန်း ဖြစ်နေတဲ့အတွက် လူတွေက စိတ်ဝင်စားကြတယ်။ နေခြည်က မိန်းကလေးတစ်ယောက် ဘယ်လိုပြင်ဆင်နေထိုင်သင့်တယ် ဆိုတာကို ကိုယ် သိသလောက် ပြောပြပေးတယ်။ Make Up Tutorial လေးတွေ တင်ပေးတယ်။ အဲ့ဒီမှာ မိန်းကလေး ပရိသတ်တွေက အရမ်း စိတ်ဝင်စားလာတယ်။ နောက်ပိုင်းမှာ နေခြည့် မေမေနဲ့ Live လွှင့်ပြီးတော့ ယောက်ျားလေးတွေကပါ လက်ခံအားပေးတဲ့ အတိုင်းအတာ တစ်ခုအထိ ရောက်လာပါတယ်။

Voice : ကိုယ့်ရဲ့ Page ကို လူကြည့်များလာဖို့အတွက် ကျတော့ရော ဘယ်လိုကြိုးစားခဲ့ရလဲ။
NCO : အဲ့ဒါကတော့ နေခြည်တို့ Blogger တွေက Facebook ကို အခြေပြုပြီး ရပ်တည်ရတဲ့အတွက် နည်းနည်းတော့ အခက်အခဲ ရှိပါတယ်။ အင်တာနက်သုံးတဲ့ လူငယ် တော်တော်များများကလည်း Facebook ကိုပဲ အသုံးများကြတာဆိုတော့ နေခြည်တို့ Blogger တွေအတွက် သတင်းအချက်အလက်တွေ ပေးရတာကအစ၊ အဆင်မပြေဘူး။ တကယ်တော့ နေခြည်တို့ Blogger တွေဆိုတာက သူများနိုင်ငံတွေမှာဆို YouTube မှာပဲ Tutorial တွေ တင်ကြတာပါ။ ဒီမှာကျတော့ နေခြည်တို့က Facebook မှာပဲ တင်ရတဲ့အတွက် ပရိသတ်တွေ အနေနဲ့ကျတော့ Beauty By Nay Chi Page ကို ရှာရတာတော့ ပြဿနာ ရှိတာပေါ့နော်။ Facebook တစ်ခုတည်းမှာ Blog တွေ တင်နေရတာတော့ နေခြည့်ရဲ့ အကြီးမားဆုံး အခက်အခဲပါပဲ။

Voice : ကိုယ်ပိုင် Brand ထုတ်ဖို့ စိတ်ကူးရှိတာ ဆိုတော့ ထုတ်ဖြစ်ရင် အလှကုန်တစ်မျိုးမျိုးပဲ ထုတ်မှာလား။ ဒါမှမဟုတ် Clothing Line ဘက်ကို သွားမှာလား။
NCO : နေခြည် ထုတ်ချင်တာကတော့ Cosmetic ပိုင်းပါ။ ဒါပေမဲ့ အလှကုန် ထုတ်ဖို့ကကျတော့ အချိန်တစ်ခုယူပြီး သေချာပြင်ဆင်ရမယ်။ နေခြည်ကတော့ မိန်းကလေး အသုံးအဆောင်၊ ဒါမှမဟုတ် ယောက်ျားလေး အသုံးအဆောင် ပစ္စည်းတစ်ခုခု ထုတ်ဖို့ စိတ်ကူးထားပါတယ်။ လောလောဆယ်မှာတော့ နေခြည့်ရဲ့ Page မှာ Make Up Tutorial လေးတွေ စပြီး တင်ပေးနေတယ်။ ဒါက နေခြည့်ရဲ့ ခံစားချက်နဲ့ တွဲပြီးတော့ Creation တစ်ခုအနေနဲ့ တင်ခဲ့တာပေါ့နော်။ အခုဆိုရင် အဆိုတော်တွေက နေခြည့်ကို သီချင်းတွေ ပေးသုံးလာတယ်။ Facebook မှာကျတော့ နိုင်ငံခြားသီချင်းတွေသုံးရင် Copy Right ရှိတဲ့အတွက် သုံးလို့မရဘူး။ ကိုယ့်ရဲ့ပြည်တွင်းက အဆိုတော်တွေရဲ့ သီချင်းတွေကို သုံးခွင့်ရလာတော့ နေခြည့်အတွက်လည်း အဆင်ပြေတယ်။ နောက်ထပ် အဆိုတော်တွေနဲ့လည်း ပူးပေါင်း တင်ဆက်မှုတွေ လုပ်ဖို့ ရှိပါတယ်။

Voice : ကိုယ်သင်ထားတဲ့ မှုခင်းနဲ့ ဆေးပညာဆိုတဲ့ ပညာရပ်ကိုရော ဘယ်အချိန်လောက်မှာ ပြန်ပြီး အသုံးချဖို့ စဉ်းစားထားလဲ။
NCO : ကိုယ်သင်ထားတဲ့ ပညာကတော့ နိုင်ငံနဲ့အဝန်း၊ တိုင်းပြည်နဲ့အဝန်း တာဝန်ထမ်းဆောင်ရမယ့် ပညာမျိုး ဖြစ်သွားတာပေါ့နော်။ မှုခင်းနဲ့ ဆေးပညာကိုလည်း နေခြည် ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်အောင် သင်ကြားခဲ့တာပါ။ အဲ့ဒါကြောင့် အခါအခွင့် ကြံုလာရင်တော့ ကိုယ်သင်ထားတဲ့ ပညာရပ်တွေကို ပြန်ပြီး အသုံးချချင်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာက ကိုယ့်နိုင်ငံမှာ မှုခင်းနဲ့ပတ်သက်တဲ့ Department သီးသန့် မရှိသေးတော့ လုပ်ငန်းခွင်ဝင်ဖို့က နည်းနည်း အခက်အခဲ ရှိနေပါသေးတယ်။ ကိုယ့်နိုင်ငံ တိုးတက်လာတာနဲ့အမျှ၊ ပွင့်လင်းလာတာနဲ့အမျှ ကိုယ့်ရဲ့ပညာတွေကို အသုံးချခွင့်ရလာမှာပါ။

Voice : ချစ်သူက နာမည်ကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်နေပေမယ့် သူ့အကူအညီကိုယူပြီး လူသိများအောင် လုပ်တာမျိုး မတွေ့ရဘူးနော်။ ကိုယ့်ကြိုးစားမှုနဲ့ပဲ ကိုယ် ရပ်တည်ချင်တာလား။
NCO : အဓိကကတော့ အဲ့ဒီလိုမျိုး ပရိသတ်တွေကို မြင်စေချင်တာပါ။ သူနဲ့ ညီမရည်းစားဖြစ်တာကတော့ တစ်ပိုင်းပေါ့နော်။ ကိုယ်ဖြစ်ချင်တာကို ကိုယ်လုပ်နိုင်တယ်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တယ်၊ မိန်းကလေး တစ်ယောက်မှာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိတယ်ဆိုတာကို နေခြည် ပြချင်တယ်။ အဲ့ဒါကြောင့် ဒီအလုပ်ကို စလုပ်ကတည်းက နေခြည် တစ်ယောက်တည်းပဲ ကြိုးစားခဲ့တာပါ။ အဲ့ဒါကိုလည်း ပရိသတ်တွေက အသိအမှတ်ပြုပေးတဲ့အတွက် နေခြည် ကျေးဇူးတင်ပါတယ်။

Voice : ကိုယ်ဒီအလုပ်စလုပ်တော့ အောင်ရဲလင်းက ဘယ်လို အကြံဉာဏ်တွေ ပေးခဲ့သေးလဲ။ ကိုယ်က Beauty Blogger ဖြစ်နေတော့ ကိုယ့်ချစ်သူကိုရော ဘယ်လို ပံ့ပိုးပေးတာမျိုးရှိလဲ။
NCO : သူ့အနေနဲ့ကတော့ အလှအပပိုင်းနဲ့ပတ်သက်ပြီး သိပ်မပြောနိုင်ပေမယ့် ကိုယ့်ရဲ့ Branding ကို ဘယ်လိုဖောက်ရမလဲ။ ကိုယ့်ရဲ့ Image ကို ဘယ်လိုရပ်တည်မလဲ ဆိုတာမျိုးတွေတော့ ညီမကို အကြံပေးပါတယ်။ ညီမကတော့ သူ့ကို အလှအပပိုင်းနဲ့ ပတ်သက်ပြီး ကူညီပေးရတာမျိုးတော့ မရှိပါဘူး။ သူကိုယ်တိုင်ကလည်း အရမ်းကြီး အလှအပလုပ်တဲ့ လူ မဟုတ်တော့လေ။ သူ့ရဲ့ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်လို့တော့ နေခြည် တတ်နိုင်သလောက် အကြံဉာဏ်လေးတွေ ပေးဖြစ်တာမျိုးတော့ ရှိပါတယ်။

Voice : နှစ်ယောက်လက်တွဲ ဖို့ကျတော့ရော ဘယ်အချိန်လောက်မှာ ဖြစ်နိုင်မလဲ။
NCO : နှစ်ယောက် လက်တွဲဖို့ကတော့ လိုပါသေးတယ်။ နေခြည်က အခုမှ စီးပွားရေး စလုပ်ရတယ်။ သူကလည်း သူ့အနုပညာလမ်းကြောင်းမှာ သူ့ဟာသူ အောင်မြင်နေတဲ့အတွက် နှစ်ယောက်လက်တွဲဖို့ အကြောင်းကိုတော့ တိုင်ပင်ကြတာမျိုး မရှိသေးဘူးပေါ့နော်။ နေခြည်ကလည်း အသက် ၂၅ နှစ်အရွယ်မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေတယ်။ ကိုယ့်အလုပ်ကိုယ် လုပ်နေတဲ့အတွက် အိမ်ထောင်ပြုဖို့ ကိစ္စကို သူနဲ့ တိုင်ပင်တာမျိုး မရှိသေးပါဘူး။

Source : The Voice

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္